နှစ်ဆယ်ကျော်အလွမ်း
ဘီကေကေ-ပတ္တရာ ကိုးဆယ့်ခွန်နှဘတ်
ဘီကေကေ-ပတ္တရာ မီနီဘတ်စ် ကိုးဆယ့်ခွန်နှဘတ် (ဓါတ်ပုံ မရငတ)
ကီလိုမီတာ တရာကျော် တရာ့ငါးဆယ်ခန့်ဝေးတဲ့ ဘီကေကေ-ပတ္တရာ မီနီဘတ်စ်ကားလေးတွေရဲ့ ဈေးက တယောက်မှ ကိုးဆယ့်ခွန်နှဘတ်ပါ၊ ဒီနှစ်တော့ မဟုတ်ပါဘူး၊ မနှစ်က ဒီဇင်ဘာကပါ၊
ဒီနှစ် မှာတော့ ဈေးတက်ကောင်း တက်သွားနိုင်ပေမယ့် အများကြီးတော့ မဖြစ်နိုင်ပါဘူး၊ တရာဝန်းကျင် အထက် ပိုလာရင်လည်း တဘတ်နှစ်ဘတ်ပေါ့ နော်၊
မီနီ ဘတ်စ်ကားလေးတွေ ပြေးဆွဲလာတာက နှစ်အများကြီးတော့ မကြာသေးပါဘူး၊
၁၉၉၂-၉၃ နှစ် လောက်က မောင်ရင်ငတေ ခေတ္တခဏခိုအောင်း၍
အလုပ်လုပ်ခဲ့စဉ်က အခုလို မီနီဘတ်စ်လေးများ မရှိခဲ့တာ အသေအချာပါ၊
အဲဒီတုန်းကတော့ ဆူခွန်ဗစ်လမ်းမကြီးရဲ့ Soi 63 မှာရှိတဲ့ Ekkamai Bus Terminal ကနေ ထိုင်းအရှေ့ပိုင်း အရှေ့တောင်ပိုင်းကိုသွားတဲ့ လိုင်းကားတွေစီးပြီး မောင်ရင်ငတေ ပတ္တရားကို သွားခဲ့တာပါ၊
အဲဒီတုန်းကတော့ ဆူခွန်ဗစ်လမ်းမကြီးရဲ့ Soi 63 မှာရှိတဲ့ Ekkamai Bus Terminal ကနေ ထိုင်းအရှေ့ပိုင်း အရှေ့တောင်ပိုင်းကိုသွားတဲ့ လိုင်းကားတွေစီးပြီး မောင်ရင်ငတေ ပတ္တရားကို သွားခဲ့တာပါ၊
အခုတော့ ဘန်ကောက်မြို့တော်ကနေ နယ်အဝေးမြို့များကို သွားကြရင်တော့
ဘတ်စ်ကားကြီးများ ရွှေပြည်ကြီးအခေါ်ကတော့ လေအိတ်ကားကြီးများပေါ့ ဗျာ . .. … အဲလို ကားကြီးတွေနဲ့
သွားကြပေ
မယ့်လို့ ဘန်ကောက်ကနေ ဟိုနားဒီနား တနာရီခရီး နှစ်နာရီ သုံးနာရီခရီးတွေကိုတော့
ဒီမီနီဘတ်စ် ခေါ် မှန်လုံ ကားလေးတွေနဲ့ သွားနေကြပါပြီ၊
အများစုက ထိုင်းလူမျိုးတွေရယ် ဘန်ကောက်ဂျင်တွေ ရယ် မောင်ရင်ငတေတို့လို့ ကျော်ပိုးအိတ်တလုံးနဲ့ ရွာရိုးကိုးပေါက် လျှောက်သူများ စီးကြတာပေါ့ဗျာ၊
အများစုက ထိုင်းလူမျိုးတွေရယ် ဘန်ကောက်ဂျင်တွေ ရယ် မောင်ရင်ငတေတို့လို့ ကျော်ပိုးအိတ်တလုံးနဲ့ ရွာရိုးကိုးပေါက် လျှောက်သူများ စီးကြတာပေါ့ဗျာ၊
အဲဒီလို ကားလေးလိုင်းလေးတွေ အခုလို ပေါ်ပေါက်လာခဲ့ရတာလည်း
ချက်ချင်းလက်ငင်းကြီးတော့ မဟုတ်ခဲ့ပါဘူး၊ ခေတ်ကာလရဲ့ လိုအပ်ချက်အရ တဆင့်ပြီးမှ တဆင့်
ပေါ်ပေါက်ခဲ့တာပါ၊ ကိုယ်တွေ့ တွေပါ၊
မောင်ရင်ငတေ့မျက်မြင်တွေအရဆိုရရင် ၂၀၀၀ ပြည့်နှစ်လွန် ငါးနှစ်ကာလများအထိ အဲဒီလို ဘီကေကေကနေ ပတ္တရာ အယုဒ္ဒယ ဟွာဟင် ချာအန် ရေပေါ်ဈေး စတဲ့ နေရာများကို သွားရောက် လည်ပတ်ချင်ပါတယ် ဆိုရင် ဘတ်စ်ကားကြီးတွေနဲ့ သွားရင်သွား မသွားချင်ရင် တက္ကစီ ကားများကို ဈေးကြီးပေးငှားသွားရုံ ရှိပါတယ်၊ အဲ သက္ကရာဇ် နှစ်ထောင်ကျော် နောက်ပိုင်းမှာ ဘန်ကောက်မြို့ရဲ့ အချက်အချာ အနုဆဝရီ ခေါ် Victory Monument (၁၉၄၀-၄၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Franco-Thai War အထိမ်းအမှတ်) အောင်ပွဲရကျောက်တိုင် အဝိုင်းကြီးအနီးမှာ အောက်ဆိုဒ်ဆွဲတဲ့ ကားလောက ထွန်းကားခဲ့ပါတယ်၊
