ဘိလပ်မြေသို့ ဝိုးတဝါး
ဘိလပ်မြေသို့ ဝိုးတဝါး (ဓါတ်ပုံ
မရငတ)
ဘိလပ်မြေသို့ ဝိုးတဝါး
ဝိုးတဝါးမှ တကယ်ကို
ဝိုးတဝါးပါ။
သွားခဲ့တာလည်း ဝိုးတဝါး
ကြာခဲ့ပါပြီမို့လည်း
ဝိုးတဝါး
နေခဲ့တာလည်း ခွန်နှရက်တပတ်ကျော်သာမို့
ဝိုးတဝါး
မှတ်တမ်းတင်နိုင်ခဲ့တာတွေကလည်း
အားလုံးလိုလို ဝိုးတဝါး
သွားခဲ့တဲ့ရာသီကလည်း
ဒီဇင်ဘာ ခရစ်စမတ် နယူးရီးယားကာလမို့ မှုန်ရီရီ ဝိုးတဝါးသာပါ။
မောင်ရင်ငတေ သွားခဲ့တာက
၂၀၀၂ ဒီဇင်ဘာနှစ်ကုန်ပါ၊
ဒီကနေ့က ၂၀၁၇ ဒီဇင်ဘာ
ရောက်လုနီးပြီမို့ ဆယ့်ငါးနှစ် ပြည့်လုပါပြီ၊
၂၀၁၂ ခုနှစ်ကစ ဆယ်နှစ်ပြည့်
လန်ဒန် ဆိုပြီး ခေါင်းစဉ်တပ် အတိုအစ
ရေးထားမိပေမယ့် ထုံးစံအတိုင်း
ရှေ့မတက်ဖြစ် မေ့မေ့လျော့လျော့သာ ထားခဲ့ဖြစ်ပါတယ်။
အဲဒီလို ဘိလပ်မြေသို့
အကြောင်း ရေးနေမိတာက အတော်လေး ကြာနေပေမယ့် မှတ်တမ်းပုံတွေနဲ့
ပုံဖော်ရေးသားချင်တဲ့ မောင်ရင်ငတေရဲ့စိတ်ကြောင့် နောက်နား တနေရာမှာသာ ပစ်ထားမေ့ထားခဲ့
ပါတယ်၊ အခုတော့ ဆယ့်ငါးနှစ်ပြည့်ဝိုးတဝါးလန်ဒန်ဟု ခေါင်းစဉ်ပြောင်းတပ် ရေးရတော့မယ့်အချိန်
ရောက်ရှိလာခဲ့ပါပြီ။
ပုံဖော်ရေးသားချင်တဲ့ မောင်ရင်ငတေရဲ့စိတ်ကြောင့် နောက်နား တနေရာမှာသာ ပစ်ထားမေ့ထားခဲ့
ပါတယ်၊ အခုတော့ ဆယ့်ငါးနှစ်ပြည့်ဝိုးတဝါးလန်ဒန်ဟု ခေါင်းစဉ်ပြောင်းတပ် ရေးရတော့မယ့်အချိန်
ရောက်ရှိလာခဲ့ပါပြီ။
လန်ဒန်ဆောင်းရဲ့ မှိုင်းမှိုင်းမှုန်
ရာသီအောက်မှာ လန်ဒန် မြို့ကြီးကလည်း နေရာတကာမှာ ဝိုးတဝါး
အဲဒီ ဝိုးတဝါးငေးမော
တွေ့ခဲ့ရတာတွေကို ဦးနှောက်ထဲကျန်ရှိသလောက် ဝိုးတဝါးတွေး ဝိုးတဝါးရေး
တွေးရေးနေမိတာမို့လို့
* ** ဘိလပ်မြေသို့ ဝိုးတဝါး * ** ဟု ခေါင်းစဉ်ပြောင်း
တပ်လိုက်မိခြင်းပါ။
ဘိလပ်မြေသို့ ဝိုးတဝါး (ဓါတ်ပုံ
မရငတ)
မောင်ရင်ငတေတို့ခေတ်
လန်ဒန် အင်္ဂလန် ဆိုတာက ရွှေပြည်တော်က တိုင်းသူပြည်သား လူအများ
တို့ ဝင်လာမစဲ တသဲသဲ အချိန်ကြီးပါ၊ သိပံ္ပ မောင်သောင်းဖေတို့ ခေတ်လို ဘိလပ်လာ တယောက်စ
