လူဝီဗီတွန် (သို့မဟုတ်) မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာ အကြောင်း
ရှောင်ဇေလီဇေလမ်းမကြီးပေါ်က Louis Vuitton (ဓါတ်ပုံ
မရငတ)
နာမည်ကြီး အိတ်တွေရောင်းတဲ့
လူဝီဗီတွန်ဆိုတဲ့ဆိုင် ရှိတာကိုတော့ ပါရီရောက်စကထဲက သတိပြု
မိပါတယ်၊ တရက်မှာတော့ လန်ဒန်မြို့မှာ ရောက်ရှိ နေထိုင်နေတဲ့ မောင်ရင်ငတေရဲ့ အသိမိတ်ဆွေ
တယောက် ရောက်ရှိလာတဲ့အခါမှာ သူ့ရဲ့ချစ်ရည်းစားအတွက်လက်ဆောင် အိတ်တလုံးဝယ်ဖို့ အစီ
စဉ်ရှိပြီး ဆိုင်ကိုလိုက် ပို့ခိုင်းပါတယ်၊ မောင်ရင်ငတေလည်း ကိုယ်လိုက်ပို့တဲ့ သူတွေထဲက တခါဖူးမျှ
ဝယ်ယူဖို့ အထမမြောက်ခဲ့တာတွေဘဲ ကြုံတွေ့ခဲ့ရတာကြောင့် ဒီတခါတော့ အောင်မြင်စွာနဲ့ ဝယ်ဖြစ်
တော့မယ် ထင်ခဲ့ပါတယ်၊ ဝယ်ပြီးသွားရင်တော့ မှတ်တမ်းတင် ဓါတ်ပုံလေးတွေ ရိုက်ရအုံးမယ်ဆိုပြီး
ကင်မရာတပြင်ပြင်ပေါ့ဗျာ၊ ဒါပေမယ့် ဒီတခါလည်း မဝယ်ဖြစ်ခဲ့ပါဘူး၊ ဈေးကလည်း ကြီးလှသကိုဗျ။

ဘာမဟုတ်တဲ့ အိတ်ကလေးတလုံးကို
၇၇၀ ယူရိုလား ကျသင့်တာလေ၊ တလလုံး ၁၅၆ နာရီ ပင်ပင်
ပန်းပန်း အလုပ်လုပ်ပြီးမှ ယူရို ၁၂၀၀ လောက်ရတဲ့ မောင်ရင်ငတေအနေနဲ့ကတော့ ဒီအိတ်ကလေး
လွယ်ပြီး ရှိုးများချင်တာမျိုး အားမပေးလိုပါဘူးဗျ၊ မတော်တဆ ခါးပိုက်နှိုက်လုသူတွေက ပါရီမြို့အနှံ့
ပေါမှပေါမဟုတ်လား၊ အိတ်ထဲမှာ အကြွေးကဒ်ပြားတွေသာပါပြီး တခြားတန်ဖိုးရှိတာဆို ဘာဆိုဘာ
တခုမှ မပါရှိတဲ့ ငါးရာကျော်တန်တဲ့အိတ်ဆိုပြီး အပြောခံရရင်လည်း ရှက်စရာ မဟုတ်လား၊ ပြီးတော့
အစစ်နဲ့အတု ဘယ်လိုမှ ခွဲခြားသိနိုင်ဖို့ မလွယ်ကူတဲ့ ဒီလို အိတ်မျိုးတွေက တောင်ဥက္ကလာချုပ်လား
မိတ်အင်ပါရီလား ဘယ်သိနိုင်ပါ့မလဲနော့၊ မောင်ရင်ငတေ အနေနဲ့က ဒီကနေ့မှာ နာမည်ကျော်ကြား
လူကြိုက်များနေတဲ့ အဲလို ဈေးကြီးကြီး အိတ်မျိုးကို စိတ်မဝင်စားခဲ့ပေမယ့် အဲဒီလို အိတ်လုပ်ငန်းကို
စတင်ကြံဆလို့ တီထွင်လုပ်ကိုင်ခဲ့သူ Louis Vuitton ဆိုတဲ့ ပုဂ္ဂိုလ်ကြီး အကြောင်းကိုတော့ စိတ်ဝင်
စားမိရ လေးစားမိရပါတယ်။

Louis Vuitton 1854 (Photo
Google)
ဒီ နာမည်ကြီး ခရီးဆောင်အိတ်တွေ
လက်ဆွဲအိတ်တွေကို ချုပ်လုပ်ပြီး သက်မွေးဝမ်းကျောင်းခဲ့ရတဲ့
Louis Vuitton မွန်စီယာ လူဝီဗီတွန် (၁၈၂၁-၁၈၉၂) ကို ပြင်သစ် အရှေ့တောင်ပိုင်းက ဆွစ်ဇာလန်
နယ်စပ်အနီး ဂျူရာတောင်ခြေ Anchay မြို့စွန်နားက လူဦးရေ တရာ့ငါးဆယ်ခန့်သာ နေထိုင်ကြတဲ့
ရွာကလေးမှာ မွေးဖွားခဲ့တာပါ၊ သူ့အသက် ဆယ်နှစ်ကျော်ခန့်မှာ သူ့မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး
သူ့ရဲ့ဖခင်ဖြစ်သူကလည်း နောက်အိမ်ထောင်ပြုခဲ့လို့ သူဟာ အိမ်ကနေထွက်ခွာ လာခဲ့ရပါတယ်တဲ့။

၁၈၃၅ ခုနှစ်မှာ လူဝီဗီတွန်
အိမ်ကထွက်လာတော့ လက်ထဲမှာ ငွေတပြားတချပ်မှမရှိလို့ တွေ့ရာရရာ
အလုပ်လုပ်ပြီး တွေ့ကရာ
အမိုးအကာအောက်မှာ ဖြစ်သလိုသာ အိပ်ခဲ့ရပြီးနောက် နှစ်နှစ်ကြာမှသာ
