ပါရီဒိုင်ယာရီ
(တစ်)
ပါရီဒိုင်ယာရီ (တစ်) (ဓါတ်ပုံ
မရငတ)
ဒီကနေ့
ပါရီမြို့ကို ဧည့်သည် နှစ်ယောက် ရောက်ရှိလာလို့ လိုက်ပို့ဖြစ်ခဲ့
သွားဖြစ်ခဲ့သော ဒိုင်ယာရီ
မှတ်တမ်း အတိုချုပ်ပြီး ရေးသားလိုက်ရပါတယ်၊
ရေးလက်စ ** * ပါရီမြို့မှာ တနေ့တာ ** *
စာစု များကတော့
အကျယ်ရေးတာဖြစ်လို့ ဖြေးဖြေးချင်းသာ ဆက်ရေးသွားနိုင်ပါမယ်၊
ပါရီကို
ရောက်ရှိ လာကြသူများကို လိုက်လံပို့ဆောင်ရာမှာ သူတို့တတွေရဲ့ ဝါသနာပါမှု
စိတ်ဝင်စားမှု အချိန်ပေးနိုင်မှု တွေပေါ်မှာ မူတည်ပြီး သွားတဲ့ခရီးလမ်းကြောင်းကို
အစဉ်ပြေသလို စဉ်းစား ပြောင်းလဲပြီးမှ သွားတာ ဖြစ်လို့ ရောက်ရှိရာ နေရာများကတော့
ထပ်ကာထပ်ကာ ပြန်လည် ပါဝင်နေကောင်း နေပေမယ့် အဲဒီ နေရာများရဲ့ စိတ်ဝင်စားဖွယ်ရာ
သမိုင်းနောက်ကြောင်းတွေကိုတော့ တခါနဲ့တခါ မထပ်ရစေအောင် ကြိုးစားရေးသား သွားပါမယ်၊

Gare de Paris-Est မနက် ၁၁ နာရီ ၀၀ မိနစ်
ဂျာမဏီကနေ
တဆင့် လာကြသူတွေပါ၊ ပါရီ Gare de Paris-Est ကို ရထား ၁၁ နာရီ
ဆိုက်ပါတယ်၊ မောင်ရင်ငတေ သွားမကြိုဖြစ်ပါဘူး၊ ဘူတာကနေဟော်တယ်ကို တက္ကစီငှား

သွားခိုင်းလိုက်ပါတယ်၊ တည်းခိုရာက
ပါရီမြို့အရှေ့ခြမ်းရှိ Bercy ဆိုတဲ့ မေထရိုဘူတာ
အနီးမှာပါ၊ Paris-Est ဘူတာကနေ မေထရိုနဲ့ သွားမယ်ဆိုရင် နှစ်ဆင့်စီးမှ ရောက်ပါမယ်၊

မြေအောက်မေထရို လိုင်းအမှတ် (၆) နဲ့ (၁၄)
ဆုံတွေ့ရာ ဘူတာ တခုပါ၊
ခရီးဆောင်သေတ္တာကြီးတွေပါလို့
မေထရိုလှေကားရဲ့ အဆင်းအတက်တွေမှာ သယ်ဖို့
ပြဿနာရှိလို့ တက္ကစီငှားသွားတော့ ငါးကီလိုမီတာဝေးတဲ့ ဟော်တယ်ကို ၁၅ ယူရိုမျှလောက်သာ

ကျသင့်ပါတယ်၊ အများအားဖြင့်ကတော့ ပါရီတက္ကစီသမားတွေက ပုံမှန်ဆက်ဆံရေး ရှိကြသူ
တွေပါ၊ ဒါပေမယ့် တချို့ သော တက္ကစီသမားတွေကတော့ ထုံးစံအတိုင်း ကလိန်ကျချင်တဲ့စိတ်
ရှိကြသူတွေလည်း ရှိမှာပါ၊

