ခရီးသွားခြင်းအနုပညာ
(ပါရီ-ရှန်ဂန်အစုန်အဆန်)
ပူတကေအပိုင်းအစများ
(၂)
ပူတကေအပိုင်းအစများ
(၂)
ဒဂါမား ကိုလံဘတ်နဲ့
မာကိုပိုလို
ပေါ်တူဂီ သို့မဟုတ် ပူတကေကိုသွားဖို့ ပြင်ဆင်ရင်း လိုအပ်တာတွေ လိုက်ဖတ်မှတ်ရင်း
စိတ်ဝင်စား ဖွယ်ရာ သမိုင်း အချက်အလက်လေးတွေကို ရေးမှတ်ထားခဲ့တာတွေပါ၊
အသုံးဝင်မယ် ထင်ပါတယ်၊
ပူတကေဖြစ်ဖြစ် ပေါ်တူဂီဖြစ်ဖြစ် သူတို့တွေရဲ့အကြောင်း သူတို့တွေရဲ့သမိုင်းကို
ပြောကြမယ်ဆိုရင် Vasco da Gama ဆိုတာ မပါမဖြစ်ပြောကြရမှာ၊
ဗမာသမိုင်း မွန်သမိုင်း ရခိုင်သမိုင်း ပဲခူးပဂိုးသမိုင်း ပြောကြမယ်ဆိုရင်တော့
Vasco da Gama ခေတ်အလွန် နှစ်တရာ နောက်ပိုင်း ကာလက ငဇင်ကာ သို့မဟုတ်
Filipe de Brito ဖိလစ်ဒီဘရစ်တို (၁၅၆၆-၁၆၁၃) အကြောင်းကတော့ မပါမဖြစ်ပါ၊
Vasco da Gama အကြောင်းတွေ
ပြောကြမယ် ဆိုရင်လည်း Cristoforo Colombo
(Christopher Columbus) အကြောင်းက မပါမဖြစ်ပါ၊
ကမ္ဘာမြေကြီး အသစ်တွေကို ရှာဖွေတွေ့ရှိမှုသမိုင်းမှာ သူတို့ နှစ်ဦးနဲ့အတူ မပါမဖြစ်သလို
ရှေးဦး ခရီးလှည့်လည် သွားလာသူတွေ သမိုင်းကြောင်းမှာ အရေးကြီးပါတဲ့ နောက်တဦး
ကတော့ Marco Polo ပါ၊
အဲဒါကြောင့် သူတို့သုံးဦးရဲ့ အတိုချုပ်မှတ်တမ်းလေးကို မှတ်တမ်းတင်မိတာပါ၊

သူတို့တတွေက တကယ်တမ်း အစောဆုံး ရှာဖွေ တွေ့ရှိခဲ့ ရောက်ရှိခဲ့ကြတာ တွေကို
အငြင်းပွားသူတွေက ပွားနေကြပေမယ့် အများစုကတော့ သူတို့အမည်ကိုသာ သိကြတာပါ၊
အဲဒါကြောင့် မောင်ရင်ငတေကလည်း သူတို့အကြောင်းကို အလွယ်ဖြစ်အောင်
တေးမှတ်ထားမိရသလောက်ကို ဖော်ပြလိုက်ရခြင်းပါ၊
အီတလီနိုင်ငံ ဗင်းနစ်မြို့သား
Marco Polo မာကိုပိုလို (၁၂၅၄-၁၃၂၄)
ပိုးလမ်းမကြီး တရုတ်ပြည်မှတဆင့်
မောင်ရင်ငတေတို့ရဲ့ ပုဂံရွှေပြည်တော်ထိတိုင် ရောက်ရှိခဲ့တယ်လို့ အဆိုရှိခဲ့သူ၊
Marco Polo မာကိုပိုလို (၁၂၅၄-၁၃၂၄)
ပိုးလမ်းမကြီး တရုတ်ပြည်မှတဆင့်
မောင်ရင်ငတေတို့ရဲ့ ပုဂံရွှေပြည်တော်ထိတိုင် ရောက်ရှိခဲ့တယ်လို့ အဆိုရှိခဲ့သူ၊
အီတလီနိုင်ငံ ဂျီနိုဗာမြို့သား
Cristoforo Colombo (Columbus) ခရစ်စတိုဖာကိုလံဘတ် (၁၄၅၁-၁၅၀၆)