မြို့တော်ပါရီမြေကို
ခြေချမိပါတယ်တဲ့၊ ပါရီရောက်အောင် ကီလိုမီတာ လေးရာကျော် မိုင်သုံးရာနီးပါး
ခရီးကို ခြေလျှင်လျှောက် ရောက်ရှိလာခဲ့တာပါတဲ့၊ အသက် ၁၆ နှစ်သားအရွယ် ၁၈၃၇ ခုနှစ်မှာ ပါရီ
မြို့ကို ရောက်ရှိလာခဲ့ပြီး ရရာအလုပ် ပေါင်းစုံကို လုပ်ကိုင်ခဲ့ပြီး ၁၈၅၄ ခုနှစ်မှာတော့ Maison Louis
Vuitton အမည်ရတဲ့ ခရီးဆောင် အိတ်မျိုးစုံ ချုပ်တဲ့လုပ်ငန်းကို စတင်တည်ထောင် နိုင်ခဲ့ပါတယ်တဲ့။

ပျိုပျိုအိုအိုတို့အကြိုက် ချစ်ချစ်အတွက် စလင်းဘက် (ဓါတ်ပုံ
မရငတ)
အဲဒီကာလက ဥရောပတလွှားမှာ
စက်မှုတော်လှန်ရေးကြီးရဲ့ နောက်ဆက်တွဲ ရလဒ်ကြီး တခုအဖြစ်
မီးရထားနဲ့ ခရီးသွားလုပ်ငန်းတွေ
ထွန်းကားလာခဲ့တာမှာ လူဝီဗီတွန်ရဲ့ ခရီးဆောင်လက်ဆွဲသေတ္တာ
လုပ်ငန်းဟာ တရှိန်ထိုးအောင်မြင်ခဲ့တာပါ၊
ကင်းဗတ်စ သားရေစများနဲ့ ခိုင်ခိုင်ခန့်ခန့် ချုပ်လို့ထားတဲ့
သူ့ရဲ့ လက်ဆွဲသေတ္တာများကို
ကြိုက်နှစ်သက်သူကတော့ အဲဒီအချိန်က အာဏာသိမ်းပြီး ဘုရင်ဖြစ်
လာတဲ့ Louis-Napoléon
Bonaparte (Napoleon III) တတိယမြောက် နပိုလီယံ (၁၈၀၈-၁၈၇၃)
ရဲ့ မိဖုရားကြီးဖြစ်သူ စပိန်မင်းသမီး
Eugénie de Montijo (၁၈၂၆-၁၉၂၀) ဖြစ်ပါတယ်။
လူဝီဗီတွန် တယောက်
တတိယ နပိုလီယံ မိဖုရားကြီးရဲ့ အိတ်ချုပ်တော် ဖြစ်လာခဲ့သလို အဲဒီချိန်က
ပြင်သစ်ပြည်
အာဏာ အရှိဆုံးသောသူက လူဝီဗီတွန် လက်ဆွဲသေတ္တာများရဲ့ ဖောက်သည်ကောင်း
ဖြစ်လာခဲ့လို့ လူဝီဗီတွန်
လက်ဆွဲသေတ္တာများကို ပိုမို လူကြိုက်များအောင် ကြော်ငြာပေးသလို ဖြစ်ခဲ့
တာပါ၊ ၁၈၉၂ ခုနှစ်မှာ လူဝီဗီတွန် ကွယ်လွန်ခဲ့ပြီးနောက်မှာ သူ့ရဲ့သားဖြစ်သူက
အိတ်ချုပ်လုပ်ငန်း
ကြီးကို ဆက်လက်ဦးစီးပြီးတော့ လုပ်ကိုင်ခဲ့ပါတယ်။
ခရိုဏီဘဘတို့အကြိုက် ခရီးဆောင်သေတ္တာ (ဓါတ်ပုံ မရငတ)
လူဝီဗီတွန်ရဲ့ အိတ်တွေဟာ
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေမယ့် အရောင်အသွေးနဲ့ ဒီဇိုင်းပုံစံတွေက
သိသိသာသာကြီး
ပြောင်းလဲလို့ မသွားခဲ့ပါဘူး၊ အများအားဖြင့် နဂိုမူလအရောင်ဖြစ်တဲ့ ညိုပုတ်ပုတ်
ညိုရင့်ရင့်အရောင်က
အခုထက်ထိတိုင်ပါ၊ ခေတ်ပေါ်မော်ဒယ်မလေးများအကြိုက် ခပ်လန်းလန်းပုံစံ
အရောင် ခပ်တောက်တောက်တွေတော့
ရှိနေပေမယ့်လို့ ခရီးသွားသေတ္တာတွေကတော့ မူလပုံစံကို
အခုထိတိုင် အခြေခံထားတာကိုတော့
ထူးခြားစွာတွေ့ရှိ နေရပါတယ်၊ ပါရီမြို့ကို စရိတ်ပိုက်ဆံမရှိလို့
မိုင်ပေါင်းသုံးရာခရီးကို
နှစ်နှစ်ကျော်ကြာ လမ်းလျှောက်လာခဲ့ရတဲ့ လူဝီဗီတွန့် နာမည်နဲ့ လုပ်ငန်းကြီး
တခုဟာ လူဝီဗီတွန်
ကွယ်လွန်ခဲ့ပြီး နှစ်ပေါင်းတရာ့နှစ်ဆယ်ကျော်ကြာမှာတော့ နာမည်ကြီးသထက်
ကြီးရုံမျှမက
တခြားသော ပြင်သစ်ပြည်ရဲ့ အထင်ကရလုပ်ငန်းကြီးများဖြစ်ကြတဲ့ Moët & Chandon
ရှန်ပိန်လုပ်ငန်းတို့
