နော်မန်ဒီ
ဒီ-ဒေးနဲ့ ကမ်းခြေများ
နော်မန်ဒီ ဒီ-ဒေးနဲ့ ဘန်ကာဟောင်းများ (ဓါတ်ပုံ မရငတ)
Jour J သို့မဟုတ် D-Day
ဒီ-ဒေး ခြောက်ရက် ခြောက်လ
စစ်သမိုင်း ရက်တွေထဲမှာ နာမည်ကြီးတဲ့ နေ့တနေ့။
သုံးလနီးပါးကြာတဲ့ Bataille de Normandie နော်မန်ဒီတိုက်ပွဲရဲ့
အစ ပထမနေ့၊
ဟစ်တလာနဲ့ နာဇီ ဂျာမန် စစ်ဗိုလ်ချုပ်ကြီးများရဲ့ နောက်ဆုံးနေ့များ၏
အစ ပထမနေ့၊
နှစ်ဘက် လူပေါင်း လေးသိန်းကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ စစ်ပွဲကြီးတပွဲရဲ့
အစ ပထမနေ့၊
Deutsches Reich တတိယဂျာမန်နိုင်ငံတော် (၁၉၃၃-၁၉၄၅) ပြိုကွဲခြင်းရဲ့
အစ ပထမနေ့။
ဒုတိယကမ္ဘာစစ် ဒီ-ဒေး ရက်စွဲက ခြောက်ရက် ခြောက်လ ၁၉၄၄ ခုနှစ်ပါ၊
မောင်ရင်ငတေတို့ ဒီ-ဒေးကို ရောက်ခဲ့တဲ့ရက်က တရက် ခွန်နှလ ၂၀၁၅ ခုနှစ်ပါ၊ ဒီ-ဒေးရဲ့သမိုင်းက
နှစ်ပေါင်း ၇၁ နှစ် ကျော်ခဲ့ပါပြီ၊ ဒီကနေ့ ဒီကာလမှာတော့ ကမ္ဘာလှည့်တိုးရစ်တွေ ခြေချင်းလိမ်နေတဲ့
နေရာတနေရာ အဖြစ် လှပသော သာယာသော နော်မန်ဒီကမ်းခြေ အဖြစ် အသွင်ပြောင်းလာခဲ့ပါပြီ။
နော်မန်ဒီ ကမ်းရိုးတန်းတလျှောက်မှာ ကမ်းခြေတွေက အများကြီးပါ၊ ဒီ စာစုမှာတော့ ဒီ-ဒေး အမှတ်
တရများနဲ့အတူ Atlantikwall ဘန်ကာဟောင်းများရဲ့ မှတ်တမ်းပုံရိပ်များကို အဓိကထား ဖော်ပြချင်
မိတာပါ၊ နော်မန်ဒီတိုက်ပွဲ အကြောင်းကတော့ ရှည်လျှားထွေပြား လွန်းတာကြောင့် မောင်ရင်ငတေ
ဒီနေရာမှာ ဖော်ပြဖို့ မတတ်နိုင်ပါဘူး၊ မောင်ရင်ငတေ့ ခရီးသွား ပုံရိပ်တချို့ကိုသာ ဖော်ပြချင်တာပါ။
မိတာပါ၊ နော်မန်ဒီတိုက်ပွဲ အကြောင်းကတော့ ရှည်လျှားထွေပြား လွန်းတာကြောင့် မောင်ရင်ငတေ
ဒီနေရာမှာ ဖော်ပြဖို့ မတတ်နိုင်ပါဘူး၊ မောင်ရင်ငတေ့ ခရီးသွား ပုံရိပ်တချို့ကိုသာ ဖော်ပြချင်တာပါ။
Pointe du Hoc (ဓါတ်ပုံ မရငတ)
ရောက်ဖြစ်ခဲ့ရခြင်းက နော်ဝေးပြည်မှာရောက်ရှိ အခြေချနေထိုင်နေတဲ့ မောင်ရင်ငတေ့မိတ်ဆွေကြီး
တောင်ငူသားကရင်ကြီး သူ့မိသားစုနဲ့ ပါရီကို လာလည်သခိုက်မှာ ပါရီမြို့ပြင်တနေရာရာကို နေ့ချင်း
ပြန်ဖြစ်ဖြစ် သွားချင်ပါတယ် ဆိုလာလို့ မောင်ရင်ငတေ ဒါရိုက်တာလုပ် စီစဉ်ညွှန်ကြားပြီး သွားဖြစ်ခဲ့
ရတဲ့ ခရီးတခုပါ၊ အမှန်တကယ်ကတော့ သူငှားတဲ့ကား သူကိုယ်တိုင် မောင်းတာကို မောင်ရင်ငတေ
ကပ်လိုက် ကပ်စီးခဲ့တာပါ၊ ကျေးဇူးများများတင်ပါတယ် ကိုကရင်ကြီးရယ်၊ နောက်တခေါက်လောက်
ထပ်ပြီး ဟိုနားဒီနား ခရီးအတိုအထွာလေးတွေကို ကပ်လိုက်ခွင့် ရချင်ပါသေးတယ်။

ပါရီကနေ မနက်စောစော ထွက်ပြီး ညမိုးချုပ်မှာ ပြန်လာဖြစ်ခဲ့တဲ့
နေ့ချင်းပြန် ပါရီ-နော်မန်ဒီ ခရီးစဉ်
တခုပါ၊ နောက်တကြိမ် ထပ်သွားဖို့ စီစဉ်ပေမယ့်လည်း ခုထိ ထပ်မသွားဖြစ်သေးပါဘူး၊ ဒီ ခရီးစဉ်မှာ
တခုပါ၊ နောက်တကြိမ် ထပ်သွားဖို့ စီစဉ်ပေမယ့်လည်း ခုထိ ထပ်မသွားဖြစ်သေးပါဘူး၊ ဒီ ခရီးစဉ်မှာ
နော်မန်ဒီကမ်းတက်တိုက်ပွဲ ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တဲ့နေရာ ဆယ်နေရာကျော်လောက်ရှိတဲ့အထဲက
သုံးနေရာမျှလောက်သာ ရောက်ခဲ့တာမို့ နောက်သုံးလေးခေါက်လောက် သွားမှသာ ပြီးပြည့်စုံနိုင်မှာ
ဖြစ်ပါတယ်၊ ဒါကြောင့် နောက်ထပ်သွားချင်သူများရှိပါက မောင်ရင်ငတေဘက်ကတော့ အဆင့်သင့်
ဖြစ်ပါတယ်၊ ဒါကြောင့် နောက်ထပ်သွားချင်သူများရှိပါက မောင်ရင်ငတေဘက်ကတော့ အဆင့်သင့်
စောင့်မျှော် ကြိုဆိုနေပါတယ်လို့ ပြောပါရစေ ခင်ဗျာ၊ ဟို အမေရိကန်အနောက်မြောက်ပိုင်း
ကနေဒါ
နယ်စပ် ဝါရှင်တန်ပြည်နယ်ရောက် စစ်ပြန်စစ်မှုထမ်းဟောင်း ကဗျာဆရာ ကိုကိုကိုလတ်ကျော်ဟုန်း
နယ်စပ် ဝါရှင်တန်ပြည်နယ်ရောက် စစ်ပြန်စစ်မှုထမ်းဟောင်း ကဗျာဆရာ ကိုကိုကိုလတ်ကျော်ဟုန်း
ကိုလည်း ဒီနေရာကနေ ထပ်မံ ဖိတ်ခေါ်လိုက်ရကြောင်းပါ ခင်ဗျာ။
နော်မန်ဒီ ဒီ-ဒေးနဲ့ ကမ်းခြေများ
(ဓါတ်ပုံ မရငတ)
အခု
ဒီ နော်မန်ဒီပုံရိပ်များက ၂၀၁၅ ခုနှစ်က မောင်ရင်ငတေ
မှတ်တမ်းတင်ဖြစ်ခဲ့တဲ့ ပုံရိပ်များသာပါ၊
၂၀၀၄ ခုနှစ်လောက်တုန်းက အဲဒီဒေသကို ရောက်ခဲ့ဖူးပေမယ့် မှတ်တမ်းပုံမရှိလို့ နှိုင်းယှဉ်ဖော်ပြလို့
