အီဖယ်စတိုရီ
Tour
Eiffel သို့မဟုတ် La Dame de Fer (ဓါတ်ပုံ မရငတ)
Tour
Eiffel သို့မဟုတ်
La
Dame de Fer သို့မဟုတ်
The
Iron Lady သံမဏိ မျှော်စင်
ကနဦး တင်စားခေါ်ကြတာက
« Tour de
300 Mètres »
(အမှန်တကယ်ကတော့
တိုင်ထိပ်ဖျားထိ ၃၂၄ မီတာ မြင့်တာပါ)။
(၁၈၈၉
မှာ တည်ဆောက်ပြီးစီးခဲ့လို့ သက်တမ်း ၁၂၆ နှစ် ရှိခဲ့ပြီ)၊
(မှတ်ချက်
- အခုနှစ် ၂၀၁၈ ခုနှစ် ဆိုရင်တော့ ၁၂၉ နှစ် သမီးလေးပေါ့ အီဖယ် ရယ်)။
အဲဒီ
လူတကာသိတဲ့ Eiffel Tower
ရောက်ဖူးပြီးရင် ပရိုဖိုင်ပုံ ပြောင်း
တင်လေ့ ရှိကြတဲ့
Eiffel Tower မျှော်စင်ကြီး။
၂
နှစ် ၂ လ ၅ ရက် တိတိ တည်ဆောက်ခဲ့ရပါတဲ့ မီတာသုံးရာ (၃၂၄ မီတာ) မျှော်စင်ကြီး။
၂၈
ဂျန်နဝါရီ ၁၈၈၇ ခုနှစ်ကနေ စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့တာ ၄ ရက် မတ်လ ၁၈၈၉ ခုနှစ်
မှာ လုပ်ငန်း လက်စသတ် ပြီးစီးခဲ့ပြီး ၃၁ မတ်လ ၁၈၈၉ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတဲ့ မျှော်စင်ကြီး။
အဲဒီအချိန်
၁၈၈၇ ခုနှစ်တုန်းကတော့ ပန်းချီ ပန်းပု အနုပညာရှင် ဗိသုကာပညာရှင် အများအပြားက
ပုံစံမကျ
မလှမပ ဆိုပြီးတော့ ရယ်သွမ်းသွေးခဲ့ကြ ကဲ့ရဲ့ခဲ့ကြပါတဲ့ လူ ရယ်စရာ သံမဏိမျှော်စင်ကြီး။
ဆောက်တုန်းက
Exposition Universelle de Paris de 1889 (World's Fair) ဆယ် ကြိမ်မြောက်
ကမ္ဘာ့ကုန်စည်ပြပွဲအတွက် ရည်ရွယ်ပြီး ယာယီအဖြစ်တည်ဆောက်ခဲ့တဲ့ သံမဏိလေဒီမျှော်စင်ကြီး။
၁၈၈၉ ခုနှစ်က တည်ဆောက်ပြီးခဲ့ပါတဲ့ အီဖယ်မျှော်စင်ကို ၁၉၀၉
ခုနှစ်မှာ ဖျက်သိမ်းပစ်ဖို့ပါတဲ့။
ဒါပေမယ့် ဒီကနေ့ထိတိုင် တည်ရှိနေခဲ့တာကတော့ ဘာကြောင့်လဲလို့ မေးစရာ
သိပ်မလိုတော့ပါတဲ့
မေးခွန်းတခွန်း ဖြစ်လို့ နေပါပြီ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီတခိုင် ဖြစ်နေတာ မဟုတ်လား။
La
Dame de Fer သို့မဟုတ် The Iron Lady (ဓါတ်ပုံ မရငတ)
မူလက အီဖယ်မျှော်စင်ကို မွန်ဆီယာ အီဖယ်က