အမေရိကကို ၁၄၉၂ ခုနှစ်မှာ ရောက်ရှိခဲ့သူ၊
Cristoforo Colombo (Columbus) ခရစ်စတိုဖာကိုလံဘတ် (၁၄၅၁-၁၅၀၆)
အမေရိကကို ၁၄၉၂ ခုနှစ်မှာ ရောက်ရှိခဲ့သူ၊
ပေါ်တူဂီနိုင်ငံ Sines
မြို့သား
Vasco da Gama ဗတ်စကိုဒဂါမား (၁၄၆၀/၆၉-၁၅၂၄)
အိန္ဒိယတိုက် ကို ၁၄၉၈ ခုနှစ်မှာ ရောက်ရှိခဲ့သူ၊
Vasco da Gama ဗတ်စကိုဒဂါမား (၁၄၆၀/၆၉-၁၅၂၄)
အိန္ဒိယတိုက် ကို ၁၄၉၈ ခုနှစ်မှာ ရောက်ရှိခဲ့သူ၊
ကိုလံဘတ်က ဒဂါးမားထက်
အနည်းဆုံး အသက်ဆယ်နှစ်ကြီးပါတယ်၊
မာကိုပိုလိုကတော့ ရာစုနှစ် တစုခွဲစာလောက် သူတို့နှစ်ဦးထက် စောပါတယ်၊
မာကိုပိုလိုက ကုန်းလမ်းခရီး နှင်ခဲ့တာဖြစ်ပြီးတော့ ကိုလံဘတ်နဲ့ဒဂါမားတို့က ရေကြောင်းခရီးပါ၊
မာကိုပိုလိုကတော့ ရာစုနှစ် တစုခွဲစာလောက် သူတို့နှစ်ဦးထက် စောပါတယ်၊
မာကိုပိုလိုက ကုန်းလမ်းခရီး နှင်ခဲ့တာဖြစ်ပြီးတော့ ကိုလံဘတ်နဲ့ဒဂါမားတို့က ရေကြောင်းခရီးပါ၊
Outward
and Return Voyages of the Portuguese India Run (Photo google)
ဒဂါးမား အိန္ဒိယမြေကို ရှာဖွေတွေ့ရှိခဲ့တာက ၁၄၉၈ ခုနှစ်မှာဖြစ်ပြီး ကိုလံဘတ်
အမေရိကမြေကြီးကို နင်းမိတာက ၁၄၉၂ ခုနှစ်ဆိုတော့ ဒဂါးမား အိန္ဒိယမြေကို
ရောက်တာ ကိုလံဘတ် အမေရိကမြေကြီး နင်းမိတာထက် ၆ နှစ် နောက်ကျပါတယ်၊
မောင်ရင်ငတေ့ သမိုင်းကျေညက်မှုက အမှတ်လေးဆယ် အောင်မှတ်
ကပ်လျှက်သာဆိုတော့ ကိုလံဘတ်ရယ် ဒဂါးမားရယ် အမေရိက အိန္ဒိယမြေကြီးတွေရယ်
အဲဒီ သမိုင်းအားလုံးဟာ မောင်ရင်ငတေ့အတွက် အမြဲလို လုံးချာလိုက်နေတာ
အခုထိတိုင်အောင်ပါ၊
အဲဒါကြောင့် အခုလို အလွယ်မှတ်မိအောင် ရေးရတာပါ၊
အီတလီဂျီနိုဗာမြို့သား ကိုလံဘတ်ရဲ့ ပင်လယ်ခရီးတွေကို အဲဒီအချိန်က ဂျီနိုဗာ
အာဏာပိုင်တွေက ထိထိရောက်ရောက်ပံ့ပိုးအကူအညီပေးဖို့ကို စိတ်မဝင်စားခဲ့
ကြတာကြောင့်တကြောင်း ကိုလံဘတ်နဲ့ အာဏာပိုင်တွေရဲ့အကြား အစဉ်မပြေမှုတွေကို
စပိန်လူမျိုးတချို့က သိရှိသွားခဲ့ပြီး အဆက်အသွယ် တွေနဲ့အတူ လိုအပ်တာတွေကို ပံ့ပိုး
ပေးခဲ့ကြတာကြောင့် ကိုလံဘတ် အမေရိကကို ရှာဖွေတွေ့ရှိခဲ့ရ ပါကြောင်း ဖတ်ဖူး
မှတ်သားဖူးခဲ့ပါတယ်၊
