စပျစ်ဝိုင်ရဲ့ယဉ်ကျေးမှု
** ဘဝထဲကလူသား ** * စပျစ်သီးခူးသမား ** * စာစုရဲ့ နောက်ဆက်တွဲ (နှစ်)
ရှန်ပိန် ဝိုင် နဲ့ ကော့ညှက် ရှယ်ရီ (သို့မဟုတ်) စပျစ်ဝိုင်တွေရဲ့
အကြောင်း နောက်ဆက်တွဲ
* ** စပျစ်ဝိုင်ရဲ့ယဉ်ကျေးမှု
(Viticulture) ** **
စပျစ်ပျိုးချိန် ဧပရယ် (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ စပျစ်ခူးသမား ဖြစ်ခဲ့ဖူးလို့လားတော့ မသိပါဘူး၊ ရောက်ရှိဖူးတဲ့
နေရာဒေသ တွေမှာ စပျစ်ခင်း တကျယ်တပြောကြီးတွေ တွေ့လိုက်ရတာနဲ့ မဖြစ်မနေ
ဓါတ်ပုံရိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာစေခဲ့ပါတယ်၊ စပျစ်အကြောင်း ဝိုင်အကြောင်းတွေ
တွေ့ရရင် ဖတ်ချင်မိရပါတယ်၊ ရေးချင်မိရ ပါတယ်၊ ဝိုင်ပုလင်းတွေ ဝိုင်ပုံးတွေ တွေ့ရရင်တော့
သောက်ချင်မိရတာပေါ့၊
စပျစ်စိုက်ပျိုး ဝိုင်ချက်လုပ်တဲ့
လုပ်ငန်းဟာ အခုအခါမှာတော့ နိုင်ငံ တော်တော်များများမှာ
စီးပွားဖြစ် လုပ်ကိုင်ဖို့ ကြိုးပမ်းလာကြပါပြီ၊ မောင်ရင်ငတေတို့ရဲ့ မွေးရပ်ဋ္ဌာနေ ရွှေပြည်တော်ကြီး
ဆီမှာလည်း ဂျာမဏီ နည်းပညာ အရင်းအနှီးများနဲ့ လုပ်ကိုင်တဲ့ အေးသာယာ စပျစ်ဝိုင်
လုပ်ငန်းဟာ အတော်ကို နာမည်ကြီး နေတယ်လို့ ဆိုပါတယ်၊
မြန်မာ အင်တာနက် စာမျက်နှာတွေမှာ အေးသာယာ စပျစ်ခြံနဲ့ စပျစ်ဝိုင်ပုံတွေက တော်တော်ကို
အတွေ့ရများလာပါတယ်၊ စိမ်းလန်းမြေ စပျစ်ခြံဆိုပြီး ဖေ့စ်ဘုတ်ခ် စာမျက်နှာ တခုကိုလည်း
တွေ့ရှိမိပါတယ်၊ မေမြို့ မိုးကုတ်လမ်း သံဘိုရွာမှာ ရှိပါတယ်တဲ့၊ ဟိုအရင် ခပ်ငယ်ငယ်တုန်း
ကတော့ မိတ္ထီလာပျော်ဘွယ်နယ်ဘက်တွေမှာတော့ အသီးစားတဲ့ စင်ထိုးစိုက်ရတဲ့

စပျစ်စင်တွေကိုတော့
တွေ့မြင်ခဲ့ဖူးပါတယ်၊ အေးသာယာစပျစ်လိုမျိုး ဝိုင်ချက်ဖို့အတွက်
ရည်ရွယ်ပြီး စိုက်ကြတာကိုတော့ မမြင်တွေ့ဖူးခဲ့ပါဘူး၊
ရည်ရွယ်ပြီး စိုက်ကြတာကိုတော့ မမြင်တွေ့ဖူးခဲ့ပါဘူး၊
တကယ်ကတော့ စားတဲ့စပျစ်နဲ့ ချက်တဲ့စပျစ်က မတူဘူး လို့သာ လွယ်လွယ်ပြောရမှာပါ၊
ဝိုင်ချက်တဲ့ စပျစ်ပင်တွေက စင်ထိုးစိုက်တာမျိုး မဟုတ်ပါဘူး၊ ပင်ပျိုသက် လေးငါးနှစ်ရှိမှ
စတင်
အသီးသီးတာပါ၊ ပင်စည်ကနေ ဖြာထွက်သွားတဲ့ အကိုင်းအခက်အညွန့် တွေကနေမှ
အသီးသီးတာပါ၊ ပင်စည်ကနေ ဖြာထွက်သွားတဲ့ အကိုင်းအခက်အညွန့် တွေကနေမှ