စပိန်နိုင်ငံ ဘာဆီလိုနားမှာ တည်ဆောက်ဖို့ပါတဲ့၊
ခွင့်ပြုမိန့် မပေးခဲ့တဲ့ ဘာဆီလိုနား အာဏာပိုင်တွေ အခုနေများ ရှိသေးရင် ရင်ကွဲနာ ကျနိုင်ပါတယ်။
၁၈၉၁ ခုနှစ်က လန်ဒန်မြို့တော်ကြီးမှာ အီဖယ်ထက်မြင့်တာ ဆောက်မလို့ ကြံစည်ကြပါသေးတယ်၊
အဲဒီ အကြံအစည်ကတော့ ဒီကနေ့ထိတိုင် အထမမြောက်ခဲ့သေးပါဘူးတဲ့။
La
Dame de Fer သို့မဟုတ် The Iron Lady (ဓါတ်ပုံ မရငတ)
ဒုတိယကမ္ဘာစစ်တွင်း ပါရီကို ဟစ်တလာ ရောက်လာတော့ အီဖယ်မျှော်စင်ကို တက်ချင်ပါတယ်တဲ့၊
ပါရီဇီယမ်သားတွေက အီဖယ်မျှော်စင်ကြီးရဲ့ လျှပ်စစ်ဓါတ်အားတွေကို ဖျက်စီး ထားခဲ့ပါတယ်တဲ့။
ဒါပေမယ့် ဟစ်တလာကြီး အီဖယ်မျှော်စင် ထိပ်ဖျားကို တက်ချင်ဇောကြီးကြီးနဲ့ တက်ခဲ့ပါတယ်တဲ့။
လှေကားထစ်ပေါင်း ၁၆၆၅ ထစ်
(မျှော်စင်အပေါ်ဆုံး တတိယထပ်ကနေ ထိပ်စွန်းဖျားက တာဝါတိုင်တွေထိ ဆိုရင် ၁၇၁၀ ထစ်)
အဲဒီလို ရှိတဲ့ လှေကားထစ်တွေကြောင့် ဟစ်တလာကြီး လျှာတန်းလန်း ထွက်နေရပါတယ်တဲ့။
အဲဒီလို ဟစ်တလာ တက်ချင်ခဲ့တဲ့ မျှော်စင်ကြီး၊
(တကယ် ဟုတ်မဟုတ်ကတော့ မောင်ရင်ငတေ မသိ)။
Adolf
Hitler ဟစ်တလာကြီးရဲ့ မွေးနှစ်ကလည်း ၁၈၈၉ ခုနှစ်ဆိုတော့ ဟုတ်ချင်ဟုတ်နိုင်ပါတယ်။
ဟစ်တလာ့ မွေးနေ့က
၂၀ ရက် ဧပရယ်
၁၈၈၉ ခုနှစ်
ဆိုတော့
အီဖယ်မျှော်စင်ကြီးထက် ဆယ်ရက်လောက်သာ ငယ်တာကိုး၊
ဒါကြောင့် ဟစ်တလာကြီးက အီဖယ်ကို စိတ်ဝင်စားခဲ့တယ် ထင်ပါရဲ့။
ဟစ်တလာ မဖျက်စီးခဲ့လို့၊ ဒါမှမဟုတ် ဖျက်စီးချိန် မရခဲ့လို့၊
ဒီကနေ့ထိ အကောင်းပကတိ ကျန်ရှိနေသေးတဲ့ မျှော်စင်ကြီး။
(ဟစ်တလာက ဒီ
မျှော်စင်ကြီးသာမက ဗားဆိုင်းနန်းတော်ကြီးမှာပါ နေချင်တဲ့ ဆန္ဒ
ရှိခဲ့သူ)၊
(တကယ် ဟုတ်မဟုတ်ကတော့ မောင်ရင်ငတေ မသိ၊ သမိုင်းဆရာကြီးတွေရဲ့ ထင်ကြေးများသာ)။
Tour
Eiffel သို့မဟုတ် La Dame de Fer (ဓါတ်ပုံ
မရငတ)
အီဖယ်ရဲ့ အလေးချိန်က စုစုပေါင်း တန်ချိန် တသောင်းကျော်ကျော် လေးပါတယ်တဲ့၊
သံမဏိ အစိတ်အပိုင်းပေါင်း သောင်းရှစ်ထောင်ကျော် မူလီရဗစ် နှစ်သန်းခွဲနဲ့ တည်ခဲ့ရတာပါတဲ့။
