Cable Ferry Across the Rhine in Basel (ဓါတ်ပုံမရငတ)
အဲဒီ Münster-Fähre လုပ်ငန်းက ၁၈၇၇ ခုနှစ်ဝန်းကျင်ကာလထဲကတိုင်
စတင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပြီး ဒီကနေ့ထိတိုင်လည်း လည်ပတ်နေနိုင်နေဆဲ
လုပ်ငန်းတခုပါတဲ့၊ အဲဒါကိုက မောင်ရင်ငတေ့အတွက် စိတ်ဝင်စားမှုတွေ
ပိုများလာစေခဲ့ပါတယ် ဆိုရင်တော့ မမှားပေပါဘူး။

မောင်ရင်ငတေ အဲဒီနေရာ ရောက်တဲ့နေ့က မနက်ပိုင်းတပိုင်းလုံး ခပ်ဖွဲဖွဲနဲ့ စွေနေတဲ့မိုးရယ်
အုံ့ဆိုင်း မှိုင်းနေတဲ့ တိမ်ညိုမည်းမည်းတွေရယ်အောက်မှာ ဘာဇယ် ရိုင်းမြစ်ရေက ရေးစီးအား
ခပ်သန်သန်နဲ့ စီးဆင်းနေချိန်ပါ၊
ဒါပေမယ့် ကံလေးကကောင်းချင်တော့ နေမွန်းတည့် အကျော်မှာတော့ မိုးကောင်းကင်က
ကြည်လင်လို့လာ ပြာလို့လာသလို တမနက်လုံး ပျောက်နေတဲ့ နေမင်းကလည်း တိမ်ဆိုင်
ဖြူတွေကြား ပြူထွက်လာပါတယ်၊ အဲဒီအချိန်မှာ ဘာဇယ်လမ်းမတွေပေါ်မှာလည်း
ဘယ်ကရောက် လာတယ်မသိ လူတွေ လူတွေနဲ့ စည်ကားလို့ လာပါတယ်၊
အဲဒီမှာ မနက်ပိုင်းချိန်က မောင်ရင်ငတေ တွေ့ခဲ့ရတဲ့ ဘာဇယ် Münster-Fähre
ဖယ်ရီလှေလေးကတော့ မနက်ကြီးပိုင်းကလို မဟုတ်တော့ပါ ဘူး၊ မနားမနေ ဟိုဘက်ဒီဘက်
ကူးလို့ အလုပ်တွေ မမောနိုင် မပမ်းနိုင် လုပ်နေရပါပြီ။

မောင်ရင်ငတေ့ မျက်မြင်အရ ရိုင်းမြစ်ရေရဲ့ ရေစီးအားက ပါရီမြို့လယ်မှာ
ဖြတ်သန်း စီးဆင်းသွားတဲ့ စဲန်းမြစ် ရေအလျှင်ထက် သုံးလေးဆ သာနိုင်ပါတယ်၊
အဲဒီလို မြန်ဆန်စွာ စီးဆင်းနေတဲ့ ရိုင်းမြစ်ရေ ပြင်ကို စက်မပါ မော်တာမပါအင်ဂျင်မပါ
တက်တွေလက်တွေ ဘာမှမပါရှိပါဘဲနဲ့ ရေစီးကြောင်းတိုင်း သံကြိုး တွဲလောင်းနဲ့ ကမ်းနှစ်ဘက်ကို
ဆက်သွယ်ပေးနေတဲ့ ကူးတို့လှေ စနစ်ပါ။

Aucun commentaire:
Publier un commentaire