မရနိုင်တာကတော့ ဝမ်းနည်းဖွယ်ရာပါ၊ အဲဒီတုန်းက နော်မန်ဒီမြို့တော် Caen မြို့သား ပြင်သစ်ကြီး
တယောက်က နော်မန်ဒီကမ်းခြေ အကြိုအကြားကို တနေကုန် ကားနဲ့ပတ်မောင်းပို့ခဲ့တာပါ၊ ဒေသခံ
ဒီနယ်မြေမှာ မွေးဖွား ကြီးပြင်း တသက်လုံး နေထိုင်လာခဲ့တဲ့ သူဆိုတော့ အတော်များများကို သိနား
လည်ပါတယ်၊ အခုတော့ မောင်ရင်ငတေနဲ့ အဆက်အစပ်မရှိခဲ့တော့တာ ကြာပါပြီ၊ နော်မန်ဒီနယ်ကို
ဒီတခေါက် ပြန်ရောက်လာခဲ့တော့ အဲဒီချိန်က အဲဒီ ပြင်သစ်ကြီး လိုက်ပို့ခဲ့ဖူးတာကို ပြန်မြင်ယောင်မိ
လာပြီး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းရေးထိုး လိုက်ရပါတယ်။

မောင်ရင်ငတေတို့ ပါရီအိမ်က စထွက်လာတော့
အတော်စောစောပါ၊ သို့သော်လည်း ထုံးစံအတိုင်း
ပါရီမြို့ပြင် အဝေးပြေး လမ်းမထက်ရောက်တော့ ကိုးနာရီခွဲ ဆယ်နာရီ ရှိပါပြီ၊ သွားရမယ့် ခရီးကြော
က အသွားအပြန် ကီလိုမီတာ ခြောက်ရာကျော်ပါ၊ ဟိုဝင်ဒီပတ်နဲ့ ဆိုရင် ခွန်နှရာခန့်မျှ ရှိမှာမို့ မောင်း
ချိန်ကကို ရှစ်နာရီမျှ ကြာနိုင်တာမို့ ခပ်သွက်သွက်လေးသွားကြရအောင် လောဆော်ရပါတယ်။

ပါရီမြို့ပြင်ထွက်တော့ ပြင်သစ် အနောက်မြောက်ပိုင်းသွားတဲ့ အဝေးပြေး ဟိုင်းဝေးလမ်းမ
အေ
၁၃၊
Autoroute A13 အမြန်လမ်းမက Calvados ခရိုင်မြို့တော်နဲ့ နော်မန်ဒီပြည်နယ်မြို့တော် Caen သို့
ရောက်ပါတယ်၊ Caen မြို့ပတ်လမ်းကို ကျော်လာတော့ နော်မန်ဒီ ဒီ-ဒေးကမ်းခြေများရှိရာသို့ တော
လမ်း ကျေးလက်လမ်းများကနေ သွားရပါတယ်၊ A13 အမြန်လမ်းအဖြစ် တိုးချဲ့ဖို့ စီမံကိန်း ရှိနေတာ
ကြာပြီ ဆိုပေမယ့် အခုထိ မဖောက်ရသေးတော့ Nationale (N13) လမ်းအဖြစ်သာ ရှိပါသေးတယ်၊

ဒီနေရာမှာ ပြင်သစ်လို Route Nationale ကို ဗမာစာနဲ့
မောင်ရင်ငတေ မဖလှယ်တတ်လို့ မဖလှယ်
တော့ပါဘူး၊ အမျိုးသားလမ်းတို့ နိုင်ငံတော်လမ်းလို့ ဆိုပြန်ရင်လည်း ဟာသရသမြောက်မှာ အမှန်ပါ၊
တော့ပါဘူး၊ အမျိုးသားလမ်းတို့ နိုင်ငံတော်လမ်းလို့ ဆိုပြန်ရင်လည်း ဟာသရသမြောက်မှာ အမှန်ပါ၊
နေရှင်နယ်လမ်းဆိုတာ အမြန်လမ်းမကြီးများထက်နိမ့်ပြီး ဒေသန္တရလမ်း
ခရိုင်လမ်း ကျေးလက်လမ်း
များထက် လမ်းအရည်အသွေး ကောင်းတဲ့ မြင့်တဲ့ ကျယ်တဲ့ လမ်းအဆင့်လို့သာ မှတ်ရပါတယ်။
များထက် လမ်းအရည်အသွေး ကောင်းတဲ့ မြင့်တဲ့ ကျယ်တဲ့ လမ်းအဆင့်လို့သာ မှတ်ရပါတယ်။
Formigny La Bataille (ဓါတ်ပုံ မရငတ)
Caen မြို့ကိုကျော်ခဲ့ပြီးနောက် Route Nationale (N13) ကနေ မောင်းလာခဲ့ကြတာ
သိပ်မကြာခင်
မှာတော့ D613 နဲ့ D517 လမ်းဆုံနား ရောက်လာခဲ့ပါတယ်၊ စစ်ရိပ်စစ်ငွေ့များ
လွှမ်းမိုးခဲ့ရာ အရပ်သို့
ရောက်ရှိ လာခဲ့တာပါ၊ စစ်လက်ကျန်ပစ္စည်းတွေ စစ်အထိမ်းအမှတ်တွေ
စစ်မှတ်တမ်းရုပ်တုတွေ ဟို
နေရာတခု ဒီနေရာတခု တွေ့မြင်လာရပါတယ်။
နေရာတခု ဒီနေရာတခု တွေ့မြင်လာရပါတယ်။
လမ်းဆုံရောက်တော့ မောင်ရင်ငတေတို့ ကားခဏရပ် အညောင်းအညာဖြေကြ
မှတ်တမ်းပုံ ရိုက်ကြ
ပါတယ်၊ ရွာအမည်ကို ရှာကြည့်လိုက်တော့ Formigny La Bataille (FormignyThe Battle) ပါတဲ့၊
ပါတယ်၊ ရွာအမည်ကို ရှာကြည့်လိုက်တော့ Formigny La Bataille (FormignyThe Battle) ပါတဲ့၊
မူလရွာအမည်က ဖော်မီညီ ဖြစ်မှာပါ၊ စစ်ပွဲအမှတ်တရတွေနဲ့လူသိများလာ
လူသူအရောက်အပေါက်
များလာတော့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ အိမ်စုလေးတွေပေါင်းပြီး ရွာစုအမည်ကိုလည်း ဖော်မီညီရွာတိုက်ပွဲ
အမည်ပေးကြရာက ဒီကနေ့မှာ Formigny La Bataille ဖြစ်လာပါတော့တယ်။
များလာတော့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ အိမ်စုလေးတွေပေါင်းပြီး ရွာစုအမည်ကိုလည်း ဖော်မီညီရွာတိုက်ပွဲ
အမည်ပေးကြရာက ဒီကနေ့မှာ Formigny La Bataille ဖြစ်လာပါတော့တယ်။
La Bataille de Formigny du 15 Avril 1450 (ဓါတ်ပုံ မရငတ)
ရွာအမည်ကိုက ဖော်မီညီ တိုက်ပွဲရွာ ဖြစ်ခဲ့ရတဲ့ သမိုင်းကလည်း
ရှိခဲ့တာကိုး၊ ၁၉၄၄ ခုနှစ် နော်မန်ဒီ
တိုက်ပွဲ မတိုင်ခင် နှစ်ပေါင်း ငါးရာလောက်က ဖြစ်ပွားခဲ့တဲ့ ပြင်သစ်-အင်္ဂလိပ်စစ်ပွဲ Guerre de Cent