အီဖယ်ကြီးကို ဆေးတခါသုတ်ရင် ကုန်တဲ့
ဆေးတန်ချိန်က ဆင်
ကိုးစီးစာ မကပါဘူးတဲ့၊
(ဆေးသုတ်ခွင့် ရချင်သူ
လုပ်ငန်းရှင်တွေကတော့ အမြဲလိုလို တန်းစီ
ရှိနေပါတယ်တဲ့ ခင်ဗျ)၊
အကျိုးအမြတ်အတွက်လား
နာမည်ကြီး အထက်တန်းလွှာလောက ဝင်ချင်လို့လားတော့ မသိနိုင်ပါ။
ကမ္ဘာတလွှား မြို့များမှာတော့ အီဖယ် ပုံတူ
မူပွားပေါင်း သုံးဆယ်ကျော် ရှိပါသတဲ့၊
(မောင်ရင်ငတေရဲ့ တွေ့ရှိမှုများအရ တကယ်တော့ သုံးဆယ်ကျော် မကလောက်ပါဘူး)၊
(တရုတ်ပြည်ကြီးမှာတင် မူပွားတွေ တော်တော်များများ တည်ဆောက်နေတာ တခုပြီး တခုပါ)။
Tour
Eiffel သို့မဟုတ် La Dame de Fer (ဓါတ်ပုံ
မရငတ)
အီဖယ်မှာ
သုံးထပ်ရှိပြီး
ပထမထပ်က
၅၇ မီတာ
ဒုတိယထပ်က
၁၁၆ မီတာ
တတိယထပ်က
၂၇၆ မီတာ မြင့်ပါတယ်။
အီဖယ် တံခါးတွေကို တနှစ်ပတ်လည်လုံး ဖွင့်ထားလေ့ရှိပါတယ်၊
ရာသီဥတု ဆိုးဝါးလွန်းလှလို့ ပိတ်ရတာမျိုးတော့ ရှိခဲ့ဖူးပါတယ်တဲ့။
သို့ပေမယ့် တနေ့တခြား များလာတဲ့ လူဆိုးလူသွမ်းတွေရဲ့ ရန်တွေကြောင့်
ဒီနှစ် ၂၀၁၈ ခုနှစ်မှာတော့ ပြီးခဲ့တဲ့ ဂျူလိုင် ၁၄
ပြင်သစ် အမျိုးသားနေ့ ရယ်
ဂျူလိုင် ၁၅ ရုရှား
ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲ ပြင်သစ်အသင်း ကန်တဲ့နေ့ ရယ်
အဲဒီ
နှစ် ရက်ကိုတော့ ထူးထူးခြားခြား မပိတ်စဖူး အီဖယ်ကြီးကို ပိတ်ထားခဲ့ရပါတယ်။
အီဖယ်ကြီအောက်တည့်တည့် ရင်ပြင်ကျယ်ကိုတော့ လွတ်လွတ်လပ်လပ် ဝင်လို့မရတာ ကြာပါပြီ၊
လုံခြုံရေးစစ်ဆေးရေးဂိတ်တွေ ဖြတ်ပြီးဝင်ရမှာဖြစ်လို့ မောင်ရင်ငတေလည်း မဝင်ဖြစ်တာ ကြာပါပြီ။
အီဖယ်အောက်ခြေ ပတ်ပတ်လည်ကို လုံခြုံရေးမှန်တံတိုင်း ကာနေတာက
အခုထိ (၂၀၁၈ ဂျူလိုင်)
အထိ
မပြီးပြတ်သေးပါဘူး၊ ဒီ မှန်တံတိုင်း ကာပြီးရင်တော့
အမြင်တမျိုးနဲ့ အီဖယ်ကို တွေ့ကြရမှာပါ။
ယူရိုငွေ
သန်း ၃၀ ကျော် ကုန်မယ့် Le Mur de Verre de la Tour Eiffel စီမံကိန်းပါ၊
(အီဖယ်
မျက်နှာစာ နှစ်ဘက်မှာ မှန်တံတိုင်း ဖြစ်ပြီး ကျန် နှစ်ဘက်မှာတော့ သတ္တုတံတိုင်းပါ)။