Hennessy ကော့ညက်ဘရန်ဒီလုပ်ငန်းတို့ Christian Dior နဲ့ Givenchy ရေမွှေး
ထုတ်လုပ်ရေး
လုပ်ငန်းတို့ Sephora ရေမွှေး အရောင်းဆိုင်လုပ်ငန်း ပြင်သစ်နိုင်ငံရဲ့ ၁၈၃၈ ခုနှစ်မှာ
ဖွင့်လှစ်ခဲ့တဲ့ ပထမဆုံးသော Le Bon Marché
ဆူပါမားကက်လုပ်ငန်း ဂျပန်လူမျိုး Kenzo Takada
ထူထောင်ခဲ့တဲ့ Kenzo ဖက်ရှင်ပစ္စည်းလုပ်ငန်းများအပါအဝင်
အခြားအခြားသော လုပ်ငန်းကြီးပေါင်း
များစွာဟာ အခုအခါမှာတော့ ပြင်သစ် ဘီလျှံနာသူဋ္ဌေးကြီး
Bernard Arnault (၁၉၄၉-**) ဦးစီးတဲ့
LVMH လုပ်ငန်းကြီးအောက်မှာ စုရုံးရောက်ရှိလို့
နေပါပြီ၊ အဲဒီလုပ်ငန်းအမည်မှာတော့ လူဝီဗီတွန်ကို
ထိပ်စီးက တင်ထားတာကို တွေ့ရပါတယ်၊
လူဝီဗီတွန် ပစ္စည်းတွေဟာ ဘယ်တော့မှ လျှော့ဈေးမရှိပါ
ဆိုပြီး နာမည်ကြီးပေမယ့် အွန်လိုင်းဈေးကွက်မှာတော့
ဈေးခပ်ပေါပေါနဲ့ ရောင်းချနေကြတာကို တွေ့
မြင်ရလေ့ရှိလို့ စစ်သလားတုသလား
ဆိုတာကိုတော့ မောင်ရင်ငတေလို ခပ်တုံးတုံး ခပ်အအကောင်
ကတော့ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘဲ
လူဝီဗီတွန် ကြိုက်နှစ်သက်သူများသာ ခွဲခြားသိနိုင်ကြမှာပါ။
မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာ လူဝီဗီတွန် (Photo Google)
လူဝီဗီတွန်ရဲ့ အိတ်များကို
အရူးအမူး ကြိုက်နှစ်သက်သူများကတော့ အာရှနဲ့ အာဖရိကန်က သူဋ္ဌေး
လက်သစ်များ ဖြစ်ကြတယ်လို့
ဆိုပါတယ်၊ ဂျပန်ပြည်မှာတော့ လူဝီဗီတွန် ဒီဇိုင်းသစ် စတင်ရောင်းချ
ပေးမယ့်ရက်ဆိုရင် ညအိပ်တန်းစီလို့ စောင့်ဝယ်ကြသူ ပိုက်ဆံဖြုန်းနိုင်တဲ့ ဂျပန်လူငယ်အများအပြား
ရှိပါတယ်လို့ တိုကျိုမြို့ရောက် မောင်ရင်ငတေရဲ့ သူငယ်ချင်းက ပြောပြပါတယ်၊ ကိုယ်တွေ့ ကြုံရဖူး
တာကတော့ ပါရီမြို့ ရှောင်ဇေလီဇေလမ်းမကြီးပေါ်က လူဝီဗီတွန် အရာင်းဆိုင်ရှေ့မှာ ရပ်ကြည့်ရင်း

မယောင်မလည်လုပ်နေခိုက်မှာ ဟောင်ကောင်တရုတ် တိုးလ်ရစ်တယောက်လား ပါရီတရုတ်တန်းက
တရုတ်မလား မသိပါဘူး၊ မောင်ရင်ငတေကို လာလည်တဲ့သူတဦးလို့ ထင်ပြီးတော့ လူဝီဗီတွန်အိတ်
တရုတ်မလား မသိပါဘူး၊ မောင်ရင်ငတေကို လာလည်တဲ့သူတဦးလို့ ထင်ပြီးတော့ လူဝီဗီတွန်အိတ်
ကောင်းကြောင်းတွေပြောပြီး
မဝယ်လိုပါက သူ့ရဲ့ကိုယ်စား ပတ်စ်ပို့စ်စာအုပ်ပြဝယ်ပေးဖို့ တောင်းဆို
လာပါတယ်၊ ပါရီမြို့က လူဝီဗီတွန်ကိုဝယ်ပြီး ဟောင်ကောင်တိုင်ဝမ် မကာအို တရုတ်ပြည်မှာ ပြန်ပြီး
ရောင်းရင် မြိုးမြိုးမြက်မြက် မြတ်ကြလို့ အဝယ်များတဲ့ သူတို့လူမျိုးတွေ ပုံစံဆိုရင် ပတ်စ်ပို့စ်စာအုပ်နဲ့
အမှန်အကန် ခရီးသွားသူတယောက်ဖြစ်မှသာ ရောင်းချပေးတာဖြစ်ပါတယ်တဲ့၊ ၇၈ ရာခိုင်နှုန်းသော
ဂျပန်မလေးများဟာ ဟန်းနီးမွန်းခရီးစဉ်အဖြစ် ပါရီမြို့ကို ရွေးချယ်ကြကြောင်းနဲ့ ပါရီမှာ ဈေးဝယ်ချင်
ကြကြောင်း အဲဒီအခါမှာ ဒီလို Louis Vuitton တံဆိပ် အိတ်ကလေးတလုံးကလည်း မပါမဖြစ် ပါဝင်
