မာရီ အန်တွမ်းနက်
သို့မဟုတ် ကိတ်မုန့်စားသူကြီး
Marie-Antoinette par Gautier d'Agoty (1775) (Photo Google)
(Marie-Antoinette Josèphe Jeanne de Habsbourg-Lorraine)
(Maria
Antonia Josepha Johanna von Habsburg-Lothringen)
ဥရောပသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ မင်းညီ မင်းသား မင်းသမီးတွေ အများကြီး ရှိခဲ့ဖူးပါတယ်၊
အဲဒီထဲမှာမှ ဒီ သြစတြီးယားဘုရင့် မင်းသမီး Marie-Antoinette d'Autriche
မာရီ အန်တွမ်းနက်ရဲ့ နာမည် ကျော်ကြားခဲ့ပုံကတာ့ တမျိုး တဘာသာပါ၊
မာရီ အန်တွမ်းနက် (၁၇၅၅-၁၇၉၃) ကို ဒီကနေ့ သြစတြီးယားပြည်ရဲ့ မြို့တော် ဗီယမ်နာမြို့မှာ
သြစတြီးယားမင်းသမီး Marie-Thérèse d'Autriche
(1717-1780) နဲ့ ပြင်သစ်ပြည် Lorraine
လောရင်းနယ်သား Holy Roman Emperor ရဲ့ ဧကရာဇ် François I (1708-1765) တို့က
မွေးဖွား ခဲ့တာဖြစ်လို့ Marie-Antoinette d'Autriche ဆိုပြီး သမိုင်း မှတ်တမ်းတွေမှာ ရေးသား
ဖော်ပြ ခဲ့ကြတာကို တွေ့ရှိရပါတယ်၊
လောရင်းနယ်သား Holy Roman Emperor ရဲ့ ဧကရာဇ် François I (1708-1765) တို့က
မွေးဖွား ခဲ့တာဖြစ်လို့ Marie-Antoinette d'Autriche ဆိုပြီး သမိုင်း မှတ်တမ်းတွေမှာ ရေးသား
ဖော်ပြ ခဲ့ကြတာကို တွေ့ရှိရပါတယ်၊
ပန်းချီဆရာမ Élisabeth Vigée Le Brun အေလီဇဘတ် ဗီဂျေး (၁၇၅၅-၁၈၄၂) ၁၇၈၃ ခုနှစ်
မှာ ရေးဆွဲခဲ့တဲ့ မာရီ အန်တွမ်းနက်ရဲ့ ပုံတူ (Photo Google)
မှာ ရေးဆွဲခဲ့တဲ့ မာရီ အန်တွမ်းနက်ရဲ့ ပုံတူ (Photo Google)
မာရီ အန်တွမ်းနက် အသက် ၁၄ နှစ်အရွယ် ၁၇၇၀ ခုနှစ်မှာ နောင်တချိန် ပြင်သစ်ဘုရင်
Louis XVI လူဝီ ၁၆ (၁၇၅၄-၁၇၉၃) ဖြစ်လာမယ့် ၁၅ နှစ်သား အိမ်ရှေ့မင်းသားကလေးနဲ့
လက်ထပ် ခဲ့ပါတယ်၊
အဲဒီ ပြင်သစ် မင်းသားလေးနဲ့ လက်ထပ်ဖို့ မွေးဖွားခဲ့ရာ ဇာတိမြေ ဗီယမ်နာမြို့ကို စွန့်ခွာ
လာခဲ့ရတာ ခေါင်းဖြတ် အသတ်ခံခဲ့ရတဲ့ ၃၇ နှစ်အရွယ် (၃၈ နှစ် ပြည့်ဖို့ ရက်ပိုင်းမျှသာ လိုပါ
တော့တဲ့) ၁၆ ရက် အောက်တိုဘာလ ၁၇၉၃ ခုနှစ် အထိ တခေါက်တလေမှ ပြန်လည်လို့
မရောက်ခဲ့တော့ပါဘူး ဆိုကြ ပါတယ်၊
ဗားဆိုင်းနန်းတော် ဥယျာဉ်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ ဆွဲဆောင်ခဲ့တဲ့ လူဝီ ၁၆ ဘုရင်ရဲ့
စွမ်းပကားတွေကြောင့်လား သူမကိုယ်တိုင်က မပြန်ချင်တော့လေသလား မသိနိုင်ပါဘူး၊
တကယ်တမ်းတော့ သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲဟာ . . . .. . .. . . . . . .. ……. . . ……… .