နှစ်ယောက်စလောက်သာရှိတဲ့ခေတ် မဟုတ်တော့ပါဘူး၊ လူထုလူတန်းစား အလွှာပေါင်းစုံ ပိုက်ဆံရှိ
အဆက်သွယ်ရှိ အကြောနပ်ရင် ရောက်နိုင်တဲ့ခေတ် ဖြစ်လို့လာနေချိန်ပါ။

ဘိလပ်လာတွေများလှသလို
ဘိလပ်နေတွေ များလှတာမို့လို့ ဘိလပ်မြေအကြောင်း မောင်ရင်ငတေ့
ကိုယ်တွေ့ ဘိလပ်မြေမှာတပတ်တာ
ဘာညာဆိုပြီး မောင်ရင်ငတေ ရွှီးရွှန်းမရေးရဲဘဲ လက်ရှောင်လို့
နေခဲ့တယ် ဆိုရင်လည်းမှန်ပါတယ်၊
အဲတော့ မောင်ရင်ငတေအခုရေးမှာက ဘိလပ်မြေ ဘိလပ်လေ
ဘိလပ်ရေ ဘိလပ်ရဲ့
မြို့တော်အကြောင်း အဓိကထား မရေးတော့ပါဘဲ ပါရီကနေသွားခဲ့တဲ့ ခရီးစဉ်
အကြောင်းလေးကိုသာ ရေးဖို့ စဉ်းစားပြီ ပြန်ကိုင်ဖြစ်တဲ့ စာစုတခုပါ။
အကြောင်းလေးကိုသာ ရေးဖို့ စဉ်းစားပြီ ပြန်ကိုင်ဖြစ်တဲ့ စာစုတခုပါ။
မောင်ရင်ငတေရဲ့ ပထမဦး
ယူရိုပီယမ်ယူနီယံ ခရီးဖြစ်သလို နောက်တခေါက် ပြန်သွားဖို့ စိတ်ကူးထဲ
ကနေထုတ်ပယ် အနီကဒ် ပြထားတဲ့ နယ်မြေပါ၊ မှတ်တမ်းမှတ်ရာ ပုံကောင်းကောင်း တင်ဖို့ မတတ်
နိုင်သေးတဲ့ အချိန်မှာ ပထမဆုံး သွားဖြစ်ခဲ့တာပါ၊ မှတ်တမ်းပုံကောင်းကောင်းမရှိလို့ ကံဆိုးတယ်လို့
ပြောလို့ရသလို တခုတော့ကံကောင်းပါတယ်လို့လည်း ပြောနိုင်ပါတယ်၊ ကံကောင်းရခြင်းအကြောင်း
ဆိုတာကတော့ ဘိလပ်မြေသို့ ပြည်ဝင်ခွင့် ဗီဇာ မလိုခဲ့သေးတဲ့ အချိန်မို့ပါ။

အဲတုန်းက မောင်ရင်ငတေတို့လို ပြင်သစ် ခိုလှုံရေးသမား ခရီးသွားစာအုပ်ကိုင်ထားသူတွေအတွက်
ရှန်ဂန်ဧရိယာ ပြင်ပ အီးယူနိုင်ငံတွေကို ဗီဇာမလို သွားခွင့်ရနေဆဲ အချိန်ပါ၊ ဥရောပမှာ ကန့်လန့်နေ
နိုင်ငံကြီး နှစ်နိုင်ငံ ရှိပါတယ်၊ တစ် အင်္ဂလန်ဆိုရင် နှစ် ဆွစ်ဇာလန်ပါ၊ အဲဒီအချိန်က အင်္ဂလိပ်တွေက
ဗီဇာမလို ဝင်ခွင့်ပေးနေချိန်မှာ ဆွစ်တွေက ရှန်ဂန်ထဲ မဝင်သေးဘဲ တင်းခံထားချိန်ပါ။
ရှန်ဂန်ဗီဇာ ဧရိယာထဲ
မဝင်သေးလို့ ဆွစ်မြေကိုနင်းဖို့ ခက်ခဲနေချိန်မှာ ဘိလပ်မြေကိုတော့ ခိုလှုံရေး
သမား ခရီးသွားစာအုပ်
ကိုင်ဆောင်ထားသူတွေ ဥဒဟို ဝင်ထွက်သွားလာခွင့် ရနေသခိုက် အချိန်မှာ
