နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၅)
(Photo KCorail)
ကိုစံရွှေမြင့်ရေ့
ဘဝကလည်း အဲဒီ ကတည်းက ပျော်ရာမှာ မနေရတဲ့ ဘဝပါဗျာ၊ အတည်တကျ
မနေရတဲ့ ဘဝပေါ့၊
ဇာတိ ဟင်္သာတမှာ ချက်မြှုပ်လာခဲ့ရာကနေ ပုသိမ် ရေနံချောင်း မိတ္ထီလာ စလေ မိတ္ထီလာ မန္တလေး
ရန်ကုန် တနှစ် တကျောင်းဆိုသလို ပြောင်းရွှေ့နေခဲ့ရ၊ အဲဒီကနေ
ဘီကေကေ ကေအယ်လ် ဆိုးလ်း
နောက်တော့ ရန်ကုန် ပြည် ရွှေတောင့့် အဲဒီလိုနဲ့ ပါရီ-အီဗရီသား ဖြစ်လာခဲ့ရ၊ ဘဝက
ပျော်ရာမှာ မနေရတော့ နေရာမှာ ပျော် ပျော်တတ်ခဲ့ရတာ့ ဆန်းလှတယ်လို့
နောက်တော့ ရန်ကုန် ပြည် ရွှေတောင့့် အဲဒီလိုနဲ့ ပါရီ-အီဗရီသား ဖြစ်လာခဲ့ရ၊ ဘဝက
ပျော်ရာမှာ မနေရတော့ နေရာမှာ ပျော် ပျော်တတ်ခဲ့ရတာ့ ဆန်းလှတယ်လို့
ဘယ်ပြောရတော့မှာလည်းနော့ ကိုစံရွှေမြင့်ရေ။
အဲ့ ပါရီ-အီဗရီသား ဖြစ်ခဲ့ရပြီးနောက်
မင်း ဘဝက တည်ငြိမ်ခဲ့ပြီလား ခင်ဗျားမေးရင်
တအိမ်ပြီးတအိမ် ရွှေ့ခဲ့ရသလို မထင်မှတ်တဲ့ ဘဝအပြောင်းလဲတွေ
တွေ့ကြုံရ အဲဒါကိုစူးနှစ်ခံစားပြီး
ရင်ခုန်သံတွေကိုကျေနပ် လတ်ဆတ်အောင် နေခဲ့တာပေါ့ဗျာ၊ ဘဝအပြောင်းနေရာအပြောင်းတွေမှာ
ဖားသားကြီး မားသားကြီးတွေ ပေးခဲ့တဲ့ နာမည်ရင်းလည်း သိတဲ့သူ
မရှိလောက်အောင် နာမည်တွေ
ပြောင်းလဲခဲ့ရတာလည်း ကျေကျေနပ်နပ်နဲ့ နေတတ်ပါပြီ ဗျာ။
(ဓါတ်ပုံ မရငတ)
ဘာတခုမှ မယ်မယ်ရရ မလုပ်ဖြစ်ခဲ့တော့လည်း ခါးသီးတဲ့ လမ်းကို
လျှောက်ရင်းလျှောက်ရင်း ပျော်
ပျော်တတ်လာတယ် ပေါ့ဗျာ၊ အဲသလိုနဲ့ နာမည်ရင်းက ကိုယ်တိုင်တောင်မှ မေ့တေ့တေ့ ဖြစ်လာချိန်
ကမ္ဘာကြီးကလည်း တဖြေးဖြေး ကျဉ်းမြောင်းလာလေတော့ ဆက်သွယ်မှု ပြင်ပရောက်နေတဲ့ နေရပ်
ရင်းက အကြောင်းတွေကလည်း ဝေးရာကနေ နည်းနည်းတော့ နီးလာသလို ခံစားရတယ်ပေါ့ဗျာ။

စိတ်အထင်နဲ့ လွမ်းခဲ့ရတာတွေက မျက်အမြင်သာမက နားအကြားအထိ အိမ်ချင်းကပ်စကားပြောရ
