ပါရီပုံရိပ်များ
သူတို့ နှုတ်ဆက်ကြလေပြီ နှင့် ခရမ်းရောင်လိုင်း အလွမ်းပြေ
MF 77 (သို့မဟုတ်) Metro Fer 1977
မောင်ရင်ငတေ ပါရီမြေသို့ စတင်ခြေချခဲ့စဉ်ထဲက ရင်းနှီးခဲ့ကြတဲ့
သူတို့တွေ၊
သူတို့တွေ ဆိုပေမယ့် သက်ရှိ လူသားတွေတော့ မဟုတ်ကြပါဘူး၊ ၁၉၇၇
ခုနှစ်များက
ပါရီ အန်ဒါဂရောင်း မေထရို သံလမ်းများပေါ်မှာ စတင် တာဝန် ထမ်းဆောင်
ခဲ့ကြသူများပါ။
၁၉၇၇ ခုနှစ်မှာ တီထွင် တည်ဆောက်ခဲ့လို့ Metro Fer 1977 (MF
77) ခေါ်ပါတယ်၊
ပန်းရောင်လိုင်း (M7) ခရမ်းရောင်လိုင်း (M8) အပြာနုရောင်လိုင်း
(M13) တို့မှာ ပြေးဆွဲခဲ့တဲ့
ရထားတွဲတွေပါ၊ ၁၉၇၈ စက်တင်ဘာလမှာ ပထမဆုံး သံလမ်းပေါ်ရောက်ရှိ
အလုပ်ဝင်ခဲ့ကြတဲ့
သူတို့တွေနဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်က မောင်ရင်ငတေ စပြီး ရင်းနှီးခဲ့တာပါ၊
အပြာနုရောင်လိုင်းနဲ့ကတော့
မောင်ရင်ငတေ ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့ရပေမယ့် ပန်းရောင်လိုင်း
(M7) ခရမ်းရောင်လိုင်း (M8)
တိုရဲ့ အပြာရောင်ရင့်ရင့် ထိုင်ခုံတွေက မောင်ရင်ငတေနဲ့
ဒီကနေ့ထိ ထိတွေ့နေရဆဲပါ။
၁၆ လိုင်းသော ပါရီ မြေအောက်မေထရို ရထားလိုင်းတွေထဲမှာ မောင်ရင်ငတေနဲ့
အရင်းနှီးဆုံး လိုင်း
နှစ်လိုင်းလို့ ပြောရပါမယ်၊ ပါရီသက်တမ်းတလျှောက် မောင်ရင်ငတေ
ရွှေပြောင်း နေထိုင်တာလည်း
ပန်းရောင်နဲ့ ခရမ်းရောင်လိုင်း ဘူတာတွေ နားမှာသာပါ။
အဲဒါကြောင့် ဒီလိုင်း နှစ်လိုင်းမှာ အသုံးပြုနေတဲ့ ရထားစင်းရေ
(၇၂+၅၈) ၁၃၀ စင်း၊ တွဲပေါင်း ၆၅၀၊
ပါရှိတဲ့ အပြာရောင်ရင့်ရင့် ထိုင်ခုံတွေ အားလုံးလိုလိုဟာ
မောင်ရင်ငတေ မထိုင်ဖူးဘူးတဲ့ခုံ ရှိနိုင်မယ်
မထင်မိပါဘူး၊ အဲဒါကြောင့် ပါရီပုံရိပ်များဆိုပြီး
မောင်ရင်ငတေ ရေးနေတဲ့ စာစုတွေထဲမှာ အမှတ်တရ
အဖြစ် “ခရမ်းရောင်လိုင်း အလွမ်းပြေ” စာစုကို
လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲမှာ ရေးဖြစ်ခဲ့ပါတယ်။
“ခရမ်းရောင်လိုင်း အလွမ်းပြေ”
အခုတော့ သူတို့ တကယ် စတင် နှုတ်ဆက်ကြလေပြီ ပေါ့။
ဒီကနေ့ ၂၀၁၈ ဒီဇင်ဘာလလယ်ကစပြီး ဒီတွဲတွေရဲ့ အပေါ်ပိုင်းဘော်ဒီနဲ့ အတွင်းပိုင်းတွေကို
မွမ်းမံ
ပြင်ဆင်ပြီးသမျှ တစီးပြီးတစီး လဲလှယ်သုံးတော့မှာပါ၊ မောင်ရင်ငတေ
ထိုင်ဖူးခဲ့တဲ့ ထိုင်ခုံ အပြာရောင်
ရင့်ရင့်တွေအားလုံးနဲ့ မကြာခင်အပြီးအပိုင် လမ်းခွဲကြရတော့မှာမို့လို့
ဒီ ဒီဇင်ဘာ နယူးရီးယားအကြို
ရက်များမှ စတင်ပြီး ဧည့်သည်တွေကို လိုက်ပို့ရင်း ခုံပြာပြာတွေကို
အမှတ်တယ မှတ်တမ်းတင်ရပါ
ဦးမယ်၊ ဒါကြောင့် ခုံပြာပြာတွေ မောင်ရင်ငတေ့ ဖေ့စ်ဘုတ်ခ်မျက်နှာပြင်မှာ
အများအပြားတက်လာ
တာကို တွေ့ကြရရင် ခွင့်လွှတ်ကြပါလို့ ကြိုတင် ပြောထားချင်မိပါတယ်။
တွဲတွင်းတွဲပြင် သားသားနားနား မွမ်းမံပြင်ဆင်ထားတဲ့ ထိုင်ခုံတွေ
ဘယ်လောက်ကောင်းကောင်းပါ၊
မောင်ရင်ငတေကတော့ မောင်ရင်ငတေထိုင်နေကျ ခုံတန်းပြာရင့်ရင်တွေကို
လွမ်းမိနေမှာ အမှန်ပါ။
သို့သော်လည်း သူတို့လည်း ကြာကြာနေရမှာတော့ မဟုတ်ပါဘူး၊
သူတို့ထက် အများကြီးငယ် အများကြီး ခေတ်မီတဲ့ MF19 သို့မဟုတ်
Metro Fer 2019 မော်ဒယ်မမ
လေးတွေနဲ့ ၂၀၂၃ ခုနှစ်မှာ အစားထိုးဦးမှာမို့ အဲဒီကာလနောက်ပိုင်းမှာတော့
သူတို့တတွေ ဘယ်ဆီ
ဘယ်ဝယ် ရောက်လေမလဲ မသိ၊ ပင်စင်စားရမလား တရွာပြောင်းကြရလေမလား
မသိနိုင်ပါဘူး။
ကံကြမ္မာ စေရာသို့သာ သွားကြရမှာပါ၊ မောင်ရင်ငတေလည်း ရှိနေဦးမလား
မသိနိုင်ပါ၊
ဟိုအရင်တုန်းက မေးဖူးတဲ့ ဘုရားစောင်းတန်းထိပ်က စာကလေးဗေဒင်
ကိန်းခမ်းအရကတော့
အသက် ၁၂၀ ကျော် ရှည်စေသောဝ် လို့ ပါခဲ့ပေမယ့့် ဒီလောက်ရှည်ရှည်
မနေချင်ကြောင်းပါ။
မောင်ရင်ငတေ ၁၁၁၂၂၀၁၈
MF 77 RÉNOVÉ (သို့မဟုတ်) Metro Fer 1977