ဆုံချက်
ဆုံချက်
အကယ်၍
မင်းနဲ့ ငါ၊
ကမ္ဘာမြေပြင် တနေရာရာ
ပြန်ဆုံခဲ့ပါပြီ ဆိုလာရင်ကော၊
အမြန်ရထားလမ်းမကြီးတခုပေါ်မှာ
ငါ ကလည်း လက်ဝဲကပ်မောင်းလို့
မင်း ကလည်း လက်ယာကပ်မောင်းလို့
ဆုံသာဆုံ မကြုံတော့မယ့်
ဇာတ်လမ်း၊
ဒီ ဇာတ်လမ်း ရှေ့ဆက်လို့
ရဦးမတဲ့လား၊ ။။ ။။။
(မရငတ) ၁၉၀၉၂၀၁၃
Aucun commentaire:
Publier un commentaire