ကြကြောင်းပါ၊ ထိုနည်းအတူ မောင်ရင်ငတေတို့ ရွှေပြည်တော်ဖွား မမပျိုပျိုအိုအိုတို့လည်း ခုအခါမှာ
လူဝီဗီတွန် ပြိုင်ပွဲကြီးထဲမှာ ပါဝင်ဆင်နွှဲလာကြသူတွေ ပိုလို့ပိုလို့ များပြား၍ လာနေကြောင်းပါခင်ဗျာ။

လူဝီဗီတွန်သေတ္တာနဲ့ ခရီးသွားကြမယ်
(Photo Google)
လူဝီဗီတွန်ရဲ့ မျိုးဆက်တွေကတော့
ဘယ်ရောက်လို့ ဘယ်ပေါက်ပြီး လက်ရှိ လူဝီဗီတွန် လုပ်ငန်းမှာ
ဘယ်လိုပါဝင် ပတ်သက်နေတယ်ဆိုတာကို
ရေရေရာရာမသိရှိနိုင်ပေမယ့် လက်ရှိ လူဝီဗီတွန်ပိုင်ရှင်
သူဋ္ဌေးကြီးဖြစ်သူ ပြင်သစ်နိုင်ငံမှာ
အခွန်ခဆောင်ရတာ များပြားလွန်းလှလို့ ဘယ်လ်ဂျီယံ နိုင်ငံသား
အဖြစ် ပြောင်းလဲခံယူဖို့ ကြိုးစားခဲ့သူ Bernard Arnault တယောက်ကတော့ သူ့ရဲ့ လုပ်ငန်းတွေကို
အောင်မြင်စွာနဲ့ တိုးချဲ့ရင်း တိုးချဲ့နေသလို *** လူဝီဗီတွန် *** ဆိုတဲ့ အမည်နာမကလည်း နောင်
နှစ်ပေါင်း တော်တော်များများအထိ ဆက်လက်တည်ရှိနေအုံးမှာ မလွဲမသွေပါ ခင်ဗျာ။

(ဥရောပမှာတော့ တတိယအချမ်းသာဆုံးသူဖြစ်ပြီး
ကမ္ဘာ့အချမ်းသာဆုံးသော သူဋ္ဌေးကြီးစာရင်းဝင်
အဲဒီ ဘီလျှံနာကြီး
Bernard Arnault ရဲ့ ဘယ်လ်ဂျီယမ်နိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့မှုကတော့
မအောင်မြင်ခဲ့ပါဘူး ထင်ပါရဲ့၊ ဒီကနေ့ထိတိုင် ပြင်သစ်နိုင်ငံသား အဖြစ်နဲ့သာ တည်ရှိနေစဲပါ ခင်ဗျာ၊
ဘယ်သူတွေက ကန့်ကွက်လို့ ဘယ်သူတွေက ဘာလို့ လက်မခံခဲ့ပါသလဲဆိုတာကို မောင်ရင်ငတေ
စိတ်သိပ်မဝင်စားလို့ မစုံစမ်း မမေးမြန်းမိသေးပါဘူး။)
ဘယ်သူတွေက ကန့်ကွက်လို့ ဘယ်သူတွေက ဘာလို့ လက်မခံခဲ့ပါသလဲဆိုတာကို မောင်ရင်ငတေ
စိတ်သိပ်မဝင်စားလို့ မစုံစမ်း မမေးမြန်းမိသေးပါဘူး။)
အတုအစစ် ခွဲခြားနိုင်ဖို့
နမူနာပါ၊ Counterfeit Louis Vuitton Pochette Multicolore
မောင်ရင်ငတေ ၁၃၀၃၂၀၁၄
http://moemaka.com/archives/36393 မတ်လ ၁၅၊ ၂၀၁၄
လူဝီဗီတွန် နောက်ဆက်တွဲ (တစ်)
မူလလက်ဟောင်း ကြော်ငြာကား
(Photo Google)
ထုံးစံအတိုင်း
လူဝီဗီတွန်အကြောင်း ပြန်ဖတ်ကြည့်တော့ လိုအပ်နေတာလေးတွေကို နည်းနည်းပါးပါး
ပြုပြင်စရာရှိတာ ပြုပြင်ပါတယ်၊ နောက် ဖြည့်စရာရှိတာလေးတွေကိုလည်း ဖြည့်ချင်မိပါသေးတယ်။
မွန်စီယာလူဝီဗီတွန် (၁၈၂၁-၁၈၉၂) မွေးဖွားခဲ့ရာ Anchay ဆိုတာက
ဒီကနေ့ အင်တာနက် စာမျက်
နှာများနဲ့ ဂူဂဲလ်မြေပုံမှာတော့ Lavans-sur-Valouse ဆိုပြီးတွေ့ရပါတယ်၊ တောင်ကုန်းမို့မို့တွေကြား
တောင်ယာစိုက်ခင်းတွေကြား
ဟိုနားအိမ်လေး လေးငါးဆယ်လုံး ဒီနားအိမ်လေး လေးငါးဆယ်လုံးနဲ့
အိမ်စုအိမ်စုတွေထဲက အိမ်စုတစုကို Anchay လို့ ခေါ်ပါတယ်။
အိမ်စုအိမ်စုတွေထဲက အိမ်စုတစုကို Anchay လို့ ခေါ်ပါတယ်။
Charbouilla,
လူဝီဗီတွန်ရဲ့ မွေးရပ်မြေကြီး (Photo
Google)
အဲဒီဂျူရာတောင်တန်းဒေသဆီသို့ ဒီနှစ်ထဲမှာ မောင်ရင်ငတေ နှစ်ခေါက်တိုင်တိုင် ရောက်ခဲ့ပါတယ်၊
