ငွေမှင်ရောင် ဖရန့်အတ္တလန်တစ်
ကမ်းခြေများ
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက် (ဓါတ်ပုံ မရငတ)
ငွေမှင်ရောင် ဖရန့်အတ္တလန်တစ် ကမ်းခြေများသို့ ခရီးကို
၂၀၁၈ ခုနှစ် သြဂတ်စ်လ နောက်ဆုံးပတ်တွင်းမှာ သွားဖြစ်ခဲ့ပါတယ်။
ဒီခရီးစဉ်က ပြင်သစ်ပြည်တွင်း ခရီးစဉ်အဖြစ် ပြောလို့ ရနိုင်သလို နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီ စပိန်
ပိုင်နက်ထဲသို့ နှစ်ကြိမ်တိုင်တိုင် ရောက်ခဲ့တာကြောင့် ပြင်သစ် ပုံရိပ်များကိုကျော်ပြီး ရှန်ဂန် ပုံရိပ်များ
ထဲမှာလည်း အကျုံးဝင်တယ် ဆိုနိုင်ပါတယ်။
အဲဒီ ငွေမှင်ရောင်ခရီးစဉ်ကို အသွားအပြန် Flixbus ကားလက်မှတ်ဝယ်အပြီး သွားဖြစ်မယ် သေချာ
ခဲ့တော့ ရတဲ့ရက် ငါးရက်ခြောက်ရက် အတွင်း ဘယ်နေရာတွေကို သွားမလဲ စဉ်းစားရှာဖွေ ပါတယ်၊
ဒီ ဖရန်ကို-စပန်ညော ဥူစကာဒီဒေသကို မောင်ရင်ငတေ ရောက်ဖြစ်ခဲ့တာ ဆယ်ကြိမ်ခန့်မျှ ရှိခဲ့ပါပြီ၊
ရောက်တိုင်းလည်း ရသမျှသွားခဲ့တာမို့ နေရာမထပ် သွားပုံမထပ်အောင် ဦးစားပေး စဉ်းစားပါတယ်။

အတူသွားကြမယ့်တယောက်က သူသွားချင်ရာတနေရာကို အဆိုပြုလာပါတယ်၊ မောင်ရင်ငတေတို့
ပေးနိုင်တဲ့ အချိန် ပေးနိုင်တဲ့ ငွေကြေး အသုံးပြုမယ့် ပတ်ဘလစ် ထရန်စပို့တ် အစဉ်ပြေမပြေ ကြည့်
လိုက်တော့ ရတာနဲ့ တညအိပ် သွားကြမယ်လို့ အတည်ပြု လက်မှတ် ဝယ်ဖြစ်ခဲ့ပါတယ်။
လိုက်တော့ ရတာနဲ့ တညအိပ် သွားကြမယ်လို့ အတည်ပြု လက်မှတ် ဝယ်ဖြစ်ခဲ့ပါတယ်။
လက်မှတ်ဝယ်တော့ ဈေးပေါတဲ့ ဘတ်စ်ကားက သွားချင်တဲ့ နေရာကို မရောက်လို့ ရထားလက်မှတ်
ဝယ်ရပါတယ်၊ ရထားတောင်မှ တဆင့် ပြောင်းစီးမှရောက်တဲ့ အာကာရွှန် ပင်လယ်အော်သို့ ခရီးစဉ်
တခု မောင်ရင်ငတေ့အတွက် ရင်ခုန်ဖွယ်ရာ ဖြစ်ပေါ်လာခဲ့ ပါတယ်၊ ဒါပေမယ့် ဒါက မောင်ရင်ငတေ
အခုရေးမယ့် ခရီးစဉ် မဟုတ်သေးပါဘူး၊ အခု ရေးချင်တဲ့ ခရီးစဉ်က ဥူစကာဒီ အိတ်စ်ပရက် ခေါ်တဲ့
လိုင်းကား ဘတ်စ်ကားကို နှစ်ယူရို ပေးစီးပြီး စပိန်မြေကို သွားတဲ့ ခရီးစဉ်ပါ။
ဝယ်ရပါတယ်၊ ရထားတောင်မှ တဆင့် ပြောင်းစီးမှရောက်တဲ့ အာကာရွှန် ပင်လယ်အော်သို့ ခရီးစဉ်
တခု မောင်ရင်ငတေ့အတွက် ရင်ခုန်ဖွယ်ရာ ဖြစ်ပေါ်လာခဲ့ ပါတယ်၊ ဒါပေမယ့် ဒါက မောင်ရင်ငတေ
အခုရေးမယ့် ခရီးစဉ် မဟုတ်သေးပါဘူး၊ အခု ရေးချင်တဲ့ ခရီးစဉ်က ဥူစကာဒီ အိတ်စ်ပရက် ခေါ်တဲ့
လိုင်းကား ဘတ်စ်ကားကို နှစ်ယူရို ပေးစီးပြီး စပိန်မြေကို သွားတဲ့ ခရီးစဉ်ပါ။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက် (ဓါတ်ပုံ မရငတ)
ဒီ ဥူစကာဒီအိတ်စ်ပရက် လိုင်းကားစီးလို့ စပိန်မြေနင်းဖြစ်ခဲ့တဲ့
ခရီးစဉ် ဖြစ်ပေါ်လာခဲ့ရတာကတော့
့
့
့
စုစုပေါင်းတပတ်ကြာမယ့် ဒီငွေမှင်ရောင်ခရီးစဉ်မှာ အသွားတရက်
အပြန်တရက် ဖယ်နှုတ်လိုက်ရင်
ကြားရက် ငါးရက် ရပါတယ်၊ ဒီတခါတော့ နားနားနေနေလေးသွားဖို့
စိတ်ကူးခဲ့မိသေးပေမယ့် သွားရ
ဖို့ရက် နီးလာတော့ ရတဲ့ ရက်လေးတွေ မပုပ်မရှအောင် သွားဖို့
အားသန်လာပြန်ပါတယ်။
အဲဒီ အာကာရွှန် တညအိပ်နှစ်ရက် ခရီးစဉ်က တတိယနေ့နဲ့ စတုတ္ထနေ့မှာမှ
သွားရမှာဖြစ်လို့ ပထမ
နှစ်ရက်ရယ် နောက်ကျန်ရှိတဲ့ ပဉ္စမရက်မှာ ဘယ်ဆီသို့များ သွားလို့ရလေမလဲဆိုပြီး
မောင်ရင်ငတေ
အင်တာနက်မှာ ဂူဂဲလ်မြေပုံမှာ ရှာပုံတော် ဖွင့်ရပြန်ပါတယ်။
အဲဒီမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ စိတ်ဝင်စားစရာ နေရာတွေကတော့
များပြားစွာပါ၊
မောင်ရင်ငတေတို့ သွားမယ့် ဒီ ဥူစကာဒီ ဒေသဆိုတာက စပိန်နဲ့ ပြင်သစ်ကို ခွနေတာပါ။
မောင်ရင်ငတေတို့ တပတ်တာ အခြေစိုက်မယ့် မဒီးဒီးတို့ အိမ် တည်ရှိရာက စပိန်နယ်နမိတ် စည်းနဲ့
ကီလိုမီတာ သုံးဆယ်သာသာ ဝေးတာပါ၊ သွားတဲ့ အခေါက်တိုင်း လိုလို သူတို့ နယ်ခံတွေက ကားနဲ့
လိုက်ပို့ပေးလို့ နယ်စပ်စည်းနေရာ တော်တော်များများကို ရောက်ခဲ့ဖူးပါတယ်။
နောက်ပိုင်း အခေါက်တွေမှာတော့ ပေတရာလမ်းပေါ် သဝေထိုး လျှောက်နေရရင် ပျော်နေတတ်တဲ့
မောင်ရင်ငတေ့အတွက် ပဘလစ်ရှ် ထရန်စပို့တ်ခရီးက ပိုကျေနပ်ဖွယ်ရာ ဖြစ်တာမို့ လိုင်းကား လိုင်း
ရထားနဲ့ ကိုယ့်ခြေထောက်ကိုယ်သုံး သွားဖို့ ကြိုးစားမိပါတယ်၊ အဲလိုကနေ ဒီခရီးစဉ်တွေ ဖြစ်ပေါ်လို့
လာခဲ့တယ် ဆိုရမှာပါ၊ ဒေသခံတွေ ကျောင်းသွား အလုပ်သွား သွားပုံမျိုးတွေကို
အခု နောက်ပိုင်းမှာ
မောင်ရင်ငတေ ပိုသွားချင်စိတ် ပေါ်နေတယ်လို့လည်း ပြောနိုင်ပါတယ်။
တကယ်တော့ ခရီးသွားကြတယ်ဆိုတာ ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး၊
ကားတွေ ရထားတွေ
ဥဒဟို သွားလာနေကြတာ တောင်မြောက်အရှေ့နောက် အရပ်ရှစ်မျက်နှာ
အားလုံးဆီသို့ပါ၊ ဒီကနေ့
ကမ္ဘာ့ကောင်းကင်ယံမှာ တနေ့တနေ့ လေယာဉ် ခရီးစဉ် စုစုပေါင်း တသိန်းကျော်
ပြေးဆွဲလျှက် ရှိပါ
တယ်တဲ့၊ အဲဒါတောင် စစ်လေယာဉ်တွေ လေယာဉ်ပိစိလေးတွေ ဟယ်လီကော်ပတာတွေ
ကိုယ်ပိုင်
ဂျက်တွေ မပါသေးပါဘူး၊ ပါများပါရင် တသိန်းခွဲကျော်လောက် ရှိနိုင်ပါတယ်တဲ့။
အဲဒီလို ခေတ်ကြီးမှာ ခရီးသွားတာများ ထူးထူးဆန်းဆန်း လုပ်ရေးနေတဲ့
မောင်ရင်ငတေ့အတွက်က
ရေးပေါက်ကျဉ်းလှပါတယ်၊ ဒါကြောင့် ဒေသခံတွေ နေ့စဉ်သုံးကြတဲ့
မြို့တွင်းနယ်တွင်း ပို့ဆောင်ရေး
လိုင်းကားစီး၍ ခရီးသွားခြင်းမျိုးကို အသုံးပြုသွားကြည့်ရင်း
ဒေသခံတွေရဲ့ ခံစားမှုမျိုးကို အငှားခံစား
ကြည့်ရင်း သွားရတာကလည်း ဖီလင်တမျိုးမို့ ဒီလို
ခရီးလမ်းကြောတွေကို ရွေးသွားမိနေရခြင်းပါ။
အဲလိုနဲ့ ဥူစကာဒီ အိတ်စ်ပရက် လိုင်းကားစီးလို့ စပိန်မြေသို့
နင်းဖြစ်ခဲ့ပါတယ်။

