ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ (ပါရီရောက် ဈေးသည်လက်သစ်များ)
လက်သစ် ဈေးသည်တယောက်ရဲ့ မေထရိုထိပ်က ဈေးဆိုင်လေး (ဓါတ်ပုံ မရငတ)
ပါရီ
မေထရိုထိပ်က ဈေးသည်လက်သစ် တဦးပါ၊ သူရင်ထဲက ခံစားချက်တွေကို အင်တာမဗျူးပါဘဲ
မောင်ရင်ငတေ . . … သာ . …. ဆိုရင် . ….. စိတ် နဲ့ . . … . . . . . . .. . . … ရေးလိုက်ပါတယ်။
မောင်ရင်ငတေ . . … သာ . …. ဆိုရင် . ….. စိတ် နဲ့ . . … . . . . . . .. . . … ရေးလိုက်ပါတယ်။
ပါရီမြို့ကြီးလို့
ဆိုလိုက်တာနဲ့ အများက ပြေးမြင်လိုက်ကြမှာက သမိုင်းထဲကမြို့တော်ကြီး ဥရောပရဲ့
မြို့တော်ကြီး အဘက်ဘက်က ပြီးပြည့်စုံနေတဲ့ မြို့တော်ကြီး စတဲ့ စတဲ့ စတဲ့
မြို့တော်ကြီး အဘက်ဘက်က ပြီးပြည့်စုံနေတဲ့ မြို့တော်ကြီး စတဲ့ စတဲ့ စတဲ့
ဒီကနေ့ သက္ကရာဇ် ၂၀၀၀
ပြည့်လွန် ကာလများမှာတော့ အိပ်မက်တွေ အပြည့်နဲ့ ပါရီကို ရွှေ့ပြောင်း
ရောက်ရှိလာကြသူများရဲ့ ရင်တွင်းသောက အပူတွေကို နားလည်ခံစားနိုင်ဖို့ မလွယ်လှပါဘူး၊
ရောက်ရှိလာကြသူများရဲ့ ရင်တွင်းသောက အပူတွေကို နားလည်ခံစားနိုင်ဖို့ မလွယ်လှပါဘူး၊
တနပ်စာ ဝမ်းဝဖို့အတွက် လှုပ်ရှားရုန်းကန်ရမှုမှာကတော့ ပါရီကို ရောက်ရှိလာကြသူတွေရဲ့
မူရင်း တိုင်းပြည်ထက်
ဘယ်လောက်ကွာခြားမှု ရှိနိုင်မလဲ့ ဒီ မေးခွန်းရဲ့ အဖြေကတော့
အမျိုးမျိုး ရှိနေမှာ မလွဲပါဘူး။
အမျိုးမျိုး ရှိနေမှာ မလွဲပါဘူး။
မောင်ရင်ငတေရဲ့ မေးခွန်းမဟုတ်တဲ့
မေးခွန်းကို အဖြေရယ်လို့ မဟုတ်ပါဘဲ
ဖြေလာကြသူတွေထဲက ပါရီရောက်နေတဲ့ ရွှေလူမျိုး ပန်းချီဆရာ အင်စတော်လေးရှင်းဆရာတယောက်က
ဖြေလာကြသူတွေထဲက ပါရီရောက်နေတဲ့ ရွှေလူမျိုး ပန်းချီဆရာ အင်စတော်လေးရှင်းဆရာတယောက်က
တခါတလေ မွန်းကျပ်မှု
များစွာ ......
တခါတလေ လျှို့ဝှက်မှု
များစွာ .....
တခါတလေ နာကျင်ခြင်း
များစွာနဲ့ .... လို့ ခပ်တိုတို ရေးလာပါတယ်၊ အကျယ်တော့ မချဲ့ချင်ပါဘူး၊
ဟုတ်ပါတယ် . .. .