အသီးတွေသီးလာတာပါ၊
စပျစ်ခူးရာသီ ကုန်ဆုံးပြီးချိန် ကျန်ရစ်တဲ့ စပျစ်ရွက်ဝါရွက်ရင့် ရွက်ခြောက်တွေကို
ဖယ်ရှားရှင်းလင်းပြီးချိန်မှာတော့ စပျစ်ခင်းတွေဟာ ဥရောပ ဆောင်းတွင်းရာသီ
စပျစ်ခူးရာသီ ကုန်ဆုံးပြီးချိန် ကျန်ရစ်တဲ့ စပျစ်ရွက်ဝါရွက်ရင့် ရွက်ခြောက်တွေကို
ဖယ်ရှားရှင်းလင်းပြီးချိန်မှာတော့ စပျစ်ခင်းတွေဟာ ဥရောပ ဆောင်းတွင်းရာသီ
ကုန်ချိန်အထိ ရိုးတန်ကျဲကျဲ
ပင်စည်ငုတ်တုတ်နဲ့သာ တွေ့မြင်ရမှာပါ၊
New
World vs Old World Wine ကမ္ဘာ့ဝိုင် အဓိက ထုတ်လုပ်ရာ ဒေသများ (Photo
Google)
ဝိုင်ကမ္ဘာဟောင်း နိုင်ငံများကတော့ ရောမအင်ပါယာခေတ် နောက်ပိုင်းကာလ အဓိက
ချက်လုပ်ခဲ့ရာ နိုင်ငံများ ဖြစ်ကြတဲ့ Italy, France, Spain, Portugal, Austria, Germany,
Greece တို့ ဖြစ်ကြပြီး Hungary, Israel, Romania, Slovakia, Slovenia, Croatia, Cyprus,
Switzerland, England, Macedonia. နိုင်ငံများကတော့ ဝိုင်သမိုင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း
အခုအခါမှာတော့ အနည်းအပါး လောက်သာ ဒေသတွင်းသုံးအဖြစ် ချက်လုပ်တော့ပါတယ်၊
ဝိုင်ကမ္ဘာသစ်ကိုတော့ ဦးဆောင်နေကြ သူတွေက ထုံးစံအတိုင်း အင်အားကြီး နိုင်ငံများဖြစ်ကြ
တဲ့ United States, Australia, တို့ပါ၊ New Zealand, Argentina, Chile, South Africa,
China, India, Uruguay, Brazil, Mexico, Canada တို့မှာလည်း အခု တော်တော်များများ
ထုတ်လုပ်လာနေကြပါပြီ၊
ဝိုင်ကမ္ဘာဟောင်း နိုင်ငံမှာ ပါဝင်ခဲ့တဲ့ အစ္စရေးလို ဒေသမျိုးတွေမှာကတော့ ဘာသာရေး
အခက်အခဲတွေကြောင့် ထွန်းကားမှု နည်းပါးခဲ့ရပါတယ်လို့ ဆိုကြပါတယ်၊ ဝိုင်ကမ္ဘာဟောင်းနဲ့
အသစ် အဓိက ကွာခြားမှုကတော့ ထွက်ရှိ လာတဲ့ ဝိုင်တွေကို နှစ်ချို့ဝိုင်အဖြစ် သိမ်းဆည်း
ထားရှိရာမှာ ကွာတာပါတဲ့၊
ရီစရာတခုလို့ ပြောရမှာ ဖြစ်တာကတော့ ဝိုင်အများဆုံး သောက်သုံးရာ နယ်မြေစာရင်းမှာ
ပုတ်ရဟန်းမင်းကြီး နေထိုင်ရာ အီတလီက Vatican City State က နံပတ်တစ်အဖြစ်
စာရင်းတခုမှာ တွေ့ရှိ နေရတာပါ၊ ဗာတီကန် စီးတီး ဆိုတာက ပုတ်ရဟန်းမင်းကြီး
အပါအဝင် နေထိုင်ကြသူပေါင်း အယောက် ရှစ်ရာ့ငါးဆယ်ခန့် လောက်သာရှိတဲ့ နိုင်ငံပိစိလေး