Bercy နေ့လည် ၁၂ နာရီ ၃၀ မိနစ်
ဟော်တယ်မှာ
မောင်ရင်ငတေ သွားတွေ့ပါတယ်၊ သွားချင်ကြတဲ့
ခရီးစဉ်ကို မေးမြန်း တိုင်ပင်
ပါတယ်၊ ဗိုက်ဆာ၍ နေ့လည်စာစားရန် လမ်းကြောင်းသင့်တဲ့ နေရာ ရွေးပါတယ်၊ ပါရီ
မြေအောက် မြေပေါ် ကား ရထား အကုန်စီးလို့ရတဲ့ တရက်သုံးလက်မှတ် ၇ ယူရို ပြား ၃၀

နဲ့ဝယ်၊ ပါရီမြို့လယ်ခေါင်
အရင်သွားမယ်ဆိုပြီး လမ်းကြောင်းသင့်ရာ မြေအောက် မေထရို လိုင်း
(၁၄) စီးပြီး Châtelet ဘူတာမှာဆင်းပါတယ်၊ Châtelet ကနေ Hôtel de Ville ဘက်ကို လမ်း
လျှောက် သွားပြီး Sichuan တရုတ် စားသောက်ဆိုင် တဆိုင်မှာ နေ့လည်စာ စားဖို့ ဝင်ပါတယ်၊

Châtelet နေ့လည် ၀၁ နာရီ ၁၀ မိနစ်
စားသောက်ဆိုင်ရောက်တော့
စားသုံးသူ သိပ်မရှိ၍ ခပ်မြန်မြန်မှာ ခပ်မြန်မြန်စားလို့ ရပါတယ်၊
စီချွမ် အစာ ဆိုတော့
ငရုတ်သီးစပ်စပ်နဲ့ စားကောင်းသလို ဆက်ဆံရေးလည်း အဆိုးဝါးကြီး
မဟုတ်ပါဘူး၊ ပါရီမြို့ရဲ့
စားသောက်ဆိုင်များ ပြင်သစ်စာ ဘိုစာ တရုတ်စာ အိန္ဒိယစာ အများစု
က ဆက်ဆံရေး ညံ့ ဖျင်းပါတယ်၊ လစာကောင်းကောင်း ဘောနပ်စ်မန်းနီးကောင်းကောင်းရတဲ့
ဆိုင်ကောင်းကောင်းတွေ ရွေးချယ်လို့ ထိုင်မိခဲ့ပါရင်တော့ မဆိုးလှပါဘူး၊ အများအားဖြင့်ကတော့
ပြုံးပြုံးရွှင်ရွှင်နဲ့ မြင်တွေ့ရခဲပါတယ်၊ ဘဝအမောတွေ များလေကြတော့လည်း အပြုံးအရွှင်တွေက

နည်းပါလာကြဟန် တူပါတယ်၊
Hôtel de Ville နေ့လည် ၀၂ နာရီ ၁၅ မိနစ်
စားသောက်ပြီးစီး၍
အနီးဆုံးဖြစ်တဲ့ Hôtel de Ville ပါရီ မြို့တော်ခန်းမရှေ့ သွားကြပါတယ်၊
ဒီနေရာမှာလည်း
မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်လေ့ရှိကြပါလို့ ဓါတ်ပုံ နည်းနည်းပါးပါးရိုက်ပြီး
Hôtel de Ville ဘူတာကနေ မေထရို (၁) လိုင်းကို စီးပြီးတော့ Palais Royal-Musée du
Louvre ဘူတာ သွားပါတယ်၊ သိပ်မဝေးပါဘူး၊ သုံးဘူတာသာပါ၊

Hôtel du Louvre နေ့လည် ၀၂ နာရီ ၃၀ မိနစ်
မိုနာလီဇာနဲ့
ဗီးနပ်စ်ရုပ်တုရှိတဲ့ Musée du Louvre ပြတိုက်ရှိရာပါ၊
ဘူတာကနေ ပြတိုက်ရှိရာဆီသို့ မြေအောက်လမ်းအတိုင်း မသွားမိပါဘဲ အပေါ်ပေါက်က
ထွက်မိတော့ ကင်းဝန်မင်းကြီး ၁၈၇၀ ခုနှစ် များဆီက ပါရီရောက်ခိုက် တည်းခိုသွားခဲ့ဖူးတယ်
ဆိုတဲ့ Hôtel du Louvre အရှေ့ ရောက်သွားခဲ့လို့ ဓါတ်ပုံရိုက် မှတ်တမ်းတင်ကြ ပြန်ပါတယ်၊