.. .. … . …. . . . .. ဝမ်းရေးအတွက် နာကျင်များစွာ ပေါ့နော်။
နောက်တခါ စကင်ဒီနေဗီးယားမြေရောက်
ပြောင်းရွှေ့အခြေချ ရွှေတယောက်ကတော့
အဲဒီလို လမ်းဘေးဆိုင်လေးတွေဖွင့်
ဈေးရောင်းတော့ ရဲနဲ့စည်ပင်က လာမဖမ်းဘူးလား၊
အဲဒီလို အခြေအနေအထိတောင်
ဖြစ်နေပြီဆိုတော့ ပါရီမှာ အဲလို လမ်းဘေးဈေးဆိုင်တွေ
တပြုံကြီး ဖြစ်နေပြီပေါ့ လို့ မေးပါတယ်။
တပြုံကြီး ဖြစ်နေပြီပေါ့ လို့ မေးပါတယ်။
တကယ်တမ်းတော့ ဒီလို
ကိစ္စမျိုးတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း တာဝန်ရှိသလောက်
မလုပ်နိုင်တော့တာပါ၊ ဖမ်းမနိုင်တော့တာထက် ဖမ်းပြီးအရေးယူပြီး ဘာကိုဘယ်လိုဆက်လုပ်ရမယ်
ဆိုတာ မရှိတော့တာ မသိတော့တာပါ၊ ပါရီ တမြို့လုံးမှာ အများကြီး နေရာတကာမှာ ရှိနေပါပြီ၊
တနှစ်ထက်တနှစ် ပို ပို များလာတာ ဒီနှစ်ပိုင်းမှာတော့ နေရာတကာ ဆိုသလို တွေ့လာနေရပါပြီ။

အခုလို မောင်ရင်ငတေ
ရိုက်ထားတဲ့ ပုံကိုကြည့်ပြီး တယောက်က မေးလာပြန်ပါတယ်၊
အဲဒီလူ အဲဒါလေးတွေ
ရောင်းလို့ ဘာမြတ်မှာလဲ ... …… စက်ရုံ တရုံရုံမှာ အလုပ်ဝင် လုပ်ရင်တောင်
ပို အဆင်ပြေဦးမယ်နဲ့ တူတယ် . .. ….. ... ဒါပေမယ့် ပုဂ္ဂိုလ်ကြည့်ရတာ အလုပ်ကလည်း မရတော့
ကြံရာမရဖြစ်ပြီး လမ်းဘေးဈေးခင်း ရောင်းပုံပဲ . … . .. ..... ဒုစရိုက်အလုပ် မဟုတ်တာကိုပဲ ဒီလူကို
ချီးကျုးရတော့မှာပေါ့၊ ဟုတ်ပါတယ် ခင်ဗျာ၊ ဥရောပရောက် နေကြသူတွေထဲမှာ စကင်ဒီနေဗီးယား
မြေကြီးကို နင်းခွင့်ရပြီး နေခွင့်ရသူတွေကတော့ ကုသိုလ်ကံကောင်းကြတယ်လို့ ပြောရမှာပါ။

စကင်ဒီနေဗီးယားနဲ့
အနောက်ဥရောပထဲက ပြင်သစ် စပိန် အီတလီတို့ အတော်ကို ကွာခြားနေပါပြီ၊
အခြေခံ လူအခွင့်အရေးတွေ
ဆိုရှယ် လူမှုရေး ခံစားခွင့် ဆိုတာတွေ ရှိနေသေးပေမယ့်
နေ့စဉ် လူမှု
ဘဝ ရှင်သန်ဖို့ကတော့ ခု မောင်ရင်ငတေ မှတ်တမ်းတင်ခဲ့တဲ့ ပုံပါ အတိုင်းပါ။
မောင်ရင်ငတေလည်း ကံကောင်းထောက်မလို့ နေနိုင်နေတာပါ၊ အချိန်မရွေး အဲလို ဘဝတွေကို
မရောက်သွား နိုင်ပါဘူးလို့ ဘယ် ဘုရားသခင်ကမှ မောင်ရင်ငတေအတွက် အာမ မခံနိုင်ပါဘူး။

