တောင်တက်ရသ
Mont
Rond, တောင်တက်ရသတည်ရာ တောင်ထိပ်က မှုန်ုပြပြ တာဝါတိုင် (ဓါတ်ပုံ
မရငတ)
တောင်တက်ခြင်းရဲ့ရသ
တောင်တက်ခြင်းရဲ့ဖီလင်ပါ၊ ဒီတောင်ထိပ်က မီတာ တထောင့်ငါးရာကျော်
ဆိုတော့ လေးထောင်ကိုးရာ
ရှစ်ဆယ့်တပေ မြင့်တဲ့ ပုပ္ပားတောင်မကြီးနဲ့က အတူတူလောက်သာပါ။
ပုပ္ပားတောင်မကြီး
တက်ခဲ့စဉ်က ခံစားရတဲ့ ရသနဲ့တော့ အတူတူလို့ ပြောချင်ပေမယ့် မတူတာတွေ
ရှိပါသေးတယ်၊ လူတယောက်ရဲ့
နုပျိုစဉ်က ခံစားရမှုနဲ့ အိုမင်းလာစပြုတဲ့ အရွယ်ရဲ့ ခံစားရမှုတွေက
ထပ်တူကျမှု ဘယ်ဖြစ်နိုင်တော့ပါ့မလဲ၊
အဲဒီလောက် အမြင့်လေး တက်ခဲ့တာလောက်ကို စာ ရေးဖွဲ့ဖို့
မူလက မရည်ရွယ်ခဲ့ပေမယ့် မောင်ရင်ငတေရဲ့
ထုံးစံအတိုင်း ရေးချင်ရာတွေရေးချရင်း ပေရှည်သွား
ခဲ့တာကိုတော့ ခွင့်လွှတ် နားလည်ကြစေလိုပါတယ်။
အဲဒီလို
တောင်တလုံးကိုတက်ဖို့ တောင်တက်လမ်းတွေ လေးငါးခြောက်လမ်းမျှမက ရှိတတ်ပါတယ်၊
မောင်ရင်တေတို့
တက်ခဲ့တဲ့လမ်းက အလယ်အလတ်မတ်စောက်တဲ့လမ်းပါ၊ ဆောင်းရာသီမှာ စကီး
စီးသူတွေ များများရောက်လာလေ့ရှိသလို
Télécombi တို့ Télésiège တို့ Funicular တို့ ရှိတာမို့လို့
တောင်ပေါ်ကို အလွယ်တကူ
တက်ရောက်နိုင်ပါတယ်၊ စကီးရာသီကုန်ဆုံးပြီး ရာသီဥတုသာယာတဲ့
ဒီလို နေ့မျိုးတွေမှာ တောင်ပေါ်ကနေ
တောင်ခြေအလှကို မြင်ဖူးချင်ကြတဲ့သူတွေရယ် တောင်တက်
ခြင်းကို နှစ်သက်ကြသူတွေရယ် မောင်ရင်ငတေတို့လို
မျက်စေ့လည် လာကြသူတွေရယ် ဒီနေရာကို
ရောက်ရောက်လာတတ်ကြပါတယ်တဲ့။
Alps
Mountains ဆွစ်အဲလ် ဂျာမန်ဘာဘေးရီးယန်းအဲလ် အီတာလီယန်အဲလ် သြစတြီးယန်းအဲလ်
ပြင်သစ်အဲလ်တောင်တန်းတွေပေါ်က
ခပ်မြင့်မြင့်တောင်ထွဋ်ပေါင်းတရာကျော်ထိပ်ကို မတက်ဖူးချင်
နေပါစေ၊ အခုလို ခပ်နိမ့်နိမ့်သာရှိတဲ့
Mont Rond တောင်ထိပ်မျိုးလေးတွေကိုတော့ တနှစ်တခေါက်
ဆိုသလို တက်ကြည့်ချင်စိတ် ရှိနေပါတယ်ခင်ဗျား၊
အပေါင်းအသင်းရောင်းရင်းများက ဝိုင်းဝန်းကူညီ
ကြမယ်ဆိုရင်တော့ နောက်ထပ် ရောက်ရလိမ့်ဦးမယ်လို့
စိတ်ကူးယဉ်မိရင်း . . . . . . . . . . . . . . .
. . .. …. . .. . .. . . . . . .
. . . . . . . . . . . . . . . . . . . . .. . . . . .. . . . . . . . . . . . . .
. . …..
တောင်တက်ခြင်းရဲ့
ရသ တောင်တက်ခြင်းရဲ့ ဖီလင် ရေးသားခြင်းကို ရပ်နားလိုက်ရပါတယ်။
ကျေးဇူးအထူးတင်ပါတယ်၊
မောင်ရင်ငတေ
၀၇၀၅၂၀၁၆
** * တောင်တက်ရသ * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Mont Rond, Un Sommet
du Massif du Jura, France (၂၀၁၆ ခုနှစ် လေးလပိုင်း)
** * ခရီးသွားခြင်းအနုပညာ * ** * ပြင်သစ်တခွင် ပုံရိပ်များ** *
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၉၀၄၂၀၁၆
Aucun commentaire:
Publier un commentaire