ပါရီမြို့ကို ဖြတ်သန်းသွားသူများ (သမိုင်းထဲကလူသားများ)
Statue
de Montaigne, Un Pied et Une Vieille Tradition Estudiantine (ဓါတ်ပုံ မရငတ)
Michel
de Montaigne
Michel
Eyquem de Montaigne
နာမည်ကျော်
Les Essais အက်ဆေး စာစုများ ရေးသားခဲ့သူ၊
ပြင်သစ် အက်ဆေးဆရာကြီး Michel de Montaigne မီရှဲလ်
မောန့်တန်းည်ရဲ့ ရုပ်တုပါ၊
ပါရီမြို့ Sorbonne ဆောဘွန်းတက္ကသိုလ် အဆောက်အဦးရဲ့
အရှေ့မှာ တည်ရှိပါတယ်။
အဲဒီ ရုပ်တုရဲ့ ထူးခြားချက်က အဲဒီခေတ် အဲဒီအခါက
ဝတ်စားဆင်ယင်မှုအတိုင်း ဆင်ယင်ထားတဲ့
အက်ဆေးဆရာရဲ့ ရိုးရာဝတ်စုံထဲက ဖိနပ်ပါ၊ အက်ဆေးဆရာကြီးရဲ့
ဖိနပ်တော်က အခုခေတ်မှာဆို
ဇာတ်မင်းသား ဖိနပ်လိုလိုပါ၊ ပို ထူးခြားတာကတော့ ဖိနပ်မှာ
« ဒေါက် » ပါ ပါနေတာပါ။
ပြင်သစ်
အက်ဆေးဆရာကြီး မီရှဲလ် မောန့်တန်ည် (ဓါတ်ပုံ မရငတ)
သူတို့ခေတ် သူတို့အခါကက
ပါရီဇီယမ် တက္ကသိုလ် ကျောင်းတော်သားတွေရဲ့
ဖက်ရှင် ဒီဇိုင်းလို့လည်း ဆိုသူတွေက ဆိုကြပါတယ်။
နောက်ထပ်တခု ထူးခြားချက်လည်း ရှိပါသေးတယ်တဲ့၊
ယုံကြည်မှု အစွဲအလမ်းပါတဲ့၊ ဖိနပ်တော်ရဲ့ တန်ခိုးတော်လို့
ခေါ်ရမယ် ထင်ပါရဲ့။
စာမေးပွဲ ကြောက်ကြတဲ့ ကျောင်းသားတွေကတော့ စာမေးပွဲမဖြေခင်မှာ
အောင်လိုအောင်ငြား အဲဒီ
အက်ဆေးဆရာ့ ဖိနပ်တော်ကို လာလာပြီး ပွတ်ကာသပ်ကာနဲ့ ဆုတွေ တောင်းကြလွန်းလို့
အဲဒီလို
ပြောင်လက်လက် ဖြစ်လာရတာပါတဲ့ ခင်ဗျာ၊ ပါးစပ်ကလည်း အောင်ပါစေကြောင်း ဆုတွေတောင်း
ကြလို့ Salut, Montaigne! Salut,
Montaigne! Salut, Montaigne! နှုတ်ခွန်းဆက်ကြလို့
ပေါ့၊
ရွှေပြည်တော်ကြီးက ဆရာသမားများနဲ့တောင် ပုံစံခပ်တူတူလို့ ပြောရမှာပေါ့။
ရွှေပြည်တော်ကြီးက ဆရာသမားများနဲ့တောင် ပုံစံခပ်တူတူလို့ ပြောရမှာပေါ့။
Michel
Eyquem de Montaigne (1533-1592)
ပြင်သစ်လူမျိုး
Les Essais အက်ဆေးရေးသားသူ အက်ဆေးဆရာကြီး အစမ်းစာဆရာကြီး Michel
Eyquem
de Montaigne မီရှဲလ် မောန့်တန်းည် (၁၅၃၃-၁၅၉၂)ကို ပြင်သစ်တောင်ပိုင်း ဘောဒိုးမြို့
အရှေ့ဘက် ကီလိုမီတာ ခြောက်ဆယ်ကျော်ကွာမှာ တည်ရှိပြီး လူဦးရေငါးရာခန့်သာ နေထိုင်ကြတဲ့
Saint-Michel-de-Montaigne အမည်ရ တောကျေးရွာလေးတရွာမှာ မွေးဖွားခဲ့ပါတယ်၊ ကျေးတော
ရွာသားဆိုပေမယ့် အဲဒီနယ်တနယ်လုံးကိုပိုင်ဆိုင်တဲ့ မြေပိုင်ရှင် နယ်ပိုင်ရှင် မျိုးနွယ်ဖွားသားတဦးပါ၊
နောင်မှာ ပြင်သစ်ဘုရင် ဖြစ်လာမယ့် Henri IV (1553-1610) ဘုရင်လောင်းရဲ့ တော်ဝင်မိတ်ဆွေ
လူကုံထံ စာရင်းဝင်ခဲ့သူ ဖြစ်သလို ပြင်သစ်နယ်စားပယ်စားများနဲ့ ရင်းနှီးခင်မင်ခဲ့သူ တဦးပါ။

Montaigne
ရွာသားချာတိတ်လေး Michel Eyquem လည်းနာမည်ကြီးလာတော့ မှတ်တမ်းတွေမှာ