အဲဒီ
စီမံကိန်းက အီဖယ်ကြီး သက်ရှည်ကျန်းမာဖို့ ဘယ်လောက် အထောက်အကူ ပြုလေမလဲ၊
ဒါကြီးပြီးရင်
လက်နက်ကိုင် လုံခြုံရေးတွေ မလိုတော့ဘဲ လူဆိုးတွေရဲ့ရန်က ထိထိရောက်ရောက်
ကာကွယ်နိုင်လေမလား
ဆိုတာကိုတော့ ငွေရောင်ပိတ်ကား ပေါ်မှာ ဆက်လက် ရှုစား ကြရမှာပါ။
Tour
Eiffel သို့မဟုတ် La Dame de Fer (ဓါတ်ပုံ
မရငတ)
အီဖယ်မှာ
ထွန်းညှိထားတဲ့
မီးလုံးပေါင်း နှစ်သောင်း မီးရောင်ကြောင့်
အီဖယ်ရဲ့ ညအလှကို ခံစားရတာ တမူထူးခြားပါတယ်တဲ့။
ဒါကြောင့် အီဖယ်ရဲ့ သံမဏိဘောင်တွေကြား ညမီးရောင် အလှတွေကြားက
တမျှော်တခေါ် မြင်တွေ့နိုင်တဲ့ ပါရီညရဲ့ အလှပဒေသာကို ခံစားကြည့်ချင်သူတွေ
အတွက် အီဖယ်မျှော်စင်ကို ညသန်းခေါင်ကျော် တချက်တီးအထိ ဖွင့်လှစ်ပေးထားပါတယ်တဲ့။
နောက်ဆုံးတက်နိုင်တဲ့အချိန်ကတော့ နွေရာသီမှာ ညသန်းခေါင်ထိပါ၊
မျှော်စင်ထိပ်ဆုံးထိ
တက်ချင်ရင်တော့ ခပ်စောစောလေး သွားရပါလိမ့်မယ်။
Tour
Eiffel (ဓါတ်ပုံ
မရငတ)
တကယ်က အီဖယ် ထိပ်ဖျားကို တက်ချင်ပါက
တက်သုတ်ရိုက် ရောက်-ပြန်တော့ မတက်သင့်ပါဘူး၊
မျှော်စင်ပေါ် တက်ခ ဈေးနှုန်းက မနည်းလှတာ မို့လို့ပါ။
ဒါပေမယ့်လို့
ပါရီကို တညအိပ် နှစ်ညအိပ်ခရီး လာကြသူက အများစုမို့
ပါရီရဲ့ နာမည်ကြီး Top Ten အားလုံးကို ရောက်ဖို့ အချိန်လု နေကြရတာပါ၊
အများအားဖြင့်ကတော့
တန်းစီချိန်က မျှော်စင်ပေါ်မှာ နေရချိန်ထက် များနေ တတ်ပါတယ်။
၂၀၁၇ နှစ်ကုန်ပိုင်းထိ ၁၇ ယူရိုသာ
ပေးတက်ခဲ့ရတဲ့
အီဖယ်ထိပ်ဖျား တတိယထပ်က ဒီနှစ်
၂၀၁၈ နှစ်ဆန်းမှာ
လူကြီး တယောက်ကို ၂၅
ယူရို ပေးမှ
ရောက်တော့မှာ ဖြစ်ပါတယ်။
သို့သော်လည်း
အင်္ဂလန် လန်ဒန်မြို့ Tower of London ၂၉ ယူရိုခွဲ
စပိန်
ဘာစီလိုနား Basilique de la Sagrada Família ၂၉ ယူရို
အမေရိကန်
နယူးယောက် Empire State Building ၄၅ ယူရို တို့နဲ့ နှိုင်းစာရင် မများလှပါဘူးတဲ့။
ဒါကြောင့်
အီဖယ် ထိပ်ဖျား တက်ခက ဈေးကြီးလွန်းတယ် ပြောမရသလို တကယ် တက်ကြည့်ပါက
