အာကာရွှန်မှ ပီလာ သဲသောင်ခုံ
Dune
du Pilat (Plus Haute Dune d’Europe) (ဓါတ်ပုံ
မရငတ)
ပီလာ သဲသောင်ခုံ
(သို့တည်းမဟုတ်)
ပီလာ သဲခုံတောင်။
Dune
du Pilat
ရှားရှားပါးပါး ရှားရှားပါးပါး ပါ၊
တကယ်ကို ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။
အဲဒီ ရှားရှားပါးပါး နေရာကို
ရှားရှားပါးပါး သွားနိုင်ဖို့ စိတ်ကူးကို အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။
ပြင်သစ်ပြည် အနောက်တောင်ပိုင်း
ဘောဒိုးမြို့ အောက်ဘက် အတ္တလန်တစ် ကမ်းခြေ တနေရာမှာ
သဘာဝတရားရဲ့ ဆန်းကျယ်မှုကနေ ဖြစ်ပေါ် တည်ရှိလာတဲ့ သဲသောင်ခုံကြီး တခုပါ။
ဆာဟာရလို သဲကန္တာရတွေထဲမှာ ဒီလိုတောင်စဉ်တောင်တန်းသဖွယ် သဲသောင်ခုံကြီးတွေ ဖြစ်ပေါ်
နေတာမျိုးထက် Coastal Dune ကမ်းခြေ
သဲသောင်ခုံတွေက ပို၍ ဆန်းကျယ်ပါတယ် ပြောရမှာပါ၊
တနှစ်ကို လေးငါးမီတာ ပိုမို ကျယ်ပြန့်ကြီးထွား လာနေတာကြောင့် လှုပ်ရှားနေတဲ့ သဲသောင်ခုံ တခု ဖြစ်နေတာကြောင့်လည်း ပို၍
ပို၍
ထင်ရှား လာဟန်ရှိပါတယ်။
အရှည်
သုံး ကီလိုမီတာ ကျော်
အကျယ်
မီတာ ခြောက်ရာ ကျော်
အမြင့်
မီတာ တရာ့တဆယ် ကျော်
ဥရောပမှာ
အကြီးမားဆုံး အမြင့်မားဆုံး သဲခုံတောင်ကြီးပါ။
မောင်ရင်ငတေ
၂၈၀၈၂၀၁၈
ပြင်သစ်တခွင် ပုံရိပ်များ
ငွေမှင်ရောင် ဖရန့်အတ္တလန်တစ် ကမ်းခြေများ
အာကာရွှန်မှ ပီလာ သဲခုံတောင်
Aucun commentaire:
Publier un commentaire