816 Euskadi Express (Transports-64) (ဓါတ်ပုံ မရငတ)
Euskadi Express
ဥူစကာဒီ အိတ်စ်ပရက်စ်
အဲဒီ ဥူစကာဒီအိတ်စ်ပရက်စ် ဆိုတာက ပုံမှန်နေ့စဉ် ပြေးဆွဲနေကြ
ဘတ်စ်ကားလိုင်းတလိုင်းဖြစ်တဲ့
အမှတ် (၈၁၆) လိုင်းကို စနေ တနင်္ဂနွေနဲ့ အလုပ်ပိတ်ရက်များမှာ
စပိန် ဥူစကာဒီ မြေထဲသို့ တပတ်
ပတ်ပြီး ပို့ဆောင်ပေးနေတဲ့ ဘတ်စ်ကား လိုင်းပါ၊ ပုံမှန် အမှတ် (၈၁၆) လိုင်းကတော့ စပိန်မြေထဲထိ
မရောက်ပါဘူး၊ ပြင်သစ် မြေဘက်ခြမ်းမှာသာ ပြေးဆွဲနေတဲ့ လိုင်းပါ။
ပတ်ပြီး ပို့ဆောင်ပေးနေတဲ့ ဘတ်စ်ကား လိုင်းပါ၊ ပုံမှန် အမှတ် (၈၁၆) လိုင်းကတော့ စပိန်မြေထဲထိ
မရောက်ပါဘူး၊ ပြင်သစ် မြေဘက်ခြမ်းမှာသာ ပြေးဆွဲနေတဲ့ လိုင်းပါ။
Transports 64 ဆိုတာကတော့ စာတိုက်သေတ္တာ နံပတ် ၆၄ ကိုယ်စားပြု
Pyrénées-Atlantiques
ခရိုင်ရဲ့ လိုင်းဘတ်စ်ကား ပြေးဆွဲရေး အဖွဲ့ရဲ့ အမည်ပါ၊ အမှတ်
(၈၁၆) ကားလိုင်းက အဲဒီအဖွဲ့ထဲက
သာမန်ကားလိုင်း တလိုင်းပါ၊ အဲဒီ ပုံမှန် သာမန် ကားလိုင်း
တလိုင်းရဲ့ ပြေးဆွဲနေကျ လမ်းကြောမှာ
စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်များအတွင်း အမြန်လိုင်းဘတ်စ်ကားဆိုပြီး ဥူစကာဒီ အိတ်စ်ပရက်စ်
စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်များအတွင်း အမြန်လိုင်းဘတ်စ်ကားဆိုပြီး ဥူစကာဒီ အိတ်စ်ပရက်စ်
လိုင်းကားခရီးစဉ်ကို စပိန်မြေကိုပါ ဖြတ်သန်း ပြေးဆွဲစေတာပါ။
ကားခကတော့ ပုံမှန်အတိုင်း ဘယ်စီးစီး နှစ်ယူရိုသာပါ၊ ဒါကြောင့်
မောင်ရင်ငတေတို့လို ခရီးသွားသူ
တွေအတွက်ကတော့ နှစ်ယူရိုနဲ့သွားလို့ရတဲ့ နိုင်ငံရပ်ခြားခရီးစဉ်တခုအဖြစ် ဘောင်ဝင်သွား ပါတယ်၊
တွေအတွက်ကတော့ နှစ်ယူရိုနဲ့သွားလို့ရတဲ့ နိုင်ငံရပ်ခြားခရီးစဉ်တခုအဖြစ် ဘောင်ဝင်သွား ပါတယ်၊
ဒီလိုင်းဘတ်စ်ကားကို စီးနေကျခရီးသွားများကတော့ နိုင်ငံတကာကခရီးသည်များ
မဟုတ်ကြပါဘူး၊
ဒေသခံ အများစုဖြစ်ပြီး ပြင်သစ်မြေထက် အများကြီးဈေးသက်သာတဲ့ စပိန်မြေက နယ်စပ်ဂျူတီဖရီး
ဈေးဆိုင်များသို့ ဈေးဝယ်သွားကြသူများပါ။
ဒေသခံ အများစုဖြစ်ပြီး ပြင်သစ်မြေထက် အများကြီးဈေးသက်သာတဲ့ စပိန်မြေက နယ်စပ်ဂျူတီဖရီး
ဈေးဆိုင်များသို့ ဈေးဝယ်သွားကြသူများပါ။
ကားပေါ်ပါလာသူများရဲ့ ပြောစကား လေသံများကို မောင်ရင်ငတေရဲ့
တတ်သမျှမှတ်သမျှ ပြင်သစ်
စပိန် အီတလီ ဂျာမန် အင်္ဂလိပ်စကားလုံးများ ပါများပါလေမလားလို့ မသိမသာ နားစွင့်ကြည့်ပေမယ့်
တလုံးတလေမျှမှ နားမလည်နိုင်တဲ့ ခပ်မာမာခပ်ပြတ်ပြတ် အသံများကိုသာ ကြားခဲ့ရလို့ သူတို့အရပ်
သူတို့လေနဲ့ ပြောတဲ့ ဥူစကာဒီ စကားသာ ဖြစ်ဖို့ များလှကြောင်းပါ။

ဥူစကာဒီ « Euzkadi » (ဓါတ်ပုံ မရငတ)
ဥူစကာဒီ
ဥူစကာဒီ
« Euzkadi »
ဥူစကာဒီ အကက
ဥူစကာဒီ အစာစား
ဥူစကာဒီ သီချင်းဆို
ဥူစကာဒီ စကားပြော
ဥူစကာဒီ နယ်ကို ချစ်မြတ်နိုးကြသူများ
ဥရောပရဲ့ ရှေးအကျဆုံးသောသူများဆိုပြီး
သူတို့ကိုယ် သူတို့ ဂုဏ်ယူ နေကြသူများပါ။
အဲဒီ ဥူစကာဒီ ဆိုတာက
« Euzkadi » ဥူစကာဒီ တိုင်းပြည်
ဒေသခံတွေကတော့ သူတို့ကိုယ် သူတို့
Euskal Herria ဥူစကယ် ဟာရ်ရာ သို့တည်းမဟုတ် « Euzkadi » ဥူစကာဒီ
Euskal Autonomia Erkidegoa « ဥူစကာဒီ » ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ
ပြင်သစ်လိုရေးတော့ Pays Basque
အင်္ဂလိပ်လိုတော့ Basque Country
စပိန်သားတွေကတော့ País Vasco သို့မဟုတ် Vasconia ခေါ်ကြတဲ့ တိုင်းပြည်လေးပါ။
သို့သော် သီးသန့် တိုင်းပြည်တပြည် အဖြစ်တော့ မြေပုံပေါ်မှာ
မရေးထိုးနိုင်သေးပါဘူး၊
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်တနယ် အဖြစ်နဲ့ ကျေနပ်နှစ်သိမ့်
နေရဆဲ နယ်လေး တနယ်ပါ။
ဥူစကာဒီ « Euzkadi » (ဓါတ်ပုံ မရငတ)
ဒီ « Euzkadi » နယ်လေးအကြောင်း သူတို့ရဲ့ နိုင်ငံရေး သူတို့ရဲ့ လူမျိုးရေး သူတို့ ရပ်တည်နေခဲ့တဲ့
သမိုင်းကြောင်းတွေကို အကျယ်ချဲ့ပြောရင် အများကြီးအရှည်ကြီးပါ၊ ဒါကြောင့် မောင်ရင်ငတေ အခု
ရေးမယ့် ဥူစကာဒီ အိတ်စ်ပရက်စ် နှစ်ယူရို ပေးစီးရတဲ့ ခရီးစဉ်အကြောင်းနဲ့ သိပ် မအပ်စပ်လှတာမို့
မောင်ရင်ငတေသိသမျှ ဥူစကာဒီအကြောင်း ခပ်ပါးပါးနဲ့ ခရီးစဉ်အကြောင်း
ရောမွှေရေးမှာပါ။
တကယ်တော့ ဒီဘတ်စ်ကားစီးသွားတဲ့ခရီးဟာ ဘာမှပြောစရာ မှတ်တမ်းတင်စရာ ထူးခြားလှတယ်
မဆိုနိုင်ပါဘူး၊ နိစ္စဓူဝ သွားနေကြတဲ့သူတွေလည်း အများကြီးပါ၊ သို့ပေမယ့် နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ
ကူးသန်းသွားလာ ဖြတ်သန်းကျော်ကြရတဲ့ နေရာမှာ အတားအဆီး အပိတ်အပင်တွေ နေရာတကာ
ရှိပါတယ်၊ အချို့နေရာများဆို ခြံစည်းရိုးကြီးတွေအုတ်တံတိုင်းကြီးတွေခတ် အမြောက်တွေ အစောင့်
တွေချ ငွေကုန်ကြေးကျခံလို့ အလွယ်တကူ ကူးသန်း မရအောင် လုပ်နေကြရတဲ့ နေရာတွေ အများ
ကြီး ရှိပါတယ်၊ အမေရိကား-မက္ကဆီကို၊ တောင်-မြောက်ကိုရီးယား၊ မော်ရိုကို-စပိန်၊ ပါလက်စတိုင်း-
အစ္စရေး နေရာတကာ အများကြီးပါ အများကြီးပါ၊ အဲဒီလို အတားဆီးတွေကို မောင်ရင်ငတေ မုန်းပါ
တယ်၊ အဲလို မုန်းလွန်းလို့လည်း ဒီလို အတာအဆီးမဲ့ နယ်စပ်ကျော်ဖြတ်ကူးသန်းရတဲ့ နေရာမျိုးတွေ
ရောက်ရင် မောင်ရင်ငတေ မွေ့လျော် ပျော်လို့လာတယ် ဆိုနိုင်ပါတယ်။

ဒီလိုမျိုး စပိန်-ပြင်သစ် နယ်ခြားကူးသန်းမှု အတားစီးမဲ့အစစ်ဆေးမဲ့နေတာက
ရှန်ဂန်ဗီဇာရဲ့ ကျေးဇူး
ကြောင့်ပါ၊ သို့ပေမယ့် ဥူစကာဒီမြေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေး တောင်းဆိုမှုများလို ပြဿနာများ
ရှိနေသေးတာမို့ ခွဲထွက်ကြရင်လည်း အငြင်းပွားမှုမရှိ အေးချမ်းစွာ ခွဲထွက်ကြဖို့ကလည်း အရေးကြီး
လှပါတယ်၊ ငြိမ်းချမ်းကြည်ဖြူစွာ လမ်းခွဲကြမှလည်း နယ်စပ်ပြဿနာ မရှိမှာပါ၊ နယ်စပ်ပြဿနာ မရှိ
မှလည်း နယ်စပ်ဖြတ်ကျော်မှုတွေမှာ အစစ်အဆေးမရှိမှာပါ၊ ဒါမှလည်း ရှန်ဂန်ဗီဇာထဲသို့ အကျုံးဝင်
မှာပါ၊ အဲဒါကြောင့် ယူရိုပီယမ်ယူနီယံ ယူရိုမန်းနီးဇုန် ယူရိုရှန်ဂန် ဗီဇာဧရိယာ ဒါတွေ အားလုံး ခိုင်မာ
တောင့်တင်း အဓွန့်ရှည်ဖို့ကလည်း လိုအပ်လှပါတယ်၊ အဲဒါမှလည်း မောင်ရင်ငတေတို့ အခုလို သွား
ပုံမျိုး သွားလို့ အစဉ်ပြေ ချောမွေ့မှာပါ။

အခုထိတော့ ဒီလိုမျိုး နေရာတော်တော်များများမှာ အေးချမ်းသာယာစွာ
သွားလို့လာလို့ ကူးလို့သန်း
လို့ လွယ်လွယ်ကူကူ ရနေဆဲပါ၊ အထူးသဖြင့်တော့ ဥရောပ အနောက်ခြမ်း ဒေသမှာပါ၊ ပြင်သစ်မြေ
ကြီးနဲ့ တဆက်တစပ်ထဲဖြစ်တဲ့ ဘယ်လ်ဂျီယံ နယ်သာလန် လူဇမ်ဘူး ဂျာမဏီ ဆွစ်ဇာလန် အီတလီ
စပိန် အန်ဒိုရာ ပေါ်တူဂီတို့ကတော့ နယ်စပ်စည်းတွေမှာ လွတ်လပ်မှု ရှိလှသလို လမ်းတွေကလည်း
ကောင်းမွန်လှတာကြောင့် နယ်စပ်ဖြတ်ကျော်ရတာ အလွယ်ဆုံးပါ၊ လမ်းမကြီးတွေအပြင် လမ်းသိမ်
လမ်းမွှာတွေကလည်း ဝင်ဆို့ ထွက်ဆို့ လွယ်လှပါတယ်၊ နောက်ဖေးအိမ်က တနိုင်ငံ အိမ်ရှေ့အိမ်က
တနိုင်ငံ နောက်ဖေးရောက်တာနဲ့ တနယ်ခြားပြီ ပြောလို့ရတဲ့ နယ်စပ်စည်းတွေလည်း အများကြီးပါ။

