****
Restaurant Chez Moi **
** Som Tum သင်္ဘောသီးထောင်း * **
** ส้มตำไทย Salade Thaïlande
* ** * Hot Thai Green Papaya Salad ** *
(ချ က်ြ ခ င်း ဘိုင့့်  မရငတ)
ထိုင်းလမ်းဘေးက အော်ရဂျင်နယ် Som Tum သင်္ဘောသီးထောင်း (ဓါတ်ပုံ မရငတ)
ဒီကနေ့ ထိုင်းလို Som Tum
Isaan Dialect နဲ့ဆိုရင်တော့ Tum Som၊
ထိုင်း တချို့နယ်တွေမှာတော့ Tum Bak Hoong။
Som ဆိုတာက Sour
Tum ဆိုတာက To Pound in the Mortor
Som Tum ဆွမ့်သမ် ကို ဗမာမှုပြုတော့ သင်္ဘောသီးထောင်း
ပြင်သစ်တွေ အင်္ဂလိပ်တွေကတော့ Salade Thaï့  Thaï Salad။
မောင်ရင်ငတေတို့ ဗမာတွေ ထိုင်းအစားအစာကို တခြားမကြိုက်ရင်
ရှိရမယ်၊
ဒီ ခပ်စပ်စပ် Som Tum ဆွမ့်သမ် သင်္ဘောသီးထောင်းကိုတော့ ကြိုက်သူတွေ
များလှပါတယ်၊
မူရင်းကတော့ ထိုင်းအစာအများစု ထုံးစံအတိုင်း ထိုင်းအရှေ့မြောက်ဒေသ
အီဆန်နယ် ဖြစ်ပါတယ်။
ภาคอีสาน Isaan အီဆန်နယ်ဆိုတာကတော့ ထိုင်းအရှေ့မြောက်နဲ့ နယ်နမိတ်ချင်း ဆက်စပ်နေတဲ့
လာအိုမြေတို့ ကမ္ဘောဒီးယားမြေတို့လည်း တစိတ်တပိုင်း ပါဝင်ခဲ့တယ်ဆိုပါတယ်၊
Isanapura ဆိုတဲ့
မြို့တော်ဟောင်းကတော့ ဒီကနေ့ ကမ္ဘောဒီးယား နယ်မြေထဲမှာ တည်ရှိပါတယ်၊
မူလလက်ဟောင်း
ကတော့ မွန်ခမာ အင်ပါယာထဲက နယ်မြေတမြေ ဖြစ်ဖို့ များပါတယ်။
အဲသလို ထိုင်းမြောက်ပိုင်း အစာတွေက ဒီကနေ့ ထိုင်းနိုင်ငံတဝှမ်း
ထင်ပေါ်ကျော်ကြားလာတဲ့ ရိုးရာ
အစားအစာတွေ ဖြစ်လာခဲ့ပါပြီး ဒီဆွမ့်သမ် သင်္ဘောသီးထောင်းကတော့
နံပတ်ဝမ်းလို့ ပြောလို့ရနေပါပြီ၊
တကယ်လည်း အရသာရှိသလို အစပ်လျှော့လိုက်ရင်တော့ လူမျိုးမရွေး
ဘာသာမရွေး စားသုံး နိုင်တဲ့ အစာ
အဖြစ် ရပ်တည်နိုင်မယ့် အစားအစာပါ။
ချဉ်ချဉ်စပ်စပ်ဆို ဘာမဆိုအကြိုက်တွေ့တတ်တဲ့ မောင်ရင်ငတေ့အတွက်ကတော့
မက်မောဘွယ်ရာ
ထိုင်းအစာတမျိုး ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး၊ ထိုင်းကိုရောက်လို့
ဘန်ကောက်ရောက်လို့ ဆိုင်
တကာမှာ မမှာမဖြစ် မှာစားဖြစ်ရတဲ့စားစရာ မီနူးတမျိုးဖြစ်လာသလို
ပါရီမြို့တော်က အာဆီယံတန်း
တရုတ်တန်း ရောက်ခဲ့ပါရင်လည်း ကောင်းကောင်း မကောင်းကောင်း
မှာစာချင်နေတတ်တဲ့ ထိုင်း
အစာလို့သာ ပြောရပါတော့မယ်။
ပါရီမြို့က (ချ က်ြ ခ င်း ဘိုင့့်  မရငတ) Som Tum သင်္ဘောသီးထောင်း (ဓါတ်ပုံ မရငတ)
ဒါပေမယ့် ပါရီက အာရှ ဆိုင်တွေမှာ ရောင်းတဲ့ ဈေးနှုန်းက သာမန်
တော်ရိလျော်ရိ ဆွမ့်သမ်တပွဲကို
စကော့ဝီစကီ တပိုင်းနှုန်းမျှ ဈေးပေါက်တာကြောင့် မောင်ရင်ငတေကတော့
တော်ရုံနဲ့ သွားမစားဖြစ် ပါဘူး၊
အဲဒါကြောင့် တခါတရံမှာ ချဉ်ချင်းတပ်လာခဲ့ရင်တော့ အခုလို
မောင်ရင်ငတေ ကိုယ်တိုင်လုပ် စားပါတဲ့
(ချ က်ြ ခ င်း ဘိုင့့်  မရငတ)
ရဲ့ ယိုးဒယား သင်္ဘောသီးထောင်းပါ ခင်ဗျား။
သင်္ဘောသီးထောင်းနည်း နိဿရည်းကိုတော့ ရေးမပြတော့ပါဘဲ့
့
မောင်ရင်ငတေ ကိုယ်တိုင် မှတ်တမ်းတင်ခဲ့ပါတဲ့ ထိုင်းကမ်းခြေ
တနေရာက
အမှန်အကန် သင်္ဘောသီးထောင်းဆိုင်က အမှန်အကန် သင်္ဘောသီးထောင်းနေသူ
ထိုင်းမကြီးရဲ့တယောက်ရဲ့ အမှန်အကန် သင်္ဘောသီး ထောင်းနေတဲ့ပုံ
မှတ်တမ်းရယ်၊
အင်တာနက် အွန်လိုင်းပေါ်က အချက်အပြုတ် ဝါသနာရှင် ထိုင်းမမ
ချောချောလှလှကြီးတွေရဲ့ ထောင်းပုံထောင်းနည်းတွေကိုသာ ပူးတွဲ
တင်ပြလိုက်ရကြောင်းပါ။
Som Tum by MaungYin NgaTay
Green Papaya Salad Hot Thai Kitchen
ကျေးဇူးအထူးတင်ရှိစွာဖြင့့်
**** Restaurant Chez Moi **
(ချ က်ြ ခ င်း ဘိုင့့်  မရငတ) ၂၄၀၅၂၀၁၇