Ans အနှစ်တရာ စစ်ပွဲ (၁၃၃၇-၁၄၅၃) (တကယ်တော့ ၁၁၆ နှစ် စစ်ပွဲ) အတွင်းမှာ La Bataille de
Formigny ဆိုပြီး နာမည်ကြီးခဲ့တဲ့ စစ်မြေပြင်ဟောင်း တည်ရာမြေပါ၊ အင်္ဂလန် ဘရစ်တနီ နော်မန်ဒီ
ပြင်သစ်တို့ရဲ့ စစ်သမိုင်းတွေမှာ ဒီလမ်းကြောက အဓိက ထင်ပါရဲ့၊ နော်မန်ဒီတိုက်ပွဲများရဲ့ အလယ်
ဗဟို အိုမဟာ ကမ်းခြေသို့ ငါးကီလိုမီတာလောက်သာ ဝေးပါတော့တယ်။

လမ်းဆုံကနေ D517 (Avenue de la Libération) အတိုင်း မောင်းဝင်လာခဲ့တော့
စိုက်ပျိုးခင်းတွေ
အကြား Saint-Laurent-sur-Mer အိမ်စုလေးတွေကို ဖြတ်သန်း၊ သိပ်မကြာလိုက်ပါဘူး၊ Mer de la
Manche ရဲ့ နာမည်ကျော် Omaha Beach အိုမဟာကမ်းခြေသို့ ရောက်ရှိလာပါပြီ။
အကြား Saint-Laurent-sur-Mer အိမ်စုလေးတွေကို ဖြတ်သန်း၊ သိပ်မကြာလိုက်ပါဘူး၊ Mer de la
Manche ရဲ့ နာမည်ကျော် Omaha Beach အိုမဟာကမ်းခြေသို့ ရောက်ရှိလာပါပြီ။
Operation Overlord (Photo Google)
နော်မန်ဒီ ဒီ-ဒေးနဲ့ ကမ်းခြေများ ဆိုတာမှာ အိုမဟာအပါအဝင် စုစုပေါင်းကမ်းခြေငါးခု
ပါဝင်ပါတယ်၊
၁။ Utah Beach ၂။ Omaha Beach ၃။ Gold Beach ၄။ Juno Beach ၅။
Sword Beach တွေပါ၊
တကယ်တော့ ဒီအမည်တွေက ဒီ-ဒေးတိုက်ပွဲ အောင်ပွဲနဲ့အတူ တည်ရှိခဲ့
လူသိများလာခဲ့တဲ့ အမည်
တွေသာပါ၊ မူရင်းအမည်များ မဟုတ်ကြပါဘူး၊ Operation Overlord ခေါ်
ဒီ-ဒေးတိုက်ပွဲရဲ့လျှို့ဝှက်
အမည်တွေပါ၊ အမေရိကန် အင်္ဂလန် စစ်ခေါင်းဆောင်တွေရဲ့ စိတ်ကူးထဲက
အမည်တွေပါ။
အဲဒီ အမေရိကန်တို့ရဲ့ စိတ်ကူး တိုက်ပွဲ စီမံကိန်းထဲက အမည်တွေက
ဒီကနေ့ ပြင်သစ်ပြည်တွင်းမှာ
ပြင်သစ်အမည် စစ်စစ်တွေကြား မွေးစားအမည်တွေထဲက ထူးခြားတဲ့ ထင်ရှားကျော်ကြားတဲ့
ရှားပါး
အမည်တွေအဖြစ် သမိုင်းဝင်လာခဲ့ပါပြီ၊ ဒီအမည် ငါးခုထဲက အခုတခေါက်
မောင်ရင်ငတေ ရောက်ခဲ့
တဲ့ အိုမဟာကတော့ ပိုထင်ရှား ပိုလူသိများသလို ဒီ-ဒေးနေ့ရဲ့ တပ်အင်အား အများဆုံး စစ်ဆင်ရေး
အကြီးကျယ်ဆုံး အသုံးပြုခဲ့ရာ အချက်အချာ နေရာ
ဖြစ်ပါတယ်။
တကယ်တမ်း ဒီ-ဒေးသမိုင်း လိုက်ဖတ်ကြည့်တော့ (မောင်ရင်ငတေ့ထုံးစံ
အပေါ်ယံလောက်ကိုပေါ့)
ပြင်သစ်ပြည်ကြီးကို သိမ်းပိုက်ထားတဲ့ ဟစ်တလာ-ရွန်းမဲလ်တို့ရဲ့
နာဇီ စစ်အင်အားက ဘာမှ မပြော
ပလောက်ပါဘူး၊ အချက်အချာ ဆိုတဲ့ အိုမဟာ စစ်ရေပြင် စစ်မြေပြင်မှာ
အမေရိကန် မဟာမိတ်တပ်
တွေရဲ့ အင်အားထက် ဆယ်ပုံတပုံမျှသာရှိမယ် ထင်ပါတယ်၊ အီဂျစ် အာဖရိကမြောက်ပိုင်း
အီတလီ
ရုရှား စစ်မြေပြင်တွေမှာ နာဇီတပ်တွေက အရှုံးနဲ့ ရင်ဆိုင်နေရချိန်ပါ၊ ဒါကြောင့်
နော်မန်ဒီ တိုက်ပွဲမှာ
နာဇီတွေရဲ့ စစ်အင်အား ဖြည့်တင်းမှုက သာမန်မျှသာ ရှိနေချိန်ပါ၊
နော်မန်ဒီ ကမ်းခြေကနေ ဒီလိုမျိုး
မဟာမိတ်တပ်တွေ စစ်အင်အားများပြားစွာ အသုံးပြု ထိုးစစ်ဆင်လာလိမ့်မယ်လို့လည်း
ဟစ်တလာ
တို့ ရွန်းမဲလ်တို့ တွက်ဆမထားခဲ့တာဟာလည်း မဟာအမှားတခု ဖြစ်ပါတယ်လို့ ဆိုကြပါတယ်။
Pointe du Hoc D Day Monument
(ဓါတ်ပုံ မရငတ)
နော်မန်ဒီတိုက်ပွဲအကြောင်း လိုက်လံရှာဖွေ ဖတ်ကြည့်မယ်ဆိုရင်
ဘာသာစုံနဲ့ အများကြီး ရှိပါတယ်၊
မောင်ရင်ငတေကတော့ ခရီးမှတ်တမ်း ပုံရိပ်များ အတွက် အပေါ်ယံရှပ်ပြီး
ဖတ်ရုံ မှတ်ရုံလေးသာပါ၊
ကြားဖူးနားဝ ရှိတာလေးတွေနဲ့ ပေါင်းစပ်မှတ်တမ်းတင်ရုံ ရေးမိတာတွေပါ၊
အကျယ် မဟုတ်ရပါဘူး၊
ပါဝင်ဖြတ်သန်းခဲ့သူတွေရဲ့ လောဘ ဒေါသ သောက အမောတွေကို မျှဝေခံစားရုံမျှသာပါ။
တကယ်ကတော့ ဒီ ဒီ-ဒေးတိုက်ပွဲမှာ ဥင်္ီးစီးဦးဆောင်တိုက်ခဲ့သူ စစ်သူကြီး
Dwight D. Eisenhower
အိုင်ဆင်ဟောင်ဝါ (၁၈၉၀-၁၉၆၉)၊ အမေရိကန်ပြည်ထောင်စုမှာ ထူးထူးခြားခြား
လေးကြိမ် သမ္မတ
ဖြစ်ခဲ့ဖူးသူ Franklin Delano Roosevelt ရူးဇဗဲ့ (၁၈၈၂-၁၉၄၅)
တို့ကလည်း ဥရောပသားတွေသာ
ပါ၊ အိုင်ဆင်ဟောင်ဝါက ဂျာမန်နွယ်ဖွားဖြစ်ပြီး ရူးဇဗဲ့မျိုးနွယ်ကတော့
ဟော်လန်နွယ်ဖွားပါ၊ အင်္ဂလိပ်
တပ်ကို ဦးစီးခဲ့သူကတော့ Bernard Montgomery မောင်ဂိုမာရီ
(၁၈၈၇-၁၉၇၆) ပါ။
အဲဒီလို နာမည်ကျော် အမေရိကန် အင်္ဂလန် စစ်ခေါင်းဆောင်တွေလောက်တော့
မထင်ရှားခဲ့ပေမယ့်
