ဘာမီတွန် ဇော်ကြီးနဲ့ အင်းလျား
ရှစ်ဆယ်ကျော်ကာလများက အင်းလျှားစောင်း
ဇော်ကြီးရေ
မင်းကိုသတိယတယ်ကွာ၊ ဟဲ ဟဲ ဘာလို့ဆိုတော့ ဘာမီတွန်ကြောင့်ပေါ့ကွာ၊
ဘာမီတွန်ဆိုတာနဲ့ မင်းကိုသတိယသကွာ၊ ပြီးခဲ့တဲ့ တနင်္ဂနွေက ငါ့ဆီကို
လာလည်ကြတဲ့ ဧည့်သည် နှစ်ဖွဲ့ ဆုံမိကြတော့ ဘာပြောကောင်းမလဲ …….. စဲန်းမြစ်နဘေးတလျှောက်
ပုလင်းကိုင်လျှောက်ကြ တာပေါ့၊ လျှောက်ရတာ နည်းနည်းညောင်းလို့လာရင် ခဏထိုင် တငုံမော့
ပေါ့ကွာ၊ ဒီရက်ပိုင်း ပါရီရဲ့ ရာသီဥတုကလည်း မိုးကရွာလိုက် နေကပူလိုက်ဆိုတော့ နေပူမိုးရွာ
သူခိုးလာလို့ အော်ရင်တော့ လာလည်ကြသူများ အားနာစရာပေါ့ကွာ၊
အေးကွာ၊ ပြောချင်တာကတော့ မိုးအေးအေး လေစိမ်းတွေတိုက်တဲ့ကြားမှာ
တနေကုန်တာဆိုတော့ အအေးမိတာပေါ့၊ ဒါမျိုး ဒီရာသီမှာ ဖြစ်နေကြဆိုတော့ သိပ်ထူးဆန်းတယ်တော့
မဟုတ်ဘူးပေါ့ကွာ၊ အဲတော့ အအေးမိတော့ အိမ်မှာရှိတဲ့ သောက်နေကြဆေး သောက်တာပေါ့ကွာ၊
ပါရာဆီတမော တလုံး သောက်တာက သိပ်မထိရောက်တော့ ရှိတဲ့ ဘာမီတွန်နှစ်လုံး
သောက်ထည့် လိုက်တာ၊ ဘာပြောကောင်းမလဲ၊ တညနေ တညနဲ့ တမနက်လုံး အိပ်ပျော်သွားလိုက် အိပ်မက်တွေ
မက်ပြီး လန့်နိုးလာလိုက် ကွန်ပြူတာတချက်နှစ်ချက်နှိပ်လိုက် ပြန်အိပ်ပျော်သွားလိုက်နဲ့
ကောင်းနေ လိုက်တာကွာ . . ... .. …. တညလုံး တမနက်လုံး အိပ်မက်ကလည်း အင်းလျားလမ်းမပေါ်
ရောက်နေတာဆိုတော့ …….. အခု ညနေစောင်းထိ .
. . ….. ကောင်းနေတုန်း … ….. . ….. ကွာ၊ လွမ်းစရာများ
ပြောပါတယ်၊
ဒါကြောင့် မင်းကို ဘာမီတွန် မြင်ရင် သတိယတာ၊
မင်းရဲ့ တခါက . ... …. မေခဆောင်သား
….. ကရင်ကလား (မရငတ) ၀၉၀၂၂၀၁၆
၈/၈၂ အင်းလျား
https://www.youtube.com/watch?v=LtDKnVjfpX4
(အင်လျားပုံကတော့ အင်တာနက် တနေရာက ရှာဖွေတွေ့ရှိ သိမ်းထားတဲ့
ပုံပါ)
Aucun commentaire:
Publier un commentaire