သလို ခေတ်ကလွယ်ကူလာတာကိုး၊ လွန်ခဲ့တဲ့အနှစ်သုံးဆယ်က လက်ကျန်ဘော်ဒါဟောင်းကြီးတွေ
ကလည်း လိုင်းပေါ်မှာ တစတစ ပြန်ပြန်ပေါ်လာတော့ စာတတန်ပေတတန်
ခေါ်မကြားအော်မကြား
ခေတ်ဆိုးကြီးကလို အဆက်သွယ်ဖြတ်ထားလို့က မရပေတော့ဘူးပေါ့၊
အဲတော့ အတိတ်ဟောင်းကို
ဝိုင်လေးတခွက်သောက်လိုက် စာလေးတကြောင်း နှစ်ကြောင်းရေးလိုက်နဲ့
အလွမ်းဓါတ်အားဖြည့်ပြီး
ခပ် ဝေးဝေးကနေ တိတ်တဆိတ်လေး လွမ်းရုံလေးသာ လွမ်းကောင်းနေတဲ့ကောင်လည်း ဒီအတိုင်း
ဘယ်လိုလို့ ဆက်နေလို့ ရတော့မှာလည်းနော့့်။
ခပ် ဝေးဝေးကနေ တိတ်တဆိတ်လေး လွမ်းရုံလေးသာ လွမ်းကောင်းနေတဲ့ကောင်လည်း ဒီအတိုင်း
ဘယ်လိုလို့ ဆက်နေလို့ ရတော့မှာလည်းနော့့်။
အဲဒီလို နာမည်ရင်းနဲ့ ပြန်လည်အဆက်ရလာသူတွေ များများလာတော့လည်း
့
ကိုစံရွှေမြင့်ရေ့ အဲဒါကြောင့် ခင်ဗျားကို စိတ်ထဲ
မှတ်မှတ်ထင်ထင် ပြန်ရမိလာတာပေါ့ဗျာ။
ကိုစံရွှေမြင့်ရေ့
ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
ကျင်လည်ခဲ့ရတဲ့ နယ်တွေထဲမှာတော့ ထီလာနယ်က မှတ်မှတ်ရရ အရှိခဲ့ဆုံးပေါ့။
ဒါကြောင့် တခါကနေ့ရက်များအကြောင်း စဉ်းစားမိရင် ထိပ်ဆုံးက
ပေါ်ပေါ်လာတာပေါ့ဗျာ၊
ဘဝမှာ ပထမအဦးပိုင်း နေခဲ့ရတဲ့ ဟင်္သာတတို့ ပုသိမ်တို့ကတော့
ကံသိပ်မတိုက်ဆိုင်ခဲ့လို့
ပြန်မနင်းဖြစ်ခဲ့ပေမယ့် ထီလာမြေကတော့ တိုက်ဆိုင်မှုများခဲ့
အကြိမ်များများ နင်းခွင့်ရခဲ့တဲ့မြေပေါ့။
ခင်ဗျားကတော့ ပြောမှာပေါ့့  အေ့း့ မင်းမှတ်ထာ့း့ ဆယ့်ခြောက်နှစ်သား
ဘဝဆိုတာ ဆယ့်ခြောက် သုံးလီ လေးဆယ့်ရှစ် ဆယ့်ခြောက် လေးလီ
ခြောက်ဆယ့်လေး
ဆယ့်ခြောက် ငါးလီ ရှစ်ဆယ် ဘယ်တော့ ဘယ်အချိန် ပြန်တွေးတွေး
အဲအချိန်က စပြန်တွေး
တတ်တာ လူ့သဘာဝပေါ့ကွာ ဟုတ်မယ်မှလာ့း့ ခင်ဗျား ပြောမှာ သေချာတယ်။
မောင်ရင်ငတေ ၂၈၀၇၂၀၁၇
နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၅)
မောင်ရင်ငတေ ၂၈၀၇၂၀၁၇
Aucun commentaire:
Publier un commentaire