ဖဦးထုပ် ဎရေမှုတ် ၂၆ သို့
စိန့်ကျောင်း ဘိုကျောင်း
ကွန်ဗန့်ကျောင်း သီလရှင်ကျောင်း
အမျိုးသားကျောင်း ဘုန်းကြီးကျောင်း
သူများတွေလို ဘာကျောင်းထွက်မှ မဟုတ်။
မောင်ရင်ငတေ ဆယ်တန်း အောင်မြင်လာခဲ့တဲ့
ဓါတ်မြေ (စလေ) စေတနာ ညကျောင်းတော်ကြီး
နေ့လယ်နေ့ခင်းဘက်တော့ မူလတန်းကျောင်း ထင်ပါရဲ့။
မောင်ရင်ငတေ ဖဦးထုပ် ဎရေမှုတ် ၂၆ သို့