Tower of London တို့ Sagrada Família တို့ Empire State တို့ထက် ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ
ကောင်းမှာကတော့ အမှန်အကန် သေချာလှပါပေတယ်တဲ့ ခင်ဗျား။
Tower of London တို့ Sagrada Família တို့ Empire State တို့ထက် ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ
ကောင်းမှာကတော့ အမှန်အကန် သေချာလှပါပေတယ်တဲ့ ခင်ဗျား။
ဒါကြောင့် အောက်ထပ် အလယ်ထပ်
အပေါ်ထပ်
သုံးထပ်လုံးကနေ အီဖယ်အလှ ပါရီအလှကို
အချိန်လေးပေး နားနားနေနေ ဖြေးဖြေးအေးအေး မျက်စေ့ အရသာယူပြီး ခံစား သင့်ကြောင်းပါ။
Tour
Eiffel သို့မဟုတ် La Dame de Fer (ဓါတ်ပုံ
မရငတ)
အဲဒီလို
လူတယောက် ယူရိုငွေ အစိတ် ဗမာကျပ်ငွေ လေးသောင်းကျော် ပေးရပေမယ့်
အကုန်ကျခံပြီး
ပါရီအလှကို ခံစားကြည့်ချင်သူတွေကတော့ ဝင်လာမစဲ တသဲသဲသာပါ၊
ပိုက်ဆံပေးပြီး
ဝင်ရတဲ့ အဆောက်အဦးထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ အီဖယ်မျှော်စင်ပါ။
မောင်ရင်ငတေလည်း တခါလောက် မနက်
ကိုးနာရီကနေ ညသန်းခေါင်ယံတိုင်ထိ အီဖယ်အပေါ်မှာ
အတွေးတွေ ပွားရင်း အချိန်ဖြုန်းချင်မိပါသေးတယ်၊ သို့သော်လည်း သူများနဲ့ ကပ်လိုက်လို့ ဝင်ကြေး
ယူရို အစိတ်မကုန်ဘဲ ဖရီးတက်ခွင့် ရခဲ့ရင်တောင်မှ ရေတဗူး ဘီယာတခွက် ဝယ်သောက်ဖို့ မတတ်
နိုင်တော့ မလွယ်လှပါဘူး၊ (အိမ်က
ယူလာဖို့ကလည်း အရည်ပုလင်း အပေါ်သယ်ခွင့် မရဘူးလေ)။
အီဖယ်ထိပ်ဖျား
ရှန်ပိန်ဘားမှာတော့ ပိုဆိုးပါသေးတယ်၊
တခွက်လောက် စတိ မော့ချင်ပေမယ့် ရှန်ပိန်တခွက်ဈေးက
ဆူပါမားကက် ရှန်ပိန်တပုလင်း ဈေးထက် မြင့်မားနေတာမို့
ဘားနားတောင် မကပ်ရဲပါဘူး။
အဲဒီတော့လည်း
အီဖယ်အနီး မြက်ခင်းပြင်ဖြစ်ဖြစ် တနေရာရာမှာ ကျောပိုးအိပ်ကို ခေါင်းခု ပါလာတဲ့
ရိက္ခာအခြောက်အခြမ်းကိုထုတ် နေ့စဉ်လူမှုကိစ္စတွေနဲ့
ခြောက်နေတဲ့ ဦးဏှောက်ကို ဆေးကြောရင်း
ဘဝအကြောင်းတွေကို ခဏမေ့ထား အီဖယ်ထိပ်ဖျား ပြေးလွှားနေတဲ့ တိမ်ထုနောက်သို့ လိုက်ပါရင်း
