ခရီးမှတ်တမ်းပုံရိပ်များ
ပြင်သစ်တောင်ပိုင်းက
ဘုရားဖူးသူတွေရဲ့မြို့
Basilique Notre-Dame-du-Rosaire de Lourdes (Rosary Basilica) (1883)
(ဓါတ်ပုံ မရငတ)
ပြင်သစ်ပြည်တောင်ပိုင်း
စပိန်နယ်စပ် ပီရေနေးတောင်တန်းတွေနဲ့ မနီးမဝေး တောင်ခြေတနေရာမှာ
သာယာလှပ
တိတ်ဆိတ် အေးချမ်းတဲ့ မြို့ကလေးတမြို့ ရှိပါတယ်၊
နေထိုင်သူလူဦးရေ
တသောင်းခွဲခန့်သာရှိပြီး သိပ်ထင်ပေါ်ကျော်ကြား လူသိများတဲ့မြို့တော့ မဟုတ် ပါဘူး၊ အရင်ကတော့
ကာသိုလစ်ဘာသာဝင် ဘုရားဖူးလာသူတွေနဲ့ အေးဆေးတိတ်ဆိတ်ခဲ့ပေမယ့် ဒီကနေ့တော့ ဘုရားဖူးတိုးလ်ရစ်တွေနဲ့
ဆူဆူညံညံ စည်စည်ကားကား ဒေသလေး ဖြစ်လာနေပါပြီ၊
ပြင်သစ်တောင်ပိုင်းရဲ့
အဓိကခရီးသွားနေရာ တနေရာ ဖြစ်လာနေတာနဲ့အညီ လူဦးရေတသောင်းခွဲ သာသာ နေထိုင်ကြတဲ့ ဒီနေရာကို
တနှစ်မှာ ဘုရားဖူးတိုးလ်ရစ် ခြောက်သန်းကျော် လာလည်ကြပြီး ဟော်တယ်အလုံးပေါင်း သုံးရာခန့်ရှိနေတာကြောင့်
ပြင်သစ်ပြည်ရဲ့ မြို့တော် ပါရီပြီးရင် ဟော်တယ် အများဆုံး တစုတဝေးတည်းမှာ တည်ရှိတဲ့
နေရာတနေရာ ဖြစ်လာနေပါပြီ၊
အီတလီက
Vatican ဗာတီကန်စီးတီးနဲ့ မက္ကစီကိုပြည်က Basilique Notre-Dame de Guadalupe
ဘုရားကျောင်းတို့ပြီးရင်
ကမ္ဘာပေါ်မှာ ကာသိုလစ်ဘာသာဝင် ဘုရားဖူးလာသူတွေ အလာအများဆုံး နေရာပါတဲ့၊ အဓိကကျတဲ့ အကြောင်းရင်းတွေကတော့
Grotte de Massabielle, Sanctuaires de Lourdes (Sanctuary of Our Lady),
Basilique Notre-Dame-du-Rosaire de Lourdes ဘုရား ကျောင်းတွေရဲ့ ဆုတောင်းပြည့်ခြင်းကြောင့်ပါတဲ့၊
Grotte de Massabielle (ဓါတ်ပုံ မရငတ)
ဆုတောင်း ဖယောင်းတိုင်ကြီးများ (ဓါတ်ပုံ မရငတ)
ဆုတောင်းလာကြသူများ (ဓါတ်ပုံ မရငတ)
ဒီနေရာနဲ့
ဒီဘုရားကျောင်း ဆုတောင်းပြည့်ရခြင်း သမိုင်းကြောင်း အစပြုခဲ့တာက ၁၈၅၈ ခုနှစ်မှာပါ၊
သူတော်စင်မလေး
Sainte Bernadette Soubirous (၁၈၄၄-၁၈၇၉) ပေါ်ပေါက်လို့လာတာကြောင့် ဒီနေရာ ဒီဌာနက စတင်
လူသိများ ထင်ရှားလာခြင်းဆိုရင် မမှားပါဘူး၊
ဒီဘုရားကျောင်းရဲ့ သမိုင်းနဲ့ ဘာကြောင့်
ဆုတောင်းပြည့်ရပါသလဲ ဆိုတာကိုတော့ ခပ်နုံနုံသမား မောင်ရင်ငတေ သေချာမသိပါ၊ ခင်ဗျား၊
မောင်ရင်ငတေကတော့ နေရာဌာနတခုကို ရောက်ဖူးချင်တယ် အကြမ်းဖျင်းလောက် သိပြီး ပြီဆိုရင်ကို
ကျေနပ်ပါပြီ၊
ကိုယ်သိသလောက် ဉာဏ်မီသလောက်ကိုသာ နားလည်သလို မှတ်တမ်း ရေးလို့ တင်ပြရခြင်း
သာပါ၊
အသေးစိတ် သိလိုပါက မောင်ရင်ငတေကို အားမကိုးကြပါနဲ့၊ အွန်လိုင်း အင်တာနက်က ပြင်သစ်
အီတလီ စပိန် ဂျာမန် အင်္ဂလိပ် စာမျက်နှာများကိုသာ အားကိုးကြပါရန်၊
Aucun commentaire:
Publier un commentaire