မာရီ အန်တွမ်းနက်ရဲ့ သြစတြီးယား ဟန်ဂေရီ ဘိုဟေးမီးယာ အင်ပါယာကြီးနဲ့ လူဝီ ၁၆
မင်းသားရဲ့ ပြင်သစ်နိုင်ငံတော်ကြီးတို့ ချစ်ကြည်စွာ အတူလက်တွဲ နေထိုင်ကြဖို့ ဘုရင့်သားနဲ့
ဘုရင့်သမီးတွေရဲ့ လက်ထပ်ထိမ်းမြားကြတဲ့ ဓလေ့တွေထဲက ပြယုဂ် တခုသာ ဖြစ်မှာပါ၊
ဒါပေမယ့် လူဝီ ၁၆ မင်းသား မတိုင်ခင် အဘိုးအဘေး ဘုရင်တွေဖြစ်ကြတဲ့ လူဝီ ၁၃ ၁၄ ၁၅
ဘုရင်တွေရဲ့ ဗားဆိုင်းနန်းတော်ကြီး အရှိန်အဝါ တောက်ပနေမှုတွေက လျော့နည်းလို့ လာနေပြီ
ဆိုတာ မင်းသားလေးနဲ့ မင်းသမီးလေးတို့ သိရှိနားလည်ခဲ့မယ်လို့ မောင်ရင်ငတေ မထင်မြင်
မိရကြောင်းပါ၊

လွန်ခဲ့တဲ့ ၂၂၂ နှစ်က အန်တွမ်းနက်မင်းသမီးရဲ့ နောက်ဆုံးမှတ်တမ်းနေရာ (Photo
YYintNaung)
YYintNaung)
ဗားဆိုင်းနန်းတော်ကြီးနဲ့ အန်တွမ်းနက်မင်းသမီးတို့ရဲ့ သမိုင်းကြောင်း အဆိုးအကောင်းတွေ
ကိုတော့ ဒီနေရာမှာ အကျယ်တဝင့် မရေးတော့ပါဘူး၊ အကျယ်ရေးဖို့လည်း မောင်ရင်ငတေ
မတတ်နိုင်ပါဘူး၊
မောင်ရင်ငတေ ရေးချင်တာက အခု ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ ဆိုရင်
အန်တွမ်းနက် မင်းသမီးလေး ခေါင်းဖြတ်အသတ်ခံရတာ နှစ်ပေါင်း ၂၂၂ နှစ် ပြည့်ပါပြီ၊
အဲဒီလို
၂၂၂ နှစ်ပြည့်သွား ခဲ့တာကို မှတ်တမ်းအဖြစ် တင်တယ်ဆိုရုံ တင်ချင်တာပါ၊
ဘာ အရောင်အသွေးမှ မပါပါဘူး၊ ပြင်သစ် မီဒီယာသတင်းတွေထဲမှာလည်း ဘာတခုမှပါသံ
မကြားပါဘူး၊
မောင်ရင်ငတေ လက်လှမ်းမမှီနိုင်တဲ့ တနေရာမှာတော့ တခုခု အမှတ်တရ မရှိနိုင်ပါဘူးလို့
မပြောနိုင်ပါဘူး၊ အဲဒါကို စိတ်ဝင်စားမိပါတယ်၊

ဒါပေမယ့်လည်း
အဲဒီ သတင်းတွေဟာ တချိန်က ရွှေထီးဆောင်းခဲ့ သူတွေရဲ့ သတင်း
ဖြစ်နေပေမယ့် ကံကြမ္မာ ဝဋ်ကြွေးရယ်လို့သာ ပုံချရတော့မယ့် အမေ့ခံ သတင်းတွေသာ
ဖြစ်လို့ သွားခဲ့ပါပြီ၊
ဘယ်သူတွေကမှ အဖက်လုပ် အရေးတယူ မရှိတော့တဲ့ သတင်း အတိုအစတွေသာ
ဖြစ်သွားခဲ့ပါပြီ၊
ဖြစ်နေပေမယ့် ကံကြမ္မာ ဝဋ်ကြွေးရယ်လို့သာ ပုံချရတော့မယ့် အမေ့ခံ သတင်းတွေသာ
ဖြစ်လို့ သွားခဲ့ပါပြီ၊
ဘယ်သူတွေကမှ အဖက်လုပ် အရေးတယူ မရှိတော့တဲ့ သတင်း အတိုအစတွေသာ
ဖြစ်သွားခဲ့ပါပြီ၊
Révolution Française ပြင်သစ်တော်လှန်ရေး လှိုင်းဂယက်တွေအပြီး ၁၇၉၃ ခုနှစ်
အောက်တိုဘာ ၁၆ ရက် မနက်ကြီး လေးနာရီမှာ ဒီကနေ့ Place de la Concorde လို့