အပါအဝင် နေထိုင်ကြသူပေါင်း အယောက် ရှစ်ရာ့ငါးဆယ်ခန့် လောက်သာရှိတဲ့ နိုင်ငံပိစိလေး
တခုသာပါ၊ တယောက်ကို တနှစ်မှာ ဝိုင်လီတာ ခြောက်ဆယ်ကျော် သောက်သုံးပါသတဲ့၊
ဒါတောင် ခလေးတွေ စာရင်းထဲမှာ ပါမပါ မသိပါဘူး၊
The Principal Wine Regions in France ပြင်သစ်ပြည်ရဲ့ ရှန်ပိန် ကော့ညက် အရ်မာညက်
ကာဗားဒိုး
နဲ့ အခြားသော စပတ်ကလင်ဝိုင်မျိုးစုံ ထွက်ရှိရာပြတဲ့ မြေပုံ (Photo Google)
ကမ္ဘာ့စပျစ်ဝိုင် စိုက်ပျိုးထုတ်လုပ်မှုမှာရော တင်ပို့ရောင်းချမှုမှာပါ စပိန် ပြင်သစ် အီတလီ
သုံးနိုင်ငံက ထိပ်ဆုံးမှာ ရှိနေပါတယ်၊ သုံးနိုင်ငံပေါင်းရင် ထုတ်လုပ်တင်ပို့ ရောင်းချမှုက ၆၀
ရာခိုင်နှုန်းကျော်ရှိပြီး စိုက်ပျိုးဧရိယာ ဟက်တာပေါင်း စပိန်မှာ ဆယ်နှစ်သိန်း ပြင်သစ်မှာ
ကိုးသိန်းနဲ့ အီတလီမှာ ရှစ်သိန်း ရှိပါတယ်၊
ဒီ သုံးနိုင်ငံ နောက်မှာတော့ တူရကီ အမေရိကန် တရုတ် တောင်အာဖရိက သြစတေးလျှ
အာဂျင်တီးနားတို့ ဖြစ်ကြပါတယ်၊ တရုတ်နိုင်ငံကတော့ လူဦးရေက များလွန်းလို့လား ဝိုင်
ကွာလတီ ကောင်းတာ မထွက်လို့လား မသိပါဘူး၊ ပြန်သွင်းရတာ တနှစ်ကို ဒေါ်လာ
သန်းလေးငါးရာဖိုး ရှိပါသတဲ့၊
မောင်ရင်ငတေကတော့ ပြင်သစ်မှာနေလို့ ပြင်သစ်ဘက်ကနေ လိုက်ပြောပါတယ် ဆိုရင်လည်း
မငြင်းချင်ပါဘူး၊ သောက်ခဲ့ဖူးတဲ့ ဝိုင်အမျိုးမျိုးမှာ ဈေးအရမ်းကြီးတဲ့ နာမည်ကြီး တံဆိပ်
ကပ်ထားတဲ့ ဝိုင် အမျိုးအစားများကိုတော့ ကောင်းပါတယ် မကောင်းပါဘူး ဆိုတာကို သုံးသပ်
မပြောလိုပေမယ့် ဈေးခပ်ပေါပေါနဲ့ သောက်လို့လည်းကောင်းပါတယ်ဆိုတဲ့ ဝိုင်အမျိုးမျိုးကတော့
မိတ်အင် ပြင်သစ်သာ ဖြစ်ပါကြောင်း အတည်ပြုပြောကြားလိုပါတယ်၊
ရွှေပြည်တော်အေးသာယာထွက် စပျစ်ဝိုင်ဆိုတာကို မသောက်ဖူးလို့ ကောင်းမကောင်းကို
မပြောကြားနိုင်ပေမယ့် အေးသာယာ ဝိုင် တပုလင်း တန်ဖိုးက ပြင်သစ်ဝိုင် သာမန် နိစ္စဓူဝ
တန်းဝင်သောက်သုံးနိုင်တဲ့ ဝိုင်ဈေးနှုန်းထက် လေးငါးဆကြီး နေပါတယ်၊ အေးသာယာဝိုင်
သောက်သုံးဖူးသူ မောင်ရင်ငတေ သူငယ်ချင်းများရဲ့ ပြောကြားမှုပါ၊
ပြင်သစ်ဝိုင်ရဲ့ တပုလင်းဈေးနှုန်းက ရွှေကျပ်ငွေနဲ့ဆိုရင် နှစ်ထောင်သုံးထောင်ကျော်လောက် ၏
သာ ရှိနေကြောင်းပါ၊ ဒါတောင်မှ မောင်ရင်ငတေတို့ နိစ္စဓူဝ သောက်သုံးနေကြတဲ့ ငါးလီတာဝင်
