ဘဝထဲကလူသား
အနုပညာတောင်ကုန်းထိပ်က
ဘောကဝေလေး
မောင်ရင်ငတေ ၀၄၀၇၂၀၁၅
* ****** အလုပ်ဆိုတာ **** **** *
လူတယောက်အတွက် တနေ့တနေ့ မနက်ကြီး မိုးလင်းလာတာနဲ့ ပထမအဦးဆုံး တောင်းဆိုခံရတာ ကတော့ အစာအိမ်ရဲ့ အသံမျိုးစုံပါ၊
အဲဒီ အစာအိမ်ရဲ့ အသံအတွက်ကြောင့် အလုပ်မျိုးစုံကို လူမျိုးစုံ အကုန် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ကြရပါတယ်၊
အဲဒီလို အလုပ်တွေမျိုးစုံကို အမှတ်တမဲ့ မှတ်တမ်းတင်မိခဲ့တာတွေ ရှိခဲ့ပါတယ်၊
အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင် စိတ်ထဲခံစားမိ ရခဲ့ရင် ရခဲ့သလို မောင်ရင်ငတေ ရေးထားခဲ့တာလေး တွေကို ပေါင်းစုပြီး ဖော်ပြချင်စိတ် ရှိလာခဲ့တာကြောင့် ဖော်ပြလိုက်တာပါ၊

Iya Traoré (၁၉၈၆-****) (ဓါတ်ပုံ မရငတ)
ပါရီမြို့ရဲ့ နာမည်ကျော် Montmartre ဆိုတဲ့ အနုပညာ တောင်ကုန်းထိပ်မှာ
ဘောလုံး
အလှခတ်သမားလေး တယောက် ရှိပါတယ်၊ တွေ့ဖူးသူတွေ တွေ့ဖူးကြမှာပါ၊
ဒါပေမယ့် သူနာမည်ကို သိကြတဲ့သူ အလွန်ရှားမှာပါ၊ ဟုတ်ပါတယ်၊
သူဟာ
ဇီးဒန်းတို့ ဘာ့သက်ဇ်တို့ အောင်လီတို့လို့ ပြင်သစ်ရဲ့ နာမည်ကျော် ဘောလုံးသမားတွေနဲ့
ဘောလုံးတွဲကန်ဖူးသူ
မဟုတ်ပါဘူး၊ ချန်ပီယံလည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး၊
ဇီဒန်းတို့ ဘာတို့ကို အပြင်မှာ မမြင်ဖူးကြပေမယ့် သူ့ကိုတော့ အပြင်မှာ မြင်ဖူးသူတွေက သန်းနဲ့ချီ ရှိနေပါပြီ၊
ဒီကနေ့
အာဖရိကမှာ Guinea အမည်နဲ့ နိုင်ငံ သုံးနိုင်ငံ ရှိပါတယ်၊
စပိန် ကိုလိုနီဟောင်း Equatorial
Guinea ရယ် ပေါ်တူဂီ ကိုလိုနီဟောင်း Guinea-Bissau ရယ်
အဲဒီ အနုပညာတောင်ကုန်းထိပ်က
ဘောကဝေလေး မွေးခဲ့ရာ ပြင်သစ် Guinea ရယ်ပါ၊
အာဖရိကတိုက် အနောက်စွန်းက ပြင်သစ်ကိုလိုနီဟောင်း République de Guinée (Guinea) နိုင်ငံက ရွာသေးသေးကလေး တခုမှာ မွေးဖွားခဲ့သူပါ၊
၁၉၅၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့ ပြင်သစ် စကားပြော နိုင်ငံတခုမှာ မွေးဖွားခဲ့သူ Iya Traoré (၁၉၈၆) ဟာ ပြင်သစ်ပြည်ကို သူ့မိသားစုနဲ့အတူ အခြေစိုက်နေထိုင်ဖို့ ရွှေ့ပြောင်းရောက်ရှိလာတာကတော့ မထူးဆန်းလှပါဘူး၊
ပါရီကိုရောက်လာတဲ့ အာဖရိကသားလေးဟာ သူကျွမ်းကျင်လိမ္မာတဲ့ ဘောလုံးပညာနဲ့ Paris Saint-Germain (PSG) လို အသင်းမျိုးတွေကို ဝင်တိုးပေမယ့်လည်း ထင်တိုင်း မပေါက်ခဲ့ရာက ပါရီမြို့တော်ရဲ့ လမ်းဘေးကနေ တကမ္ဘာလုံးသိကြတဲ့အဆင့် မဟုတ်သိတိုင်အောင် ပါရီမြို့တော်ကို လာရောက်လည်ပတ်ကြသူများ သတိထားရတဲ့ အဆင့်တော့ ရောက်ရှိလို့လာနေပါပြီ၊
အာဖရိကသားလေးရဲ့ ဘောလုံးထိမ်းသိမ်းတဲ့ အတတ်ပညာ၊ တကယ်တော့ သူ့ရဲ့ပညာက မောင်ရင်ငတေတို့ ရွှေပြည်တော်သားများရဲ့ ရိုးရာခြင်း ခတ်တဲ့ အတတ်ပညာနဲ့ အတော်တူပါတယ်၊
Iya Traoré အဓိက ပရိသတ်ကို ဆွဲဆောင်သွားခဲ့တာ ကတော့ သူ့ရဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ဖော်ပြနိုင်ခဲ့တဲ့ ဘောလုံး ထိမ်းသိမ်းနိုင်မှု အနုပညာ ကြောင့်လို့သာ မောင်ရင်ငတေ ထင်မြင်မိကြောင်းပါ၊
Iya Traoré (၁၉၈၆-****)
(ဓါတ်ပုံ မရငတ)
အီယာဟာ မောင်ရင်ငတေတို့နဲ့ခေတ်ပြိုင် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ပါရီကိုရောက်လာခဲ့ပြီးနောက်
၂၀၁၀
ခုနှစ်လောက်မှာ ပါရီရဲ့ အထင်ကရ တောင်ပေါ်ဘုရားကျောင်းထိပ်မှာ ရောက်ရှိလာကြပါတဲ့ ခရီးသွားတိုးလ်ရစ်တွေရဲ့
သတိထား အားပေးခံရသူတဦး ဖြစ်လာခဲ့တာပါ၊
အဲဒီနောက်ပိုင်းမှာတော့ အင်တာနက် စာမျက်နှာများနဲ့ YouTube ရုပ်သံပေါ်မှာ ပေါ်ပြူလာ ဖြစ်လာခဲ့ပါတယ်၊

