တခါတုန်းကတော့
မရှိမဖြစ်
တခါတုန်းကတော့
မရှိမဖြစ်
တခါတုန်းကတော့
မရှိမဖြစ်
တခါတုန်းကတော့
မရှိမဖြစ်
တခါတုန်းက
မရှိမဖြစ်ခဲ့တာတွေက ဒီကနေ့မှာတော့ အပိုဆာဒါးတခု ဖြစ်သွားခဲ့ပါပြီ၊
လူတိုင်းလိုလိုအတွက်
သိပ်မကြာသေးတဲ့ တခါတုန်းကတော့ မရှိမဖြစ် အရေးပါခဲ့တဲ့
အရာတခုပါ၊
ဒီကနေ့မှာတော့
ပျောက်ကွယ်မျိုးတုံးစ ပြုနေပါပြီ၊
ဒီကနေ့ခေတ်
လူတွေအတွက် မလိုအပ်တော့တဲ့ အတွက်ကြောင့် အလိုအလျှောက်ဆိုသလို
ပျောက်ကွယ်
လာခဲ့ရခြင်းပါ၊ တချို့နေရာတွေမှာတော့ တခုစ နှစ်ခုစ တွေ့မြင်နေရသေးပေမယ့်
ပြုပြင်သူမရှိ
အမိုးအကာတွေပျက်စီး စုတ်တီးစုတ်ပြတ်နဲ့ အသုံးပြုသူမရှိ ခြောက်ကပ်ကပ်
အထီးကျန်ဘဝ
ရောက်နေပါပြီ၊
နောင်
လေးငါးနှစ်ဆိုရင်တော့ လူ့မြင်ကွင်းက လုံးဝနီးပါး ပျောက်ကွယ်သွားတော့မယ် ထင်ပါတယ်၊ မမြင်ဖူးသူ အသုံးမပြုဖူးသူ
နောက်လာနောင်သားများကတော့ ပြတိုက်ထဲမှာ သွားကြည့်မှ တွေ့ဖူး မြင်ဖူးရတော့မယ့်
အရာတခုသာပါ၊
မောင်ရင်ငတေကတော့ ဘာကိုတွေးပြီး ဘာကိုလွမ်းရမှန်း မသိနိုင် တော့ပါဘူး၊
လွမ်းစရာတွေကလည်း များ များနိုင်လွန်းတာကိုး၊
ဒါတောင်
အဲဒီပုံ မှတ်တမ်းက လွန်ခဲ့တဲ့ လေးနှစ်နီးပါး ၂၀၁၃ ခုနှစ် ဂျန်နဝါရီလကပါ၊
အခုသွားကြည့်
ရှိချင်မှ ရှိတော့မှာပါ၊ သက္ကရာဇ် ၂၀၀၀ ကနေ ၂၀၁၀ လောက်အတွင်းက
မောင်ရင်ငတေရဲ့
မရှိမဖြစ် ပေါ့၊
မောင်ရင်ငတေရဲ့
မရှိမဖြစ် ပေါ့၊
မောင်ရင်ငတေရဲ့
မရှိမဖြစ် ပေါ့၊
မောင်ရင်ငတေ
၀၂၁၀၂၀၁၆
Aucun commentaire:
Publier un commentaire