Michel de Montaigne ဆိုပြီး နာမည်တွင် လာပါတော့တယ်၊ အဲဒီရွာက Château de Montaigne
Michel de Montaigne ဆိုပြီး နာမည်တွင် လာပါတော့တယ်၊ အဲဒီရွာက Château de Montaigne
ရဲတိုက်အိမ်ကြီးထဲမှာ
သူနေထိုင်ခဲ့ပြီး ဒီကနေ့အခါမှာတော့ အဲဒီ ရဲတိုက်က ဝင်ကြေးရှစ်ယူရိုပေးဝင်
ကြည့်ရတဲ့ ပြတိုက်တခု ဖြစ်နေပါပြီ။
ကြည့်ရတဲ့ ပြတိုက်တခု ဖြစ်နေပါပြီ။
သူရဲ့ပြတိုက်ရှိရာ
ရွာလေးကို မောင်ရင်ငတေ ခရီးမကြုံပါသေးလို့ မရောက်ဖူးသေးပါဘူး၊ ဒါပေမယ့်
စိတ်ဝင်စားမိလို့ အင်တာနက်ဂူဂဲလ်မှာ ရှာဖွေစုဆောင်း မှတ်သားထားတာလေးတွေကို အချောသပ်
ရေးသားလိုက်ရတာပါ ခင်ဗျာ၊ Les Essais အက်ဆေးစာအုပ်ကိုတော့ များပြားရှည်လျှားလွန်းလှလို့
မောင်ရင်ငတေ တခါဖတ် သုံးလေးငါးကြောင်းမျှသာ ဖတ်နိုင်ကြောင်းပါ။

Les
Essais (1580)
အဲဒီအက်ဆေးဆရာကြီး Michel de Montaigne က သူရဲ့ ရှည်လျှားလှတဲ့ Les Essais အက်ဆေး
စာအုပ်ကို ၁၅၈၀ ခုနှစ်မှာ ရေးသားခဲ့ပြီး အကြိမ်ကြိမ် ထုတ်ဝေဖြန့်ချီခဲ့တယ် ဆိုပါတယ်။
သူရေးသားခဲ့တဲ့
Les Essais စာစုများ ထင်ပေါ်ကျော်ကြားလာခဲ့ရာကနေ အလားတူတဲ့ စာစုများကို
Essais
ရယ်လို့ ခေါ်ဝေါ်လာခဲ့ ကြတယ် ဆိုပါတယ်၊ ရွှေပြည်ကြီးမှာတော့ ရသစာတမ်း စာတမ်းငယ်
စကားပြေ စာစီစာကုံး အစမ်းစာ အမျိုးမျိုးအဖုံဖုံ ဆရာ့ဆရာကြီးများ ဘယ်လိုပင်ခေါ်လာကြပေမယ့်
အများစု နားလည်လက်ခံခေါ်ဝေါ်နေကြတာတော့ အက်ဆေးလို့သာပါ၊ တချို့သောသူများကတော့
စာမွန်ဆိုပြီး ခေါ်ကြပါသေးတယ်တဲ့၊ ကိုယ်တော်မှိုင်း ပီမိုးနင်း မဟာဆွေ သိပ္ပံမောင်ဝတို့ အပါအဝင်
ဒီကနေ့ နာမည်ကြီးနေသူတွေ ရေးခဲ့တဲ့ စာစုတွေထဲမှာလည်း အလားတူ စာမွန်စာသန့် စာကောင်း
တွေက ရွှေစာပေလောကမှာ အများအပြား ရှိနေခဲ့ ရှိနေဆဲ ရှိနေဦးမှာပါ၊ အဲ့ ဈေးကွက်ထဲမှာ
ဘယ်လောက်ရာနှုန်းများများ သိမ်းပိုက်ထားနိုင်ပါသလဲ ဆိုတာကတော့ မောင်ရင်ငတေ မသိပါဘူး။

ရွှေပြည်တော်ကြီးရဲ့စာပေလောကမှာလည်း
ဒီလိုအက်ဆေးစာမျိုးတွေကို ရေးသူတွေ အများအပြား
ရှိနေပါပြီ၊ အပျော်ဖတ် စိတ်ကူးယဉ်ချစ်ကိုယ်တွေ့ ဘဝသရုပ်ဖော် ဖြစ်ရပ်မှန် ပညာပေး အစရှိကြတဲ့
ဝတ္ထုတိုတွေ ဝတ္ထုရှည်တွေကို ဖတ်ခဲ့ရတာ ကြာလာတော့ ငြီးငွေ့လာပြီး မောင်ရင်ငတေလည်း ဒီလို
အက်ဆေးဆန်ဆန် ရေးကြတာတွေကို ဖတ်ရတာ ပိုလို့ ပိုလို့ အရသာ တွေ့လာခဲ့ပါပြီ။

Bibliothèque
de Montaigne au Château de Montaigne
Bureau
où Écrivait de Montaigne au Château de Montaigne
La
Chambre de Montaigne dans sa Tour, au Château de Montaigne
Plafond
de la Bibliothèque, où « Ecrivait Montaigne », Sur les Poutres, On Retrouve
Certaines des Citations Grecques et Latines Gravées dans les Essais.
