အရိပ်များ
တောရိပ်တောင်ရိပ် အရိပ်များရယ်
မြက်ခင်းစိမ်းစိမ်း တောစိမ်းစိမ်းဝယ်
တစက္ကန့် တမိနစ် တခဏတာဟာ
တဘဝစာအတွက်တော့ မှတ်သားစရာပါ၊
ရင်နာစရာတွေ မတွေးချင်ဘူးဆိုရင်
ရင်မှာ ခံစားရတာတွေဟာ
တောတောင်ရေမြေတွေကိုသွားကြည
မြစ်ချောင်းအင်းအိုင်တွေကို
တမ်းတရ လွမ်းမောရမှုတွေဟာ
ရင်မှာ ခံစားရတာတွေနဲ့အတူ
ရင်မှာ အပြုံးပန်းတွေ ဝေလာစေလိမ့်မယ်၊
အကယ်၍ သင်ဟာ ခံစားနားလည်တတ်ရင်
နားလည်သလို သင်ရဲ့အသည်းထဲမှာ
စိမ်းလန်းလို့ စိုပြေလာလိမ့်မယ်၊
သဘာဝဆိုတာကြီးက
သင့်ရင်ကို လာမှန်လာရင်
သင်လည်း အပြုံးတွေနဲ့ ဝေလာလိမ့်မယ်၊
ဟိုနားသွာလည်း ဒီစိတ်
ဒီနားသွားလည်း ဒီစိတ်
အဲဒီစိတ်တွေနဲ့အတူတူ
တောရဲ့အရိပ် တောင်ရဲ့အရိပ်
ဒီအရိပ်တွေက စိတ္တဇအရိပ်တွေကို
ပျောက်စေ လုပ်လိမ့်မယ်၊
……. ………
……. ……. ……
…….. ……. …….၊
အဆုံးမသတ်နိုင်တဲ့
ဒီစိတ်တွေဟာ
အရိပ်တွေနဲ့အတူ
ကျုပ်ကိုရှိနေစေလိမ့်မယ်၊
ထို့အတူ သူ့ …. ကို …..
ရှိနေစေလိမ့်မယ်၊
(မရငတ) ၁၃၁၀၂၀၁၄
Aucun commentaire:
Publier un commentaire