Musée du Louvre နေ့လည် ၀၂ နာရီ ၄၅ မိနစ် (ဓါတ်ပုံ မရငတ)
Musée
du Louvre ပြတိုက်ဝန်းထဲရောက်ပါပြီ၊ ပြတိုက်ထဲတော့ ဝင်မကြည့်ဖြစ်သေးဘဲ
Pyramide du Louvre မှန်ပိရမစ်နားတဝိုက်မှာ ဓါတ်ပုံလှည့်ရိုက်ကြပါတယ်၊

ပြတိုက်အထဲသို့ ဝင်ကြည့်လိုပါကမနက်ဖန်မှသာ
ဝင်ကြည့်ရန် ပြောကြပြီး ပူလွန်းသဖြင့်
ပန်းခြံတွင်းထဲ လမ်းဆက်မလျှောက်တော့ဘဲ Arc
de Triomphe du Carrousel မုခ်ဦး
အနားကနေ Louvre ပြတိုက်အောက်ထဲသို့ မေထရိုစီးရန် ဆင်းကြပါတယ်၊ အဲဒီ အောက်ထဲ ကလည်း ဈေးဆိုင်တန်းများနဲ့ စည်ကားတဲ့ နေရာတနေရာပါ၊

George V နေ့လည် ၀၃ နာရီ ၀၅ မိနစ်
မေထရိုလိုင်း
(၁) ဆက်စီးဖြစ်ကြပြီး Concorde ကျောက်တိုင်ကို ညနေကျမှ ကြည့်ရန်ပြောပြီး
တော့ Avenue des Champs-Élysées ရှောင်ဇေလီဇေ လမ်းမကြီးပေါ် လျှောက်ရန် George V
ဘူတာမှာ ဆင်းကြပါတယ်၊ ဈေးဆိုင်တန်များနဲ့ စည်ကားရာပါ၊

Avenue des Champs-Élysées နေ့လည် ၀၃ နာရီ ၂၂ မိနစ်
George
V ဘူတာကနေ ရှောင်ဇေလီဇေ လမ်းမကြီးအတိုင်း Arc de Triomphe de l'Étoile
မုခ်ဦး ဆီသို့
ဦးတည်လမ်းလျှောက်ကြပါတယ်၊ ငါးမိနစ်ကျော်မျှလမ်းလျှောက်ပြီး မုခ်ဦးအနားကို
ရောက်ပါ
တယ်၊ ဒီနေရာကတော့ မှတ်တမ်းတင်ကြသူတွေ များလှသလို အချိန်ပိုပေးရပါတယ်၊
မိနစ်နှစ်ဆယ်
ခန့်မျှ ကြာပြီးတော့ မုခ်ဦးရင်ပြင်ကို မြေအောက်လမ်းကနေ ကူးကြပါတယ်၊
Arc de Triomphe de l'Étoile နေ့လည် ၀၃ နာရီ ၄၀ မိနစ်
မုခ်ဦးရင်ပြင်မှာကတော့
ပါရီ အပူဒဏ်ကို မေ့လျော့သွားရလောက်ကို အေးမြလှပါတဲ့ လေအေး
အေး လေးတွေ ရရှိတဲ့ နေရာပါ၊ မောင်ရင်ငတေကတော့ အဲဒီနေရာကိုရောက်လာရင် ရင်ပြင်

ကြမ်းပြင်က ကျောက်ပြားအေးအေးပေါ်
ခြေပစ်လက်ပစ် ထိုင်ချလို့ မုခ်ဦးကြီးရဲ့ ကြီးကျယ်
ခမ်းနား လှတဲ့ အလှကို ခံစားရင်း ခေတ္တအနားယူ ခြေညောင်းဖြေနေကြပါ၊ ဓါတ်ပုံရိုက်သူ
တွေကတော့ များလှတဲ့ နေရာပေါ့၊