အပေါ်ကပုံ
လေးပုံကတော့
Essais
အက်ဆေးရေးသားသူ အက်ဆေးဆရာကြီးရဲ့ စာဖတ်ခန်း ရုံးခန်း ဧည့်ခန်း အိပ်ခန်း များပါ။
Les
Essais အက်ဆေးရေးသားသူ အက်ဆေးဆရာကြီးရဲ့ ရုံးခန်းခေါ်မလား ဧည့်ခန်း သို့မဟုတ်ဘဲ
စာကြည့် စာရေးခန်းလို့သာ ခေါ်နိုင်မလား အဲဒီအခန်းမှာ အဲဒီခေတ်က စာအုပ်ပေါင်းများစွာထားလို့
ရနိုင်တဲ့ စာအုပ်စင် ငါးစင် ရှိခဲ့ပါတယ်တဲ့၊ အဲဒီ စာကြည့်ခန်း မျက်နှာကျက် ထုတ်တန်းတွေမှာလည်း
ဂရိဘာသာ လက်တင်ဘာသာ စာလုံးတွေနဲ့ ကောက်နှုတ်ချက်တွေကို ရေးမှတ်ထားတာကို စိတ်ဝင်
စားစဖွယ် တွေ့မြင်ရနိုင်ပါတယ်တဲ့ ခင်ဗျာ။

Journal
du Voyage de Montaigne en Italie, par la Suisse et l'Allemagne, 1580-1581
အက်ဆေးဆရာကြီး
မီရှဲလ် မောန့်တန်းည်ရဲ့ ခရီးသွားခြင်း အနုပညာ
အက်ဆေးဆရာကြီး Montaigne လေ့လာရေးခရီး သွားခဲ့တဲ့မှတ်တမ်းမြေပုံပါ၊ သူဟာ တခြားသော
ဘယ်နေရာ ဘယ်ဒေသတွေဆီထိ
ရောက်ခဲ့ပါသလဲတော့ မသိနိုင်ပါဘူး တဲ့၊ ရောက်နိုင်သလောက်
သွားဖြစ်ခဲ့လိမ့်မယ် ဆိုတာကိုတော့ မောင်ရင်ငတေတွေးလို့ ယုံကြည့်မိပါတယ်၊ ဒီ ခရီးသွားမြေပုံက
အက်ဆေးဆရာကြီး ဂျာမဏီ ဆွစ်ဇာလန် အီတလီတို့ကို ၁၅၈၀-၁၅၈၁ နှစ်များက ဖြတ်သန်းသွားခဲ့
သောနေရာများ ခရီးလမ်းကြောင်းပြတဲ့ မြေပုံပါ၊ လှည်းတွေလှေတွေခေတ်က ရောက်ရှိရာ အရပ်မှာ
ခရီးတထောက်နားကြရင်း သဘာဝပတ်ဝန်းကျင်အကြောင်း လူတွေအကြောင်း ဗဟုသုတရှာဖွေကြ

အတွေ့အကြုံတွေ
ဖလှယ်ခဲ့ကြဟန် တူပါတယ်။
အစမ်းစာဆရာကြီး
Michel Montaigne တို့ရဲ့ခေတ် ကာလသားတွေဟာ စာတွေပေတွေ ရေးသား
ကြရာမှာ
အိမ်ခေါင်းတွေထဲမှာသာ တွင်းအောင်းပြီး မရေးသားခဲ့ပါဘဲ အဲဒီလို ခရီးတွေထွက် လူတွေ
များစွာနဲ့တွေ့ဆုံ စကားတွေအမြင်တွေ ဖလှယ်ကြရင်း ရေးသားမှတ်တမ်းပြုခဲ့ကြခြင်းပါ၊ သူတို့ခေတ်
အခါက ခေတ်မီစွာ နေထိုင်ခြင်းတခု ဖြစ်မယ်ဆိုတာ အသေအချာပါ။
များစွာနဲ့တွေ့ဆုံ စကားတွေအမြင်တွေ ဖလှယ်ကြရင်း ရေးသားမှတ်တမ်းပြုခဲ့ကြခြင်းပါ၊ သူတို့ခေတ်
အခါက ခေတ်မီစွာ နေထိုင်ခြင်းတခု ဖြစ်မယ်ဆိုတာ အသေအချာပါ။
Journal
du Voyage de Montaigne en Italie, par la Suisse et l'Allemagne, 1580-1581
စာမျက်နှာ ၇၀၀ ကျော် ရှည်လျှားတဲ့ Journal du Voyage de
