ဘူတာရုံပြတိုက်အတွင်းမှ
ရတနာပုံရိပ်များ
မိုးနေး ရဲ့ ထီးကလေးနဲ့
မိန်းခလေး
မောင်ရင်ငတေရဲ့
အခိုက်ဆုံး မိုးနေးရဲ့ La Femme au Parasol (1886)
မိုးနေး ရေ . ..
. ခင်ဗျားနဲ့ ကျုပ်က ဝေးနေတုန်း လား . ..... . ... .....
ဒီကနေ့ ပါရီကို ရောက်နေတဲ့
ဗမာပြည်က ပန်းချီဆရာတွေ မိုးနေးရဲ့ ပန်းခြံကြီးကို သွားကြတယ်၊
မောင်ရင်ငတေကတော့
အကြောင်းမသင့်လို့ မလိုက်ဖြစ်ခဲ့ပြန်ဘူး၊
မနေ့ကတော့ ပန်းချီဆရာ
တယောက်ကို လိုက်ပို့ရင်း ပါရီက Musée d'Orsay မြူဇေးဒေါရ်ဆေး ကို ရောက်ခဲ့သေးတော့ နည်းနည်းတော့
ဖြေသာတာပေါ့၊
ဒီပန်းချီကားနှစ်ချပ်ကို
ပိုင်ဆိုင်ခဲ့သူကတော့ မိုးနေးနဲ့ ပထမအိမ်ထောင် Camille Doncieux ကာမီး ဒွန်ဆီယို (၁၈၄၇-၁၈၇၉) ရဲ့ ဒုတိယသား ဖြစ်သူ Michel Monet မီရှယ် မိုးနေး (၁၈၇၈-၁၉၆၆) ပိုင် ဆိုင်ခဲ့တာ ဖြစ်ပေမယ့် မီရှယ်မိုးနေးရဲ့ အိမ်ထောင်နှစ်ဆက်မှာလည်း
အမွေဆက်ခံသူ မထွန်းကားခဲ့ လေတော့ အခုတော့ ပြင်သစ် နိုင်ငံတော်က ထိမ်းသိမ်း စောင့်ရှောက်ထားပါတယ်၊
ထီးစိမ်းကလေးနဲ့ မော်ဒယ်အဖြစ်
သရုပ်ဆောင် ပေးခဲ့သူကတော့ မိုးနေးရဲ့ ဒုတိယအိမ်ထောင်ရှင်မ
Alice Hoschedé (၁၈၄၄-၁၉၁၁)
ရဲ့ ပထမ အိမ်ထောင်က ပါလာတဲ့ သမီး Hoschédé Suzanne (၁၈၆၄-၁၈၉၉) ပါ၊ သူမရဲ့ အိမ်ထောင်ဖက် ဖြစ်သူက Giverny ရွာကလေးမှာ လာရောက်
အခြေချ နေထိုင်သွားခဲ့သူ အမေရိကန်လူမျိုးပန်းချီဆရာ Theodore Earl Butler (၁၈၆၁-၁၉၃၆)
ပါ၊ မိုးနေး မိသားစုနဲ့ Alice Hoschedé မိသားစုတို့ဟာ သူတို့နှစ်ဦး လက်မထပ်ခင်ကထဲက
အတူတူ နေထိုင်ခဲ့
ကြသလို လက်ထပ်ပြီးတော့လည်း
အတူတူ ဆက်လက်နေထိုင်ခဲ့ကြတယ် ဆိုပါတယ်၊
Claude
Monet ကလို့ဒ် မိုးနေး (၁၈၄၀-၁၉၂၆) မွေးဖွားခဲ့ရာ
နေရာကတော့ ပါရီမြို့ရဲ့ အထင်ကရ Montmartre ဆိုတဲ့ ပန်းချီတောင်ကုန်းရှိရာ တောင်ပေါ်ဘုရားကျောင်းကို
လှမ်းမြင်နေရတဲ့ Rue Laffitte လာဖိ(တ်)လမ်းလေးရဲ့ အိမ်အမှတ် ၄၅ မှာပါ၊
၈၆ နှစ် အရွယ်ထိ
သက်တော်ရှည်စွာ နေခဲ့ ရပါတဲ့ Impressionnisme ပန်းချီဆရာကြီး မိုးနေး ကွယ်လွန်ခဲ့တဲ့
နေရာကတော့ မောင်ရင်ငတေ အမြဲတမ်း ကပ်လွဲ လွဲခဲ့ရပါတဲ့ La Maison et Les Jardins de
Claude Monet မိုးနေးရဲ့ ပန်းခြံကြီး တည်ရှိရာ Giverny ရွာကလေးပါ၊ လူဦးရေ ငါးရာခန့်သာ
နေထိုင်တဲ့ အဲဒီ ဂျီဗဲလ်နီဆိုတဲ့ ရွာကလေးကတော့
ပါရီမြို့ မြောက်ဘက်ကို တနာရီလောက် ကားမောင်းသွားရင် ရောက်ပါတယ်၊
မောင်ရင်ငတေ
၂၅၀၆၂၀၁၅
(Photo Google)
Femme à l'ombrelle tournée vers la droite (La femme au parasol)
(1886) .. ..........
Suzanne Hoschédé, fille d'Alice Hoschédé, seconde épouse de
Claude Monet .. .. ....
(Photo Google)
Femme à l'ombrelle tournée vers la gauche (La femme au parasol)
(1886) . .. ....
Suzanne Hoschédé, fille d'Alice Hoschédé, seconde épouse de
Claude Monet . .. . .. . ...
မောင်ရင်ငတေ
၂၅၀၆၂၀၁၅