စကင်ဒီနေဗီးယားနိုင်ငံများ ပိုလန် ချက် ဆလိုဗားကီးယား သြစတြီးယား
ဟန်ဂေရီနိုင်ငံများကတော့
ကားလမ်း ရထားလမ်း သွားလို့ အစဉ်ပြေတယ် ပြောလို့ရပေမယ့် လူဦးရေ နည်းပါး တောတောင်ထူ
ထပ်လို့ တောကျော်တောင်ကျော် သိပ်မသွားကြပါဘူး၊ ဟန်ဂေရီရဲ့ဟိုဘက်ကျော်လို့ အရှေ့ဥရောပ
ကားလမ်း ရထားလမ်း သွားလို့ အစဉ်ပြေတယ် ပြောလို့ရပေမယ့် လူဦးရေ နည်းပါး တောတောင်ထူ
ထပ်လို့ တောကျော်တောင်ကျော် သိပ်မသွားကြပါဘူး၊ ဟန်ဂေရီရဲ့ဟိုဘက်ကျော်လို့ အရှေ့ဥရောပ
ဆာဗီးယား ရိုမေးနီးယား ဘူဂေးလီးယားတို့ကတော့ ယူရိုရှန်ဂန်ဧရိယာ
အပြင်ဘက်ဖြစ်သလို ပြည်
တွင်းရေးကလည်း မငြိမ်သက်လှတာကြောင့် နယ်စပ် စည်းတွေမှာ စစ်ဂိတ် ရဲဂိတ် စစ်ဆေးရေးဂိတ်
မြောက်များစွာကို ကျော်ဖြတ်ပြီးမှ ရောက်နိုင်မှာပါ၊ ဧည့်သွားများတဲ့ ဂရိဆိုတာကလည်း တမြေခြား
နေသလိုဖြစ်နေတဲ့ ကျွန်းဆွယ်နိုင်ငံမို့ လေယာဉ်ခရီးသာ အားကိုးရတဲ့ နိုင်ငံပါ၊ အရှေ့ဥရောပကနေ
အရှေ့ အလယ်ပိုင်း၊ အနောက်အာရှ၊ အဲဒီနောက် အရှေ့အာရှ အရှေ့ဖျားအာရှ ဒေသများကတော့
ဘာမှမဟုတ်တာလေးတွေနဲ့ တိုင်ပတ်နေကြလို့ နယ်စပ်စည်းဆိုတာက မသွားသင့်မရောက်သင့်တဲ့
နေရာများပမာ အတားအဆီးတွေ အပိတ်အဆို့တွေ များလှတာမို့ သွားရေးခက်လှပါပေတယ်။

ဒါကြောင့် စရိတ်သက်သာ ဈေးပေါ၊ သွားရေးလာရေး လွယ်ကူချောမွေ့
ခြေခင်းလက်ခင်းလည်းသာ၊
ဝါးတားဂိတ်တို့ စစ်တောင်းဂိတ်တို့ မရှိ၊ ဟိုဘက်ကမ်း ဒီဘက်ကမ်း နိုင်ငံရပ်ခြားမြေသို့ လေကလေး
ချွန် သီချင်းလေးညည်းရင်း မကျေနပ်ပါက တခေါက်မက ခေါက်တုံ့ခေါက်ပြန် ကူးလို့ရပါတဲ့ ဒီလိုမျိုး
နယ်စပ်စည်းတွေကို မောင်ရင်ငတေ သဘောကျမိတာ မဆန်းပါဘူး။

ဥူစကာဒီ « Euzkadi Mont La Rhune » (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေတို့က ပါရီကနေ စနေနေ့ မနက်က ထွက်လာ Bayonne သို့
ညနေ ရောက်ပါတယ်၊
တနင်္ဂနွေမှာသာ ဒီ ဥူစကာဒီအိတ်စ်ပရက်စ် ကားရှိတာမို့လို့ မနက်စောစောထ
နေ့ချင်းပြန် သွားကြ
တာပါ၊ ကားကရှိတယ်ဆိုပေမယ့် တနာရီခွဲ တစီးလောက်သာ ရှိတာပါ၊ ဒါကြောင့်
ကားချိန်မီအောင်
သွား၊ ကားပေါ်ရောက်တော့ ကားမောင်းသူထံ တယောက်နှစ်ယူရိုနဲ့ လက်မှတ်ဝယ်လို့
တူးယူရိုတန်
ဥူစကာဒီအိတ်စ်ပရက်စ် ခရီးစဉ်ကို စတင်ခဲ့ပါတယ်၊ ကားပေါ်မတက်ခင်က နေရာများလုရဦးမလား
မှတ်ပေမယ့် တကယ်တော့ နေရာအချောင်ကြီးပါ၊ တနင်္ဂနွေ ဆိုပေမယ့် နွေရာသီ ကျောင်းပိတ်ရက်
ဖြစ်တာကြောင့်ရယ် နယ်စွန်နယ်ဖျား ဖြစ်လို့ရယ် ထင်မိပါတယ်။
ခရီးစဉ် အစအဆုံးက ကီလိုမီတာ လေးဆယ် ဝေးပြီး တနာရီလောက် ကြာပါတယ်၊
မောင်ရင်ငတေ
တို့ကတော့ နယ်စပ်ကျော်တာနဲ့ ဆင်းဖို့ စိတ်ကူးထားတာပါ၊ ရောက်ဖူးသူ ဒေသခံ
မပါတာကြောင့်မို့
အခြေအနေကြည့် သွားရပါတယ်၊ အိတ်စ်ပရက်စ် လိုင်းကားဆိုတော့
မြို့လေးတွေထဲ ပတ်ဝင်လိုက်
မြို့ပြင် အမြန်လမ်းမကြီးပေါ် တက်လိုက်နဲ့ နှေးလိုက်မြန်လိုက်
မောင်းပါတယ်။
အစပိုင်းမှာ သွားဖူးနေကြလမ်းတွေမို့ ဘယ်ရောက်ပြီဆိုတာ သိနေပေမယ့်
နယ်စပ်နားအရောက်မှာ
နယ်ခြားတောင် Mont La Rhune ကို ထင်ထင်ရှားရှား မြင်လိုက်ရပြီးနောက်
စပိန်မြေတော့ ဝင်နေ
ပြီဟု၍ ပြောနေတုန်းမှာ နယ်စပ်ဈေး ကားမှတ်တိုင်မှာ ကားကရပ်နေပါပြီ၊
ဆက်လိုက်သွားရင်တော့
အီရွန် မြို့လယ် လမ်းတလျှောက်မောင်းသွား ဘူတာရောက်တော့ ညာဘက်ကိုကွေ့
ပြင်သစ်မြေသို့
တံတားကူး ပြန်ဝင်ပြီးနောက်
ပြင်သစ်ရဲ့ အနောက်တောင်ဒေါင့်ဆုံးက Hendaye ကမ်းခြေ တိုးရ်ရစ်
ရုံးရှေ့မှာ အဆုံးသတ်
ဂိတ်ထိုးမှာ ဖြစ်ပါတယ်။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ် (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေရဲ့စိတ်ကူးမှာ မြို့ထဲတပတ်လောက် ပတ်ကြည့်ချင်တာလည်း ရှိနေသေးတာကြောင့်
နယ်စပ်ဈေးမှာ လူစည်ကားနေတာ တွေ့ရပေမယ့် မဆင်းဖြစ်တော့ဘဲ
မြို့လယ်ဂိတ်ထိ လိုက်သွားခဲ့
ပါတယ်၊ မြို့လေးအမည်က ပြင်သစ်လိုကော ဥူစကာဒီ လိုပါ Irun
အီရွန်ပါ၊ စပိန်လိုကလည်း Irún
လို့သာ စာလုံးပေါင်းတာမို့ ဒီနားတဝိုက်မှာ ထူးထူးခြားခြား
ရှားရှားပါးပါး မျက်စေ့မလည် ဦးဏှောက်
မလည်တဲ့ မြို့အမည်ပါ၊ ဒီနယ်မြေရဲ့ ဆိုင်းဘုတ်မှန်သမျှက
ပြင်သစ် ဥူစကာဒီ စပိန် ဘာသာစကား
သုံးမျိုး ရေးကြတာကြောင့် ဆိုင်းဘုတ်ဖတ်ပြီး ကြောင်တောင်တောင်
ဖြစ်ကြသူတွေ များလှပါတယ်။
ပြင်သစ်ဘက်ခြမ်းမှာ ပြင်သစ်ဥူစကာဒီ စပိန်ဘက်ခြမ်းမှာ ဥူစကာဒီစပိန်
အနည်းဆုံး နှစ်ဘာသာနဲ့
ရေးကြသလို နှစ်နိုင်ငံ နယ်စပ်မှာတော့ သုံးဘာသာသုံးမျိုး ရှုပ်နေပါတယ်၊
တချို့နေရာတွေမှာတော့
စပိန်လိုလည်းမရေး ပြင်သစ်လိုလည်းမရေး ဥူစကာဒီနဲ့အင်္ဂလိပ်တွဲ
လမ်းညွှန် ကြော်ငြာ ဆိုင်းဘုတ်
များကိုလည်း တွေ့ရတတ်ပါတယ်၊ အထူးသဖြင့် ကြော်ငြာ ဆိုင်းဘုတ်များမှာပါ။
ဒီဥူစကာဒီတွေက ပြင်သစ်မဟုတ် စပိန်မဟုတ် စာစကား လုံးဝကွဲပြားခြားနားတဲ့
လူမျိုးများ ဖြစ်ကြ
သလို နပိုလီယံစစ်ပွဲများ စပိန်ပြည်တွင်းစစ်များ ကမ္ဘာစစ်ကာလများ
အခြားအခြားသောစစ်ပွဲများမှာ
အင်္ဂလိပ် ရေတပ်သားများ ခြေရှုပ်သွားခဲ့ကြရာ နေရာလည်း ဖြစ်တာကြောင့်
အင်္ဂလိပ်ရနံ့ သိပ်တော့
မကင်းလှဘူးလို့လည်း ပြောရပါမယ်။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ် (ဓါတ်ပုံ မရငတ)
အဲဒါနဲ့ ရတဲ့အချိန် သွားမယ့်လမ်းကြောင်း ကားရှိမယ့်အချိန်ကို
တွက်ချက်ကြည့်ကြပြီး မြို့လယ် တ
ပတ်ပတ်မယ်၊ ရှေ့ဆက် မသွားသေးဘဲ လူစည်စည်ကားကားရှိတဲ့
နယ်စပ်ဈေးသို့ မြစ်ကမ်းဘေးက
လျှောက်ပြီး သဘာဝအလှကို ခံစား မှတ်တမ်း တင်ကြမယ်၊ နယ်စပ်ဈေးမှာ
တပတ်မွှေပြီး ဗိုက်ဖြည့်
ကြမယ်၊ ရေဆာသူတွေကတော့ စပိန် လော်ကယ် ဘီယာလေး သောက်ကြမယ်ပေါ့။
အီရွန် မြို့လယ် ပလက်ဖောင်းများ ပေါ်မှာတော့ လမ်းသွားလမ်းလာ
မရှိသလောက် ကင်းမဲ့ပါတယ်၊
ဒေသခံ လေးငါးယောက်ရယ် မြေပုံကြည့် ဟိုလျှောက်ဒီလျှောက် လျှောက်နေတဲ့
ဂျပန်စုံတွဲ တတွဲနဲ့
ထောင်ထောင်မောင်းမောင်း လူဖြူ မိသားတစုကိုသာ တွေ့ရပါတယ်။
လမ်းနဘေး မြို့မှတ်တမ်း ဆိုင်းဘုတ်တခုတွေ့လို့ ဖတ်ကြည့်မိလိုက်တော့
၁၉၃၆ ခုနှစ်မှာ မီးအကြီး
အကျယ် သင့်ခဲ့ပါကြောင်း ရေးထားတာ တွေ့ရပါတယ်၊ အဲဒါကြောင့်
အီရွန်မြို့လယ် ရင်ပြင်တဝိုက်
တိုက်တာ အဆောက်အဦးတွေက တခြား ဥူစကာဒီ မြို့ဟောင်းလေးတွေနဲ့
မတူ ရှေးသစ်သားအိမ်
စိမ်းစိမ်း နီနီလေးတွေ မရှိ ကမ္ဘာစစ် နောက်ပိုင်း လက်ရာများသာ ဖြစ်နေဟန်
တူပါတယ်။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ်
(ဓါတ်ပုံ မရငတ)
စပိန်တွေက အဝါတောက်တောက်လွင်လွင် အနီခပ်ရင့်ရင့်ရောင်တွေကို
အသုံးများသလို ဥူစကာဒီ
တွေကတော့ နီညိုရောင်ခပ်ရဲရဲနဲ့ အစိမ်းရင့်ရောင်တွေကို နှစ်သက်ကြဟန်
တူပါတယ်၊ ပြင်သစ်တွေ
အကြိုက်များ အသုံးများကြတဲ့ အဝါရောင်မီးခိုးရောင် ခပ်နုနုဖျော့ဖျော့တွေနဲ့သာ
တွေ့သားကျနေတဲ့
မောင်ရင်ငတေ မျက်လုံးများမှာတော့ ဒီအရောင်တွေဟာ ဆွဲဆောင်အား ကောင်းနေပါတော့တယ်။
ဒီနယ်မြေက «Euzkadi» ဥူစကာဒီ တို့ရဲ့ «Euskal Herria» ဥူစကယ်ဟာရ်ရာ နယ်မြေဆိုတော့
ပိုဆိုးပြီပေါ့၊ ဒါတောင် ဒီ Irún အီရွန်မြို့က ကားဂိတ် ရထားဂိတ် နယ်စပ်စီးပွားရေးနဲ့ အခုမှ စည်ကား
ပိုဆိုးပြီပေါ့၊ ဒါတောင် ဒီ Irún အီရွန်မြို့က ကားဂိတ် ရထားဂိတ် နယ်စပ်စီးပွားရေးနဲ့ အခုမှ စည်ကား
လာတဲ့ မြို့သစ်အနေအထားမို့
ဒီလောက်သာရှိတာ တော်ပါသေးတယ် ပြောရပါမယ်၊ နောက်တနေ့
မောင်ရင်ငတေတို့ ရောက်ခဲ့တဲ့ ဥူစကာဒီ
မြို့ဟောင်းလေး တမြို့ရဲ့ အရောင် အသွေး အရုပ် အရိပ်
တွေကိုတော့ “တကျပ် ပြားကိုးဆယ်တန် နိုင်ငံရပ်ခြားသို့ ဘုတ်စီးခရီးနှင်”
စာစုမှာ ဖတ်ကြည့်ကြပါ။
အင်တာနက်မှာ ကြိုတင်ကြည့်ထားချက်အရ ဒီနားလေးမှာ ကုန်တိုက်ကြီးတခု
ရှိတယ်၊ ဖွင့်တယ်လို့
ဆိုထားတာကြောင့် ကုန်တိုက်ဘက် လျှောက်ကြပါတယ်၊ ပြင်သစ်က လာသူတွေ
အတွက် စပိန်က
ဈေးပိုပေါတယ် ဆိုတာ သိထားတာကြောင့်
ဝယ်စရာလေးများ ရှိမလား အတွေးတွေနဲ့ပေါ့၊ သို့သော်
ကုန်တိုက်တံခါးက ဖွင့်တော့ဖွင့်ထားပါရဲ့၊
ဒါပေမယ့် အရောင်းဆိုင်တွေအားလုံးလိုလိုက ပိတ်လျှက်၊
တဆိုင်တလေမှတောင် ဖွင့်တာမတွေ့ပါဘူး၊ စားသောက်ဆိုင် တချို့မှာတော့
ဇွန်းသံခရင်းသံ ဆူညံ
စွာနဲ့ စားသောက် နေကြလေရဲ့၊ ကုန်တိုက်ထဲ အများသုံး အိမ်သာတော့
ဖွင့်တန်ကောင်းပါရဲ့ ဆိုပြီး
အောက်ထပ်ဆင်း သွားကြည့်တော့လည်း လူသူကင်းမဲ့ ပိတ်လျှက်သာပါ။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ်
(ဓါတ်ပုံ မရငတ)
အဲဒါနဲ့ မောင်ရင်ငတေတို့လည်း ကုန်တိုက်ထဲက ပြန်ထွက်လာခဲ့ကြပါတယ်၊ ဒီအနား ဘယ် သွားလို့
ရမလဲ၊ စိတ်ဝင်စားစရာ ဘာရှိသေးလဲ ရှာကြည့်တော့ တောင်ကုန်းတခု
တွေ့ရပါတယ်၊ ဒါပေမယ့်လို့
အတန်ငယ် လှမ်းနေတာကြောင့် မသွားဖြစ်တော့ဘဲ အနီးအနားမှာသာ တပတ်ဆက်လျှောက်ကြပါ
တယ်၊ အဲဒါနဲ့ တောင်ခြေနောက်ခံ မြို့တော်ခန်းမကိုသာ အဝေးကနေမှတ်တမ်းတင်ပြီး နယ်စပ်ဈေး
သို့ ချီတက်ကြမယ်လို့ ပြောကြပြီး မြို့လယ် မင်းလမ်းမကြီးအတိုင်း လျှောက်ကြပါတယ်။