ကံကောင်းထောက်မစွာ
အဲဒီအခွင့်ရေးကို ကပ်သီသီလေး တနှစ်ကျော်လောက်မီလိုက်သလို ရခဲ့တဲ့
အခွင့်ရေးကို အသုံးချဖြစ်ပြီး ဘိလပ်မြေကိုရောက် ဘိလပ်ပြန် ဖြစ်ခဲ့ဖူးတယ် ဆိုကြပါစို့။
အခွင့်ရေးကို အသုံးချဖြစ်ပြီး ဘိလပ်မြေကိုရောက် ဘိလပ်ပြန် ဖြစ်ခဲ့ဖူးတယ် ဆိုကြပါစို့။
အခွင့်အရေးဆိုရင်
ဘာအခွင့်အရေးမဆိုရယူဖို့ လက်နှေးခဲ့တဲ့ မောင်ရင်ငတေရဲ့ ရယူခဲ့ဖူးတဲ့ ရှားပါး
မဟာအခွင့်အရေး ယူခဲ့ဖူးတဲ့ အတွေ့အကြုံပါ၊ ဆွစ်ဇာလန်ကတော့ သိပ်ပြီးမကြာခင် နောက်ပိုင်းမှာ
မဟာအခွင့်အရေး ယူခဲ့ဖူးတဲ့ အတွေ့အကြုံပါ၊ ဆွစ်ဇာလန်ကတော့ သိပ်ပြီးမကြာခင် နောက်ပိုင်းမှာ
ယူရိုရှန်ဂန်ဗီဇာဇုံထဲ
ခြေစုံပစ်လို့ ဝင်လာခဲ့လေတော့ မောင်ရင်ငတေတို့လို အကောင်တွေ ဂျီနီဗာတို့
ဇူးရစ်တို့လို့ ဆွစ်မြေရဲ့ နာမည်ကြီး မြို့တွေကို ဖြတ်သန်း သွားလာခွင့် လွယ်ကူစွာ ရခဲ့ပါတယ်။
ဇူးရစ်တို့လို့ ဆွစ်မြေရဲ့ နာမည်ကြီး မြို့တွေကို ဖြတ်သန်း သွားလာခွင့် လွယ်ကူစွာ ရခဲ့ပါတယ်။
ဒီကနေ့တော့ ပြင်သစ်
နိုင်ငံသား စာအုပ်ကိုင်ထားသူ တချိန်က ခိုလှုံရေးသမားဟောင်းများကတော့
ပါရီ လန်ဒန် အိမ်ဦးကြမ်းပြင် သွားလာခွင့် ရနေကြပေမယ့် ခိုလှုံရေးသမားများအဖြစ် ဆက်လက်ရပ်
တည်ဆဲ သူများကတော့ သွားချင်သပဆို ဗီဇာလျှောက်လို့သာ သွားနိုင်ပါတော့တယ်။
ပါရီ လန်ဒန် အိမ်ဦးကြမ်းပြင် သွားလာခွင့် ရနေကြပေမယ့် ခိုလှုံရေးသမားများအဖြစ် ဆက်လက်ရပ်
တည်ဆဲ သူများကတော့ သွားချင်သပဆို ဗီဇာလျှောက်လို့သာ သွားနိုင်ပါတော့တယ်။
ဗီဇာလျှောက်ဖို့ဆိုတာ
လိုအပ်တဲ့အချက်တွေ ပြည့်စုံရပါတယ်၊ နံပတ်တစ်က ပိုက်ဆံပါ၊ ထိုင်းတိုးရစ်
ဗီဇာတောင်မှ ဒေါ်လာတထောင် အောက်ထစ်ပြနေရတဲ့ ဒီခေတ်ကျပ်ကြီးမှာ ယူကေတို့ ယူအက်စ်
တို့ကတော့ ရှိုးမန်းနီးကတော့ များလေ ကောင်းလေပေါ့ဗျာ၊ ဗီဇာလျှောက်ဖို့က ခက်သလားဆိုတော့
ဗီဇာတောင်မှ ဒေါ်လာတထောင် အောက်ထစ်ပြနေရတဲ့ ဒီခေတ်ကျပ်ကြီးမှာ ယူကေတို့ ယူအက်စ်