၃၂၄ မီတာမက မီတာထောင်သောင်းအထိ အတွေးရွက်လွှင့်ခဲ့တာ အကြိမ် မနည်းတော့ပါဘူး။
ဘဝအကြောင်းတွေကို ခဏမေ့ထား အီဖယ်ထိပ်ဖျား ပြေးလွှားနေတဲ့ တိမ်ထုနောက်သို့ လိုက်ပါရင်း
၃၂၄ မီတာမက မီတာထောင်သောင်းအထိ အတွေးရွက်လွှင့်ခဲ့တာ အကြိမ် မနည်းတော့ပါဘူး။
Thomas Edison et Gustave Eiffel (Top of
the Eiffel) (August 1889) (ဓါတ်ပုံ မရငတ)
အီဖယ်ထိပ်ဖျား အပေါ်ထပ်
၂၈၅ မီတာ အမြင့်မှာတော့ အခန်းကျဉ်းလေး တခန်း ရှိပါတယ်၊
Secret Apartment
at the Top of the Eiffel လို့ မီဒီယာသမား တချို့က ခေါ်ကြပါတယ်။
အဲဒီ အခန်းလေးက မွန်ဆီယာအီဖယ်ရဲ့
ရုံးခန်းဧည့်ခန်း အိမ်ခန်းအဖြစ် အသုံးပြုခဲ့တယ် ဆိုပါတယ်၊
အသက် ၉၁ နှစ်ထိ နေထိုင်
သွားခွင့် ရခဲ့တဲ့ မွန်ဆီယာ အီဖယ် (၁၈၃၂-၁၉၂၃) က အီဖယ်မျှော်စင်
တည်ဆောက် ပြီးတဲ့
(၁၈၈၉ ခုနှစ်) နောက် နှစ်ပေါင်း များစွာ (၃၄ နှစ်) ကြာအောင် အသက်ရှည်ခဲ့
တာကြောင့် ဒီအခန်းလေးထဲကနေ
အလုပ်တွေ များစွာ လုပ်နိုင်ခဲ့တယ် ဆိုကြပါတယ်။
အဲဒီ အီဖယ် တာဝါ ထိပ်ဖျားက အီဖယ်ရဲ့ အမည်ပေါက် အခန်းလေးကို ငှားချင်ကြပါလားတဲ့၊
အခန်းငှားခက မောင်ရင်ငတေလို ကောင်မျိုးမပြောနဲ့ တော်ရုံ ခရိုဏီ အနားမကပ်နိုင်တာ အမှန်မို့
အယ်ဒီဆင်နဲ့အီဖယ်ကြီး
တောကီပွားခဲ့ကြရာ အခန်းကျဉ်းလေးလည်း
ဈေးဦးပေါက်ဟန် မတူပါဘူး။
Tour Eiffel (ဓါတ်ပုံ မရငတ)
အီဖယ်ပေါ် ရောက်ဖူးကြသူတွေကတော့
နှစ်ပေါင်း ၁၂၆ နှစ် အတွင်း သန်းပေါင်း ၃၀၀ ကျော် ရှိခဲ့ပါပြီတဲ့၊
အခုလက်ရှိမှာတော့ တနှစ် တနှစ်ကို ၇ သန်းကျော် ၈ သန်း နီးပါးမျှ တက်ကြပါတယ်တဲ့။
အဲဒီတော့
့ တွက်ချက်ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်၊
အီဖယ်ကို အခုနေ တည်ဆောက်ရင်
ယူရို မီလီယံ ၃၀ လောက် ကုန်နိုင်ပါတယ့့်
့ ဆိုတော့
အပေါ်တက်ခကြေးက တယောက်ပျမ်းမျှ
၁၀ ယူရို့ အမြှောက် တက်သူ ၇ သန်း သို့ ၈ သန့်း့ ညီမျှခြင်း
တနှစ် ဝင်ငွေ့ မီလီယံ ပေါင်းးးးးးးးးး