နယ်စပ်တောလေးမြို့ ဖြစ်တာရယ် တနင်္ဂနွေ ဖြစ်တာရယ် နွေရာသီ လူအများ
အလုပ်ပိတ်ရက် ဖြစ်
တာရယ် ထင်ပါရဲ့၊ ပလက်ဖောင်းပေါ်က ထီဆိုင်လေးတွေတောင်မှ တခုမှ ဖွင့်ထားတာ မတွေ့ရှိရပါ
ဘူး၊ နာမည်ကြီးတဲ့ စပိန်မြေ စပိန်လူမျိုးရဲ့ အလုပ်ပိတ်ချိန် အလုပ်နားချိန် များလှတဲ့ သက်သေပါ။
တာရယ် ထင်ပါရဲ့၊ ပလက်ဖောင်းပေါ်က ထီဆိုင်လေးတွေတောင်မှ တခုမှ ဖွင့်ထားတာ မတွေ့ရှိရပါ
ဘူး၊ နာမည်ကြီးတဲ့ စပိန်မြေ စပိန်လူမျိုးရဲ့ အလုပ်ပိတ်ချိန် အလုပ်နားချိန် များလှတဲ့ သက်သေပါ။
သြော် စပိန် စပိန့့် ဒါကြောင့်လည်း နာမည်ကြီးပေတာ
ထင်ပါရဲ့။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ်
(ဓါတ်ပုံ မရငတ)
မြို့လယ်ရင်ပြင်တခုမှာတော့ ကဖေးဘားဆိုင် တဆိုင်နှစ်ဆိုင် ဖွင့်ထားပြီး ရင်ပြင်လယ် ခုံတန်းလျှား
တွေမှာတော့ အေးအေးဆေးဆေး နားနေကြသူ တချို့ကို တွေရပါတယ်၊ ဒေသခံတွေသာ ဖြစ်ဖို့များ
ပါတယ်၊ ပန်းခြံဒေါင့် သစ်ပင်ရိပ်အောက်မှာ တယောက်တည်း ရပ်နေတဲ့ ဥူစကာဒီနယ်သား စာရေး
ဆရာ အက်ဆေးဆရာကြီး Pío Baroja ပီရို ဘာရိုခါ (၁၈၇၂-၁၉၅၆) ကတော့ သူနဲ့အတူ ဆဲလ်ဖိဖ်
ဆွဲဖို့ကြိုးစားနေတဲ့ မောင်ရင်ငတေကို ဘုကြည့်ကြည့်နေလို့ တပုံတည်းပါ ဆရာကြီးရယ် ခွင့်လွှတ်ပါ
ပြောပြီး ခပ်မြန်မြန် အသာလစ် ထွက်လာခဲ့ရပါတယ်၊ ဆရာ့ဆရာဂုရုကြီးတွေက တောင်းပန်ပါသော်
လည်းမရ စိတ်တိုကြသူက အများသား မဟုတ်လား၊ မင်းက ဘာကောင်လဲ လာမေးနေလို့ ကိုယ်က
သူတို့ ဂုရုတွေလို အက်ဆေး မရေးတတ် အေးစက်စက် စာတိုငတေ အဆင့်သာကိုး၊ မဟုတ်လား။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ်
(ဓါတ်ပုံ မရငတ)
ဆယ်လေးငါးမိနစ်လောက် လျှောက်လိုက်တော့ မြစ်ရေပြင် စိမ်းပြာပြာကို လှမ်းမြင်တွေ့လိုက်ရပါပြီ၊
လမ်းတဘက်ခြမ်းက နယ်ခြားမြစ် La Bidassoa မြစ်ဖြစ်ပြီး တဘက်ခြမ်းကတော့
လူနေအိမ်တွေပါ၊
စပိန်ပြည်က ပြင်သစ်ထက် လူဦးရေနည်းပေမယ့် စပိန်မြို့တွေမှာ
လူနေပိုမို ထူထပ်ဟန်တူပါတယ်။
ဒီနယ်စပ်မြို့လေးမှာတောင် ဆယ်ထပ်ဆယ့်ငါးထပ်မြင့် လူနေတိုက်တန်းလျှားတွေ
မနည်းလှပါဘူး။
ဒီတနေရာ ဒီတမြို့ထဲမှာတင် မဟုတ်ပါဘူး၊ မောင်ရင်ငတေ ရောက်ခဲ့ဖူးတဲ့
စပိန်တနံတလျှား နေရာ
တော်တော်များများမှာ တွေ့မြင်ခဲ့ရဖူးတာပါ၊ စပိန်ပြည်မှာလည်း စပိန် လူမျိုးတွေ အပြင် နိုင်ငံရပ်ခြား
တိုင်းတပါးသားတွေ မြောက်များစွာ အခြေချနေကြတာ ကြာခဲ့ပါပြီ၊ စပိန်လူမျိုး စစ်စစ်ရယ်လို့လည်း
ပြောမရခဲ့တာ ရာစုနှစ်များစွာ တိုင်ခဲ့ပါပြီ၊ အနောက်ဥရောပဒေသရဲ့ နယ်မြေခြင်း နီးစပ်မှု လူမျိုးခြင်း
ထိတွေ့ ပေါင်းစပ်လွယ်မှု သမိုင်းကြောင်း အဟောင်းပေါ် အရှေ့အနောက် တောင်မြောက် ဝဲယာက
သမိုင်း အသစ်တွေက ထပ်မံပေါင်းယှက် လာခဲ့တာလည်း ရာစုတစုမျှမက ရှိခဲ့ပါပြီ။