တို့ကတော့ ရှိုးမန်းနီးကတော့ များလေ ကောင်းလေပေါ့ဗျာ၊ ဗီဇာလျှောက်ဖို့က ခက်သလားဆိုတော့
အရမ်းကြီးတော့ ခက်ခဲလှတယ်
ပြောမရပါဘူး၊ အလုပ်တခုရှိ (ဘာအလုပ်ဖြစ်ဖြစ်) တရားဝင်အလုပ်
တရားဝင်အခွန်ဆောင်
ကြေငြာထားတဲ့ အလုပ်ဖြစ်ရမယ် ဘဏ်စာရင်းထဲမှာ တရားဝင် ဝင်ငွေဖြစ်ရ
ပါမယ်၊ တရားဝင် ဝင်ငွေဆိုတာက အမွေရလို့ ဂါကြေးရလို့ဖြစ်ဖြစ် ကောက်ရလို့ ထီပေါက်လို့ဖြစ်ဖြစ်
ပါမယ်၊ တရားဝင် ဝင်ငွေဆိုတာက အမွေရလို့ ဂါကြေးရလို့ဖြစ်ဖြစ် ကောက်ရလို့ ထီပေါက်လို့ဖြစ်ဖြစ်
အဲဒီငွေ ဘဏ်စာရင်းထဲကို
ဘယ်လိုအကြောင်း ဘာအလုပ်ကြောင့် ဝင်လာပြီး ဝင်ငွေခွန်ဆောင်ခွင့်
ရထားပြီးသား ငွေမှသာလျှင် တရားဝင်တယ် သတ်မှတ်ပါတယ်။
ရထားပြီးသား ငွေမှသာလျှင် တရားဝင်တယ် သတ်မှတ်ပါတယ်။
အဲဒါကြောင့် အလုပ်ရှိအကိုင်ရှိရင်
အလွယ်တကူ ရသွားတာတွေ ရှိသလို ကံမကောင်း အကြောင်းမ
လှလို့ ယူကေ ယူအက်စ်အေတွေနဲ့ ဝေးရသူတွေ ရှိပါတယ်၊ မောင်ရင်ငတေက ဒုတိယ အမျိုးစားထဲ
ပါဝင်ပါတယ်၊ စာရွက်ထဲသတ်မှတ်ထားတာတွေက အပြင်မှာတလွဲ ဖြစ်နေတာတွေ များလှပါတယ်။
လှလို့ ယူကေ ယူအက်စ်အေတွေနဲ့ ဝေးရသူတွေ ရှိပါတယ်၊ မောင်ရင်ငတေက ဒုတိယ အမျိုးစားထဲ
ပါဝင်ပါတယ်၊ စာရွက်ထဲသတ်မှတ်ထားတာတွေက အပြင်မှာတလွဲ ဖြစ်နေတာတွေ များလှပါတယ်။
ပြဿနာက ဗီဇာကြေးကို
ကြိုတင်သွင်းရသလို လျှောက်ထားပြီး ရဂျက်ထိ ဗီဇာမရပါကလည်း ဗီဇာ
ကြေးငွေ ယူရို တရာကျော်လောက်ကို အဲဒီ သူဌေးအမည်ခံ ငပွကြီးနိုင်ငံတွေက သပိတ်ဝင်အိတ်ဝင်
သူတို့အိတ်ထဲသို့ ထည့်သွားတာပါ၊ အဲဒါမျိုးကို မောင်ရင်ငတေမနှစ်သက်မထောက်ခံနိုင်လို့ ယူကေ
ကြေးငွေ ယူရို တရာကျော်လောက်ကို အဲဒီ သူဌေးအမည်ခံ ငပွကြီးနိုင်ငံတွေက သပိတ်ဝင်အိတ်ဝင်
သူတို့အိတ်ထဲသို့ ထည့်သွားတာပါ၊ အဲဒါမျိုးကို မောင်ရင်ငတေမနှစ်သက်မထောက်ခံနိုင်လို့ ယူကေ
ယူအက်စ်အေတို့နဲ့
မပတ်သက်အောင်နေဖို့ စိတ်ဆုံးဖြတ်ထားခဲ့တာ ကြာခဲ့ပါပြီ။
ဘိလပ်မြေသို့ ဝိုးတဝါး
(ဓါတ်ပုံ မရငတ)
ဘဏ်စာရင်း စာအုပ်ထဲမှာလည်း