စက္ကူပုံးတပုံးရဲ့ တန်ဖိုးက ရွှေကျပ်ငွေ ရှစ်ထောင်လောက်သာပေးရကြောင်းပါ၊
ဒီထက် သက်သာချင်ရင် ရှာတတ်ဖွေတတ်မယ် ဆိုခဲ့ရင်တော့ စက္ကူပုံးသွပ် ပလပ်စတစ်
ပုလင်းသွပ် စပိန်ဝိုင်တွေကတော့ ဈေးပိုမိုချိုသာကြောင်းပါ၊

ရှန်ပိန်နယ်က
စပျစ်ခင်း (ဓါတ်ပုံ မရငတ)
စပျစ်ပင် အမျိုးအစားများစွာကနေ ချက်လုပ်တဲ့ ဒီအရည်တွေကို စိုက်ပျိုးချက်လုပ်ရာ
နယ်မြေဒေသများကို အစွဲပြုပြီး ခေါ်ကြတာပါ၊
Champagne နယ်က စိုက်ပြီး ချက်တာကို ရှန်ပိန်လို့ ခေါ်ဆိုကြပြီး Cognac နယ်မှာ
စိုက်ပျိုးပြီးချက်လိုက်ရင်
ကော့ညှက်အမည်တွင်ပါတယ်၊ Cognac ဒေသ အပြင်က
ဘယ်ဒေသကမဆို နည်းပညာအသစ်တွေနဲ့
ဘယ်လောက်ကောင်းအောင် ချက်ချက်
ကော့ညက်လို့ ခေါ်ခွင့် မရှိပါဘူး၊
Jura တောင်တန်းပေါ်က ထွက်ရှိတဲ့ Crémant du Jura ဆိုတာကလည်း ရှန်ပိန် ကဲ့သို့ အမြှုပ်
ထွက်တဲ့ စပတ်ကလင်ဝိုင် အမျိုးအစားပါ၊ ဒါပေမယ့် ရှန်ပိန်လို အရသာရှိ သောက်လို့
ကောင်းပါတယ် ဆိုပေမယ့် ရှန်ပိန်ပြည်နယ်က ထွက်ရှိတာ မဟုတ်လို့ ရှန်ပိန် အမည်ခံလို့
မရသလို ရှန်ပိန်ဈေးကိုလည်း မကျော်နိုင်ပါဘူး၊ အဲဒီလိုသာပါ၊
Armagnac နယ်ကထွက်ရှိတာမို့ အရ်မာညက် ခေါ်ကြပေမယ့် တကယ်တော့ ကော့ညက်နဲ့
အတူတူပါ၊ ကော့ညက် အရ်မာညက်တို့ရဲ့ အမျိုးအစား ကိုတော့ ဘရန်ဒီလို့ သတ်မှတ်ကြပြန်
ပါတယ်၊
အားလုံးဟာ စပျစ်သီးတွေက ချက်ထားကြတဲ့အရည် တွေသာပါ၊ ကော့ညက် အရ်မာညက်တို့နဲ့
ခပ်ဆင်ဆင်တူ ဘရန်ဒီ စာရင်းဝင်တွေ ရှိကြသေးပေမယ့် ဒေသအလိုက် ရိုးရာအဆင့်မျှသာ
ရှိပါတယ်၊ အဲဒီလို ဘရန်ဒီအဆင့် အားလုံးကို ခြုံပြီးတော့ Eaux-de-Vie de Vin .. . . . . ….
……. … … "Water of Life" လို့ ခေါ်ဆိုလေ့ ရှိကြပါတယ်၊

စပျစ်ညွှန့် စပျစ်နွယ်
(ဓါတ်ပုံ မရငတ)
စပျစ်ပင်မျိုးကွဲပေါင်း မြောက်များစွာရှိပေမယ့် Chardonnay, Pinot Noir, Cabernet
Sauvignon, Sauvignon Blanc, Melon de Bourgogne, Syrah , Merlot, Gamay,
Chenin Blanc, Muscat de Hambourg တို့ကတော့ နာမည်ကြီး အမျိုးကောင်းတွေလို့ ဆိုကြပါတယ်၊
စပျစ်အမျိုးအစားပေါ် မူတည် စိုက်ပျိုးမြေနေရာဒေသပေါ် မူတည်ပြီးတော့ ထွက်ရှိလာတဲ့
ဝိုင်အရည်အသွေး အနိမ့်အမြင့် ကွာသွားတတ်ပေမယ့် ရိတ်သိမ်းခါနီး ရာသီဥတုကလည်း
အဓိက အရေးကြီးဆုံး အချက်ထဲမှာ ပါပါ တယ်တဲ့၊