မူလဒေသခံတွေနဲ့ နှစ်ပေါင်းများစွာက သွေးနှောလာခဲ့တဲ့ စပိန်လူမျိုးစစ်စစ်တွေလို့
ပြောကြသူတွေ၊
ဆယ့်လေးငါးရာစုနှစ်က နယ်သွားချဲ့ခဲ့ရာက ရောက်ရှိလာခဲ့တဲ့
လက်တင်အမေရိကတိုက်သားတွေ၊
အိမ်နားနီးချင်းလို့ ပြောရမယ့် မြောက်အာဖရိကသားတွေနဲ့ မနေ့ တနေ့ကမှ ထပ်မံ ရောက်ရှိလာတဲ့
အိမ်နားနီးချင်းလို့ ပြောရမယ့် မြောက်အာဖရိကသားတွေနဲ့ မနေ့ တနေ့ကမှ ထပ်မံ ရောက်ရှိလာတဲ့
မောင်ရင်ငတေတို့လို ရွှေ့ပြောင်းအခြေချ ဒုက္ခသည်လက်သစ်တွေ အများကြီး
အများကြီးပါ။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ်
(ဓါတ်ပုံ မရငတ)
ကားနဲ့အလာတုန်းက တွေ့မြင်ခဲ့ရတဲ့ မြစ်ကမ်းနဘေးလမ်းက သာယာလှတာမို့ နယ်စပ်ဈေးဘက်ကို
အဲဒီလမ်းအတိုင်း လျှောက်ကြမယ်လို့ ပြောကြပြီး သွားကြပါတယ်၊
နယ်စပ်ဈေး ပြန်သွားတဲ့လမ်းကို
ရွေးချယ်မှုက မှန်ပါပေတယ် ပြောရပါမယ်၊ ခပ်သွက်သွက် လျှောက်လာခဲ့ရာက မြစ်ရေပြင် အလှကို
ငေးမောရင်း ရှေ့သို့ဆက် မတိုးနိုင်အောင် ဖြစ်ရပါတယ်။
ရွေးချယ်မှုက မှန်ပါပေတယ် ပြောရပါမယ်၊ ခပ်သွက်သွက် လျှောက်လာခဲ့ရာက မြစ်ရေပြင် အလှကို
ငေးမောရင်း ရှေ့သို့ဆက် မတိုးနိုင်အောင် ဖြစ်ရပါတယ်။
နယ်ခြားမြစ်ကမ်းဘေး ကမ်းနားလမ်းလေးကတော့ အတော်လေးကို လှပစွာ
ဆွဲဆောင်မှု ရှိပါတယ်၊
ကမ်းနားလမ်းလေးတလျှောက် သန့်ရှင်းသပ်ရပ်သာယာလှပနေအောင် ဂရုတစိုက် ပြုပြင်ထိမ်းသိမ်း
ထားဟန် တူပါတယ်၊ မြစ်ရေပြင် စိမ်းပြာပြာ သတ္တုရောင် ပြောင်လက်လက်နဲ့ အကာလက်ရမ်း ကွန်
ကရစ်လူသွားလမ်း အနီရဲရဲစက်ဘီးလမ်း ကားဂိတ် အားလုံးလိုလို အသစ်ကျပ်ချွတ် မနေ့တနေ့ကမှ
ပြီးစီးထားဟန် တူပါတယ်၊ လမ်းလျှောက်သူကတော့ သိပ်မရှိပါဘူး၊ စက်ဘီးစီးသူ တချို့တော့ တွေ့
ရပါတယ်၊ ဒီနယ်မြေဘက်ကို ခရီးထွက်လာသူတွေက အုပ်စုလိုက် လူလေးငါးဆယ် တစုတဝေးကြီး
သွားကြတဲ့ တိုးရ်ရစ် ပုံစံမျိုး မဟုတ်ကြပါဘူး၊ တယောက်ချင်း နှစ်ယောက်ချင်း သုံးလေးငါးယောက်
အလွန်ဆုံး အုပ်စုဖွဲ့၊ စက်ဘီးစီးဖို့ ဆိုင်ကယ်စီးဖို့ တောင်တက်ကြဖို့ လာကြသူများပါ၊ တချို့ကလည်း
နာမည်ကျော် ငွေမှင်ရောင်အတ္တလန်တစ်မှာ ပင်လယ်ရေလှိုင်းစီးကြဖို့ ငါးမျှားကြဖို့ လာကြသူတွေပါ၊

တနှစ်ပတ်လည်လုံးမှာ နေရောင်ခြည်ရရှိတဲ့နေ့ရက် များပြားတဲ့အတွက်
အမိုးဖွင့်ကားတွေနဲ့ ဇိမ်လာ
ခံသူတွေလည်း မနည်းတာကတော့ နေရာတကာ ကာစီနိုရုံတွေက သက်သေပါ။
La
Bidassoa, Frontière France-Espagne (ဓါတ်ပုံ မရငတ)
Bidassoa ဘီဒါဆိုအာ မြစ်က ဒီနေရာမှာတော့ သိပ်မကျယ်လှပါဘူး၊ ရေစီးကလည်း ခပ်ဖြေးဖြေးပါ၊
ရေစူးနက်တဲ့မော်တော်သင်္ဘော ကြီးကြီးမားမားတွေလည်း သွားလို့ရဟန် မတူပါဘူး၊ မြစ်ဝမှာလည်း
ဇိမ်ခံဘုတ်လေးတွေနဲ့ စက်လှေ ခပ်သေးသေးတွေသာ တွေ့ခဲ့ရပါတယ်။
ကီလိုမီတာ ၇၀
ကျော်ရှည်တဲ့ ဒီမြစ်လေးက အရှေ့ဘက် ပီရေနေးရေခဲတောင်တန်းပေါ်က မြစ်ဖျား
ခံစီးဆင်းလာပြီး အီရွန်မြို့လေးကျော်တော့ အတ္တလန်တစ်နဲ့ ပေါင်းဆုံသွားတာပါ၊ ပြင်သစ်နဲ့စပိန်မြေ
ခွဲခြားထားတဲ့ သဘာဝ နယ်စပ်စည်းလို့ ပြောလို့ရပါတယ်၊ ရေခဲတောင်က ရေခဲအရေပျော်ပြီး စီးလာ
တဲ့မြစ် ပီသပါပေတယ်၊ မြစ်ရေပြင်က စိမ်းပြာညို့နေတာပါ၊ သဘာဝ မြစ်တစင်းရဲ့ ပကာသနမပါတဲ့
အလှကို ဆေးဆိုးပန်းရိုက် လမ်းပလက်ဖောင်းနဲ့ အနားသပ်ထားတာမို့ အမြင်တမျိုးဆန်းလို့ ကြည့်ရ
မဆိုးလှပါဘူး၊ မိတ္တူကူးထားတဲ့ နံရံကပ် အလှကြည့် ပန်းချီကား တချပ်လိုသာပါ၊ လူသူကင်းရှင်းနေ
တော့လည်း ငေးရတာ အရသာ ရှိသလို မှတ်တမ်းတင်လို့ကလည်း လွတ်လပ်လှပါတယ်။

မောင်ရင်ငတေကတော့ လူရှိခြင်း မရှိခြင်း စည်ကားခြင်း မစည်ကားခြင်း
ဆိုင်ဖွင့်ခြင်း မဖွင့်ခြင်းတွေ
ဂရုမစိုက်မိပါဘူး၊ အရာရာဟာ အသစ်ဆန်းကြီးမို့ မှတ်တမ်းတင်
မြင်မြင်ရာရိုက်ရပါတယ်၊ လူသူရှင်း
နေတော့လည်း စိတ်ကြိုက် ရိုက်လို့ရတာပေါ့လေ၊ သေချာတာ တခုကတော့
ပြင်သစ်နဲ့စပိန် ရေမြေ
လေ တောတောင်တွေ ဆက်လို့နေပေမယ့် အရောင် အသွေး အရုပ် အရိပ်
မတူညီတာပါ၊ ဘယ်လို
နေရာဖြစ်ဖြစ် နေရာတိုင်းလိုလိုက သူ့အလှ သူ့ဝိသေသနဲ့သူ ရှိကြ
လှနေကြမြဲပါ။
သို့ပေမယ့် ဒီခရီး စထွက်လာတုန်းက ဒီလောက်တောင် လှပ သာယာလိမ့်မယ်
မထင်ထားတာမို့လို့
ကားခ တူးယူရို ပေးရကျိုးနပ်တဲ့ ခရီးတခုဖြစ်တယ်လို့ မောင်ရင်ငတေ သတ်မှတ်ပါတယ်၊ တိုက်ခန်း
တွေရှိရာ တာဘောင်အမြင့်ပေါ်က လျှောက်လာကြရင်း ကမ်းနဘေးပလက်ဖောင်းသို့ ဆင်းလာခဲ့ပါ
တယ်၊ ထိုင်စရာ ခုံတန်းလျှား တခုနှစ်ခု ရှိပေမယ့် ပေတရာလမ်းပေါ်လျှောက်ရင် ပလက်ဖောင်းပေါ်
ထိုင်ရတာ ကြိုက်နှစ်သက်တဲ့ မောင်ရင်ငတေကတော့ မြစ်ဘေးက သံလက်ရမ်းကို မှီထိုင်လိုက်ရင်း
လောကအလှ မြစ်ရေစီးအလှကို တဒင်္ဂ ခံစားဖြစ် လိုက်ပါသေးတယ်။