Trocadéro ညနေ ၀၄ နာရီ ၀၅ မိနစ်
အီဖယ်မျှော်စင်ကိုသွားဖို့
ရှောင်ဇေလီဇေလမ်းမထိပ်က Charles de Gaulle Étoile ဘူတာ
ပြန်သွားကြပြီး
မေထရိုလိုင်း အမှတ် (၆) ကို စီးပါတယ်၊ ကြားနှစ်ဘူတာစီးပြီး
သုံးဘူတာမြောက် Trocadéro ဘူတာမှာ ဆင်းရင် အီဖယ်သို့ ရောက်ပါပြီ၊

Tour Eiffel ညနေ ၀၄ နာရီ ၂၅ မိနစ်
Trocadéro
ရင်ပြင် ရောက်ပါပြီ၊ အီဖယ်ခြေရင်းသို့ ဖြေးဖြေးမှန်မှန်နဲ့ နားနားနေနေ
ဆင်းကြပါတယ်၊ ခဏနားလိုက်ထိုင်လိုက် ဓါတ်ပုံရိုက်လိုက်ပေါ့၊ လေးဆယ်ငါး မိနစ်
ခန့်ကြာပါတယ်၊ သောက်သောက် စားစား ထိုင်တာဆိုရင်တော့ ဒီထက် နှစ်ဆမက
အချိန်ပိုကြာနိုင်ပါတယ်၊

Champ de Mars ညနေ ၀၅ နာရီ ၁၅ မိနစ်
အီဖယ်ခြေရင်း
ရောက်ပေမယ့် ခြေရင်းရင်ပြင်ကွက်လပ်ကို အရင်လို အလွယ်ဝင်လို့ မရတော့
ပါဘူး၊ အတားအဆီး အစစ်အဆေးတွေကြောင့်မို့လို့ အီဖယ်ထိပ်သို့ တက်ချင်ရင် မနက်ဖန်
မနက်စောစော လာပြီး တန်းစီတက်ကြပါပြောရင်း အီဖယ်ဘေးလမ်းကနေ Champ de Mars
မြက်ခင်းပြင်ဘက်ကို ဆက်လျှောက်ကြပါတယ်၊ ပါရီနေကပူလွန်းလို့ ခပ်ဖြေးဖြေးသာ
လျှောက်နိုင် တာမို့ နာရီဝက်လောက် လျှောက်ရပါတယ်၊ ကင်မရာမှတ်တမ်း တင်နိုင်မှု
အားလည်း လျော့ကျသွားခဲ့တဲ့ အချိန်ပါ၊

École Militaire ညနေ ၀၅ နာရီ ၅၀ မိနစ်
Champ
de Mars မြက်ခင်းပြင်အစွန်းက နပိုလီယံဘိုနာပတ် တက်ခဲ့ဖူးတယ်ဆိုတဲ့ École
Militaire စစ်ကျောင်း တည်ရှိရာ École Militaire ဘူတာကနေ မေထရိုလိုင်း အမှတ် (၈) ကို
စီးမှာပါ၊ သိပ်အ ဝေးကြီးတော့ မဟုတ်ပါဘူး၊ လမ်းဆက်လျှောက်သွားဖို့က နေကျဲကျဲ ပူနေတာမို့ ရထားစီးရခြင်းပါ၊

Esplanade des Invalides ညနေ ၀၆ နာရီ ၀၀ မိနစ်
မေထရို
(၈) နှစ်ဘူတာမျှသာ စီးရပြီး Invalides ဘူတာမှာ တခါပြန်ပြီး မြေပေါ် တက်ရ
ပြန်ပါတယ်၊ Esplanade des Invalides မြက်ခင်းပြင်ကြီးကလည်း တမျှော်တခေါ်ကြီးပါ၊
Hôtel des Invalides (Musée de l'Armée) စစ်သမိုင်းပြတိုက်ရယ် နပိုလီယံခေါင်းတလားကြီး ရှိရာ ရွှေရောင် အမိုးခုံးကြီးနဲ့ ဘုရားကျောင်းကြီး Les Eglises des Invalides တို့ကတော့ အဲဒီ
မြက်ခင်းပြင်ပေါ်မှာ ဓါတ်ပုံရိုက် မှတ်တမ်းတင်သူများရဲ့ နောက်ခံပိတ်ကားကြီးသဖွယ်ပါ၊