စုစုပေါင်း လက်ကျန်ငွေက ဂဏန်းလေးလုံး တခါဖူးမှ မပြည့်သလို
ဝင်ငွေရမှန်တဲ့ အလုပ်ဆိုပါက
လက်ကြောကောင်းကောင်း မတင်းတတ်တဲ့ မောင်ရင်ငတေ့အတွက်
စပွန်ဆာပေးမယ့်သူဆိုတာက ဝေလာဝေးမို့ ဂျီးခပ်များများ ကဂျီကဂျောင်များလှတဲ့ ဗီဇာကြီးတွေကို
စပွန်ဆာပေးမယ့်သူဆိုတာက ဝေလာဝေးမို့ ဂျီးခပ်များများ ကဂျီကဂျောင်များလှတဲ့ ဗီဇာကြီးတွေကို
အနီကဒ်ပြ ရှောင်ကျဉ်နေခဲ့တာက
ကြာခဲ့ပါပြီ။
အဲဒီလို ဗီဇာဆိုတာကြီးတွေကို
မလျှောက်မပြုဘဲ မောင်ရင်ငတေ သွားပိုင်ခွင့်ရနေတဲ့ ရှန်ဂန်ဧရိယာ
ထဲမှာပျော်ပိုက်ရင်း ဥရောပအနှံ့ မကုန်နိုင်မခမ်းနိုင် တည်ရှိနေတဲ့ သမိုင်းဝင် နေရာလေးတွေကိုသာ
ဦးစားပေး ဦးတည်သွားဖြစ်ခဲ့တာက ကြာပါပြီ။
ထဲမှာပျော်ပိုက်ရင်း ဥရောပအနှံ့ မကုန်နိုင်မခမ်းနိုင် တည်ရှိနေတဲ့ သမိုင်းဝင် နေရာလေးတွေကိုသာ
ဦးစားပေး ဦးတည်သွားဖြစ်ခဲ့တာက ကြာပါပြီ။
အဲဒါကြောင့် ကံကောင်းထောက်မစွာနဲ့
ဝိုးတဝါးသာ ဖြတ်သန်းခဲ့ဖူးခဲ့တဲ့ ဘိလပ်မြေရဲ့ အကြောင်းက
မောင်ရင်ငတေ ရင်ထဲက
မှတ်တမ်းဖီလင်တွေထဲ ဒေါင့်တနေရာမှာသာ ချောင်ထိုး ထားခဲ့ဖြစ်ခြင်းပါ။
အခုက အတိတ်ဖီလင် အတိုအစတွေထဲ
မှတ်မိသမျှ ဝိုးတဝါးမှတ်တမ်းတွေကို တင်ပြချင်စိတ် ရှိလာ
တာကြောင့် ဒီစာစုကို ပြန်လည် တည်းဖြတ်ရေးခဲ့ရခြင်းပါ၊ ဗီဇာမလို ဘာမလို လူထုလူတန်းစားတွေ
အတွက် ဒီစာစုက အပိုသာ ဖြစ်နေမှာမို့လို့ အသည်းနှလုံး တူသူများသာ ဖတ်ကြည့်စေချင်ပါတယ်။
တာကြောင့် ဒီစာစုကို ပြန်လည် တည်းဖြတ်ရေးခဲ့ရခြင်းပါ၊ ဗီဇာမလို ဘာမလို လူထုလူတန်းစားတွေ
အတွက် ဒီစာစုက အပိုသာ ဖြစ်နေမှာမို့လို့ အသည်းနှလုံး တူသူများသာ ဖတ်ကြည့်စေချင်ပါတယ်။
ဆက်ရန် ရှိပါသေးယ်။
For the Art of Voyage
For the Love of Voyage
For the Peace of Voyage
မောင်ရင်ငတေ ၂၃၀၉၂၀၁၇
ဘိလပ်မြေသို့ ဝိုးတဝါး မောင်ရင်ငတေ
ဘိလပ်မြေသို့ ဝိုးတဝါး မောင်ရင်ငတေ
ဘိလပ်မြေသို့ ဝိုးတဝါး မောင်ရင်ငတေ
Aucun commentaire:
Publier un commentaire