Anchay ရွာလေးကို ရောက်ဖူးချင်လို့ သွားဖို့ ကြိုးစားမိခဲ့ပါသေးတယ်၊ ဒါပေမယ့် အဲဒီရွာပိစိလေးကို
ဖြတ်သန်းသွားဖို့ ဘယ်လိုမှ လမ်းကြော မသင့်တာမို့ မရောက်ရှိခဲ့ရပါဘူး၊ အတော်ခေါင်တဲ့ ရွာလေး
လို့သာ ပြောရပါတော့မယ်၊ အဲဒီလမ်းကြောကို ဖြတ်သွားဖူးသူ မောင်ရင်ငတေ့ မိတ်ဆွေအပြောအရ

သာမန်
ရွာစုလေးတွေသာဖြစ်ကြောင်း အေးအေးချမ်းချမ်းနဲ့ တောအလုပ်တောင်အလုပ်တွေကိုသာ
လုပ်ကိုင်စားကြသူတွေသာ ဖြစ်ကြောင်း ရွာလယ်လမ်းဆုံ ကွက်လပ်လေးကို Place Louis Vuitton
လုပ်ကိုင်စားကြသူတွေသာ ဖြစ်ကြောင်း ရွာလယ်လမ်းဆုံ ကွက်လပ်လေးကို Place Louis Vuitton
အမည်ပေးထားတာတော့
တွေ့ခဲ့ရပါကြောင်း ဒါပေမယ့် မွန်စီယာ လူဝီဗီတွန်နဲ့ ပတ်သက်နေတာကို
ဘယ်သူကမှ ဂရုစိုက်ကြဟန် မတူကြကြောင်းကိုပါ ခင်ဗျာ၊ အဲဒါနဲ့ မောင်ရင်ငတေလည်း အပြင်မှာ
တကယ်မရောက်ခဲ့ရပေမယ့် ဂူဂဲလ်မြေပုံကနေ သွားကြည့်လိုက်တော့ အဲသလို ဖြစ်နိုင်ခြေက တရာ
ရာနှုန်းပါ ခင်ဗျား၊ တကယ်ပါ။
ဘယ်သူကမှ ဂရုစိုက်ကြဟန် မတူကြကြောင်းကိုပါ ခင်ဗျာ၊ အဲဒါနဲ့ မောင်ရင်ငတေလည်း အပြင်မှာ
တကယ်မရောက်ခဲ့ရပေမယ့် ဂူဂဲလ်မြေပုံကနေ သွားကြည့်လိုက်တော့ အဲသလို ဖြစ်နိုင်ခြေက တရာ
ရာနှုန်းပါ ခင်ဗျား၊ တကယ်ပါ။
လူဝီဗီတွန်
မွေးဖွားခဲ့ရာ Charbouilla ဆိုတဲ့ မြေနေရာကတော့ Ancheronne ရေချောင်းသေးသေး
ကလေးရဲ့ နဘေးက ခြုံတောကြီး တခုအဖြစ် Anchay အိမ်စုလေးတွေရဲ့ မလှမ်းမကမ်းမှာ တွေ့မြင်
ကလေးရဲ့ နဘေးက ခြုံတောကြီး တခုအဖြစ် Anchay အိမ်စုလေးတွေရဲ့ မလှမ်းမကမ်းမှာ တွေ့မြင်
ရမှာပါတဲ့၊
ဘယ်လိုဖြစ်ဖြစ်ပါ၊ သူလို နာမည်ကျော်တယောက်ရဲ့ မွေးရာမြေကိုတော့ မောင်ရင်ငတေ
ရောက်ဖူးချင်ပါသေးတယ်၊ အခြေအနေ ပေးလာခဲ့ရင်တော့ ရောက်အောင် သွားပါဦးမယ်။
ရောက်ဖူးချင်ပါသေးတယ်၊ အခြေအနေ ပေးလာခဲ့ရင်တော့ ရောက်အောင် သွားပါဦးမယ်။
အဲဒီ ခပ်ခေါင်ခေါင် လူမသိသူမသိ ရွာသားလေးရဲ့ အမည်က ကမ္ဘာအရပ်ရပ်မှာ မသိသူမရှိတော့တဲ့
နာမည်အကြီးဆုံးသော
ဈေးအကြီးဆုံးသော အမှတ်တံဆိပ်တွေထဲမှာ ထိပ်ဆုံးကတံဆိပ်တခုအဖြစ်
ရပ်တည်လာခဲ့တာကို မောင်ရင်ငတေ အသိအမှတ် ပြုပါတယ်။
ရပ်တည်လာခဲ့တာကို မောင်ရင်ငတေ အသိအမှတ် ပြုပါတယ်။
လေးစားမိရတာကတော့
လူဝီဗီတွန် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကိုသာပါ၊
လေးစားပါတယ်
့ မွန်စီယာ လူဝီဗီတွန်
ခင်ဗျား။
လူဝီဗီတွန်
နောက်ဆက်တွဲ (နှစ်)
Louis
Vuitton (ဓါတ်ပုံ မရငတ)
လူဝီဗီတွန်
အမည်နဲ့ ပတ်သက်လို့ သောင်းပြောင်းထွေလာ နောက်ဆက်တွဲတွေ ရေးမယ်ဆိုရင် ရှိပါ
သေးတယ်၊
မောင်ရင်ငတေ့အတွက်တော့ လူဝီဗီတွန် လောကနဲ့ အဝေးကြီးပါ၊ ဒါပေမယ့် ပါရီရွှေမြို့
တော်ကြီးဆီသို့
ကိုရွှေဗမာတွေ အရောက်အပေါက်များလာတဲ့ နှစ်ထောင့်ဆယ့်နှစ် သုံးလေးငါးခုနှစ်
နောက်ပိုင်းမှာ
