ဗင်းဆင့်ဗန်ဂိုး ကဗျာတပုဒ်
Champ de Blé aux
Corbeaux
ဗင်းဆင့်ဗန်ဂိုး
ခင်ဗျားဟာ လောကမှာ
နှစ်ပေါင်း ၃၇ နှစ်သာနေခဲ့တယ်၊
၃၇ နှစ်မှာ ငတ်တလှည့်
ပြတ်တလှည့် ထမင်းနပ်မမှန်ခဲ့၊
၃၇ နှစ်ကြာသာ နေခဲ့ရလို့သာပေါ့၊
ခင်ဗျားရေးခဲ့တဲ့
ပန်းချီကားတွေက အချပ်ပေါင်းများစွာ၊
နောင်နှစ်ပေါင်း သုံးရာ
သုံးထောင်တိုင်အောင်
ခင်ဗျားရဲ့ပန်းချီကား
သမိုင်းတွေကို လူအများ ဖတ်နေရလိမ့်မယ်၊
ခင်ဗျားပြောခဲ့သလို
ပန်းချီကားတချပ်က ကဗျာ စာ ဘယ်နှစ်ပုဒ်နဲ့ ညီစေမလဲလို့၊
ကျုပ်လို နလပိန်းတုံး
အကောင်တောင် ခင်ဗျားရဲ့ ပန်းချီကားတချပ်ကြောင့် ဒလိမ့်ကောက်ကွေး ပြုတ်ကျခဲ့ရပေါ့၊
မရငတ ၀၁၀၈၂၀၁၃
Aucun commentaire:
Publier un commentaire