ဒီ-ဒေး သမိုင်း မှတ်တမ်းဝင်ခဲ့သူ လူသိ သိပ်မများလှတဲ့ သာမန်စစ်သားလေးတွေလည်း
ရှိခဲ့ပါတယ်၊
အဲလိုထဲက တယောက်ကတော့ Yang Kyuoungjong အမည်ရ မြောက်ကိုရီးယား
စစ်သားလေးပါ။
ဒီ ဒီ-ဒေး တိုက်ပွဲနေ့မှာ ပါဝင်ခဲ့တဲ့ ကိုရီးယား လူမျိုး Yang
Kyuoungjong (၁၉၂၀-၁၉၉၂) ရဲ့ ဘဝ
သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာပါ၊ လူပေါင်းများစွာ
သေဆုံးခဲ့ရတဲ့ ဒီ စစ်မြေပြင်မှာ သေကံ
မကြုံခဲ့ရတဲ့ မြောက်ကိုရီးယား Sinŭiju မြို့သားဟာ
အသက် ၁၈ နှစ်သားမှာ ဂျပန် ဘုရင့်တပ်တော်
တပ်သားတဦးအဖြစ် ခေါ်ဆောင်ခြင်းခံခဲ့ရပြီး မွန်ဂိုလီယားစစ်မြေပြင်မှာ
ဆိုဗီယက်တပ်တွေနဲ့ တိုက်
ပွဲဝင်ခဲ့ရပါတယ်၊ အဲဒီမှာ မြောက်ကိုရီးယန်းလေး “ရန်” စစ်သုံ့ပန်း ပထမအကြိမ် ဖြစ်ခဲ့ရပါတယ်။
Atlantikwall အတ္တလန်တစ် တံတိုင်းက ဘန်ကာဟောင်း (ဓါတ်ပုံ မရငတ)
စစ်သားဘဝ မရောက်ခင်က ဘာမသိညာမသိ မြောက်ကိုရီးယန်းတောသားလေး Yang
“ရန်”ဟာ
တရုတ်ပြည်နယ်စပ်အနီးက သာမန်တောသူတောသား တဦးသာပါ၊ နိပွန်ဘုရင်ရဲ့
စောင်မကြည့်ရှုခံ
ရပြီးနောက် စစ်သုံ့ပန်းအဖြစ် ဘဝပြောင်းခဲ့ရခြင်းပါ။
ဒီလိုနဲ့ Yang Kyuoungjong ဟာ့
့
သူဟာ စစ်သုံ့ပန်းဘဝနဲ့ စစ်သားလိုအပ်နေတဲ့ ဆိုဗီယက်တပ်နီတော်မှာ
တပ်သားတဦး ဖြစ်လာပြန်
ပါတယ်၊ ၁၉၄၃ ခုနှစ် ဟစ်တလာ့ ဂျာမန် Wehrmacht တပ်တွေနဲ့ ဆိုဗီယက်တပ်နီတွေ
တိုက်ပွဲဖြစ်
ပွားတဲ့ ယူကရိန်း စစ်မြေပြင်မှာ တပ်နီတော်ယူနီဖောင်းဝတ် မြောက်ကိုရီးယန်းလေး
ဒုတိယအကြိမ်
အဖမ်းခံရပြန်ပါတယ်၊ သိပ်မကြာပါဘူး ဥရောပတောင်ပိုင်းမှာ စစ်ရှုံးနေပြီး တပ်သားအင်အား
လျော့
နည်းလာနေတဲ့ နာဇီတပ်အတွက် အင်အားဖြည့်တင်းရာမှာ “ရန်” ပါဝင်ခဲ့ရ ပြန်ပါတယ်။
သုံ့ပန်းဇာတာပါလာတဲ့ “ရန်”ဟာ ဒါနဲ့ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး၊ အောင်ပွဲတွေနဲ့ ကင်းကွာ
လာနေတဲ့ နာဇီတပ်တော်နဲ့အတူ
ရှေ့တန်းစစ်မျက်နှာ နော်မန်ဒီသို့ ချီတက်ခဲ့ရ ပြန်ပါတယ်၊ ဒီတခါ
မှာတော့ အောင်ပွဲခံ
တပ်တော်သား ဖြစ်လာလိမ့်မယ်လို့ သူ ယူဆကောင်း ယူဆခဲ့မယ် ထင်ပါရဲ့။
Atlantikwall အတ္တလန်တစ် တံတိုင်းက ဘန်ကာဟောင်း (ဓါတ်ပုံ မရငတ)
သို့သော် အောင်ပွဲရ တပ်တော်သား
တယောက်ဖြစ်ဖို့ ဒီ မြောက်ကိုရီးယန်းလေးမှာ ကံပါလာခဲ့ဟန်
မတူပါဘူး၊ ၁၉၄၄ ခုနှစ် ဂျွန်လ ခြောက်ရက်နေ့ မနက်လင်းအားကြီး မိုးဖွဲဖွဲ လေသည်းသည်းအောက်
မှာ “ရန်”တယောက် နော်မန်ဒီ ကမ်းခြေအလှကို တဒုန်းဒုန်းတဒိုင်းဒိုင်း အသံတွေကြား မြင်တွေ့ခွင့်
ရခဲ့လေမလား ဆိုတာကိုတော့ မောင်ရင်ငတေ စိတ်ဝင်စားမိရပါတယ်၊ သေချာတာ တခုကတော့ ဗုံး
သံ လေသံ မိုးသံတွေကြား အော်ဟစ်ညည်းတွားသံတွေကြား အလှပျက်ခဲ့ရတဲ့ နော်မန်ဒီ ကမ်းကို
တော့ ဒီ သုံးထပ်ကွမ်း စစ်သုံ့ပန်းဖြစ်လာမယ့် မြောက်ကိုရီးယန်းလေး မြင်တွေ့ခွင့် ရခဲ့မှာပါ။

နော်မန်ဒီကမ်းခြေကို မြင်ခွင့်ရရုံလေးသာ မြင်တွေ့ခဲ့ရတဲ့ Yang
“ရန်” ဟာ့
အဲဒီလိုနဲ့ နိပွန်ဘုရင့်တပ်တော်သားဟောင်း (သို့) တပ်နီတော်သားဟောင်း
(သို့) နာဇီတပ်သားသစ်
လေး “ရန်”ဟာ နော်မန်ဒီကမ်းတက်တိုက်ပွဲမှာ
နာဇီယူနီဖောင်းဝတ်တယောက် ဖြစ်လာခဲ့ပြီး Utah
Beach နဲ့ Omaha Beach ကြား နာဇီတို့ရဲ့ ခံကတုတ်ကျင်း တခုမှာ
တာဝန်ကျရင်း မသေမပျောက်
အဖမ်းခံခဲ့ရပြန်တာပါ၊ ကမ္ဘာ့စစ်ဘုရင်တွေ စစ်ကစားတဲ့ကြား မဆီမဆိုင်နဲ့ သက်ရှိနယ်ရုပ်လေးတရုပ်
အဖြစ် သူဟာ ပါဝင်ခဲ့ရတယ်ဆိုလည်း မမှားပါဘူး၊ သို့သော် သူကမှ
တော်သေးတယ် ဆိုရပါမယ်။
ဘာလို့ဆို လူတယောက်ရဲ့ ကံကြမ္မာဟာ ဆန်းကျယ်လှပါတယ်၊ လူတွေသောက်သောက်လဲ
သေခဲ့
ရတဲ့ စစ်မြေပြင်ကြီးမှာ သက် မပျောက်ခဲ့ပါဘဲ တတိယအကြိမ်မြောက်
စစ်သုံ့ပန်းသာ ဖြစ်ခဲ့ရခြင်းပါ၊
သူ့ကဲ့သို့ ထူးထူးခြားခြားဇာတ်လမ်းမဖြစ်ခဲ့ပါဘဲ ယောင်ယောင်ကန်းကန်းနဲ့
နော်မန်ဒီမြေကို ဒီကနေ့
ရောက် ဒီကနေ့ အသက်ပျောက်ခဲ့ရ သူတွေ အများအပြား ရှိခဲ့မှာ သေချာလှပါတယ်။
Musée Mémorial d'Omaha Beach
(ဓါတ်ပုံ မရငတ)
အဲဒီလိုနဲ့ နော်မန်ဒီစစ်အကျဉ်းသား မြောက်ကိုရီယန်းလေးဟာ ယူနိုက်တက်ကင်းဒမ်း
ယူနိုက်တက်
