သွားတချောင်းရဲ့ ဖီလင်
သွားတချောင်းရဲ့ ဖီလင်
သွားတချောင်း ကျွတ်တော့မည်၊ ရှေ့သွားထဲက ပထမဆုံးသော
သွားတချောင်းဖြစ်သည်၊
မကြာခင် သူသွားမှာ သေချာနေပြီ ဖြစ်သည်၊ နာကျင်မှုကတော့
မည်သို့မျှ မခံစားရ၊
စားရသောက်ရတာကတော့ သူ့ကို ခလုတ်တိုက်နေ၍ စားရခက်ပါသည်၊
အံသွားတချို့ကတော့ အချိန် မတိုင်မီကပင် သုံးလေးချောင်း
ကျွတ်သွားခဲ့ပြီးပြီ၊
ထို အံသွားတွေက နောက်နား ရောက်နေ၍ မရှိကြမှန်း
ဘယ်သူမှတော့ မသိကြပါ၊
အခု ဒီသွားကတော့ ရှေ့ခလယ်ခေါင်ကသွား ဖြစ်၍
လူသိများနိုင်ပါသည်၊
ပထမဆုံး အံသွားတချောင်း နာကျင်ခဲ့တာက ကိုးဆယ်ခုနှစ်
အစပိုင်းကပင်၊
မိတ်ဆွေ သွားဆရာဝန်၏ ကောင်းမှုဖြင့် ပထမဦးဆုံး
လက်ပြနှုတ်ဆက် သူထွက်ခွာသွားခဲ့ပါသည်၊
နောက်ထပ် နောက်ထပ်လည်း နှစ်ချောင်းလား သုံးချောင်းလား
သေချာပင် မမှတ်မိတော့ပါ၊
တချောင်းပြီး တချောင်း ညှင်ညှင်သာသာ နှုတ်ဆက်
ထွက်ခွာ သွားခဲ့ ကြပါသည်၊
ဟို လွန်ခဲ့တဲ့ ဆယ်နှစ် နှစ်ထောင့် ငါး ခြောက်
ခွန် ကာလများက ဖြစ်ပါသည်၊
မှတ်မိနေတာကတော့ ခရီးသွားခါနီး ပါရီ စီဒီဂျီ
လေဆိပ် အထွက်နဲ့ အဝင်ဝမှာ ဖြစ်သည်၊
အောက်သွားများ ဖြစ်နေ၍ အပေါ်သို့ ပစ်တင်ခဲ့ခြင်းကြောင့်
အမှတ်ရနေတာ ဖြစ်လိမ့်မည်၊
အဲဒီ သွားများ ထွက်ခွာသွားခဲ့ပြီးနောက် နာကျင်မှု
ကင်းရှင်းစွာနှင့် စားချင်တာစားခဲ့ပါသည်၊
အထူးသဖြင့် ပဲကြော် ပဲလှော် ပဲကြီးခြမ်း ပဲကြီးလှော်များ
စိတ်တိုင်းကျ စားခဲ့တာ မရေတွက်နိုင်ခဲ့ပါ၊
.. . . . . . . . …. …. . . . . . ……… . .. .. . . . . . . .. ………… . . ………….. . . ………. .
.. ….
. ….. ..
. … …………………….. . . . . .. ………………………. . ………….. . ……………. ………..
ရေးနေတုန်း ရေးနေစဲ ရေးနေခိုက်မှာတင် သူကတော့
ထွက်ခွာ သွားနှင့်ပါပြီ၊
ငါးဆယ့်သုံးနှစ်နီပါး အတူတကွ နေထိုင်လာခဲ့ကြသူများလည်း
ဟာတာတာနဲ့ ကျန်ခဲ့ပါပြီ၊
ခဏချက်ချင်းမှာတော့ အရေသောက်သောက် အဖတ်စားစား
သူမရှိတော့တဲ့နေရာက သိသာလှပါသည်၊
ဟိုယခင် အောက်အံသွား သုံးချောင်း ကျွတ်သွားခဲ့တုန်းက
ဒီလောက် မသိသာလှဟု ထင်ပါသည်၊
သို့သော် ဤသို့ ခံစားရမှုက သိပ်တော့ မကြာလိုက်လှပါ၊
နာရီပိုင်းမျှသာပါ၊
ဒါပေသည့် ဒီရှေ့သွားက အရှေ့မှာရှိနေပေမယ့်
ဝါးစားခြင်း အလုပ်မှာတော့ သိပ် အရေးမပါခဲ့တာခဲ့ တာကတော့ သေချာပါသည်၊
အဘယ်ကြောင့်ဆိုသော် အခု ဒီစာ ရေးနေတာကိုက
ဒီသွားမရှိပါဘဲ ပဲကြီးလှော်ဝါးရင်း ရေးနေ၍ ဖြစ်ပါသည်၊ ကျေးဇူးတင်ပါသည်၊
ကားမပါ နွားမပါ သွားမပါနှင့် ရှေ့ခရီးတွေကတော့
ဆက်လက်၍ နှင်ရဦးမည်သာ ဖြစ်ပေသည်၊
(မရငတ) ၂၄-၂၅၀၆၂၀၁၆
Aucun commentaire:
Publier un commentaire