ဒီတခေါက် ၂၀၁၉ ခုနှစ်ရဲ့
ယူရို-ရှန်ဂန် ဒုတိယခေါက် ခရီး
“ ဟယ်လင်နိစ်ကီ ဒီမိုကရေစီယာ ” ခရီးစဉ်ရဲ့
တတိယအဆင့်ကတော့ “၂၀ ယူရိုတန် ဇိမ်ခံသင်္ဘော စီးခြင်း” ခရီးစဉ်ပါ။
နာမည်ကြီး Σαντορίνη (Santorini) ဆန်တိုရီနီ ကျွန်းစုသို့ သွားတဲ့ Blue Star ဖယ်ရီ သင်္ဘောပါ၊
ဖယ်ရီသင်္ဘောဆိုပေမယ့်လည်း ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးတဲ့ အနီးအနား ကျွန်းတွေကိုသွားတဲ့
ဖယ်ရီမော်တော် ခပ်လတ်လတ် ခပ်သေးသေးလေးတွေ မဟုတ်ပါဘူး၊ အထပ် ခွန်နှထပ်ပါရှိပြီး ခရီး
သည် ၂၄၀၀၊ မော်တော်ကားအစီးရေ ၅၀၀ ခန့်မျှ တင်ဆောင်နိုင်တဲ့ ဖယ်ရီသင်္ဘောပါ၊ Open Deck
ကဖေးဆိုင်တွေ ဘားတွေ ဇိမ်ခံ အိပ်ခန်းတွေ ပါဝင်တဲ့ ဇိမ်ခံ ဖယ်ရီ သင်္ဘောကြီးပါ။
ဇိမ်ခံသင်္ဘော ခရီးဆိုပေမယ့် လေးငါးညအိပ် ယူရို ခြောက်ရာ ခွန်နှရာ ရှစ်ရာ ဈေးကြီးပေး စီးရပါတဲ့
Cruise သင်္ဘောကြီးတွေတော့ မဟုတ်ပါဘူး၊ မနက် ခွန်နှနာရီခွဲထွက် ညနေ သုံးနာရီခွဲ ရောက်ရှိတဲ့
ရှစ်နာရီကြာ စီးရတဲ့ ဖယ်ရီသင်္ဘော ခရီးစဉ်ပါ။
Aucun commentaire:
Publier un commentaire