စတိတ် စစ်သုံ့ပန်းစခန်းတွေမှာ နေထိုင်ခဲ့ရပြီးနောက် စစ်ကြီးတွေပြီးလို့
ငြိမ်းချမ်းချိန်မှာတော့ လွတ်
မြောက်လာခဲ့ပြီး အမေရိကန်မြေမှာ ဆက်လက်၍အခြေချ နေထိုင်ခဲ့တာ
၁၉၉၂ ခုနှစ် သေဆုံးသည်
ထိပါ၊ နာမည်ကြီး နိပွန်ဂျပန် ဆိုဗီယက်ရုရှား နာဇီဂျာမဏီတိုရဲ့
တပ်တော်သား ဖြစ်ခဲ့ဖူးသူ“ရန်”ရဲ့
(သို့မဟုတ်) Yang Gyeong-Jong ရဲ့စစ်သမိုင်းက ထူးခြားတာမို့
ထုံးစံအတိုင်း ရုပ်ရှင်သမားတွေရဲ့
စိတ်ဝင်စားခြင်းခံရပြီး ရုပ်ရှင်ဇာတ်လမ်း ရှိပါတယ်တဲ့၊ ရှာဖွေသာ ကြည့်ကြည့်ကြပါရန်။
စိတ်ဝင်စားခြင်းခံရပြီး ရုပ်ရှင်ဇာတ်လမ်း ရှိပါတယ်တဲ့၊ ရှာဖွေသာ ကြည့်ကြည့်ကြပါရန်။
လောက ဇာတ်ဆရာ အလိုကျ ကမ္ဘာ့စစ်မြေပြင်တွေမှာ ကပြခဲ့ရတဲ့ အဲဒီ
မြောက်ကိုရီယန်းလေးဟာ
သူတာဝန်ယူခဲ့ရတာဘာတွေလဲ၊ သေနတ်ဘယ်နှချက်များ ပစ်ဖောက်ခွင့် ရခဲ့ပါသလဲ၊
အထုတ်အပိုး
လေးသယ်ရုံ စစ်ရိက္ခာ စစ်လက်နက်ထမ်းရုံလေးသာ လုပ်ခဲ့ရတာလား၊ စစ်သုံ့ပန်းကနေ စစ်ပေါ်တာ
အဖြစ် ဘဝပြောင်းခဲ့ရတာမျိုးလား၊ အဘယ်သို့သော စစ်သမိုင်းတင် ဆရာ့ ဆရာကြီးတွေ မှတ်တမ်း
တင်ထားခဲ့တာလေးတွေ ရှိများရှိခဲ့တယ် ဆိုပါရင် မောင်ရင်ငတေ ဖတ်ချင်မိရကြောင်း ခင်ဗျာ။
လေးသယ်ရုံ စစ်ရိက္ခာ စစ်လက်နက်ထမ်းရုံလေးသာ လုပ်ခဲ့ရတာလား၊ စစ်သုံ့ပန်းကနေ စစ်ပေါ်တာ
အဖြစ် ဘဝပြောင်းခဲ့ရတာမျိုးလား၊ အဘယ်သို့သော စစ်သမိုင်းတင် ဆရာ့ ဆရာကြီးတွေ မှတ်တမ်း
တင်ထားခဲ့တာလေးတွေ ရှိများရှိခဲ့တယ် ဆိုပါရင် မောင်ရင်ငတေ ဖတ်ချင်မိရကြောင်း ခင်ဗျာ။
Atlantikwall အတ္တလန်တစ် တံတိုင်းက ဘန်ကာဟောင်း (ဓါတ်ပုံ မရငတ)
အဲဒီလို Yang Gyeong-Jong လို စစ်ပွဲဝင်ခဲ့ကြတဲ့ တခြားသော အာရှတိုက်သားတွေလည်း
ရှိမှာပါ၊
ဒီစစ်မြေပြင်မှာ အင်္ဂလိပ်စစ်တပ်နဲ့အတူ လက်တွဲ တိုက်ခဲ့ကြတဲ့ ရွှေပြည်တော်က
ချင်း ကချင် ကရင်
တွေလည်း ရှိတယ်ဆိုပါတယ်၊ နော်မန်ဒီ စစ်သချိုင်းမှာ သူတို့အမည်
ကျောက်ပြားတွေ ရေးထိုးထား
တာရှိတယ်လို့လည်း ဆိုကြပါတယ်၊ မောင်ရင်ငတေ ကြုံရင်တော့ လေ့လာဖို့
ရည်ရွယ်ထားပါတယ်၊
ခုတော့ မကြုံကြိုက်သေးလို့ နောင်အခါများမှပေါ့။
အမှန်ကတော့ စစ်ပွဲတွေအကြောင်းစစ်တိုက်တာတွေအကြောင်း စစ်နိုင်သူများရဲ့အကြောင်းတွေကို
မောင်ရင်ငတေရဲ့ ခရီးမှတ်တမ်း ပုံရိပ်များမှာ ထည့်သွင်းမရေးချင်ပါဘူး၊ ခရီးသွားခြင်း
အနုပညာကို
သီးသန့်လေး ခံစားရင်း နုပျိုစဉ်အချိန်က သွားခဲ့ဖူးတာတွေ ပတ်သက်ခဲ့ဖူးသူတွေအကြောင်းကို
ပြန်
လည် လွမ်းဆွတ်ရတာတွေကိုသာ အမှတ်တရအဖြစ် ရေးချင်မိတာပါ၊ သို့ပေမယ့် နော်မန်ဒီ ဆိုလာ
တော့လည်း စစ်အကြောင်း မပါရင် မပြီးပေဘူး မဟုတ်လား၊ နိပွန် ဆိုဗီယက် နာဇီ၊ တပ်ယူနီဖောင်း
သုံးခု ဖိအားပေးခံရလို့ တရားဝင်ပြောင်းလဲ ဝတ်ဆင်ခဲ့ရသလို ဆိုဗီယက် နာဇီ မဟာမိတ် တပ်သုံးခု
ရဲ့ ဖမ်းစီးခြင်း သုံးကြိမ်ခံခဲ့ရလို့ စစ်သုံ့ပန်းသုံးကြိမ်သုံးခါ ဖြစ်ခဲ့ဖူးသူ သာမန်လူသားလေးတယောက်
အကြောင်းကိုတော့ မောင်ရင်ငတေ ရေးချင်စိတ်များများရှိတာနဲ့
မှတ်တမ်းတင်မိတာပါ ခင်ဗျား။
Pointe du Hoc
(ဓါတ်ပုံ မရငတ)
အဲဒီတော့ စစ်အကြောင်းတွေ ထည့်ပြီးရေးသင့်သလောက်တော့ ထည့်ရေးပြီးပြီမို့
မောင်ရင်ငတေရဲ့
ခရီးသွားခြင်း အနုပညာကို ပြန်ဆက်ရေးပါမယ်၊ ပါရီကနေ Omaha Beach အိုမဟာကမ်းခြေဆီသို့
ကီလိုမီတာ ၂၈၀ ကျော် ဝေးပါတယ်၊ အိုမဟာကနေအနောက်ဘက်သို့ D517
လမ်းအတိုင်းသွားရင်
Pointe Du Hoc သို့ ဆယ်ကီလိုမီတာ ဝေးပါတယ်၊ အိုမဟာမှာ ရှိတဲ့
Musée Mémorial d'Omaha
Beach ပြတိုက်ကို ဝင်ကြည့်မယ် အိုမဟာရဲ့ကမ်းခြေတလျောက် လမ်းလျှောက်
မှတ်တမ်းတင်မယ်
ဆိုရင်တော့ အနည်းဆုံး တနာရီ တနာရီခွဲ အချိန်ပေးရမှာဖြစ်ပြီး
Pointe Du Hoc အငူသို့ဆက်သွား
အဲဒီမှာရှိတဲ့ အတ္တလန်တစ် ဘန်ကာဟောင်းတွေ ကတုတ်ကျင်းဟောင်းတွေ
ကြား တနာရီလောက်
လမ်းပတ်လျှောက်ပြီး တနေရာရာမှာထိုင် နေ့လည်စာဝင်စား ပါရီကို နေချင်းပြန်
အရောက်သွားရဦး
မှာဆိုတော့ ဒီနေရာ နှစ်ခုနဲ့ တရက် အချိန်ကုန်မှာပါ၊ အလွန်ဆုံး လမ်းမှာ
စိတ်ဝင်စားဖွယ်ရာ တနေ