မောင်ရင်ငတေတို့ရဲ့
ကမ္ဘာပေါ်မှာ တိုးလ်ရစ်တွေအလာအများဆုံး (တနှစ်ကို သန်း ရှစ်ဆယ်ကျော်)
ပြင်သစ်ပြည်ကြီးရဲ့
နာမည်ကျော် မြို့တော် ** ပါရီ ** *** မှာ တရားဝင် နေထိုင်ခွင့် စာရွက်ရှိသူ
တွေတောင်မှ . .... အလုပ် မလွယ်တာ . ... ကြာခဲ့ပါပြီ။
တွေတောင်မှ . .... အလုပ် မလွယ်တာ . ... ကြာခဲ့ပါပြီ။
မောင်ရင်ငတေ့ မှတ်တမ်းတင်ပုံထဲကသူက
အိန္ဒိယတိုက်တောင်ပိုင်းကနေ ရွှေ့ပြောင်းရောက်ရှိလာ
ကြသူတွေထဲက တယောက်ပါ၊ သူတို့လိုလူမျိုးတွေ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မွေးရပ်
ဇာတိမြေတွေကို စွန့်ခွာလာခဲ့ကြရပါတယ်၊ အဲဒီလို လူတွေထဲမှာ ဆိုးသူတွေ မိုက်သူတွေ ပါကောင်း
ပါဝင်ကြမှာ ဖြစ်ပေမယ့် ပါရီမြေရောက် နာမည်ဆိုးနဲ့ ကျော်ကြားသူတွေအထဲမှာတော့ သူတို့တတွေ
မပါဝင်ပါဘူးဆိုတာ မောင်ရင်ငတေ ပြောနိုင်ပါတယ်။

သူတို့တတွေဟာ ကောင်းရောင်း ကောင်းဝယ် လုပ်စားချင်ကြသူတွေပါ၊ လမ်းဘေးမှာဈေးရောင်းနေတဲ့
သူတို့မျက်နှာတွေဟာ ကြည်လင်မှုများတာ တွေ့မြင်ရပါတယ်၊ ဆူပါမားကက်ဆိုင်ကြီးတွေက ဈေးရောင်း
သူတွေထက် ယဉ်ကျေးကြပါတယ်။
အဲဒီသူတွေဟာ တနေ့
တဆယ် မြတ်ရင် (ထောက်ပံ့ကြေး နှုန်းကလည်း အဲလောက် သာပါ)
နေနိုင် စားနိုင်ပါပြီ၊ နေစရာကတော့ စုပေါင်းစပ်ပေါင်း ကျောတခင်းစာပေါ့ဗျာ။
နေနိုင် စားနိုင်ပါပြီ၊ နေစရာကတော့ စုပေါင်းစပ်ပေါင်း ကျောတခင်းစာပေါ့ဗျာ။
ဟုတ်ပါတယ်၊ အဲဒီ ဈေးရောင်းနေတဲ့လူက
တရားဝင်နေနေတဲ့သူ ဟုတ်ချင်မှ ဟုတ်ဦးမှာပါ၊
ယာယီ နေထိုင်ခွင့်ရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ မလွယ်ပါဘူးဗျာ ဆိုတဲ့ ... ဘဝ .. ဘဝတွေ .... ပါ။
ယာယီ နေထိုင်ခွင့်ရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ မလွယ်ပါဘူးဗျာ ဆိုတဲ့ ... ဘဝ .. ဘဝတွေ .... ပါ။
ဒါပေမယ့် ဒီလူက ဒီ
ဥရောပ ပြင်သစ်မြေ ဆိုတာကြီးကို နင်းခွင့် ရနေသူပါ၊ နင်းခွင့် ရပြီးပါပြီ၊
ဒီလို ဘဝမျိုးရောက်ဖို့
ဥရောပမြေကြီးကို နင်းရဖို့ နယ်စပ်ပေါက်မှာ တန်းစီနေသူတွေ အများကြီးပါ၊
