အချစ်ရေမင်းကံကောင်းတယ်
(မရငတ)
ရဲ့ ဘယ်တုန်းကမှန်း မသိတဲ့ ရေးခဲ့တဲ့ အတိုအစ
. . .. …… မော်ဒီဖိုင်းလုပ်ပြီး . . … ..
လွန်ခဲ့တဲ့
၂၀၁၄ ခုနှစ်က ဖေ့စ်ဘုတ်ခ်ပေါ်တင်ခဲ့မိတာ ဒီနှစ် မမ်မိုရီရယ် ပြန်ပေါ်လာလို့ . . .. . . ….. ပြန်ပြီး ရှယ်ယာ လုပ်လိုက်ပါတယ်၊
(မရငတ) ၀၅၀၁၂၀၁၆
အချစ်ရေမင်းကံကောင်းတယ်
အချစ်ရေ
တကယ်တော့မင်းဟာ
ကံကောင်းလွန်းလှပါတယ်၊
ကိုယ်လို
နေပူစပ်ခါး
တောင်သွားမြောက်ရောက်
ဘယ်မှ
မင်းမသွားဖူးဘူး၊
ကိုယ်လို
ဆေးလိပ်ဘီယာ
အရက်သေစာ
ဘာဆိုဘာမှ
မင်းမကြိုက်တတ်ဘူး၊
ကိုယ်လို
ခါးရိုးနာအောင်
မလုပ်ချင်လုပ်ချင်အလုပ်
မင်းမလုပ်ဖူးဘူး၊
ကိုယ်လို
မနက်အာရုဏ်မလာခင်
အိပ်ယာကလူးလဲ
မရမက
ခဏခဏ မင်းမထဖူးဘူး၊
ကိုယ်လို
ဒီအလုပ်ဟိုအလုပ်
ဟိုသူဌေးဒီသူဌေး
မကျေနပ်လို့
မင်းမထွက်ဖူးဘူး၊
ကိုယ်လို
နိုင်ငံရပ်ခြား
မနေချင်နေချင်
ဝေးလို့
မင်းမနေဖူးဘူး၊
ကိုယ်လို
မိဘစကား
မြေဝယ်မကျ
နားမထောင်ဖို့
မင်းစိတ်မကူးဖူးဘူး၊
အချစ်ရေ
မင်း
သိပ်
ကံကောင်းလွန်းပါတယ်၊
။။။
(မရငတ)
၀၅၀၁၂၀၁၄
(မရငတ) ရဲ့ ဘယ်တုန်းကမှန်း မသိတဲ့ ရေးခဲ့တဲ့ အတိုအစ . . .. …… မော်ဒီဖိုင်းလုပ်ပြီး . . … ..
လွန်ခဲ့တဲ့
၂၀၁၄ ခုနှစ်က ဖေ့စ်ဘုတ်ခ်ပေါ်တင်ခဲ့မိတာ ဒီနှစ် မမ်မိုရီရယ် ပြန်ပေါ်လာလို့ . . .. . . ….. ပြန်ပြီး ရှယ်ယာ လုပ်လိုက်ပါတယ်၊
(မရငတ) ၀၅၀၁၂၀၁၆
Aucun commentaire:
Publier un commentaire