ရေခဲတောင်တွေပေါ်ကနေ တောကြို တောင်ကြားအတိုင်း လူတွေ ဖန်တီးတဲ့
အနှောက်အယှက်မရှိ
ပကတိ သဘာဝ နီးပါးအတိုင်း ဖြတ်သန်းစီးဆင်းခွင့် ရခဲ့လို့ ထင်ပါရဲ့
ဘီဒါဆိုအာ မြစ်အလှက စာဖွဲ့
ချင်စရာပါ၊ ဟိုတနေ့က ဘောဒိုး ရောက်ခဲ့တုန်း တွေ့ခဲ့ရတဲ့ ဘောဒိုးမြစ်ရေ ရွှံ့နှစ်ရောင်ကို ပြန်လည်
မြင်ယောင်မိလိုက်ပါသေးတယ်၊ မြစ်ချောင်းတွေတောင်မှ သဘာဝတရားကြီးက ပေးအပ်မှုချင်း မတူ
ကွဲပြား ခြားနားလှတာကိုလည်း တောင်စဉ်ရေမရ ဆိုသလို တွေးနေမိပါသေးတယ်။
ချင်စရာပါ၊ ဟိုတနေ့က ဘောဒိုး ရောက်ခဲ့တုန်း တွေ့ခဲ့ရတဲ့ ဘောဒိုးမြစ်ရေ ရွှံ့နှစ်ရောင်ကို ပြန်လည်
မြင်ယောင်မိလိုက်ပါသေးတယ်၊ မြစ်ချောင်းတွေတောင်မှ သဘာဝတရားကြီးက ပေးအပ်မှုချင်း မတူ
ကွဲပြား ခြားနားလှတာကိုလည်း တောင်စဉ်ရေမရ ဆိုသလို တွေးနေမိပါသေးတယ်။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ်
(ဓါတ်ပုံ မရငတ)
ရှည်မြောမြော မြစ်ရေပြင်ခပ်ကျဉ်းကျဉ်းရယ် ခပ်ဝေးဝေးက တောင်ကုန်းလေးတကုန်းရယ်
မြစ်ဘေး
သံလက်ရမ်း အသစ်စက်စက်ရယ်ကြောင့် အမှတ်တမယ့် ခံစားကြည့်လိုက်တာ
မန္တလေးကျုံးနဘေး
တခဏ ပြန်ရောက်သွားသလိုပါ၊ သြော့့် အီရွန်မြို့က မြို့ဝန်မင်း ကျုံးနဘေးများ လမ်းလျှောက်
တခဏ ပြန်ရောက်သွားသလိုပါ၊ သြော့့် အီရွန်မြို့က မြို့ဝန်မင်း ကျုံးနဘေးများ လမ်းလျှောက်
ရောက်ခဲ့ဖူးသလားကွယ့့် မောင်ရင်ငတေ တွေးနေမိတာပါ။
လေးဆယ်ဒီဂရီနီးပါး ဥူစကာဒီ နွေနေအပူအောက်မှာ ဘီဒါဆိုအာ မြစ်ရေအေးကို
ဖြတ်သန်းလာတဲ့
လေပြေအေးကြောင့် ထိုင်လိုက်ရတာ အရသာ ရှိလှပါပေတယ်၊ ညောင်းကလည်း ညောင်းနေပြီကိုး၊
လေပြေအေးကြောင့် ထိုင်လိုက်ရတာ အရသာ ရှိလှပါပေတယ်၊ ညောင်းကလည်း ညောင်းနေပြီကိုး၊
ခြေပစ်လက်ပစ်ထိုင်ရင်း အတွေးစတွေကတော့ မြစ်လေအေးနဲ့အတူ ဟိုတစ
ဒီတစ လွင့်ပါးလို့ပေါ့။
တဘက်ကမ်း ပြင်သစ်မြေဘက် လှမ်းမျှော်ကြည့်မိလိုက်ရာမှ မြစ်ရေပြင်မျက်နှာမူပြီး တည်ဆောက်
ထားကြတဲ့ တထပ်တိုက်အိမ်ပုလေးတွေ ခရမ်းရောင် ပန်းတွေဝေနေတဲ့လမ်း
လှမ်းမြင်လိုက်ရတော့
မှသာ တချိန်တခါက နပိုလီယံတပ်တွေ စစ်ရှုံးဆုတ်ခွာခဲ့ရတဲ့ နေရာကို မောင်ရင်ငတေ ရောက်ရှိနေ
တာကိုးဟု ဖတ်ထားမှတ်ထားမိတဲ့ သမိုင်း အတိုအစလေးတွေကို သတိယလိုက်မိပါတော့တယ်။
မှသာ တချိန်တခါက နပိုလီယံတပ်တွေ စစ်ရှုံးဆုတ်ခွာခဲ့ရတဲ့ နေရာကို မောင်ရင်ငတေ ရောက်ရှိနေ
တာကိုးဟု ဖတ်ထားမှတ်ထားမိတဲ့ သမိုင်း အတိုအစလေးတွေကို သတိယလိုက်မိပါတော့တယ်။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ်
(ဓါတ်ပုံ မရငတ)
၁၈၁၅ ခုနှစ် မတိုင်မီ နပိုလီယံကြီး ထွက်တော်မူနန်းက မခွာမီ
စစ်ပွဲတွေ တပွဲပြီး တပွဲ ရှုံးနိမ့်စပြုချိန်
အင်္ဂလိပ်တပ်တွေနဲ့ စပိန်ဥူစကာဒီတို့ ချစ်ကြည်ရေးလုပ်ကြပြီး နပိုလီယံပြင်သစ်တပ်တွေကို မောင်း
ထုတ်ခဲ့တုန်းက ဒီနေရာကလည်း အချက်အချာ နေရာတခုအဖြစ် ပါဝင်ခဲ့တယ် ဆိုပါတယ်။
အင်္ဂလိပ်တပ်တွေနဲ့ စပိန်ဥူစကာဒီတို့ ချစ်ကြည်ရေးလုပ်ကြပြီး နပိုလီယံပြင်သစ်တပ်တွေကို မောင်း
ထုတ်ခဲ့တုန်းက ဒီနေရာကလည်း အချက်အချာ နေရာတခုအဖြစ် ပါဝင်ခဲ့တယ် ဆိုပါတယ်။
Guerres Napoléoniennes နပိုလီယံ စစ်ပွဲများကာလ (၁၈၀၃-၁၈၁၅)
ခုနှစ်များအတွင်း ဥူစကာဒီ
ပီရေနေးတောင်တန်းတဝိုက် တိုက်ပွဲများစွာဖြစ်ပွားခဲ့ရာမှ ဒီ
ဘီဒါဆိုအာ မြစ်ကြောင်းတလျှောက်မှာ
၁၈၁၃ ခုနှစ် အောက်တိုဘာလအတွင်း တိုက်ခိုက်ခဲ့ကြတဲ့ Bataille de la Bidassoa စစ်ပွဲကလည်း
စစ်သမိုင်းဝင်ခဲ့တဲ့ နာမည်တလုံးနဲ့ တိုက်ပွဲတပွဲလို့ ဆိုပါတယ်။
၁၈၁၃ ခုနှစ် အောက်တိုဘာလအတွင်း တိုက်ခိုက်ခဲ့ကြတဲ့ Bataille de la Bidassoa စစ်ပွဲကလည်း
စစ်သမိုင်းဝင်ခဲ့တဲ့ နာမည်တလုံးနဲ့ တိုက်ပွဲတပွဲလို့ ဆိုပါတယ်။
အဲဒီလို ခေတ်သစ် စစ်တိုက်ခိုက်နည်း မဟာဗျူဟာ သမိုင်းသစ်ကို
စတင်ခဲ့တဲ့ နပိုလီယံလည်း အရှုံး
တွေကို ခါးသီးစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ၊ အဲဒီတော့ မန္တလေး ကျုံးအတု နဘေးရောက် မောင်ရင်ငတေ
တယောက်လည်း ပါတော်မူခန်းလွမ်းရမလိုလို နပိုလီယံကျဆုံးခန်း တမ်းတရမလိုလို သမိုင်းအဆွေး
တွေထဲ စစ်မပြင်ခဲ့သူနဲ့ စစ်လောဘကြီးခဲ့သူ နောက်ဆုံးမတော့ ထွက်တော်မူနန်းက ခွာခဲ့ကြရပုံတွေ
အတွေးထဲဝင်မိပါတယ်၊ စစ်မလိုလားသူ စစ်မုန်းတီးသူ “ငြိမ်းချမ်း သာယာဝပြောရာ စစ်မဲ့ ဤကမ္ဘာ”
ဆောင်ပုဒ်ကိုလက်ကိုင်ထားသူ မောင်ရင်ငတေ့ရဲ့ နောက်ဆုံးခန်းကတော့ သူတို့တတွေနဲ့ တူညီနိုင်
မှာတော့ မဟုတ်လောက်ပါဘူး ထင်ပါရဲ့။

ကမ်းနဘေးပလက်ဖောင်းပေါ် ထိုင်ကောင်းကောင်းနဲ့ထိုင် ငေးကောင်းကောင်းနဲ့ငေး တွေးမိတွေးရာ
တွေးတတ်တာမျိုးက အကျင့်ပါနေပြီမို့ လေးငါးမိနစ်လောက်နဲ့ အကြောင်းအရာ တော်တော်များများ
ခေါင်းထဲ တန်းစီဝင်ချလာတာပါ၊ အဲဒီအချိန်လေးက မောင်ရင်ငတေ့အတွက်
တန်ဖိုးရှိလှပါတယ်။
ဘာမဟုတ်တဲ့ ကိုယ့်ဘဝကိုယ် တဒင်္ဂမေ့ထားရင်း ဘီဒါဆိုအာမြစ်ရေစီးနဲ့အတူ
သမိုင်းရေစီးဟောင်း
ထဲမှာ စီးဝင်မျောပါသွားရာကနေ နယ်စပ်ဈေးကို သွားကြမယ်ဟေ့ဆိုသူတွေနောက် အမီထလိုက်ရ
ပြန်ပါတယ်၊ နပိုလီယံ စစ်သမိုင်းအကြောင်း တွေးနေတော့လည်း နပိုလီယံ စတိုင်လ် ဖြစ်သွားတယ်
ထင်ပါတယ်၊ ခပ်သုတ်သုတ်လေးထ ရှေ့ကလူတွေနောက် အမီလိုက် ဗိုက်ကလည်း နည်းနည်းဟာ
ဘီယာကလည်း နည်းနည်းဆာ လာပြီလေ။

ငါးမိနစ်လောက်လျှောက်တော့ နယ်စပ်ဈေးလမ်းဆုံသို့ ရောက်လာပါပြီ၊
ကားတွေ လူတွေ ဆိုင်တွေ
အသံတွေ ဆူညံနေတာမို့ ခေတ်ဆွေးသမိုင်းဆွေးထဲ နောက်ပြန်လျှောက်
ရောက်သွားတဲ့ မောင်ရင်
ငတေတယောက်လည်း ပုံမှန်ပစ္စုပ္ပန် ဘဝကို ပြန်ရောက်သွားပါပြီ၊ မရောက်လည်း ဂေါက်သွားဖို့သာ
ငတေတယောက်လည်း ပုံမှန်ပစ္စုပ္ပန် ဘဝကို ပြန်ရောက်သွားပါပြီ၊ မရောက်လည်း ဂေါက်သွားဖို့သာ
ရှိပါတော့တယ်၊ အတွေးတွေ ခဏဖယ်ထား လက်ရှိဘဝကို ပြန်သွား စားစရာရှိတာစား၊
ဒါဘဝပါ။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ်
(ဓါတ်ပုံ မရငတ)
ဈေးကတော့ နယ်စပ်ဈေးဆိုတဲ့အတိုင်း သိပ်ကျယ်ကျယ်တော့ မဟုတ်ပါဘူး၊
ဈေးဝယ်သူ ရောင်းသူ
သိပ်များများတော့ မရှိပေမယ့် စည်တော့စည်တယ် ပြောရပါမယ်၊ အများအားဖြင့်တော့
အခွန်လွတ်
အရက်နဲ့ စီးကရက်ဆိုင်တွေ အများစုပါ၊ အဝတ်အထည် ဖိနပ် လက်ကိုင်အိတ်
ဆိုင်လေးတွေလည်း
ရှိပါတယ်၊ နာမည်ကြီးတံဆိပ်တွေ မဟုတ်ပေမယ့် သူ့အတိုင်းအတာနဲ့သူ ခိုင်တယ် ခံ့တယ် သုံးလို့ရ
တယ် အနေအထားမို့လို့ မဆိုးပါဘူး ပြောနိုင်ပါတယ်။
ရှိပါတယ်၊ နာမည်ကြီးတံဆိပ်တွေ မဟုတ်ပေမယ့် သူ့အတိုင်းအတာနဲ့သူ ခိုင်တယ် ခံ့တယ် သုံးလို့ရ
တယ် အနေအထားမို့လို့ မဆိုးပါဘူး ပြောနိုင်ပါတယ်။
မောင်ရင်ငတေကတော့ ဈေးတပတ်ပတ်ကြည့်၊ ကိုယ်စိတ်ဝင်စားတဲ့ ဝင်းဒိုး
ဒရင့်ကင်းလေး အဓိက
ကြည့်ပေါ့၊ ဈေးသက်သက်သာသာနဲ့ ပုလင်းလေးတလုံး ရှာဝယ်ရပါတယ်၊ တွေ့ပါတယ်၊ နာမည်ကြီး
မဟုတ်ပေမယ့် ကိုယ့်အိုးနဲ့ဆန် တန်တဲ့ စကော့မိတ် စမ်းရေအေး တလီတာခွဲ တလုံးမှ ဆယ့်ငါးယူရို
ပေးရလို့ ပြင်သစ်ထက်နှစ်ဆမျှ ဈေးသက်သာတာပါ၊ ရိက္ခာရပြီဆိုတော့ ထိုင်ကောင်းမယ့် ဆိုင်လေး
တဆိုင်ဝင်ထိုင် အာလူးချောင်းကြော်တပွဲ စည်ဘီယာအေးအေး တခွက်မှာ ဝမ်းမီးတောက်လောင်မှု
ကို ငြှိမ်းသပ်ရပါတယ်၊ ဒါလည်း သက်သာပါတယ်၊ တပွဲတခွက်မှ ငါးယူရို မကျပါဘူး၊ ဘာဘီယာလဲ
လော်ကယ်လား ရှယ်လား မေးကြည့်တော့ ပြင်သစ် ဝမ်းဆစ်ဆစ်ဖိုး ပါတဲ့၊ လော်ကယ် မရှိဘူးလား
ဆိုတော့ စပိန်မြေက ဘီယာ ရှားပါတယ်တဲ့၊ ကွာလတီလည်း မကောင်းလှ ပါဘူးတဲ့၊ ပြင်သစ်မြေမှာ