ကိုလံဘတ် အဲဒီလို အမေရိက မြေကို ရောက်ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာလို့
ဒဂါးမားတို့ အုပ်စုလည်း အားကျမခံ လိုက်လုပ်ရာက အိန္ဒိယမြေဆီသို့ ရောက်ရှိခဲ့ကြ
တယ်လို့
ဆိုကြပါတယ်၊
မောင်ရင်ငတေရဲ့ အလွယ်မှတ်စနစ်အရဆိုရင်
မာကိုပိုလို (၁၂၅၄-၁၃၂၄)
ပုဂံရွှေပြည်ကို ရောက်ရှိ လာချိန်က ၁၂၉၀ ခုနှစ်ခန့် ပုဂံခေတ်နှောင်းပိုင်း ပုဂံ
ပျက်ချိန်နား နီးနေပြီ ဖြစ်ပါတယ်၊
မိုင်ရှစ်ထောင် ကျော်ကျော် ကီလိုမီတာ တသောင်းကျော် ကုန်းလမ်းခရီးတွေကို တဖြေးဖြေး
အဆင့်ဆင့် သွားရင်း မာကိုပိုလိုတို့ ရောက်ရှိခဲ့တာပါ၊ ကူဗလိုင်ခန်တို့ဂျင်ဂျစ်ခန်တို့ရဲ့ခေတ်
ပုဂံရွှေပြည်တော်နဲ့ ပတ်သက် နေခဲ့ချိန် ဖြစ်တာမို့ ပုဂံထိတိုင် မာကိုပိုလိုကိုယ်တိုင် သို့မဟုတ်
သူ့အဖွဲ့သားတွေ ရောက်ရှိခဲ့ကြတယ် အဆိုရှိပါတယ်၊
သေချာ မသေချာကတော့ ရှေးဟောင်းသုတေသနသမားများ တူးဖော်ကြပါလေ၊

Portuguese
Discoveries OPlanisfério de Cantino, 1502 (Photo MKN Google)
အီတလီဂျီနိုဗာမြို့သား ကိုလံဘတ် (၁၄၅၁-၁၅၀၆) အမေရိက ရှာဖွေတွေ့ရှိချိန်၊
ပေါ်တူဂီနိုင်ငံသား ဒဂါမား (၁၄၆၀/၆၉-၁၅၂၄) အိန္ဒိယမြေကို ရောက်ရှိခဲ့ချိန်မှာ
မောင်ရင်ငတေတို့ရဲ့ ရွှေရောင်လွှမ်းမိုး ပါတဲ့ ရွှေတိုင်းပြည်ကြီးကတော့ သူတလူ
ငါတမင်း အဆင့်သာသာ ရှိနေဆဲပါ၊
မင်းကြီးညို (၁၄၈၅-၁၅၃၀ မြန်မာသက္ကရာဇ် ၈၄၇-၈၉၂) တပင်ရွှေထီး (၁၅၁၆-၁၅၅၀) နဲ့
ဘုရင့်နောင် (၁၅၁၆-၁၅၈၁) တောင်ငူနန်းတည်သူမင်းတို့ မတိုင်ခင်ခေတ်ကပါ၊
သူတို့ခေတ်နောက် အနှစ်တရာ
ဝန်းကျင်မှာတော့ ဗမာ့သမိုင်းရဲ့ နာမည်ကျော်
ရတုစာဆိုဘုရင်ကြီး နတ်ရှင်နောင် (၁၅၇၈-၁၆၁၃) နဲ့ လူဆိုးမင်းသားကြီး ငဇင်ကာ
သို့မဟုတ် Filipe de Brito ဖိလစ် ဒီ ဘရစ်တို (၁၅၆၆-၁၆၁၃) တို့ခေတ်ပါ၊
ငဇင်ကာ ခေါ်တဲ့ ဖိလစ် ဒီဘရစ်တို ခေတ်က ၁၆၀၀ ပြည့်နှစ် ကနေ ၁၆၁၃ ခုနှစ်အထိ
တိုင်ပါတယ်လို့ ဆိုကြပါတယ်၊ တောင်ငူဘုရင် နတ်ရှင်(သျှင်)နောင်ရဲ့ ၁၆ ရာစုကုန်
၁၇ ရာစုအစပိုင်း သမိုင်းကြောင်းတွေကိုတော့ ဒီနေရာမှာ အကျယ်တဝင့် မဆွေးနွေးချင်
ပါဘူး၊