လှေတတန် လှည်းတတန် . …. …… လာနေကြသူတွေ ….. . . ..့ အများကြီး အများကြီးပါ။
မောင်ရင်ငတေရဲ့ စကင်ဒီနေဗီးယားရောက်
ရွှေဘော်ဒါကြီးက တခဲနက် ထောက်ခံပါတယ်၊
ဟုတ်ပါ့ဗျာ .. …
…. …. ပင်လယ်ထဲမှာလည်း ကျန်သေးတယ်၊ ပင်လယ်ကနေ အီတလီကမှတဆင့်
ဆွီဒင်ကိုသွားတဲ့ အမည်းတယောက် ဒိန်းမတ်ကအဖြတ်မှာ ရှည်ပြီးဒိန်းမတ်ရဲက ဖမ်းစစ်လိုက်တော့
ဟိုက ခိုလှုံခွှင့်တောင်းပါလေရော၊ အမည်းကလည်း ခပ်မာမာပဲနော် … သူ့နိုင်ငံထက် ပိုကောင်းမယ့်
ဘဝတခုတည်ထောင်နိုင်ဖို့ အသက်နဲ့ရင်း ပင်လယ်ပြင်ကိုဖြတ်ပြီး အမျိုးတွေရှိတဲ့ ဆွီဒင်ကိုသွားတာ
အခုတော့ ဒိန်းမတ်မှာ ခိုလှုံခွှင့် လျှောက်ရတော့မှာပေါ့တဲ့ ... အဲဒါနဲ့ သူ့ကို ပြီးခဲ့တဲ့လက ဒိန်းမတ်မှာ
လက်ခံလိုက်ရတာ သတင်းမှာ ဖတ်လိုက်ရသေးတယ်တဲ့ ဗျာ။

အမှန်ပေါ့ ဆရာရေ
. ..... ဘုတ်ပီးပဲလ်တွေ . ...... ဘုတ်အပြည့်နဲ့ မီးပင်လယ်ကို ကျော်ဖြတ် . .. ..
ဓါးတောင်ရောက်တော့ လမ်းနဘေးမှာ လုပ်ကိုင်စားသောက် ရဖို့လေ၊ အဲဒီ အမည်း … ဒိန်းမတ်မြေ
နင်းခွင့်ရလိုက်တော့ တော်သေးတာပေါ့၊ . .... ပြင်သစ်မြေ ဆိုရင်တော့ . ..... .. .. … .. ….. . ...... .
. . .. . . . . . . . . .. . . . …. . . .. . .. . . .. . . …. . . . .. . . . …. . … …… . . .. . … . … . …..

မောင်ရင်ငတေတောင်
ဘယ်နေ့ အဲလိုဘဝ ရောက်မလဲ မသိပါဘူး၊ . ..... ကံပေါ့ .. … ဆရာ။
(ဘုတ်ပီးပဲလ်တွေအကြောင်း
ရေးထားတာလေးတွေ အဆုံးသတ် ရေးပါဦးမည်)
မောင်ရင်တေ ၁၉၀၇၂၀၁၅
ပြီးခဲ့တဲ့ နွေက ရေးထားတာလေးပါ၊ မိုးမခသို့ အခုမှ ပို့ဖြစ်လိုက်ပါတယ်၊ ဒီ စာတပုဒ်ဖြစ်လာအောင်
ကူညီပြောဆိုပေးသော သူငယ်ချင်းများ
ဖေ့စ်ဘုတ်ခ်မိတ်ဆွေများကို ကျေးဇူးမှတ်တမ်းတင်ပါတယ်၊
(ဓါတ်ပုံထဲတွင်ပါဝင်သောလူပုံများကို
ကိုယ်ချင်းစာနာခြင်းများစွာဖြင့် ရိုက်ကူးမှတ်တမ်းတင်ခြင်းပါ၊)
မောင်ရင်ငတေ ၁၀၁၁၂၀၁၅
http://moemaka.com/archives/47443 နိုဝင်ဘာ
၁၂၊ ၂၀၁၅
Aucun commentaire:
Publier un commentaire