ရာလောက်သာ ဝင်နားရင်း လည်နိုင်မှာပါ၊ ဒါတောင်မှ မနက် ကိုးနာရီထွက်
ညကိုးနာရီခွဲ ဆယ်နာရီ
လောက် နွေရာသီမျိုးဆိုရင်ပေါ့ လင်းလင်းချင်းချင်း ပါရီကိုပြန်
ညအိပ်နိုင်မှာပါ။
တညအိပ်ပြီး နောက်တရက် အချိန် ပေးနိုင်ခဲ့ရင်တော့ Pointe Du
Hoc ကနေ ကီလိုမီတာ ငါးဆယ်
လောက်ဝေးတဲ့ Utah Beach ကိုဆက်သွား ညအိပ်၊ နောက်တနေ့ မနက်စောစောထ
ရာသီဥတုက
ကောင်းရင် နော်မန်ဒီလေနုအေးအေးကိုခံစား ကမ်းခြေသောင်ပြင်မှာ လမ်းလျှောက်ပေါ့၊
ဒီနေရာမှာ
လည်း ကတုတ်ကျင်းနဲ့ ဘန်ကာတွေ စစ်ကျန်ပစ္စည်းတွေ ပြထားတဲ့ ပြတိုက်တွေ ရှိပါတယ်၊
စစ်ကို
သမိုင်းကို စိတ်ဝင်စားသူတွေအတွက် တန်ဖိုးရှိပါတယ်၊ သို့သော်ဒီကမ်းခြေနှစ်ခုက
အမေရိကန်တွေ
အောင်ပွဲခံရာဖြစ်လို့ အမေရိကန်အလံ တလူလူနဲ့ အမေရိကန် တော်ကြောင်းတတ်ကြောင်းတွေသာ
များပြားတာမို့ အမေရိကန် မနှစ်သက်သူများအတွက် တနေရာလောက်ဆို
လုံလောက်ပါပြီ။
နော်မန်ဒီ ဘရစ်တနီ ကမ်းခြေများ
(ဓါတ်ပုံ မရငတ)
Sainte-Mère-Église (Paratrooper John Steele) (ဓါတ်ပုံ မရငတ)
Utah Beach က ၁၅ ကီလိုမီတာ အဝေးမှာ Sainte-Mère-Église ဘုရားကျောင်းတည်ရာ
မြို့လေး
ရှိပါတယ်၊ ဒီ မြို့လေးက နာဇီဂျာမန်တွေ လက်အောက်ကနေ ပထမဦး ပြန်လည် လွတ်မြောက်ခဲ့တဲ့
မြို့အဖြစ် စာရင်းဝင်တဲ့ မြို့ပါ၊ ဒီ ဘုရားကျောင်းနဲ့ ဒီမြို့လေးကို ပိုလူသိများစေခဲ့တာက
အမေရိကန်
Qလထီးတပ်သား John Steele (၁၉၁၂-၁၉၆၉) ကြောင့်ပါ၊ သူတို့အဖွဲ့သားတွေ ဂျွန်
ငါးရက်နေ့ည
သန်းခေါင်ကျော်မှာ ခြောက်ရက်နေ့ မနက်ခင်း တနာရီခန့်မှာ လေထီးနဲ့ ဒီမြို့လေးရှိရာကို
ခုန်ဆင်း
လာခဲ့ကြတာပါ၊ မြို့လေးဝန်းကျင်က စိုက်ခင်းလွင်ပြင်ကျယ်ကြီးပါ၊ သစ်ပင်ကြီးကြီးမားမား
မရှိသလို
အဆောက်အဦးတွေလည်း မြင့်မြင့်မားမား မရှိပါဘူး။
သူများတကာတွေ ချောချောမွေ့မွေ့ မြေပြင်ပေါ်ရောက်ခဲ့ပေမယ့် ကံဆိုးသူလား
ကံကောင်းသူလား
ပြောရမယ့် ဂျွန် စတီးလ် တယောက်ကတော့ Sainte-Mère-Église ဘုရားကျောင်းထိပ်
တွဲလောင်း
ချိတ်နေခဲ့ရတာ နှစ်နာရီမျှပါ၊ နာဇီတို့ရဲ့ ဖမ်းဆီးးခြင်းကိုလည်း ခံခဲ့ရပါတယ်၊
သို့သော်လည်း မြို့ကို
နေ့ချင်း သိမ်းပိုက်နိုင်ခဲ့တဲ့ သူရဲ့ တပ်ဖွဲ့ဝင်တွေကြောင့်
သေကံမရောက်ခဲ့ပါဘူး၊ အဲဒီတော့ သူလည်း
နော်မန်ဒီ တိုက်ပွဲရဲ့ နာမည်ကျော် လေထီးသမားတဦးအဖြစ် လူသိများထင်ရှား
သမိုင်းမှတ်တမ်းဝင်
သူတဦးဖြစ်လာခဲ့ပြီး ဘာတံဆိပ်ညာတံဆိပ်တွေ ရခဲ့ပါတော့တယ်၊ ဟို မြောက်ကိုရီးယန်း
စစ်သုံ့ပန်း
သုံးထပ်ကွမ်းလေးကတော့ ထောင်နန်းစံပြီး အမေရိကားမှာ မထင်မရှား
ဆက်နေခွင့်ရရုံလေးသာပါ၊
ကွာလွန်းလှပါတယ်၊ အဲ ဘယ်သူက သူရဲကောင်းလဲ မောင်ရင်ငတေ မပြောဝံ့ကြောင်းပါ
ခင်ဗျာ။
Musée Mémorial (ဓါတ်ပုံ
မရငတ)
စစ်လက်ကျန်ပစ္စည်းတွေ စုဆောင်းပြသထားတဲ့ ပြတိုက်လေးတခု အချိန်ရလို့
ဝင်ကြည့်ကြပါတယ်၊
အဲဒီ စစ်မြူဇီယမ်လေးထဲ ဝင်ကြည့်တော့ သူတို့တွေ ဒီ-ဒေးတိုက်ပွဲများမှာ သုံးခဲ့တဲ့ အသုံးအဆောင်
စစ်လက်နက် ပစ္စည်းတွေ မှတ်တမ်းပုံတွေ စာတွေကို ပြသထားတာကို တွေ့ရပါတယ်၊ အလံတခုကို
တွေ့မြင်ရတော့ အဲဒီအလံရဲ့ အရောင်ဒီဇိုင်းက ဆွဲဆောင်အားကောင်းလှလေတော့ မောင်ရင်ငတေ
မှတ်တမ်း ပုံရိပ်အဖြစ် မရိုက်ဘဲမနေနိုင် အရိုက်ခံခဲ့မိပါတယ်၊ အရိုက်ခံပြီးနောက် ဒီအလံပိုင်ရှင် နာဇီ
ခေါင်းဆောင်ကြီးလိုမျိုး သုံးယောက်လောက်သာရှိခဲ့ရင် ဒီကနေ့ ကမ္ဘာ့ လူမှုရေး စီးပွားရေး နိုင်ငံရေး
အမေရိကန်ရေးရာ အခြေအနေတွေက ဘယ်လိုများရှိနေမှာပါလိမ့်ဆိုတဲ့ အတွေးမျှင်များက အခုထိ
မောင်ရင်ငတေ့ ခေါင်းထဲ တည်ရှိနေဆဲပါ။
ဒုတိယစစ်ပြီးလို့ တတိယစစ်ကြီးကို ရှောင်လွဲဖို့ ဝိုင်းဝန်းကြိုးပမ်းကြရင်း အာဏာပါဝါ ချိန်ခွင်ညှာ ညှိ
ကြရင်း နာဇီဟစ်တလာ ဂျူး အမေရိကန် ယူရိုပီယံ ရုရှား ဆီရီးယား ကိုရီးယား နျူကရီးယား တရုတ်
ကွန်မြူနစ်ဇမ် ဆိုရှယ်လစ်ဇမ် နေရှင်နယ်လစ်ဇမ် အော်မြည်ကြရင်း ဈေးကွက်စီးပွားရေး ဦးတည်ပြီး
ဘယ်နေရာ ဘယ်ဒေသမှာ တည်ရှိလို့ တည်ရှိမှန်း ရေရေရာရာ မသိရှိနိုင်တဲ့ စက်ရုံအလုပ်ရုံတွေက
လက်နက်သစ်တွေ လက်နက်ဆန်းတွေ ဒလစပ် ထွက်ပေါ်လာနေပါတယ် ဆိုတာကိုတော့ လူတိုင်း