ပညာရှင်တွေခေတ်အဆက်ဆက် အမျိုးမျိုးငြင်းခုံဆွေးနွေးကြတာမျိုးကိုလည်း
မောင်ရင်ငတေ ဖတ်ကြည့်ရင်းနဲ့တောင် ခေါင်းအတော်ခြောက်ပါတယ်၊
အဲဒီခေတ်အဲဒီအခါက ဟံသာဝတီ တောင်ငူ ရခိုင် အင်းဝ ညောင်ရမ်း ဇင်းမယ်
အယုဒ္ဒယ စတဲ့ အရှေ့တောင်အာရှတိုက်သားတွေရဲ့ အကြားမှာ ဥရောပရဲ့ ပူတကေ
လူမျိုးတွေလာ တွင်ကျယ်နေတာတော့ ဘယ်သူမှ ကြိုက်နိုင်ကြမယ် မဟုတ်ပေဘူး
ဆိုတာကိုတော့ မောင်ရင်ငတေ လက်ခံပါတယ်၊
ပဒေသရာဇ်မင်းတွေအကြား အားပြိုင်မှုတွေကို ဒီဘရစ်တိုတို့အဖွဲ့ ဝင်ခနှောက်ဆန်လို့
အမြတ်ထုတ်မယ်ဆိုတာကတော့ ဗေဒင်မေးစရာ မလိုပါဘူး၊
ဒါပေမယ့် ရတုစာဆို အလွမ်းသမားကြီး စစ်ရှုံးဘုရင် နတ်သျှင်နောင် သစ္စာဖောက်
မဖောက် ဆိုတာကိုတော့ မောင်ရင်ငတေ့ ထုံးစံအတိုင်း စစ်ရှုံးရတု စာဆိုကြီးဘက်က
ရှေ့နေလိုက်ချင်မိရကြောင်းပါ၊
ငဇင်ကာဖြစ်ဖြစ် ဒီဘရစ်တိုဖြစ်ဖြစ်
သူတို့ခေတ်က ပူတကေလူမျိုးတွေက
(အာဏာရှိလို့ ဖြစ်ချင်ဖြစ် လိမ့်မပေါ့၊) ရိုင်းစိုင်းချင် ရိုင်းစိုင်းကြပါလိမ့်မယ်၊
မောင်ရင်ငတေ တွေ့ဆုံခဲ့တဲ့ ပူတကေ ပေါ်တူဂီတွေ ယဉ်ကျေးလှပါတယ်လို့
မပြောချင်ရင်လည်း အပြောအဆို အဆက်အဆံ ဖော်ဖော်ရွေရွေ ရှိကြတယ်
ဆိုတာကတော့ မောင်ရင်ငတေ့ ကိုယ်တွေ့မျက်မြင်လို့ ပြောနိုင်ပါတယ်၊
အီတာလီလျံ ဖရန်ဆေးဇ်တို့ ဂျာမန်တို့ စပန်ညောတို့ထက်
အများကြီးသာပါတယ်လို့ ပြောမယ်ဆို မလွန်လောက်ပါဘူး၊

ငဇင်ကာ သို့မဟုတ်
ဒီဘရစ်တို တို့ခေတ်က ပူတကေ မျိုးဆက်တွေရဲ့
အကြောင်းကို အညာ(ရွှေဘို ရေဦး) နယ်အထိ လူကိုယ်တိုင် အရောက်သွားလို့
* အညာမြေရောက် ပေါ်တူဂီမျိုးဆက်များ * ဆိုတဲ့ ဆောင်းပါးကောင်းတပုဒ်ကို
မောင်ရင်ငတေ့ မိတ်ဆွေကြီး ဧရာဝတီမဂ္ဂဇင်း ဆောင်းပါးရှင် ကိုရန်ပိုင် ( Yan Pai )
ရေးသားထားတာ ရှိပါတယ်၊
ဖတ်ကြည့်စေချင်ပါတယ် ခင်ဗျား၊ ဖတ်ချင်သူများအတွက် . . . . …….. ….. .. . ……. ……. …. …… http://burma.irrawaddy.com/article/2014/02/04/54351.html

နတ်ရှင်နောင်ကို တချို့ကလည်း နတ်သျှင်နောင်ဟု စာလုံးပေါင်းမှသာ မှန်ကြောင်း
ပြောကြပါတယ်၊
မောင်ရင်ငတေ ၂၁၁၂၂၀၁၅
Aucun commentaire:
Publier un commentaire