ဒီကနေ့မှာ သူဖြစ်ချင်ခဲ့တဲ့ ဘဝကို ဖြစ်နေပြီလား ရောက်ရှိနေတဲ့ သူရဲ့ဘဝကို ကျေနပ်နေနိုင်ပြီလား
မောင်ရင်ငတေ
အင်တာမဗျူးလို့ သေချာမသိနိုင်ပေမယ့် သူ့ရုပ်သွင်ကတော့ သူ့ရဲ့ ဒီကနေ့ ဘဝကို
ကျေနပ်လာနေဟန်
ရှိပါတယ်၊
မောင်ရင်ငတေရဲ့ ထင်မြင်ချက်ပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့ တနှစ်ကျော် ကာလက အဲဒီ တောင်ကုန်းထိပ်မှာ ဘောလုံး အလှပြနေစဉ်မှာ သက်ဆိုင်ရာ ရဲကားတစီး ရောက်ရှိ လာပြီးတော့ သူ့ကို တင်ဆောင်သွားချိန်က သူ့ရဲ့မျက်နှာလေးကို မောင်ရင်ငတေ မှတ်မိနေပါတယ်၊ မှတ်တမ်းတင်ဖို့ ကင်မရာ မပါသွားခဲ့လို့ ပုံကောင်းတပုံ လက်လွတ်ခဲ့ရပါတယ်၊

အခုတော့
သူ ပြန်ရောက်နေပါပြီ၊ ပြီးခဲ့တဲ့ တလလုံး မောင်ရင်ငတေ အဲဒီ အနုပညာ တောင်ကုန်းကို အခေါက်များစွာ
ရောက်ခဲ့တော့ အကြိမ်တိုင်းလို တွေ့ခဲ့ရပါတယ်၊
သူကတော့ သူ့အလုပ်သူ စိတ်ဝင် တစား လုပ်နေဆဲပါ၊ တရားဝင်ပါသလား၊ တရားဝင် ခွင့်ပြုချက် ရပြီးပါသလားတော့ မောင်ရင်ငတေ စိတ် သိပ်မဝင်စားမိလို့ မမေးခဲ့တော့ပါဘူး၊
မောင်ရင်ငတေ အဲဒီကို လိုက်ပို့ပေးခဲ့ရတဲ့ ဥရောပပေါက် ရွှေ မျိုးဆက်သစ်လေးတွေကတော့ ထိုသူ့ကို သိပါကြောင်း အင်တာနက် စာမျက်နှာတွေမှာ တွေ့ဖူး ပါကြောင်းပြောကြတာကြောင့် Iya Traoré အီယာ တြာအိုလေး အကြောင်းကို မှတ်တမ်းတင်လိုက် ရပါတယ် ခင်ဗျာ၊

၂၃၀၇၂၀၁၅
Iya
Traoré, Phénomène du foot à Montmartre
http://www.dixhuitinfo.com/videos/article/iya-traore-phenomene-du-foot-a* ****** အလုပ်ဆိုတာ **** **** *
လူတယောက်အတွက် တနေ့တနေ့ မနက်ကြီး မိုးလင်းလာတာနဲ့ ပထမအဦးဆုံး တောင်းဆိုခံရတာ ကတော့ အစာအိမ်ရဲ့ အသံမျိုးစုံပါ၊
အဲဒီ အစာအိမ်ရဲ့ အသံအတွက်ကြောင့် အလုပ်မျိုးစုံကို လူမျိုးစုံ အကုန် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ကြရပါတယ်၊
အဲဒီလို အလုပ်တွေမျိုးစုံကို အမှတ်တမဲ့ မှတ်တမ်းတင်မိခဲ့တာတွေ ရှိခဲ့ပါတယ်၊
အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင် စိတ်ထဲခံစားမိ ရခဲ့ရင် ရခဲ့သလို မောင်ရင်ငတေ ရေးထားခဲ့တာလေး တွေကို ပေါင်းစုပြီး ဖော်ပြချင်စိတ် ရှိလာခဲ့တာကြောင့် ဖော်ပြလိုက်တာပါ၊
မောင်ရင်ငတေ ၀၄၀၇၂၀၁၅
Aucun commentaire:
Publier un commentaire