ဘယ်လ်ဂျီယမ်မိတ် သောက်လာတဲ့ မောင်ရင်ငတေ ဥူစကာဒီရောက်မှ ပြင်သစ်မိတ်
အားပေးလာ
ခဲ့ရကြောင်းပါ၊ အေးလေ ဥူစကာဒီ ဆိုတာကလည်း ပြင်သစ် တဝက်တခြမ်း ကပြားပေကိုး။
ခဲ့ရကြောင်းပါ၊ အေးလေ ဥူစကာဒီ ဆိုတာကလည်း ပြင်သစ် တဝက်တခြမ်း ကပြားပေကိုး။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ်
(ဓါတ်ပုံ မရငတ)
စားသောက်ပြီးကြတော့ ဈေးတပတ် ပတ်သူက ပတ်ပါတယ်၊ မောင်ရင်ငတေက ဈေးပတ်တာထက်
မှတ်တမ်းတင်ဖို့ကိုသာ ဆန္ဒရှိတာမို့ Behobia-Zaisa တဝိုက်ကို
စနည်းနာရင်း တပတ် ပတ်ပါတယ်၊
လူနေတိုက်တာကများများ မတွေ့ရပါဘူး၊ အိမ်ခြေအနည်းငယ် ကုန်ပစ္စည်းတဆင့်ခံတင်ပို့ရာ
ဂိုဒေါင်
တွေနဲ့ ကုန်ကားကြီးတွေ ရပ်နားစခန်းသာ ရှိပါတယ်၊ အဲဒါနဲ့ ပြင်သစ်ကမ်းဘက် လမ်းလျှောက်ကူးဖို့
တံတားရှိရာကို သွားပါတယ်၊ မြစ်ကျဉ်းကျဉ်းမို့ တံတားကလည်း သာမန်ပါ၊ တံတားဟောင်းကတော့
စစ်အတွင်း ဖျက်စီးခံခဲ့ရလို့ ဒီနေ့ခေတ် သာမန်ကွန်ကရစ် တံတားမို့ မထူးခြားလှပါဘူး။

မောင်ရင်ငတေ စိတ်ကျေနပ်မိတာက စပိန်မြေမှ ပြင်သစ်မြေသို့ တံတားလေးကူး
လမ်းလျှောက်ဝင်၊
မြစ်ဘေးလမ်းလေးအတိုင်း ပြင်သစ်ကမ်းမှာလမ်းလျှောက် စပိန်ကမ်းကိုပြန်ထိုင်ငေး မှတ်တမ်းတင်၊
အွန်လိုင်းတင်စရာရှိတာလေးတွေ အင်တာနက်ကွန်နက်ရှင် ပြန်ဖွင့်ရင်းတင်၊ ခဏနေတော့ တံတား
ပေါ်မှာ ဇိမ်ခံလျှောက်ရင်း အေးအေးလူလူ စပိန်မြေသို့ ပြန်ဝင်၊ စပိန်မြေဘက်ရောက်တော့ ပြင်သစ်
ကမ်းအလှကို ပြန်ထိုင်ငေး၊ အနှောက်အယှက် တခုမရှိ၊ ဖီလင်ရှိသမျှ စိတ်ဝင်စားသမျှ လုပ်ချင်သမျှ၊
ကြီးကြီးကျယ်ကျယ် မဟုတ်ပေမယ့် လွတ်လပ်စွာ လုပ်ခွင့်ရခဲ့လို့ စိတ်ကျေနပ်မှု ရခဲ့တာပါ။

တံတားအနီး မြစ်ကမ်းဘေးမှာ နားနေစရာ ပန်းခြံလိုမျိုးလေး ရှိပါတယ်၊
သစ်ပင်ရိပ်တွေနဲ့ အေးမြလို့
ခဏနားရင်း ကျောခင်းဖြစ်ပါသေးတယ်၊ မျက်စောင်းထိုး မြစ်လယ်မှာတော့ ကျွန်းလေးတကျွန်း ရှိပါ
တယ်၊ လူမနေတဲ့ ကျွန်းသေးသေးလေးပါ၊ တခါတလေ ပွဲတော်လုပ်တဲ့ ရက်တွေမှသာ ကျွန်းပေါ်သို့
သွားခွင့် ရှိပါတယ်၊ တယောက်မှ နေထိုင်သူမရှိတဲ့ အဲဒီကျွန်းသေးသေးပိစိလေးကို ပြင်သစ်တလှည့်

စပိန်တလှည့် ခြောက်လစီ အုပ်ချုပ်ကြပါသတဲ့၊
အင့်း့ ကျွန်းလေးရဲ့
သမိုင်းကြောင်းကလည်း ကျွန်းသေးသလောက် ကြီးကျယ်ခဲ့တာကိုး။
ကျွန်းအမည်က
ဥူစကာဒီ စကားနဲ့ Konpantzia ကျွန်း အင်္ဂလိပ်လိုတော့
Pheasant Island ပါ၊
စပိန်လိုတော့
Isla de los Pausans သို့မဟုတ် Isla de los Faisanes ခေါ်ကြပြီး
ပြင်သစ်တွေကတော့
Île des Faisans ခေါ်ကြပါတယ်၊ တွေ့ဆုံပွဲတွေ လုပ်ခဲ့လွန်းလို့ ထင်ပါရဲ့
တချို့
သမိုင်းသတင်း ရေးသူတွေကတော့ Île de la Conférence ခေါ်ကြသူတွေလည်း ရှိပါတယ်။
၁၆၀၀ ကျော်ခုနှစ်များက ပြင်သစ်ဘုရင် လူဝီ (၁၃) (၁၄) (၁၅) တို့နဲ့ စပိန်ဘုရင် ဖိလစ်
(၄) ချားလ်
(၂) တို့ သားပေးသမီးယူ ရွှေလမ်းငွေလမ်းဖောက်ခဲ့ကြရာ ငြိမ်းချမ်းရေးပွဲများကျင့်ပခဲ့ရာ ကျွန်းလေး
ဖြစ်ခဲ့ဖူးပါတယ်၊ Guerra Franco-Española (1635-1659) စစ်ပွဲများအပြီး စစ်ရပ်စဲရေး စာချုပ်ချုပ်
ပြင်သစ်-စပိန် နယ်ခြားစည်းများ ပိုင်းခြား သတ်မှတ်ခဲ့ကြပြီး သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာ
လည်း အဲဒီ ကျွန်းလေးပေါ်မှာပါ၊ ကျွန်းကိုလည်း တလှည့်စီ အုပ်ချုပ်လာခဲ့ကြတာ ဒီကနေ့ထိတိုင်ပါ၊
ကျွန်းလေးကို နှစ်ပိုင်းခွဲ မယူကြဘဲ တပြန်တလှည့်စီ အုပ်ချုပ်နေကြတာကိုက ရှားပါးတဲ့ ထူးခြားမှုပါ၊
ကြုံကြိုက်လို့ ဒီကျွန်းလေးပေါ် တက်ခွင့်ရရင် ကျွန်းသမိုင်း စာစုတစုလောက် ရေးချင်ပါသေးတယ်။

ဒီ စာစု နိဂုံးချုပ်ရေးနေရင်း မောင်ရင်ငတေ့ စိတ်အတွေးထဲသို့ ဝင်လာတာလေးတခု ရှိပါတယ်၊ ခရီး
တခုသွားခြင်းမှာ လုပ်ငန်းတာဝန် အမြတ်အစွန်းကိစ္စ မဟုတ်ဘဲ အကြွားမဟုတ်ဘဲ ခရီးသွားခြင်းမျိုး
နှစ်သက်သောသူများမှသာ ဒီခရီးမျိုးဟာ အဓိပ္ပါယ် လေးနက်မှု ရှိမှာပါ၊ မောင်ရင်ငတေ့ဆီ လာဖူးသူ
တယောက်ပြောခဲ့တာ မောင်ရင်ငတေ အခုထိ နားထဲကြားယောင် နေမိဆဲပါ၊ သူကတော့ သူ့အမြင်
ရိုးရိုးသားသား ပွင့်လင်းစွာ ပြောသွားခဲ့ဟန် တူပါတယ်။
သူက ရွှေနေပြည်တော်ကြီးမှာ မိုးကျရွှေကိုယ်တွေနဲ့ မိုးခါးရေအတူသောက်ရင်း
အောင်မြင်လာခဲ့တဲ့
လုပ်ငန်းရှင်ပါ၊ အထက်မရောက် အောက်မရောက် ဖြစ်ဟန် တူပါတယ်၊ အောက်ခြေကို ဖြတ်သန်းခဲ့
ဖူးသူဆိုတော့ အခြေခံ လူတန်းစား စရိုက်လည်း အတော်အသင့် ကျန်ရှိနေသေးသူပါ၊ သို့သော် ပါရီ
လုပ်ငန်းရှင်ပါ၊ အထက်မရောက် အောက်မရောက် ဖြစ်ဟန် တူပါတယ်၊ အောက်ခြေကို ဖြတ်သန်းခဲ့
ဖူးသူဆိုတော့ အခြေခံ လူတန်းစား စရိုက်လည်း အတော်အသင့် ကျန်ရှိနေသေးသူပါ၊ သို့သော် ပါရီ
ဆိုတာ သူ့အတွက် ဘာမှ တန်ဖိုးမရှိကြောင်း၊ သမိုင်းဆိုတာ စာအုပ်တွေထဲ
ကိုယ်လိုရာဆွဲ ရေးတာ
မျိုးက များနေကြောင်း၊ ခရီးသွားတာဟာ အချိန်တွေ ဖြုန်းတီးနေတာသာ ဖြစ်ကြောင်း၊ ဒီကို လာခဲ့ရ
ခြင်းကလည်း မိသားစု တောင်းဆိုလို့သာ ဖြစ်ကြောင်း၊ ပြောသွားတာက အများကြီးပါ၊ သူဖတ်ဖူးတဲ့
စာတွေကိုလည်း ကိုးကားပြောသွားပါတယ်၊ စကာပြောကောင်းတာကြောင့်ရယ် သူတိုက်တဲ့ ဘီယာ
အရှိန်မရသေးတာကြောင့်ရယ် မောင်ရင်ငတေက သူ့ကိုကြည့်ရင်း ပုခုံးသာ တွန့်လိုက်မိပါတယ်။

ဒါတောင် ပါရီ မှာမို့ပါ၊ ဒီလိုမျိုး တောကြိုအုံကြား ခေါ်လာမိလို့ကတော့
မောင်ရင်ငတေ့ကို နရင်းအုပ်
သွားမလား မသိပါဘူး၊ ဒါကြောင့် အသည်းနှလုံးနဲ့ ခံစားချင်တဲ့ ဖီလင်မရှိရင် ဒီလိုနေရာမျိုး မလာကြ
တာသာ အကောင်းဆုံးလို့ အကြံပြုပါရစေခင်ဗျ၊ သို့သော်အခုဒီစာကို ဖတ်နေကြသူတွေထဲမှာတော့
မောင်ရင်ငတေ့ကို နရင်းအုပ်ချင်ကြမယ့်သူတော့ သိပ်များများပါဟန် မတူပါဘူး။

