Diego
Rodríguez de Silva y Velázquez ပန်းချီဆရာ ဗေးလက်စ်ကေး
စပိန်ပြည် တောင်ဘက်အစွန်းနားက
Séville ဆေးဗီးမြို့သား Diego Vélasquez ဗေးလက်စ်ကေး (၁၅၉၉-၁၆၆၀)
ဟာ ၁၇ ရာစုနှစ်ရဲ့ ထင်ပေါ် ကျော်ကြားတဲ့ Contemporary Baroque ဘာရိုဟန် ရေးဆွဲတဲ့ ပန်းချီဆရာကြီးတဦး
ဖြစ်ပါတယ်၊
Diego Rodríguez de Silva y Velázquez
ဒီ ပုံကတော့ ဗေးလက်စ်ကေးရဲ့ ကိုယ်တိုင်ရေးပုံတူ ဖြစ်ပါတယ်၊
ဒီ ပုံတူပန်းချီဟာ ၁၆၅၆ ခုနှစ်က ရေးဆွဲခဲ့တဲ့ Las Meninas (The Maids of Honour) ပန်းချီကားကြီးထဲက
တစိတ်တပိုင်း ဖြစ်ဟန် တူပါတယ်၊
အဲဒီ
ပန်းချီကားများက စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ၁၉၈၀ ခုနှစ် မတိုင်မီက ရေးသားခဲ့သော
ဥရောပယဉ်ကျေးမှု အနုပညာ မိတ်ဆက် စာအုပ်မှာ ဖော်ပြခဲ့တဲ့ ပန်းချီဆရာ Diego Vélasquez ဗေးလက်စ်ကေး ရေးဆွဲတဲ့ ပန်းချီကားများ
ဖြစ်ပါတယ်၊
Las
Meninas (The Maids of Honour)
Las lanzas (Sp) La rendición
de Breda (Fr) The Surrender of Breda, The Lances (En)
ဘရီဒါမြို့လက်နက်ချခြင်း
ပန်းချီကားကို ဗေးလက်စ်ကေးဟာ ၁၆၃၄-၃၅ ခုမှာ ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး
The Eighty
Years' War or Dutch War of Independence နှစ်ရှစ်ဆယ်စစ်ပွဲ (၁၅၆၈-၁၆၄၈) အတွင်းက စပိန်တပ်များ
နယ်သာလန်နိုင်ငံ ဘရီဒါမြို့ကို တိုက်ခိုက်သိမ်းပိုက်ပုံကို ရေးဆွဲထားခြင်း ဖြစ်ပါတယ်၊
ဒေါ်ခင်မျိုးချစ်က သူရဲ့ စာအုပ်ထဲမှာ ဒီလို ရေးသားထားပါတယ်၊
ဒေါ်ခင်မျိုးချစ်က သူရဲ့ စာအုပ်ထဲမှာ ဒီလို ရေးသားထားပါတယ်၊
(ဤ ပန်းချီကားသည် လက်ရာပြောင်မြောက်လှသည်၊
ထိုမျှမကသေး တရားသဘော အဓိပ္ပါယ် နက်နဲသည်၊ စစ်ရှုံးသဖြင့် မြို့တံခါးတော်ကြီးကို အပ်သူနှင့်
လက်ခံသူ အောင်နိုင်သူ စစ်သူကြီးတို့၏ အမူအရာမှာ ရသ ပြည့်ဝသည်၊ စစ်ရှုံးသူ စစ်သူကြီးသည်
အောက်ကျနောက်ကျ ပျော့ညံ့သော အမူ အရာ မရှိချေ၊ ဂုဏ်သိက္ခာနှင့် က္ကုနြေ္ဒရှိသည်၊ တည်ငြိမ်သော
အသွင်ဆောင်သည်၊ အောင်နိုင်သူ စစ်သူကြီးသည် နိုင်လိုမင်းထက် အမူအရာမရှိချေ၊ ကြင်နာသောအသွင်ရှိသည်၊
မေတ္တာရှေ့ရှုသော အမူအရာရှိသည်၊ ………. ဟူ၍ ရေးသားထားပါတယ်၊)
ဒီပန်းချီကားများကို
ယခုအခါ စပိန်နိုင်ငံ မဒရစ်မြို့ရှိ ဗဟိုအမျိုးသားအနုပညာ
ပြတိုက်ကြီး ဖြစ်တဲ့ Museo del Prado မှာ ပြသထားပါတယ်၊
http://moemaka.com/archives/31636 မောင်ရင်ငတေ ဇန်န၀ါရီ ၂၈၊ ၂၀၁၃
Luogo di nascita di Diego Velázquez a Siviglia. (it)
Lieu de naissance de Diego Velázquez à Séville. (fr)
Birthplace of Diego Velázquez in Seville. (en)
Geburtsort von Diego Velázquez in Sevilla. (de)
Retrato
de Felipe IV 1635
Philip IV in
Brown and Silver
Aucun commentaire:
Publier un commentaire