Pont Alexandre-III ညနေ ၀၆ နာရီ ၃၅ မိနစ် (ဓါတ်ပုံ မရငတ)
Invalides
မြက်ခင်းပြင် တဘက်ထိပ်မှာတော့ စဲန်းမြစ်ကူး တံတားများစွာထဲက အလှပဆုံး
တံတား တစင်းဖြစ်တဲ့ Pont Alexandre-III တံတားကို တွေ့ရမှာပါ၊ ၁၉၀၀ ပြည့်နှစ်က
တည်ဆောက်ခဲ့တဲ့ ပြင်သစ်-ရုရှား ချစ်ကြည်ရေး အထိမ်းအမှတ် ဒီတံတားပေါ်ကလည်း
ရိုက်ကွင်းရိုက်ကွက်တွေချည်းမို့ အချိန်တော်တော် စားလှပါတယ်၊

၁၆၅ မီတာသာရှည်တဲ့ တံတား ဟိုဘက်ထိပ်ကို ၁၅ မိနစ်ကြာမျှ လျှောက်ရပါတယ်၊
Obélisque de Louxor ညနေ ၀၆ နာရီ ၅၀ မိနစ် (ဓါတ်ပုံ မရငတ)
တံတားထိပ်ကနေ
တည့်တည့်ဆက်သွားမယ်ဆိုရင် Exposition Universelle de Paris
1900 ပြပွဲ ကျင့်ပရာ Petit Palais နဲ့ Grand Palais သို့ ရောက်ပါတယ်၊ အဲဒီဘက်ကို မသွား
ဖြစ်တော့ပါဘဲ ညာဘက်ခြမ်းက Obélisque de Louxor သို့မဟုတ် Concorde ကွန်းကောဒ်
ကျောက်တိုင်ရှိရာ လမ်းဆက်လျှောက် ခဲ့ကြပါတယ်၊ ဆယ်မိနစ်မျှ လျှောက်ရင် ရောက်ပါပြီ၊

အဲဒီ ကျောက်တိုင်ကြီးကို Louis-Philippe Ier လူဝီ ဖိလစ် လက်ထက် ၁၉၃၁ ခုနှစ်မှာ
အီဂျစ်ပြည် နိုင်းမြစ်ကမ်း Louxor မြို့ကနေ မြေထဲပင်လယ်
ကို ဖြတ်သန်း အတ္တလန်တစ်
သမုဒ္ဒရာ ကမ်ရိုးတန်း အင်္ဂလိပ်ရေလက်ကြားမှတဆင့် စဲန်းမြစ်ကမ်းက ပါရီမြို့ထိ ကီလိုမီတာ
တသောင်းနှစ်ထောင်ကျော် ခရီးကို စက်လှေကြီးနဲ့ ခက်ခက်ခဲခဲသယ်ဆောင် လာခဲ့ကြတာပါ၊
၁၉၃၆ ခုနှစ်မှာ ကျောက်တိုင်ကြီး အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပါတယ်၊

Louis XVI et Marie-Antoinette ညနေ ၀၇ နာရီ ၀၀ မိနစ်
ကျောက်တိုင်ရှိရာ
Place de la Concorde ရင်ပြင်ကလည်း သမိုင်းကြောင်းတွေက အပြည့်ပါ၊
လူဝီ ဘုရင်တွေ ခေတ်ကောင်းစဉ်က Place Louis XV သို့မဟုတ် Place Louis XVI နောက်
ပိုင်းမှာတော့ ပြင်သစ် တော်လှန်ရေးကာလ ၁၇၉၂ ခုနှစ်မှာ Place de la Révolution ဆိုပြီး
အမည်ပြောင်းခဲ့ပြန်ပါတယ်၊ ၁၇၉၃ ခုနှစ်မှာတော့ နာမည်ကျော် Guillotine ခေါင်းဖြတ်စက်ကြီး
ထားရှိခဲ့ပြီး Louis XVI လူဝီ (၁၆) ဘုရင်ကြီးနဲ့ Marie-Antoinette မာရီ-အန်တွမ်းနက်ထ်
မိဖုရားကို ခေါင်းဖြတ် သတ်ခဲ့တဲ့ နေရာပါ၊ တခြား မထင်မရှား ဆွမ်းခံရင်း ငှက်သင့်ခဲ့သူ လူသား
တွေလည်း အများအပြားပေါ့၊