ဒီနယ်စပ်ဈေး Zaisa ဇိုင်ဇာ တည်ရှိရာက စာစုများရဲ့ ထိပ်စည်း
ခေါင်းစဉ် တပ်ထားတဲ့ ငွေမှင်ရောင်
အတ္တလန်တစ်ကမ်းခြေနဲ့ ကပ်လျှက်မှာ တည်ရှိနေတာမဟုတ်ပေမယ့် ဘီဒါဆိုအာမြစ်ရေစီးကြောင်း
အတိုင်း စုန်ဆင်းသွားရင် တခဏနဲ့ အက်စပန်ညော တို့ရဲ့ ငွေမှင်ရောင် အတ္တလန်တစ် ကမ်းခြေကို
ရောက်နိုင်ပါတယ်၊ မောင်ရင်ငတေတို့က ဥူစကာဒီ အိတ်စ်ပရက်စ်ကား ဂိတ်ဆုံးထိစီး ငွေမှင်ရောင်
ရေလှိုင်းများရှိရာသို့ ဆက်သွားဖို့ စဉ်းစားထားပေမယ့် အချိန်မရလို့ မသွားဖြစ်တော့ပါဘူး၊ မနက်ဖန်

မနက်ကြီး ဘုတ်စီး ခရီစဉ်မှသာ တပါးတည်း သွားပါတော့မယ်။
ပြင်သစ်ဘက်ခြမ်း ဥူစကာဒီကမ်းခြေများက ခရီးသွားသူများနဲ့ စည်ကားလာတာ
နှစ်အတန်ကြာခဲ့ပါ
ပြီ၊ စပိန်ဘက်ခြမ်း ဥူစကာဒီကလည်း အဲဒီ ငွေမှင်ရောင် ဖရန်ကို
ဥူစကာဒီ အတ္တလန်တစ်ကမ်းခြေ
များကိုကျော်၍ နယ်ကျွံလာသူများ ရောက်လေ့ရှိတဲ့နေရာ ဖြစ်လာနေပါပြီ။
ပြင်သစ်ကမ်းခြေများနဲ့ လှပပုံခြင်းမတူသလို ဈေးသက်သာခြင်းကလည်း
ပရိသတ်ကို ဆွဲဆောင်နိုင်
တာမို့လို့ နောက်နှစ်
နောက်နှစ်တွေဆိုရင် ဈေးတက်လာဖို့ကိန်း အများကြီး ရှိပါတယ်၊ အဲဒါကြောင့်
ဈေးသက်သာနေတုန်းလေး ရောက်နိုင်သလောက်ရောက်အောင် သွားနေရခြင်းပါ၊ ဒီနေ့တော့ ရှေ့
ဆက်ဖို့ အချိန် မရှိတော့တာကြောင့် အပြန်ကားချိန်စောင့်ရင်း နားနားနေနေ နေဖြစ်ခဲ့ပါတယ်။
ဈေးသက်သာနေတုန်းလေး ရောက်နိုင်သလောက်ရောက်အောင် သွားနေရခြင်းပါ၊ ဒီနေ့တော့ ရှေ့
ဆက်ဖို့ အချိန် မရှိတော့တာကြောင့် အပြန်ကားချိန်စောင့်ရင်း နားနားနေနေ နေဖြစ်ခဲ့ပါတယ်။
ဒီ နယ်မြေအထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ Navarra ဆိုတဲ့ နယ်မြေလေးတမြေ
ရှိပါသေးတယ်၊
အဲဒီ Nafarroa (Navarra) (Navarre) နိုင်ငံလေးရဲ့ သမိုင်းကြောင်းကလည်း
အေဒီရှစ်ရာစု အစဦး
ပိုင်းကနေ ၁၈၄၀ ခုနှစ်ထိ ရှည်လျှားစွာ တည်ရှိခဲ့တာပါ၊ Roi de Navarre ဆိုပြီး ပြင်သစ် ဘုရင်များ
ပိုင်းကနေ ၁၈၄၀ ခုနှစ်ထိ ရှည်လျှားစွာ တည်ရှိခဲ့တာပါ၊ Roi de Navarre ဆိုပြီး ပြင်သစ် ဘုရင်များ
ကလည်း ၁၃ ရာစု ခေတ်ထဲက ပူးတွဲ အုပ်ချုပ်ခဲ့တဲ့ သမိုင်းဟောင်းတွေ
ရှိတဲ့ နေရာဒေသပါ။
၂၀၁၅ ခုနှစ် ဘာဆီလိုနားသို့ သွားတုန်းက နာဗား နေပြည်တော်ဟောင်း
Iruñea (သို့) Pamplona
(သို့) Pampelune ပမ်ပလိုနာ နယ်မြေကို ဖြတ်သန်းခဲ့ဖူးပေမယ့် မြို့ဟောင်းထဲသို့ မဝင် ဖြစ်ခဲ့ပါဘူး၊
နောက်တခါ ဒီနယ်ရောက်ခဲ့ရင် နာဗားနိုင်ငံ နေပြည်တော်ဟောင်း ပမ်ပလိုနာသို့ တညအိပ်လောက်
ရောက်အောင်သွားလည်ပြီးမှ နာဗားနိုင်ငံတော်အကြောင်း သိကောင်းစရာသမိုင်းများကို ရေးချယ်ပါ
ဦးမယ်၊ ခုတော့ စပိန်ကဗျာလေးတပုဒ်နဲ့ နှုတ်ဆက်ရင်း တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ် ခရီး
အကြောင်း ဒီလောက်နဲ့သာ ရပ်နားခွင့် ပြုကြပါ ခင်ဗျား။
(သို့) Pampelune ပမ်ပလိုနာ နယ်မြေကို ဖြတ်သန်းခဲ့ဖူးပေမယ့် မြို့ဟောင်းထဲသို့ မဝင် ဖြစ်ခဲ့ပါဘူး၊
နောက်တခါ ဒီနယ်ရောက်ခဲ့ရင် နာဗားနိုင်ငံ နေပြည်တော်ဟောင်း ပမ်ပလိုနာသို့ တညအိပ်လောက်
ရောက်အောင်သွားလည်ပြီးမှ နာဗားနိုင်ငံတော်အကြောင်း သိကောင်းစရာသမိုင်းများကို ရေးချယ်ပါ
ဦးမယ်၊ ခုတော့ စပိန်ကဗျာလေးတပုဒ်နဲ့ နှုတ်ဆက်ရင်း တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ် ခရီး
အကြောင်း ဒီလောက်နဲ့သာ ရပ်နားခွင့် ပြုကြပါ ခင်ဗျား။
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ် (ဓါတ်ပုံ မရငတ)
ဥူစကာဒီ ညနေခင်းမှာ ဘီဒါဆိုအာ မြစ်ရေစီးသံ တိုးတိုးတိတ်တိတ်
နားထောင်ရင်း မြင်တွေ့ခဲ့ရတဲ့
ရှုခင်းအလှ မှတ်တမ်းတင်မိသမျှကို ထုံးစံအတိုင်း ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်မှာ မျှဝေခံစားပါတယ်၊
အဲဒီမှာ မန်းရွှေမြို့သား ကဗျာဆရာ မော်မင်းသန်းက သူဘာသာပြန်ထားတဲ့ စပိန်ကဗျာလေးတပုဒ်
qမာင်ရင်ငတေ တောင်းဆိုလို့ မျှဝေပေးပါတယ်၊ ကဗျာဆရာ Federico García Lorca ဖက်ဒ်ဒရီကို

ဂါစီယာ လော်ရ်ကာ ရေးခဲ့တဲ့ Paisaje (Landscape) ရှုမျှော်ခင်း
ကဗျာလေးပါ။
ကဗျာဆရာ ဂါစီယာ လော်ရ်ကာ (၁၈၉၈-၁၉၃၆) က ဒီစပိန်မြောက်ပိုင်း
ဥူစကာဒီနယ်သား မဟုတ်
ပါဘူး၊ စပိန်တောင်ပိုင်း Andalucía နယ်သားပါ၊ တော်လှန်ကဗျာဆရာတဦးဖြစ်တဲ့
(စပိန် ပြည်တွင်း
စစ်မှာ အစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ အသတ်ခံခဲ့ရတဲ့)
လော်ရ်ကာ ရေးဖွဲ့ခဲ့တဲ့ ဒီကဗျာက
qမာင်ရင်ငတေ့ ရှုခင်းမှတ်တမ်းပုံတွေနဲ့ ဆက်စပ်နေသလို ခံစားရတာကြောင့် ဖော်ပြလိုက်ပါတယ်။
qမာင်ရင်ငတေ့ ရှုခင်းမှတ်တမ်းပုံတွေနဲ့ ဆက်စပ်နေသလို ခံစားရတာကြောင့် ဖော်ပြလိုက်ပါတယ်။
ကျေးဇူး အထူးပါ့
ကဗျာဆရာ မော်မင်းသန်း ခင်ဗျား။
https://www.facebook.com/mawminn.thann
ရှုမျှော်ခင်း Paisaje
သံလွင်ပင်အုပ်တွေက
ယပ်တောင်တစ်ချောင်းနှယ်
ဖွင့်လိုက် ပိတ်လိုက်၊
ကြီးမားကျယ်ပြန့်တဲ့
ကောင်းကင်အောက်
အနက်ရောင်မိုး
အေးစက်သော
သစ်ရွက်ကြယ်များ
မှုန်မှုန်ဝါးဝါး၊
ကျူပင်နဲ့ အရိပ်က
မြစ်ရဲ့ဘေးနှုတ်ခမ်းမှာ
တုန်ယင်လှုပ်ခတ်၊
မီးခိုးရောင်လေက
သူကိုယ်တိုင်
ရစ်ဝဲလှည့်လည်လို့၊
သံလွင်ပင်တွေက
ငိုကြွေးသံတွေနဲ့
ပြည့်နှက်နေ၊
လှေင်အိမ်ထဲမိနေတဲ့
ငှက်မောင်နှံ
သူတို့ရဲ့အမြီးတွေ
ယိမ်းထိုးလှုပ်ခါ
မှေးမှိန်ရေးရေး
အမှောင်ထုထဲမှာ။ ။
မော်မင်းသန်း
စပိန်ကဗျာဆရာ Federico García Lorca ဂါဆီယာလော်ရကာရဲ့Landscape
ကို ပြန်ဆိုပါသည်။
မူရင်း
စပိန် ကဗျာ
မူရင်း
စပိန် ကဗျာ
Paisaje
de Federico Garcia Lorca
El
campo de olivos
se
abre y se cierra
como
un abanico.
Sobre
el olivar
hay
un cielo hundido y
una
lluvia oscura de luceros frнos.
Tiembla
junco y penumbra
a
la orilla del rнo.
Se
riza el aire gris.
Los
olivos,
estбn
cargados de gritos.
Una
bandada
de
pбjaros cautivos,
que
mueven sus larguнsimas
colas en lo sombrнo.
အင်္ဂလိပ်
ဘာသာပြန်
Landscape
by Federico Garcia Lorca
The field of olive trees
it opens and closes
like a fan.
On the olive grove
there is a sunken sky and
a dark rain of cold stars.
Twilight and twilight tremble
on the bank of the river.
The gray air curls.
The olive trees,
they are loaded
of screams.
A flock of captive birds,
that move their long queues
in the somber.
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်စ် (ဓါတ်ပုံ မရငတ)
ကျေးဇူး အထူး တင်ရှိရပါကြောင့်း့
့ ဥူစကာဒီ အိတ်စ်ပရက်စ် ရေ့
မောင်ရင်ငတေ ၂၆၀၈၂၀၁၈-၁၈၀၉၂၀၁၈
ပြင်သစ်တခွင် ပုံရိပ်များ
ငွေမှင်ရောင် ဖရန့်အတ္တလန်တစ် ကမ်းခြေများ
ငွေမှင်ရောင် ဖရန့်အတ္တလန်တစ် ကမ်းခြေများ
တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်