လူတိုင်း သိနိုင်ကြပါတယ်၊ ဈေးကသာမပေါတာပါ၊ လက်နက်ကတော့ ပေါပေါလောလောဆိုတာက
တဒိုင်းဒိုင်း
တဝုန်းဝုန်း အသံတွေက သက်သေပြုနေပါတယ်။
နော်မန်ဒီ ဘရစ်တနီ ကမ်းခြေများ
(ဓါတ်ပုံ မရငတ)
Sainte-Mère-Église ဘုရားကျောင်းကနေ အချိန်ရရင်တော့ ကျန်တဲ့
ဒီ-ဒေး ကမ်းခြေ သုံးခုရှိရာကို
ဝင်လို့ ရပါတယ်၊ N13 (E46) အတိုင်း Bayeux နောက် D104 လမ်းကနေ Longues sur Mer ကို
ခဏ ဝင်နား၊ Gold, Juno, Sword ကမ်းခြေ သုံးခုကို ဖြတ်သန်း၊ Cabourg မြို့အထိ ကမ်းနားလမ်း
D514 အတိုင်း သွားမယ်ဆို စုစုပေါင်း ကီလိုမီတာ တရာ တရာ့နှစ်ဆယ်လောက် ဝေးပါတယ်၊ လမ်း
အမှတ် D514 ကတော့ နော်မန်ဒီကမ်းခြေအတိုင်း အနီးဆုံးကပ်ဖောက်ထားတဲ့လမ်းလို့ ဆိုရပါမယ်။

Route Départementale လမ်းဖြစ်လို့ တရွာဝင် တရွာထွက်နဲ့ (ရာသီဥတုသာယာချိန်
ဆိုခဲ့ရင်ပေါ့)
နော်မန်ဒီကမ်းခြေအလှကိုခံစားရင်း ပင်လယ်လေအေးအေးကိုရှုရှိုက်ရင်း ပင်လယ်စာ ကြိုက်သူများ
အတွက် ခရု ကမာ ဂုံး ဂဏန်း ပုဇွန် ငါး အလွန်ပေါများလတ်ဆတ်စွာ ရရှိနိုင်တဲ့ နေရာတခုဆိုတော့
အဖြူရောင် ပန်းနုရောင် ပြင်သစ်ဝိုင်နဲ့ မြည်းစမ်းကြည့်ရင်း (နော်မန်ဒီရဲ့ Les Huîtres ခေါ်တဲ့ ကမာ
ဆိုတာက ကမ္ဘာ ကျော်မကျော် မသိပေမယ့် ဆီဝေ့မနေရင် ပဲဟင်းတောင်မှ မစားချင်တဲ့ အညာမြေ
မှာ ဖြတ်သန်း ကြီးပြင်းလာတဲ့ မောင်ရင်ငတေတောင်မှ ကြိုက်ပါတယ်၊ ပင်လယ်ပြင်ကနေ စောစော
လေးကမှ လတ်လတ်ဆတ်ဆတ် ရောက်လာတဲ့ ကမာကိုနှစ်ခြမ်းခွဲ သံပယိုသီးတခြမ်းကို ညှစ်ထည့်
အသာလေးစုပ်ယူစား ပြီးရင် အဖြူရင့်ရောင်ဝိုင် တကျိုက်လောက် မော့လိုက်ပေါ့၊) အဲဒီလို ဖြေးဖြေး
အေးအေးနဲ့ မောင်ရင်းနားရင်း စားရင်းသောက်ရင်း အပေါင်းသင်း ဘော်ဒါများစုဝေး သွားမယ်ဆိုရင်
စိတ်ညစ်ညူးမှုတွေ တဒင်္ဂ လျော့သွားစေမယ့် သွားသင့်တဲ့ လမ်းတလမ်း ခရီးတခု ဖြစ်ပါကြောင်း။

Longues sur Mer မြို့မှာ ခဏဝင်နားဖို့ကို အကြံပြုရခြင်းက အကြောင်း
ရှိပါတယ်၊ မောင်ရင်ငတေ
သွားချင်ပေမယ့် မရောက်ဖြစ်သေးတဲ့ နေရာတခုပါ၊ နော်မန်ဒီတိုက်ပွဲ
လက်ကျန်ပစ္စည်းတွေ ဖြစ်တဲ့
Batterie Allemande de Longues sur Mer ခေါ်ကြတဲ့ နာဇီတို့ရဲ့ ကတုတ်ကျင်း ဘန်ကာဟောင်း
တွေက အတော်လေးကို အကောင်းအတိုင်း ကျန်ရှိနေတာပါလို့ လူပြောများလွန်းလို့ပါ၊ အဲဒါကြောင့်
မောင်ရင်ငတေလည်း ကြုံကြိုက်ရင် ရောက်ဖူးအောင်တော့ သွားရပါဦးမယ်။

Longues sur Mer မြို့ကနေ Gold, Juno, Sword သို့ သွားတဲ့ D514
ကမ်းနားလမ်းလေးကလည်း
သာယာလှပပါပေတယ်၊ စစ်အကျွင်းအကျန်တွေ ကြည့်ဖို့ထက် သဘာဝအလှကို
ခံစားဖို့ လာကြသူ
တွေက ဒီဘက်ခြမ်းမှာ ပိုလို့ များပါတယ်၊ နော်မန်ဒီစစ်သမိုင်းကို တဘက်စောင်းနင်း အမွှန်းတင်ကြ
သူတွေကြောင့် ဒီကမ်းခြေသုံးခုက အမည်ခံလောက်သာ လူသိပါတော့တယ်၊ တကယ်တော့ ဒီကမ်း
တွေက ဒီဘက်ခြမ်းမှာ ပိုလို့ များပါတယ်၊ နော်မန်ဒီစစ်သမိုင်းကို တဘက်စောင်းနင်း အမွှန်းတင်ကြ
သူတွေကြောင့် ဒီကမ်းခြေသုံးခုက အမည်ခံလောက်သာ လူသိပါတော့တယ်၊ တကယ်တော့ ဒီကမ်း
သုံးခုကလည်း ၁၉၄၃ခုနှစ်မှာ နာဇီဆရာကြီးရွန်းမဲလ် ဦးစီးတည်ဆောက်ခဲ့တဲ့
Mur de l'Atlantique
(Atlantikwall) မှာ ပါဝင်ခဲ့သလို နော်မန်ဒီတိုက်ပွဲစဉ်မှာ ဦးစီးခဲ့သူတဦးဖြစ်တဲ့ အင်္ဂလိပ်ရဲ့ဆရာကြီး
မောင်ဂိုမာရီကိုယ်တိုင် ပါဝင်ခဲ့တာပါ၊ ဒါပေမယ့် ဒီကနေ့ အမေရိကန်မီဒီယာတွေ အမေရိကန်ရုပ်ရှင်
ကားတွေမှာ Gold, Juno, Sword ကမ်းခြေ သုံးခုက နော်မန်ဒီ တိုက်ပွဲသမိုင်းမှာ မထင်မရှား ကဏ္ဍ

ခပ်မှိန်မှိန်ထားခြင်းသာခံရတဲ့ အနေအထား ရောက်နေပါပြီလို့ ပြောကြပါတယ်၊
အမေရိကန် လွှမ်းမိုး
မှုကို အင်္ဂလိပ်ကြီးတွေ ကနေဒီယံကြီးတောင်မှ လက်ပိုက်ကြည့်ရတဲ့
အနေအထားပါ၊ စစ်သမိုင်းများ
ကိုတောင် အမေရိကန် စိတ်တိုင်းကျ စစ်သမိုင်းအဖြစ် ပြောင်းလဲ ခံရတယ်လို့ ပြောနေကြပါပြီ။
ကိုတောင် အမေရိကန် စိတ်တိုင်းကျ စစ်သမိုင်းအဖြစ် ပြောင်းလဲ ခံရတယ်လို့ ပြောနေကြပါပြီ။
ဘယ်လိုဖြစ်ဖြစ် ဒီကနေ့ မောင်ရင်ငတေတို့ခေတ် ကာလမှာတော့