ရာသီဥတု ဖောက်ပြန်တဲ့နှစ်က ထွက်ရှိတဲ့ စပျစ်သီးကနေ ဘယ်လိုချက်ချက် ချက်တဲ့ ဝိုင်
ကတော့ နှစ်ချို့ဝိုင် မဖြစ်နိုင်ပါဘူးလို့လည်း ဆိုကြပါတယ်၊
၁၉၇၅ ခုနှစ်က ရှန်ပိန်နယ်တွေမှာ ရာသီ ဥတုမှန်ပြီး ထွက်ရှိခဲ့တဲ့ ရှန်ပိန်တွေဝိုင်တွေက
နှစ်ချို့သိမ်းဖို့ ကောင်းလှတာကြောင့် ဈေးနှုန်းမြင့်မား တဲ့ နှစ်ချို့အဖြစ် နာမည်ကြီးပါတယ်၊
ဘီစီ ၆ ရာစုခန့် ကထဲက
စတင်ခဲ့တယ်လို့ဆိုတဲ့ ပြင်သစ်ဝိုင်လုပ်ငန်းကတော့
အကြီးကျယ်ဆုံးပါဘဲ၊ တနှစ်ကို တလီတာဆန့် ပုလင်းပေါင်း ၈ ဘီလီယံ ထုပ်လုပ်ပါ တယ်တဲ့၊
အကြီးကျယ်ဆုံးပါဘဲ၊ တနှစ်ကို တလီတာဆန့် ပုလင်းပေါင်း ၈ ဘီလီယံ ထုပ်လုပ်ပါ တယ်တဲ့၊
ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ နဲ့သာ တွက်ကြည့်ကြပါတော့၊ ပြင်သစ်ပြည် တဝှန်းလုံးနီးပါးမှာ
စပျစ်ဝိုင် စိုက်ပျိုး ချက်လုပ်ကြတယ် ဆိုပေမယ့်လည်း တကမ္ဘာလုံး အတိုင်းအတာနဲ့ လူသိများ
တာကတော့ Bordeaux ဘော်ဒိုးဒေသက ထွက်တဲ့ ဝိုင်ပါ၊
Burgundy ခေါ် ပြင်သစ်လို Bourgogne ဘူးဂွန်းန်းဒေသကတော့ အခုအခါမှာ ပိုမို လူသိများ
လာပေမယ့်လည်း ဘူးဂွန်းန်ဝိုင်ရဲ့ အခြေခံ ဈေးနှုန်းတွေက ကြီးမြင့်လှတာကြောင့် နေရာ
တကာ ဆိုင်တကာမှာ တွေ့ရလေ့ သိပ်မရှိပါဘူး၊
တယူရိုခွဲနှစ်ယူရိုတန်တဲ့ ဘောဒိုးဝိုင်ပုလင်းတွေကို အလွယ်တကူ ဝယ်လို့ ရနိုင်ပေမယ့်
ဘူးဂွန်းန် ဝိုင်ပုလင်းတွေကိုတော့ တွေ့ရခဲပါတယ်၊
ရွှေပြည်ကြီးက
စိမ်းလန်းမြေ အေးသာယာ စပျစ်ခြံများရဲ့ပုံတွေကို ဖြတ်ညှပ်ကပ်ထားတာပါ၊
အစိမ်းရောင်လွင်ပြင်ဘလောက်ခ်
စိမ်းလန်းမြေစပျစ်ခြံနဲ့ မူရင်းပိုင်ရှင်များကို ကျေးဇူးတင်ပါတယ်၊
(Viticulture) စပျစ်စိုက်ပျိုး ဝိုင်ထုတ်လုပ်ခြင်းဆိုင်ရာ လေ့လာမှုအတတ်ပညာကို
မောင်ရင်ငတေရဲ့ ဘာသာစကားဖလှယ်မှု ပညာအရ *စပျစ်ဝိုင်ရဲ့ ယဉ်ကျေးမှု* ဟုသာ
လွယ်လွယ်ကူကူ ဘာသာပြန် လိုက်ရကြောင်းပါ ခင်ဗျာ၊
** ဘဝထဲကလူသား ** * စပျစ်သီးခူးသမား ** * စာစုရဲ့ နောက်ဆက်တွဲ (နှစ်)
ရှန်ပိန် ဝိုင် နဲ့ ကော့ညှက် ရှယ်ရီ (သို့မဟုတ်) စပျစ်ဝိုင်တွေရဲ့
အကြောင်း နောက်ဆက်တွဲ
* ** စပျစ်ဝိုင်ရဲ့ယဉ်ကျေးမှု
(Viticulture) ** **
မောင်ရင်ငတေ ၁၈၀၃၂၀၁၅
Aucun commentaire:
Publier un commentaire