** နော်မန်ဒီ တံငါ ** *
* ****** အလုပ်ဆိုတာ **** **** *
လူတယောက်အတွက် တနေ့တနေ့ မနက်ကြီး မိုးလင်းလာတာနဲ့ ပထမအဦးဆုံး တောင်းဆိုခံရတာ ကတော့ အစာအိမ်ရဲ့ အသံမျိုးစုံပါ၊
အဲဒီ အစာအိမ်ရဲ့ အသံအတွက်ကြောင့် အလုပ်မျိုးစုံကို လူမျိုးစုံ အကုန် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ကြရပါတယ်၊
အဲဒီလို အလုပ်တွေမျိုးစုံကို အမှတ်တမဲ့ မှတ်တမ်းတင်မိခဲ့တာတွေ ရှိခဲ့ပါတယ်၊
အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင် စိတ်ထဲခံစားမိ ရခဲ့ရင် ရခဲ့သလို မောင်ရင်ငတေ ရေးထားခဲ့တာလေး တွေကို ပေါင်းစုပြီး ဖော်ပြချင်စိတ် ရှိလာခဲ့တာကြောင့် ဖော်ပြလိုက်တာပါ၊

မောင်ရင်ငတေ ၀၄၀၇၂၀၁၅
နော်မန်ဒီ
တံငါ (ဓါတ်ပုံ မရငတ)
နော်မန်ဒီကမ်းခြေ
အင်္ဂလိပ်ရေလက်ကြား ရေပြင်က ... တနေ့တာ လုပ်ငန်းခွင်ကနေ ပြန်လာနေတဲ့ ပြင်သစ် တံငါအိုကြီး
တယောက်ရဲ့ အိမ်အပြန် ခြေလှမ်းများပါ၊
ကမ္ဘားထက်ရောက်ရင်တော့
သူထိုင်နေကျ ကဖေးဘားလေးမှာ အမောပြေထိုင်ရင်း ဘီယာတခွက် ချလေမလား ခပ်ပြင်းပြင်း ဒေသထွက်
ကာဗားဒိုလ်း ပန်းသီးအရက်တခွက်ကို မော့လေမလား … .. ..... . . .. . ….. .. . မောင်ရင်ငတေ
တွေးနေမိတာပါ၊
ကိုယ်တိုင်ကသာ လက်ကြောတင်းအောင်
မလုပ်တတ်ပါတဲ့ မောင်ရင်ငတေ တယောက်ကတော့ သူများတွေ လက်ကြောတင်းတာကိုတော့ စာနာမိပါလေ
. .... ရဲ့ . . .... . .. . . .. . …. .
.. …… ၊
ဒီရေပြင်ကြီးက လွန်ခဲ့တဲ့ နှစ် ၇၀ က ကမ္ဘာကျော် နော်မန်ဒီကမ်းတက်တိုက်ပွဲများကြောင့် နာမည်ကြီးခဲ့တဲ့ ရေပြင်ပါ၊
ဒီကနေ့ မောင်ရင်ငတေတို့ ခေတ်ကာလများမှာတော့ အဲဒီလို . ... ….. .. စစ်သမိုင်း အဟောင်းအမြင်းများရဲ့ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားသူတွေရော ပင်လယ်ကမ်းခြေ သဲသောင်ပြင်တွေကို ချစ်မြတ်နိုးသူများနဲ့ပါ စည်ကားလှပါတယ်၊
အဲသလို စည်ကားလာတဲ့
အကြောင်းရင်းတွေနဲ့အတူ ကပ်လျှက်တွဲလို့ ပါလာခဲ့တာကတော့ . . …… စားသောက်ဆိုင် လုပ်ငန်းတွေပါ၊
လူတွေဟာ အစာမစားဘဲ နေနိုင်ကြတဲ့ သူတွေမှ မဟုတ်တာ၊
အဲလို အစာစားမှုနဲ့အတူ ဒေသခံတွေ စားမှုအတွက် အပြင် ဒီနေရာကို လာရောက်လည်ပတ်ကြတဲ့ သူတွေအတွက် စားသောက်ဆိုင်တွေ .... အစားအစာတွေ လိုလာပါတယ်၊
လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့အတွက်
တံငါလုပ်ငန်းတွေ တံငါသည်တွေ လိုအပ်လာပါတယ်၊
အဲသလို မရှိမဖြစ်
လိုအပ်ပါတဲ့ တံငါသည်ကြီးက သူဘဝကို သူ …. ….
ကျေနပ်ပါရဲ့လား . .. .. …၊
မောင်ရင်ငတေ တွေးမိတာပါ၊
တွေးမိယုံ တွေးမိရတာပါ၊
တကယ်တော့ သူက တံငါသည်
ပြင်သစ်ကြီး တယောက်ပါ၊ မောင်ရင်ငတေကကော ဘာပါလဲ . …၊
မောင်ရင်ငတေ ၀၄၀၇၂၀၁၅
* ****** အလုပ်ဆိုတာ **** **** *
လူတယောက်အတွက် တနေ့တနေ့ မနက်ကြီး မိုးလင်းလာတာနဲ့ ပထမအဦးဆုံး တောင်းဆိုခံရတာ ကတော့ အစာအိမ်ရဲ့ အသံမျိုးစုံပါ၊
အဲဒီ အစာအိမ်ရဲ့ အသံအတွက်ကြောင့် အလုပ်မျိုးစုံကို လူမျိုးစုံ အကုန် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ကြရပါတယ်၊
အဲဒီလို အလုပ်တွေမျိုးစုံကို အမှတ်တမဲ့ မှတ်တမ်းတင်မိခဲ့တာတွေ ရှိခဲ့ပါတယ်၊
အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင် စိတ်ထဲခံစားမိ ရခဲ့ရင် ရခဲ့သလို မောင်ရင်ငတေ ရေးထားခဲ့တာလေး တွေကို ပေါင်းစုပြီး ဖော်ပြချင်စိတ် ရှိလာခဲ့တာကြောင့် ဖော်ပြလိုက်တာပါ၊
* ****** အလုပ်ဆိုတာ **** **** *
လူတယောက်အတွက် တနေ့တနေ့ မနက်ကြီး မိုးလင်းလာတာနဲ့ ပထမအဦးဆုံး တောင်းဆိုခံရတာ ကတော့ အစာအိမ်ရဲ့ အသံမျိုးစုံပါ၊
အဲဒီ အစာအိမ်ရဲ့ အသံအတွက်ကြောင့် အလုပ်မျိုးစုံကို လူမျိုးစုံ အကုန် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ကြရပါတယ်၊
အဲဒီလို အလုပ်တွေမျိုးစုံကို အမှတ်တမဲ့ မှတ်တမ်းတင်မိခဲ့တာတွေ ရှိခဲ့ပါတယ်၊
အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင် စိတ်ထဲခံစားမိ ရခဲ့ရင် ရခဲ့သလို မောင်ရင်ငတေ ရေးထားခဲ့တာလေး တွေကို ပေါင်းစုပြီး ဖော်ပြချင်စိတ် ရှိလာခဲ့တာကြောင့် ဖော်ပြလိုက်တာပါ၊
မောင်ရင်ငတေ ၀၄၀၇၂၀၁၅
Aucun commentaire:
Publier un commentaire