့ ဗိုက်ကင်းဘုရင်တွေ
ဗိုက်ကင်းတွေနဲ့ ခေတ်သစ်သမိုင်းကို အစပြုခဲ့တဲ့ နော်မန်ဒီကမ်းခြေများဟာ
ကမ္ဘာစစ်ကြောင့်လည်း
ပို သမိုင်းဝင်လာခဲ့တယ် ပြောလို့ ရပါတယ်၊ ဘာသာရေး လူမျိုးရေး သမိုင်း အမွေအနှစ်တွေနဲ့ အတူ
ပို သမိုင်းဝင်လာခဲ့တယ် ပြောလို့ ရပါတယ်၊ ဘာသာရေး လူမျိုးရေး သမိုင်း အမွေအနှစ်တွေနဲ့ အတူ
စစ်သမိုင်းကလည်း ပါလာလေတော့ အင်္ဂလိပ်ရေလက်ကြားရဲ့တောင်ဘက်ခြမ်း
နော်မန်ဒီကမ်းများ
တလျှောက် တိုးရစ်များနဲ့ ပြည့်လို့ လာခဲ့တာက အဆန်းတကျယ် မဟုတ်တော့ပါဘူး၊ ဒီ နော်မန်ဒီရဲ့
တဘက်ကမ်း အင်္ဂလန်ခြမ်းက ဘယ်လောက် နာမည်ကြီးသလဲ မောင်ရင်ငတေ မသိပါဘူး၊ သေချာ
တာကတော့ နော်မန်ဒီလို နာမည်မကျော်တာကတော့ သေချာပါတယ်။

နော်မန်ဒီ ကမ်းရိုးတန်းတလျှောက် တနှစ်တနှစ် ရောက်ရှိလာကြတဲ့
ဧည့်ပရိသတ် အရေအတွက်က
သန်း နှစ်ဆယ်ကျော် ရှိတယ် ဆိုပါတယ်၊ လာကြတဲ့ သူတွေကတော့ တောင်ပိုင်းသား ပြင်သစ်တွေ
အပြင် အင်္ဂလိပ်တွေ နယ်သာလန်တွေ ဘယ်လ်ဂျီယံတွေက ထိပ်ဆုံးစာရင်း ဝင်ပါတယ်၊ ရာခိုင်နှုန်း
အားဖြင့် ဆိုရရင်တော့ ထက်ဝက်ခန့် ရှိပါတယ်တဲ့၊ သို့သော် ဒီဘက်နှစ်များမှာတော့ အာရှသားတွေ
ဟောင်ကောင် တိုင်ဝမ် တရုတ်တွေ ကိုရီးယန်းတွေ ပိုလို့ အရောက်များ လာကြပါပြီ။
သန်း နှစ်ဆယ်ကျော် ရှိတယ် ဆိုပါတယ်၊ လာကြတဲ့ သူတွေကတော့ တောင်ပိုင်းသား ပြင်သစ်တွေ
အပြင် အင်္ဂလိပ်တွေ နယ်သာလန်တွေ ဘယ်လ်ဂျီယံတွေက ထိပ်ဆုံးစာရင်း ဝင်ပါတယ်၊ ရာခိုင်နှုန်း
အားဖြင့် ဆိုရရင်တော့ ထက်ဝက်ခန့် ရှိပါတယ်တဲ့၊ သို့သော် ဒီဘက်နှစ်များမှာတော့ အာရှသားတွေ
ဟောင်ကောင် တိုင်ဝမ် တရုတ်တွေ ကိုရီးယန်းတွေ ပိုလို့ အရောက်များ လာကြပါပြီ။
နော်မန်ဒီ ဘရစ်တနီ ကမ်းခြေများ
(ဓါတ်ပုံ မရငတ)
ဒါပေမယ့် အဲဒီလို စစ်သမိုင်းဘက်ဂရောင်းတွေကြောင့် နော်မန်ဒီ
နော်မန်ဒီ ဆိုပြီး ဒီဒေသက ပိုမိုလို့
လူသိများ နာမည်ကြီးရတယ် ဆိုပေမယ့် ဒီကမ်းခြေတွေရဲ့ သဘာဝ အလှတွေကလည်း
ခံစားတတ်
ရင် အများကြီး ခံစားနိုင်ပါတယ်၊ အီတလီ စပိန် မြေထဲပင်လယ် ကမ်းခြေတွေ
လှပသလောက်တော့
မလှပပါဘူး ပြောသူတွေ ရှိနိုင်ပါတယ်၊ မှန်လည်း မှန်နိုင်ပါတယ်။
မလှပပါဘူး ပြောသူတွေ ရှိနိုင်ပါတယ်၊ မှန်လည်း မှန်နိုင်ပါတယ်။
နော်မန်ဒီ တည်ရှိရာက တကယ်တော့ ရာသီဥတု မျှတတယ်လို့ ပြောမရတဲ့
နေရာပါ၊ ကြမ်းတမ်းတဲ့
ရာသီချိန်ကပိုများ နေသာချိန် နည်းပါးပေမယ့်လည်း အင်္ဂလိပ် ရေလက်ကြားကနေ ဖြတ်သန်းဝင်လို့
ရာသီချိန်ကပိုများ နေသာချိန် နည်းပါးပေမယ့်လည်း အင်္ဂလိပ် ရေလက်ကြားကနေ ဖြတ်သန်းဝင်လို့
လာတဲ့ မြောက်အတ္တလန်တစ် လေရိုင်းကြမ်းကြမ်းတိုက်ခိုက်မှု့
့ မှိုင်းမှုန်နေတဲ့ မိုးတိမ်မိုးသား
မည်းပြာပြာ နောက်ခံနဲ့ ရေလှိုင်းခပ်ပြင်းပြင်း ရိုက်ခတ်မှုတွေက့ ဒါမှ နော်မန်ဒီ
ဒါမှ La Manche (English Channel) စစ်စစ်လို့ ပြောနိုင်မှာ ဖြစ်ပြီး သူ့အလှနဲ့ သူ့သင်္ကေတတွေကို
တိုက်ဆိုင်လာတိုင်း မမေ့မလျော့ ဖြစ်နေစေမှာ အမှန်ပါ ခင်ဗျား။

မြေထဲပင်လယ်ကမ်းလောက် မလှမပ သာသာယာယာ မရှိလှပေမယ့် စစ်သမိုင်းဟောင်းနောက်ခံနဲ့
နော်မန်ဒီကမ်းခြေများဟာ မောင်ရင်ငတေတို့လို့ ဘယ်ဖြစ်ဖြစ် ခရီးသွားနေချင်သူများနဲ့
စည်ကားလို့
နေဦးမှာကလည်း မလွဲမသွေ အမှန်ပါ ခင်ဗျား။
နေဦးမှာကလည်း မလွဲမသွေ အမှန်ပါ ခင်ဗျား။
မောင်ရင်ငတေ ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ မိုးအေးအေးလေအေးအေးနဲ့ မှုန်ပြာမှိုင်းရီ
နော်မန်ဒီဘရစ်တနီ
ကမ်းခြေများအကြောင်း အတိုအစ ရေးသားထားတာလေးတွေ ရှိပါသေးတယ်၊ အဆုံးသတ် ရေးဖြစ်
အောင်တော့ ကြိုးစားရပါဦးမယ်၊ နောက်များ မကြာမီမှာ ပေါ့။
ကမ်းခြေများအကြောင်း အတိုအစ ရေးသားထားတာလေးတွေ ရှိပါသေးတယ်၊ အဆုံးသတ် ရေးဖြစ်
အောင်တော့ ကြိုးစားရပါဦးမယ်၊ နောက်များ မကြာမီမှာ ပေါ့။
မောင်ရင်ငတေ ၀၁၀၇၂၀၁၅-၀၆၀၆၂၀၁၈
မောင်ရင်ငတေ ခရီးသွားခြင်း အနုပညာ
နော်မန်ဒီ ဘရစ်တနီ
ကမ်းခြေများ စာစု (၂)
နော်မန်ဒီ ဒီ-ဒေးနဲ့
ကမ်းခြေများ
Aucun commentaire:
Publier un commentaire