ငါ့ကို တော်လှန်ရေးနေ့
ပြန်ပေး
ငါ့ကို တော်လှန်ရေးနေ့
ပြန်ပေး
တော်လှန်ရေးနေ့
ပြန်ပေး
ငါ့ကို
တော်လှန်ရေးနေ့ ပြန်ပေး၊
ငါမွေးခဲ့တာ
ဒီတော်လှန်ရေးနေ့ခေါ်တဲ့ မတ်လ ၂၇ ရက်
အဲဒီ
မတ်လ ၂၇ ရက် တော်လှန်ရေးနေ့မှာ ငါ မွေးခဲ့တာ၊
ငါ့သမိုင်းအတွက်
ငါဘာမှ ရေးစရာမလိုခဲ့ဘဲနဲ့ကို * * ** ဒါ *** ငါ ဂုဏ်ယူခဲ့ရတာ၊
ဒီနေ့တွေရောက်တိုင်း
ငါ မွေးခဲ့တဲ့နေ့ အနီရောင် တော်လှန်ရေးနေ့ ငါ မတွေ့ခဲ့ရတာ ကြာခဲ့ပေါ့၊
လူမှန်းသိကတည်းက
မတွေ့ခဲ့ရတဲ့ ငါ့ရဲ့ တော်လှန်ရေးနေ့ ငါ့ကို ပြန်ပေး၊
တော်လှန်ရေးနေ့
ပြန်ပေး
ငါ့ကို
အဲဒီ တော်လှန်ရေးနေ့ ပြန်ပေး၊
(တော်လှန်ရေးနေ့
မွေးဖွားသူများနဲ့ တော်လှန်ရေးကို ကြိုက်နှစ်သက်သူများအတွက်)
မောင်ရင်ငတေ
၂၇၀၃၂၀၁၆
Aucun commentaire:
Publier un commentaire