အဲဒီ နာမည်ကြီး အယ်လ်ဗွီဆိုင် အရှေ့ကို မောင်ရင်ငတေလည်း မကြာခဏဆိုသလို
လိုက်ပို့ရင်း
ရောက်ခဲ့ရတယ်ပေါ့။
Louis
Vuitton Paris
(ဓါတ်ပုံ မရငတ)
အဲဒီမှာ
နှစ်ထောင့်တဆယ့်ငါးလောက်အထိ မောင်ရင်ငတေအတွက် တခါဖူးမျှ ဈေးဦးမပေါက်ဖူးတဲ့
ထောင်ကျော်တန်
အယ်လ်ဗွီအိတ်တလုံး ဝယ်သူတဦးနဲ့ စတင် ကြုံတွေခဲ့ရပါတယ်၊ တော်ရုံဝင်ငွေနဲ့
တော်ရုံလစာလောက်နဲ့
ဝယ်နိုင်ကြမယ် မထင်ပါဘူး၊ တော်တော်ခိုင်ခိုင်မာမာနဲ့ လုပ်ခလစာကောင်း
ကြသူများတောင်
လက်တွန့်သွားကြတာကိုကြုံဖူးတဲ့ မောင်ရင်ငတေ့အတွက် အယ်လ်ဗွီအိတ်တလုံး
ယူရို တထောင့်လေးငါးခြောက်ရာကို
ဖျတ်ကနဲဝယ်ယူနိုင်ရဲတဲ့ ကိုရွှေဗမာ လူငယ် (လူလတ်) တချို့
တချို့ကို တွေ့လာရလေတော့
့ အားကျရလေမလာ့း့
့
့
့
့
ဒါမှမဟုတ် မင်းတို့ကွာ ငါသာဆိုရင့့်
ဝီစကီ
ဝယ် သောက်ပစ်တယ် ပြောရလေမလာ့း့ အကြိုက့့်
့ အကြိုက်ချင်းကတော့ ဘယ်တူ နိုင်ပါ့မလဲလေ။
မောင်ရင်ငတေ့
ဦးနှောက် တွက်ကိန်းတွေ ထဲမှာတော့ 
့
့ 
့
့ တလီတာ ယူရို ၂၀့
့ ယူရို ၁၀၀၀့ ပုလင်း ၅၀့
့ ရွှေအိုရောင် ပုလင်းတွေကိုသာ မျက်လုံးထဲ
တန်းစီလို့ မြင်နေမိကြောင်းပါ ခင်ဗျား
းးးးးးးးးးးး။
သြော်
လူဝီ ဗီတွန့့်
လူဝီ ဗီတွန်
့ လူဝီ ဗီတွန့့် 
့
လူဝီဗီတွန်
ခရေဇီသမားများရဲ့ လူဝီဗီတွန်ဘက်က ရှေ့နေလိုက်မှုထဲမှာ တူညီနေတာ တခုကတော့
ပေးရတဲ့ ပိုက်ဆံနဲ့
တန်တဲ့ အာမခံချက်များ အကြောင်းပါ၊ ခရေဇီသမားများရဲ့ ထောက်ခံချက်အဆို
အရ ခင်ဗျားက အိတ်တလုံး
ဝယ်လိုက်တယ်၊ အာမခံက တသက်ပါတဲ့၊ ပစ္စည်းအများစုရဲ့အာမခံက
တနှစ့့် အများဆုံးရှိမှ
ဆယ်နှစ့့် အယ်လ်ဗွီရဲ့ အာမခံက တသက်၊ ကွာပါတယ်တဲ့။
(အဲ
မောင်ရင်ငတေ့စိတ်ထဲမှာတော့ တသက်သုံးရမှာ ပျင်းစရာကြီးပေါ့ အသံမထွက် ပြောမိတာပါ)။
အပြင်မှာတော့
ဘယ်ပြောမလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ပေါ့၊ သူတိုက်တဲ့ ၁၂ ယူရိုတန် ဘီယာကို သောက်
နေချိန်လေ၊
တသက်တာ သုံးနိုင်အောင်လည်း ခိုင်ခံ့ပါတယ်တဲ့၊ အကယ်၍ တစုံတရာ ကျိုးပဲ့ပျက်စီး
ခဲ့တယ်
ဆိုရင်လည်း ကမ္ဘာအရပ်ရပ်မှာ တရားဝင်ဖွင့်ထားပါတဲ့ ဆိုင်ခွဲတွေမှာ ဝယ်ယူထားတဲ့ အမှန်
အကန် ဘောက်ချာကိုသာ ပြနိုင်ရင် အသစ်တလုံး ချက်ချင်း လဲပေးပါတယ်တဲ့၊ လွန်ခဲ့တဲ့ အနှစ်သုံး
လေးဆယ်က ဝယ်ခဲ့တဲ့သူတွေကို အဲသလို ပြန်လဲပေးခဲ့တာတွေ သက်သေရှိပါတယ်တဲ့၊ အယ်လ်ဗွီ
ပစ္စည်းရဲ့
အပြစ်အနာအဆာတွေကို ထောက်ပြနိုင်ခဲ့လို့ အယ်လ်ဗွီကနေ ကျေးဇူးမှတ်တမ်းတင်မှုကို
ရနိုင်ပါသေးတယ်တဲ့၊
အဲလို အယ်လ်ဗွီ ပါတဲ့ ခင်ဗျာ။
မောင်ရင်ငတေ
၁၇၀၂၂၀၁၇
လူဝီဗီတွန်
နောက်ဆက်တွဲ (သုံး)
အမှန်အကန် အာမခံ အယ်လ်ဗွီ (Photo
Google)
လူဝီဗီတွန် အယ်လ်ဗွီအကြောင်း နောက်ဆက်တွဲ နောက်တခု ပြောချင်ပါသေးတယ်၊။
ဒစ်စကောင့် လျှော့ဈေးချလေ့
မရှိတဲ့ Brand Royalty လို့လည်း ပြောကြပါတဲ့ အယ်လ်ဗွီ ဆိုတာက