Montaigne
ခရီးသွား မှတ်တမ်းပါ၊စိတ်ဝင်စားသူများ အတွက်ပါ၊ ယူရို ရှစ်ရာကျော် တထောင်
ဈေးပေါက်တဲ့ စာအုပ် တအုပ်ပါ။
ခရီးသွား မှတ်တမ်းပါ၊စိတ်ဝင်စားသူများ အတွက်ပါ၊ ယူရို ရှစ်ရာကျော် တထောင်
ဈေးပေါက်တဲ့ စာအုပ် တအုပ်ပါ။
မောင်ရင်ငတေကတော့
အွန်လိုင်းပီဒီအက်ဖ်ဗားရှင်း အလကားရတာတောင်
တမျက်နှာကုန်အောင် မဖတ်နိုင်ပါဘူး၊ ဖတ်ချင်သူများအတွက်တော့ ဝေငှလိုက်ပါတယ်။
တမျက်နှာကုန်အောင် မဖတ်နိုင်ပါဘူး၊ ဖတ်ချင်သူများအတွက်တော့ ဝေငှလိုက်ပါတယ်။
အက်ဆေးဆရာကြီးရဲ့ အခန်းပေါင်း တရာ့ခွန်နှစ်ခန်း ပါဝင်ပြီး သုံးအုပ်တွဲ စာမျက်နှာ ငါးရာ
ကျော်ထူ ပါတဲ့ Les Essais de Montaigne ကိုလည်း ဖတ်ချင်သူများအတွက် စုစည်းပေးလိုက်
ပါတယ်။
ကျော်ထူ ပါတဲ့ Les Essais de Montaigne ကိုလည်း ဖတ်ချင်သူများအတွက် စုစည်းပေးလိုက်
ပါတယ်။
Les
Essais de Montaigne (French Version Online)
The Essays of Montaigne (English Version Online)
Les
Essais − Livre I PDF (173 Pages)
Les
Essais − Livre II PDF (257 Pages)
Les
Essais − Livre III PDF (187 Pages)
အက်ဆေးဆရာကြီးရဲ့
ပြတိုက်ရှိရာ ရွာလေးကို မောင်ရင်ငတေ ခရီးမကြုံသေးလို့ မရောက်ဖူးသေး
ပေမယ့် အင်တာနက်မှာရှာဖွေလို့ တွေ့ရှိရသမျှကို မျှဝေလိုက်ရခြင်းပါ၊ နောင်ကို ကြုံကြိုက်ခဲ့လို့ အဲဒီ
ရွာလေးကို ရောက်ရှိခဲ့မယ် ဆိုလာရင်တော့ ကိုယ်တိုင်ရိုက်ကူး မှတ်တမ်းတင်ချင်မိပါတယ် ခင်ဗျာ။
ပေမယ့် အင်တာနက်မှာရှာဖွေလို့ တွေ့ရှိရသမျှကို မျှဝေလိုက်ရခြင်းပါ၊ နောင်ကို ကြုံကြိုက်ခဲ့လို့ အဲဒီ
ရွာလေးကို ရောက်ရှိခဲ့မယ် ဆိုလာရင်တော့ ကိုယ်တိုင်ရိုက်ကူး မှတ်တမ်းတင်ချင်မိပါတယ် ခင်ဗျာ။
Michel
de Montaigne အမည်ကို ရွှေဘာသာစကားနဲ့
*
မွန်တိန်း သို့မဟုတ် မော်န်တိန်း ** * ဆိုပြီး အသံဖလှယ် ရေးကြတာကိုလည်း တွေ့ရှိရပါတယ်။
(Toutes les Photos de Google) (ပုံများ အားလုံးကို အင်တာနက်ဂူဂဲလ်မှ
ရှာဖွေရယူပါသည်၊)
ကျေးဇူးအထူးတင်ရှိပါသည်၊
မောင်ရင်ငတေ
၂၆၀၁၂၀၁၆
ပြင်သစ် အက်ဆေးဆရာကြီး Michel de
Montaigne မီရှဲလ် မောန့်တန်းည်
ပါရီမြို့ကို ဖြတ်သန်းသွားသူများ
Aucun commentaire:
Publier un commentaire