Pont des Arts ညနေ ၀၇ နာရီ ၄၅ မိနစ် (ဓါတ်ပုံ မရငတ)
ညနေခွန်နာရီခွဲမှာ ကွန်းကော့ဒ်ဘူတာကနေ မေထရို (၁) သုံးဘူတာစီးပြီး Louvre-Rivoli
ဘူတာမှ တဆင့် သော့တံတားဟောင်း Pont des Arts တံတားဆီသို့ လမ်းလျှောက်ပါတယ်၊
နေဝင်ရီတရော မှောင်စပျိုးချိန် ရောက်ပြီမို့ စဲန်းမြစ်အလှနဲ့ သော့တွေမရှိတော့ပေမယ့် လှပနေဆဲ သစ်သားတံတားပေါ်မှာ လာရောက်လည်ပတ်သူတွေ များနေဆဲပါ၊
သော့တံတားအောက်ကိုဆင်း စဲန်းမြစ်ကမ်းနဘေးမှာ လမ်းလျှောက်ပါတယ်၊ နွေရာသီ အထူး
ပွဲတော် ပြုလုပ်နေတဲ့ Paris Plages အဝင်မှာတော့ လုံခြုံရေးတွေရဲ့ အိတ်ဖွင့်စစ်ဆေးခြင်းကို
ခံခဲ့ ရပါတယ်၊ ဘာမှမဟုတ်တာလေးကို ရဲကားတစီးပိတ်လို့ စစ်ဆေးတာက ကသိကအောင့်
ဖြစ်ကြပေမယ့်လည်း ပါရီသဲသောင် ကမ်းခြေအတုမှာ လာရောက်အပန်းဖြေ ပျော်ပါးသောက်
စား ကခုန်နေကြသူတွေဟာ တိုးရ်ရစ်တွေက နည်းနည်းပါ၊ ပြင်သစ် အဖိုးကြီး အဖွားကြီးတွေက အများစုပါ၊ မောင်ရင်ငတေလည်း လမ်းလျှောက်လို့ မောပန်းလာသမျှကို ငါးကျပ်ခွဲတန် တူးပို့
ဘီယာ တခွက် ဝယ်သောက်လို့ ရင်ထဲက အပူတွေကို ဖြေလျော့လိုက်တော့တာပေါ့၊
Métro Châtelet ည ၀၈ နာရီ ၂၅ မိနစ် (ဓါတ်ပုံ မရငတ)
စဲန်းမြစ်ကမ်းတလျှောက် ခဏလမ်းဆက်လျှောက်ပြီး နောက်တနေ့သွားမယ့် ခရီးစဉ်အကြမ်း
ရေးဆွဲ Châtelet ရှာ့တလေဘူတာကနေ နံပတ် (၁၄) လိုင်းစီးပြီး လာလည်ကြသူတွေတည်းတဲ့
Bercy ကို လိုက်ပို့ခဲ့ပါတယ်၊
Chez Moi ည ၀၉ နာရီ ၂၅ မိနစ်
မောင်ရင်ငတေ
နေထိုင်ရာ ရပ်ကွက်ကို ပြန်ရောက်တော့ ည ကိုးနာရီခွဲလုပါပြီ၊ ပူပူမောမောနဲ့
ပြန်ရောက်
အအေးခံထားတဲ့ ဝိုင်နီတခွက်ငှဲ့ထည့် ရိုက်ကူးမှတ်တမ်းတင် လာခဲ့သမျှကို
ကွန်ပြူတာထဲ ကူးထည့် နေ့လည်က လမ်းလျှောက်ရင်း စိတ်ကူးထဲပေါ်လာသမျှ ဒီစာစုကို
ထိုင်ရေး သန်းခေါင်ကျော်လို့ နှစ်ချက်တီးတိုင် အပြီးမသတ်နိုင်ခဲ့သေးပါ ခင်ဗျာ၊

ကျေးဇူးအထူးတင်ပါကြောင်း၊
မောင်ရင်ငတေ
၂၇၀၈၂၀၁၆
Aucun commentaire:
Publier un commentaire