အမည်တွင်တဲ့ ကွန်းကော့ဒ် ကျောက်တိုင်ရှိနေရာ Place de la Révolution ရင်ပြင်ကြီးမှာ
နာမည်ကျော် Guillotine ခေါင်းဖြတ် စက်ကြီးနဲ့ မာရီ အန်တွမ်းနက် ခေါင်းဖြတ် အသတ်ခံခဲ့
ရပါတယ်၊
သူမရဲ့ ယောက်ျား လူဝီ ၁၆ ဘုရင် ကိုတော့ ဂျန်နဝါရီ ၂၁ ရက်နေ့မှာ
ကတည်းက ခေါင်းဖြတ်သတ်ပြီးပြီမို့ သူမရဲ့ နောက်ဆုံးနေဝင်ခါနီး အချိန်
ကိုးလလောက်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေသွားရမယ် ဆိုတာကတော့ အသေအချာပါ၊
သူမ
ပြောခဲ့ပါတယ်ဆိုတဲ့ စကားတခွန်းကတော့ အခုထိတိုင် ကမ္ဘာကျော်နေဆဲပါ၊
S'ils
n'ont Pas de Pain,
Qu'ils
Mangent de la Brioche
(Let
Them Eat Cake) .
. .. .. …. ..
ဒါပေမယ့်
. . . . … . . . . . .. …. .. ….. …. . . . .. ……. . . …….. . . . …….. . . …. . .
…. …...
မာရီ
အန်တွမ်းနက် ပေါင်မုန့်စားဖို့ပြောခဲ့လေသလား ကိတ်မုန့်စားဖို့ပြောခဲ့လေ
သလား၊ မင်းသမီးက ဘာပြောခဲ့ ပြောခဲ့ မောင်ရင်ငတေ သိပ်ပြီးတော့ စိတ်မဝင်စားလှပါဘူး၊
လွန်ခဲ့တဲ့ အနှစ်နှစ်ရာကျော် ကာလက အိမ်တွင်းပုန်း အဆင့်သာသာသာရှိတဲ့ မင်းသမီး
တယောက် ပြောခဲ့တယ်ဆိုတဲ့ စကားမျိုး စကားလုံးတွေကို ဒီကနေ့ မောင်ရင်ငတေတို့
အင်တာနက်ခေတ်ကာလကြီးမှာ ပြောနေကြသူများရဲ့ အသံတွေ အမျိုးမျိုးအဖုံဖုံကို ကြား
ယောင်မိရင်း မာရီအန်တွမ်းနက်လွန် အနှစ် ၂၂၂ အထိမ်းအမှတ် မှတ်တမ်းတခုကိုသာ
ရေးသား တင်ပြ လိုက်ရခြင်းပါ၊

မှတ်ချက်
။ ။။။ ပြင်သစ်အမည်များကို မြန်မာဘာသာစကားဖြင့် စာလုံးပေါင်းရာတွင်
မှန်ကန်အောင် ပေါင်းနိုင်ဖို့က အတော်ကို ခက်ခဲပါတယ်၊
Marie-Antoinette ကို မာရီ အောန်တွမ်းနက် သို့မဟုတ် မာရီ အန်တွမ်းနက် ဆိုပြီး
အနီးကပ်ဆုံး စာလုံးပေါင်းလိုက်ပါတယ်၊
မှန်ကန်အောင် ပေါင်းနိုင်ဖို့က အတော်ကို ခက်ခဲပါတယ်၊
Marie-Antoinette ကို မာရီ အောန်တွမ်းနက် သို့မဟုတ် မာရီ အန်တွမ်းနက် ဆိုပြီး
အနီးကပ်ဆုံး စာလုံးပေါင်းလိုက်ပါတယ်၊
မောင်ရင်ငတေ
၁၄၁၀၂၀၁၅
http://moemaka.com/archives/46664
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၅
http://moemaka.com/archives/46664
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၅
Aucun commentaire:
Publier un commentaire