့ (ဒါတောင် အဲဒီမှာ အဟောင်းကြေး အန်းတစ်ခ်ဈေး မပါသေးဘူးနော်)
တွက်ချက်သာ ကြည့်ကြပါတော့၊
ပလေတိုကြီးရဲ့ သင်္ချာအကယ်ဒမီ ကျောင်းဆင်းမဟုတ်လေတော့
မောင်ရင်ငတေ မတွက်တတ်လို့ပါ၊
မောင်ရင်ငတေက သင်လေချာလေ ကောင်သာပါ။
Tour Eiffel (ဓါတ်ပုံ မရငတ)
နိဂုံးချုပ် အနေနဲ့
့  လူပြောသူပြောများတဲ့ အီဖယ်စတိုရီလေး တခုတော့ ပြောချင်ပါသေးတယ်၊
အဲဒီ အီဖယ်ကြီးမျှော်စင်ကြီးကို
ဝယ်ယူထားသူတွေ ရှိနေပါကြောင်း၊ ဝယ်ယူနိုင်မယ့်သူတွေကတော့
တခြား မတွေးပါနဲ့၊
ထုံးစံအတိုင်း ဆူပါ ရေနံ သူဌေးကြီးတွေသာ ဖြစ်နိုင်ပါကြောင်း၊ ဘယ်သူတွေက
ဘယ်လို အာဏာများပိုင်ဆိုင်လို့ ဘယ်လိုများရောင်းချခဲ့ကြသလဲတော့ ဘယ်သူတွေမှ တိတိကျကျ
မပြောနိုင်ပါကြောင့်း့ ဆူပါ ရေနံသူဌေးကြီးတွေ ဝယ်ယူထားတယ်ဆိုတဲ့ ရဲတိုက် နန်းတော်
ဘယ်လို အာဏာများပိုင်ဆိုင်လို့ ဘယ်လိုများရောင်းချခဲ့ကြသလဲတော့ ဘယ်သူတွေမှ တိတိကျကျ
မပြောနိုင်ပါကြောင့်း့ ဆူပါ ရေနံသူဌေးကြီးတွေ ဝယ်ယူထားတယ်ဆိုတဲ့ ရဲတိုက် နန်းတော်
့
မြေကွက် ခြံကွက်တွေက လက်ညိုးညွှန်ရာ ရှိနေတာကတော့ သေချာလှပါကြောင်း။
ဒါ့ကြောင့် ဒါကြောင့်
အကယ်၍ တကယ်သာ အီဖယ်ကြီးရဲ့ တစိတ်တပိုင်းကို ဝယ်ထားသူတွေသာ
ရှိနေပါက အီဖယ် အကြောင်းပြု
ဝင်နေတဲ့ ဝင်ငွေ ယူရို ပေါင် ဒေါ်လာ ယွမ် ယန်းတွေက ဘယ်လို
လူတွေရဲ့ အိပ်ကပ်တွေထဲ
ရောက်သွားနေမလဲ့ တွေးကြသူတွေ
တပုံတပင် ရှိပါတယ်။
မောင်ရင်ငတေကတော့
အလုပ်မရှိ အကိုင်မရှိ အားတိုင်း မှတ်ထား တို့ထား မိရုံလေးသာပါ။
Tour Eiffel (ဓါတ်ပုံ မရငတ)
၂၀၁၅ ခုနှစ်က ရေးသားခဲ့တဲ့
အီဖယ်စတိုရီ အတိုချုပ်လေးကို့
၂၀၁၈ ခုနှစ်မှာ လိုအပ်တာလေးတွေကို ပြင်ဆင် တည်းဖြတ် ရေးသားပါတယ်။
မောင်ရင်ငတေ ၂၂၀၈၂၀၁၅-၂၅၀၇၂၀၁၈
ပါရီပုံရိပ်များ
အီဖယ်စတိုရီ
Tour Eiffel သို့မဟုတ်
La Dame de Fer
မောင်ရင်ငတေ ၂၂၀၈၂၀၁၅-၂၅၀၇၂၀၁၈
ပါရီပုံရိပ်များ
အီဖယ်စတိုရီ
Tour Eiffel သို့မဟုတ် La Dame de Fer
Aucun commentaire:
Publier un commentaire