တော်ရုံနေရာမှာ ဆိုင်ခွဲ ဖွင့်လေ့ မရှိပါဘူးတဲ့၊ တကမ္ဘာလုံးမှာတော့ စုစုပေါင်းဆိုင်ခွဲ လေးရာလောက်
ရှိပါတယ်တဲ့၊ လူဝီဗီတွန်ရဲ့ ပထမဆုံးနိုင်ငံတကာဆိုင်ခွဲကတော့ ၁၈၈၅ ခုနှစ် လန်ဒန်မြို့မှာ ဖွင့်ခဲ့တဲ့
ဆိုင်လို့ ဆိုကြပါတယ်၊ နိုင်ငံပေါင်းငါးဆယ်ကျော်ရဲ့ မြို့ကြီးတွေမှာ ဖွင့်လှစ်ထားတာပါတဲ့၊ အွန်လိုင်း
ရှိပါတယ်တဲ့၊ လူဝီဗီတွန်ရဲ့ ပထမဆုံးနိုင်ငံတကာဆိုင်ခွဲကတော့ ၁၈၈၅ ခုနှစ် လန်ဒန်မြို့မှာ ဖွင့်ခဲ့တဲ့
ဆိုင်လို့ ဆိုကြပါတယ်၊ နိုင်ငံပေါင်းငါးဆယ်ကျော်ရဲ့ မြို့ကြီးတွေမှာ ဖွင့်လှစ်ထားတာပါတဲ့၊ အွန်လိုင်း
ကနေ ဝယ်ချင်ပါတယ်
ဆိုရင်တော့ သူတို့ရဲ့ တရားဝင် ဖွင့်ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှသာ
ဝယ်လို့ရနိုင်ပါတယ်၊
Amazon လို အွန်လိုင်းရှော့ပင်မှာ ဝင်ရှာကြည့်ရင် အယ်လ်ဗွီအိတ် အသစ်များ
ရောင်းနေတာ တွေ့ရတတ်ပေမယ့်
တရားဝင် မဟုတ်ပါဘဲ ဝယ်ထားသူတွေက အသုံးမလိုတော့ပါ၍
ပြန်လည် ရောင်းချကြခြင်းသာ ဖြစ်ပါတယ်တဲ့။
ပြန်လည် ရောင်းချကြခြင်းသာ ဖြစ်ပါတယ်တဲ့။
မောင်ရင်ငတေ ၁၉၀၄၂၀၁၇
လူဝီဗီတွန် နောက်ဆက်တွဲ (လေး)
လာအိုဈေးမှ
အယ်လ်ဗွီအိတ်
(ဓါတ်ပုံ မရငတ)
Louis
Vuitton ne fait pas de Soldes,
ni de Promotions, et ne Réduit Jamais ses Prix
ni de Promotions, et ne Réduit Jamais ses Prix
အယ်လ်ဗွီရဲ့ တရားဝင်အင်တာနက်ဝက်ဘ်ဆိုက်မှာကိုက အဲလိုရေးထားတာပါ၊ ဘယ်တော့မှ မူရင်း
ဈေးက ဈေးချပြီးရောင်းတာမျိုး အရောင်းမြှင့်တင်ပွဲလုပ် ရောင်းတာမျိုး မရှိပါဘူးတဲ့၊ အခုနောက်ပိုင်း
ခေတ်စားလာတဲ့ OUTLET လို ဆိုင်ဈေးတန်းတွေမှာလည်း ဆိုင်ခွဲ မထားရှိပါဘူးတဲ့။
ဒါပေမယ့်လည်း လူဂုဏ်ထံ လောကသားတွေအကြိုက် လူဝီဗီတွန် အယ်လ်ဗွီအိတ် အမှန်အကန်ကို
ကိုင်ချင်ကြပေမယ့်
ဘဝပေးအခြေအနေအရ ဒေါ်လာထောင်ကျော်တန်နဲ့ အလှမ်းကွာဝေးနေကြသူ
တွေလည်း ကမ္ဘာအရပ်ရပ် အများအပြား ရှိနေမှာကလည်း အမှန်အကန်ပါ။
တွေလည်း ကမ္ဘာအရပ်ရပ် အများအပြား ရှိနေမှာကလည်း အမှန်အကန်ပါ။
အဲသလို
ရင်ထဲကဆန္ဒ အာသီသတွေကို အမှန်အကန်မဖြည့်နိုင်တဲ့ အများသူငှာအတွက် ပေါချောင်
ကောင်း
အယ်လ်ဗွီအိတ်မျိုးတွေ ရှိလာတာကလည်း သဘဝကျတဲ့ ဖြစ်ရပ်တခုသာပါ၊ အတုခေါ်ခေါ်
အဲဒီလို
အယ်လ်ဗွီတံဆိပ်ပါ ပုံစံတူ ပေါချောင်ကောင်း အိတ်ဆိုင်မျိုးတွေက အယ်လ်ဗွီရဲ့ မူရင်းဇာတိ
ပါရီမြို့တော်ရဲ့
လမ်းဘေးဆိုင်လေးတွေမှာလည်း တွေ့ရှိရနိုင်သလို ဟိုးခပ်ဝေးဝေး တောခေါင်ခေါင်
လာအိုပြည်နယ်စပ်
ကျေးတောရွာဈေးလေး တခုမှာလည်း ရောင်းချနေတာ မောင်ရင်ငတေ မြင်ခဲ့ဖူး
ပါတယ်၊
ရောင်းသူဝယ်သူ သူ့အိုးနဲ့သူ့ဆန် တည်ရှိနေခြင်းလို့သာ မောင်ရင်ငတေ ယူဆပါကြောင်း။
အယ်လ်ဗွီ ကောက်ကြောင်း အတိုကောက်
၁၈၂၁
ခုနှစ်မှာ လူဝီ ဗီတွန် ကို မွေးဖွားခဲ့ပါတယ်။
၁၈၃၇
