ကျန်ရစ်
ကျန်ရစ်
ဟိုးဝေးဝေးမှာ
မင်းတို့မရှိတော့
တကောင်ထဲ ငါ ကျန်ရစ်၊
မီးရထားကြီးကတော့ ခုတ်မောင်းနေဆဲ၊
ကိုခင်ဝမ်းရေ
ခင်ဗျားလည်း မရှိတော့ဘူး၊
ခင်ဗျားရဲ့
စကားလုံးတွေကို အတူစားသုံးခဲ့တဲ့ ကျုပ်ဘော်ဒါကြီးလည်း မရှိတော့ဘူး၊
ခင်ဗျား
စကားလုံးတွေကို ခပ်တိုးတိုးညည်းရင်း ကျုပ် တကောင်ထဲ ကျန်ရစ်၊ ။။။
(မရငတ)
၁၈၁၀၂၀၁၄ ၁၇၀၁၂၀၁၅
Aucun commentaire:
Publier un commentaire