အားလုံးကောင်းပါသည် အိုဘာမား
အားလုံးကောင်းပါသည် အိုဘာမား
ကျေးဇူးပါ အိုဘာမား
ကြိုဆိုပါတယ် အိုဘာမား
ခင်ဗျားလာမယ်ဆိုတဲ့
ရန်ကုန်တက္ကသိုလ်ဆိုတာ
ကျုပ်တို့သိပ်ချစ်ခဲ့တဲ့နေရာ၊
ခုတော့ တစပြင်လို ဖြစ်နေတဲ့နေရာမှာ
ခင်ဗျားလာမယ်ဆိုတော့
ဆေးတွေတောင် သုတ်လို့တဲ့ ဆေးတွေသုတ်တာ ကောင်းပါတယ်
သန့်ရှင်းရေးလုပ်တော့ ကောင်းတာပေါ့၊
ပိုပြီးကောင်းသွားအောင်တော့
ခတ်ထားတဲ့သော့တွေ
ကာထားတဲ့သံတိုင်စည်းရိုးတွေ
ခင်ဗျားရိုက်ချိုးနိုင်ခဲ့ရင်တော့
ကျေးဇူးပါ အိုဘာမား၊
ကျုပ်တို့ရဲ့ မဟာတက္ကသိုလ်ကို
ခင်ဗျားတို့ဆီက မဟာ့မဟာတက္ကသိုလ်ဆိုတာတွေနဲ့
ချိတ်ဆက်ပြီး အဆင့်တွေ မြှင့်ကြတော့မယ်တဲ့
ကောင်းတာပေါ့ အိုဘာမားရေ၊
ခင်ဗျားတို့ဆီက အဆင့်မြင့် ပညာတွေကို
ခင်ဗျားတို့ဆီက အဆင့်မြင့် ပညာရှင်တွေနဲ့
ကျုပ်တို့ဆီက အဆင့်မြင့် သားသမီးတွေအတွက်သာဆိုရင်တော့
ဒါလည်းကောင်းတာပါပဲ အိုဘာမားရေ၊
ကျုပ်တို့တိုင်းပြည် ကျုပ်တို့လူမျိုးရဲ့
၈၀ ရာခိုင်နူန်းက လယ်သမားတောင်သူတွေလို့
စာတွေထဲမှာ ဖတ်ဖူးခဲ့ပါတယ်၊
ဒါလောက်တော့ ခင်ဗျားပိုသိမှာပါ
လယ်သမား သားသမီးတွေအတွက်
အသစ်ဆောက်ထားတဲ့ လယ်ကွင်းတွေနားက
ယိုင်နဲ့နဲ့ တက္ကသိုလ်အသစ်တွေကိုလည်း
မြွေပါးကင်းပါး ကင်းအောင်လေးတော့
ကြိုးစားအဆင့်မြှင့်နိုင်ဖို့ အကြံလေးများ ပေးခဲ့ပါအုံး အိုဘာမား၊
တခုတော့ ခွင့်လွှတ်ပါ အိုဘာမားရေ
တကယ်တော့ ခင်ဗျားကို ဧည့်ခံချင်တာ
ဦးချစ်လက်ဘက်ရည်ကျကျ တခွက်နဲ့ပါ၊
ခုတော့ သမိုင်းဝင်ဦးချစ်လည်း
သမိုင်းထဲမှာပဲ ထားခဲ့ရပြီးပြီမို့
ဗဲးရီးဆောရီးပါ အိုဘာမားရာ၊
ဒါပေမယ့် ပြောနေကြအတိုင်း
အားလုံးကောင်းပါသည် ပေါ့
………………………………….
အိုဘာမား ခင်ဗျား၊ ။။။။
Aucun commentaire:
Publier un commentaire