ဘန်ကောက်မြို့တော် အနီးပတ်ဝန်းကျင်ကို အမြန် သွားချင်ကြသူများအတွက် ဝန်ဆောင်မှုပေးတဲ့ ကားပြေးဆွဲတဲ့ လုပ်ငန်းပါ၊ အစ ပထမကတော့ ထိုင်းလူမျိုးများသာ အများစုပါ၊ နောက်ပိုင်းကျတော့ အမြင်ကျယ်လာတဲ့ ကားမောင်းသူများကရော အမြင်ကျယ်လာတဲ့ နိုင်ငံခြား တိုးလ်ရစ်များကပါ နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး အကျိုးတူ သွားကြ လာကြရင်း အစဉ်ပြေ လာခဲ့တာပါ၊

ဘယ် နိုင်ငံခြားပြန် ခရီးသည် ဝန်ဆောင်မှု ပညာရှင်ကြီးကမှ တီထွင်ခဲ့တာ
မဟုတ်ပါဘူး၊
အခုတော့ (မနှစ်က ၂၀၁၄ ခုနှစ်မှာတော့) အဲဒီ အနုဆဝရီ အောင်ပွဲရ
ကျောက်တိုင် အနီးမှာ ဂိတ်နဲ့ ဘာနဲ့ အတည်တကျ မီနီ ဘတ်စ်ကားများနဲ့ ခရီးသည်ပို့ဆောင်ရေး
လုပ်ငန်းက ကြီးထွားလို့နေပါပြီ၊ အဲဒါတင်မက တခြားသော အချက်အခြာ နေရာတွေမှာလည်း အဲဒီ
လုပ်ငန်းတွေပွားများလို့ နေပါပြီ၊
ဒါပေမယ့် အတွေးများ အတွေးပွား တတ်ပါတဲ့ မောင်ရင်ငတေကတော့
ဆက်ပွားတဲ့ အတွေးတွေကို တွေးမိပါတယ်၊ တခါတုန်းက နှစ်ထောင်ငါးခုနှစ်ဝန်းကျင်က အယုဒ္ဒယကို
သွားခဲ့တုန်းက ငှားစီးခဲ့တဲ့ အငှားကားဆရာကြီးရဲ့ စကားတချို့ကို ပြန်လည်လို့ ခေါင်းထဲဝင်ရောက်လာတာပါ၊
သူတို့တတွေရဲ့ ဒီလုပ်ငန်းက အခက်အခဲတွေ အများကြီး ရှိခဲ့ကြောင်း သက်ဆိုင်ရာရဲ့ ပံ့ပိုးကူညီမှုကို မျှော်လင့်ခဲ့ပေ သော်လည်း မရရှိခဲ့ပါဘဲ အချောင်နှိုက်မှုတွေကိုသာခံခဲ့ရကြောင်း နောင်ကာလများမှာတော့ အခုလို မရှိမဖြစ်လိုအပ်ချက်တွေအရ ပေါ်ပေါက်ခဲ့တဲ့ ဒီလုပ်ငန်းဟာ အစဉ်ပြေပြီး တရားဝင်ဖြစ်သွားမယ်လို့ ထင်ကြောင်း စားပေါက်ချောင်တာတွေ့လို့ လက်ဝါးကြီး အုပ်ချင်သူတွေ များလာတာတော့ မဖြစ်လာ စေချင်ပါကြောင်း သူတို့ကတော့ ဒီကနေ့လုပ်မှ ဒီကနေ့ စားရသူတွေပါလို့ ပြောသွားခဲ့တာကိုပါ၊

ကားဂိတ်အစစ်တွေ အခုလို ပေါ်လာတော့ ရှိခဲ့ဖူးတဲ့ အောက်ဆိုဒ်ကားဂိတ်အတုလည်း
ရှိပါသေးသ လားတော့ မောင်ရင်ငတေလည်း မသိတော့ပါဘူး ခင်ဗျာ၊
အခုတော့ အဲဒီကားဆရာကြီးလည်း အဲဒီကားမောင်းတဲ့အလုပ်လုပ်နေတုန်းလား
ဒါမှမဟုတ် တခြား ကြုံရာကျပန်း လုပ်နေပြီလား မောင်ရင်ငတေ မစဉ်စားချင်တော့ပါလေ၊
မနှစ်က သွားခဲ့တာကို ဒီနှစ်မှ ရေးဖြစ်တာပါ၊ ဘာလို့ မရေးရသလဲ
ဆိုတော့ မအားလို့လည်း မဟုတ် ပါဘူး၊ သွားခဲ့သမျှ တွေ့ကြုံရသမျှကို ရေးချင်မိတာတွေက တပုံတပင်သာမို့လို့
ရေးမနိုင်တော့ပါဘူး၊
အဲတော့ အပိုင်းအစ အတိုအစတွေကို ပြန်ဆက်ပြီး အချောသတ်လေ့ ရှိပါတဲ့ မောင်ရင်ငတေ့ ထုံးစံ အတိုင်း အချောသတ် တင်ဆက်လိုက်ရတာပါ၊
မောင်ရင်ငတေ ၀၆၁၂၂၀၁၅
Aucun commentaire:
Publier un commentaire