ခုနှစ်မှာ အသက် ၁၆ နှစ်သား လူဝီ ဗီတွန် ပါရီကို ရောက်ရှိခဲ့ပါတယ်၊
၁၈၅၃ ခုနှစ်မှာ ပြင်သစ်ဘုရင် တတိယမြောက် နပိုလီယံ (၁၈၀၈-၁၈၇၃) ရဲ့ မိဖုရားကြီးဖြစ်သူ
စပိန်မင်းသမီး Eugénie de Montijo အတွက်
ခရီးဆောင်အိတ် ချုပ်ပေးရသူဖြစ်လာပြီး
လူသိများ ထင်ရှားလာခဲ့ပါတယ်၊
၁၈၅၄ ခုနှစ်မှာ ကိုယ်ပိုင် ခရီးဆောင် သေတ္တာလုပ်ငန်းကို စတင်ခဲ့ပါတယ်၊
၁၈၅၉ ခုနှစ်မှာတော့ ပါရီမြို့မြောက်ဘက် Asnières အရပ်မှာ အလုပ်ရုံကို စတင်ဖွင့်ခဲ့ပါတယ်၊
သူတို့ မိသားစုတွေလည်း အဲဒီ Ateliers
Louis Vuitton အလုပ်ရုံဝင်းထဲမှာ နေထိုင်ခဲ့ကြပါ
ပါတယ်၊ ဒီကနေ့မှာတော့ La Galerie Louis
Vuitton ဆိုပြီး ပြတိုက်လေး ဖြစ်နေပါပြီ၊
၁၈၆၇ ခုနှစ် ၁၈၈၉ ခုနှစ်များမှာ ပါရီမြို့မှာ ကျင့်ပခဲ့တဲ့ Exposition Universelle ပြပွဲကြီးတွေမှာ
လူဝီဗီတွန် ခရီးဆောင်အိတ်များက ဆုတွေရ နာမည်ကောင်းရခဲ့ပြီး
ကမ္ဘာသိဖြစ်လာပါတယ်၊
၁၈၉၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ အသက် ၇၂ နှစ်မှာ လူဝီဗီတွန် ကွယ်လွန်သွားပြီး
သားဖြစ်သူ
Georges Vuitton က လုပ်ငန်းကို ဆက်လက် ဦးဆောင်ခဲ့ပါတယ်၊
၁၉၁၄ ခုနှစ်မှာတော့ ပါရီမြို့တော်ရဲ့ ရှောင်ဇေလီဇေ လမ်းမကြီးပေါ်ကဆိုင်ကို စတင်ဖွင့်လှစ်ခဲ့
ပါတယ်၊
၁၉၃၆ ခုနှစ်မှာ Georges Vuitton ကွယ်လွန်ခဲ့ပြန်ပြီး သားဖြစ်သူ Gaston-Louis Vuitton က
ဦးဆောင်သူ အဖြစ် ဆက်ခံခဲ့ပါတယ်၊
၁၉၇၀ ခုနှစ် Gaston-Louis Vuitton ကွယ်လွန်ပြီး မြေးဖြစ်သူ Patrick-Louis Vuitton က ဦးစီးသူ
ဖြစ်လာခဲ့ပါတယ်၊
၁၉၈၀ ခုနှစ်များမှာတော့ ပြောင်းလဲလာတဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေတွေနဲ့အတူ LV ကလည်း
LVMH (Louis Vuitton Moët Hennessy) ဖြစ်လာခဲ့ပါတယ်၊
၁၉၈၉ ခုနှစ်မှာတော့ ပြင်သစ်သူဋ္ဌေးလက်သစ် Bernard Arnault ဆိုသူက အယ်လ်ဗွီကို သိမ်းပိုက်
LVMH ရဲ့ ဥက္ကဌ ဖြစ်လာခဲ့ပြီး ခေတ်သစ် အယ်လ်ဗွီ
ဇာတ်လမ်း စခဲ့တယ်လို့ ဆိုရပါမယ်၊
ဤကဲ့သို့
၁၃၅
နှစ် ကြာခဲ့ပြီးနောက်
လူဝီ
ဗီတွန် မျိုးဆက်နွယ်တွေရဲ့ လက်ထဲကနေ
အယ်လ်ဗွီဟာ
တစိမ်းလူတွေ လက်ထဲ ပြောင်းလဲ ရောက်ရှိသွားပါတော့တယ်။
မောင်ရင်ငတေ
၁၄၀၉၂၀၁၇
လူဝီ
ဗီတွန်ကို ကြိုက်နှစ်သက်စွာ အားပေးသွားကြသော
ပါရီမြို့ကို ဖြတ်သန်းသွားကြသော ပုသိမ်သားများကို ဂုဏ်ပြုသောအားဖြင့် ပြန်လည်
တည်းဖြတ်
ရေးသားလိုက်သော လူဝီဗီတွန် (သို့မဟုတ်) မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာအကြောင်း
စာစု
မောင်ရင်ငတေ
၁၁၁၀၂၀၁၈
လူဝီဗီတွန်
(သို့မဟုတ်) မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာ အကြောင်း
လူဝီဗီတွန်
(သို့မဟုတ်) မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာ အကြောင်း
Aucun commentaire:
Publier un commentaire