ရုပ်ကြမ်းကြီးနဲ့ နွဲ့တဲ့ သူပုန်
ရုပ်ကြမ်းကြီးနဲ့
နွဲ့တဲ့ သူပုန်
ခင်ဗျားပြောတော့
သူပုန်ဆို
ဘာလို့
ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတာလဲ၊
ခင်ဗျားပြောတော့
သူပုန်ဆို
ဘာလို့
လက်နက်မကိုင် ကလောင်ကိုင်လဲ၊
ခင်ဗျားပြောတော့
သူပုန်ဆို
ဘာလို့
ကဗျာတွေ စာတွေ နုနေရတာလဲ၊
ခင်ဗျားပြောတော့
သူပုန်ဆို
ဘာလို့
တောထဲမနေဘဲ မြို့တက်နေလဲ၊
ခင်ဗျားပြောတော့
သူပုန်ဆို
ဘာလို့
အလွမ်းတွေ အဆွေးတွေနဲ့ ဝေးနေတာလဲ၊
ဒီမှာ
ကောင်မလေးရေ
ငါဟာ
တော်လှန်ရေသမား
ပလီပလာတွေမရှိ
လေးတွေမြားတွေမရှိ
အဲဒီ
မရှိခြင်းတရား လက်ကိုင်ထားပြီး လက်နက်မကိုင်တဲ့ သူပုန်
ကဗျာတပုဒ်
စာတပုဒ်နဲ့ လှေခွက်ထဲက စွဲစွဲမြဲမြဲ ဆက်တိုက်နေမယ့် သူပုန်၊
ဒီမှာ
ကောင်မလေးရေ
ငါဟာ တောထဲမှာ မနေတဲ့ သူပုန်
ငါဟာ
ရုပ်ကြမ်းကြီးနဲ့ နွဲ့တဲ့ သူပုန်ပါ၊ ။။။
(မရငတ)
၂၂၀၄၂၀၁၅