ကြံကြံဖန်ဖန်
ရှားးရှားပါးပါး ငရုတ်သီး အမှုန့်တွေကို ချောကလက်ပေါ် ဖြူးစားတဲ့ ရွာကလေးတရွာ
ပြင်သစ်ပြည်
အနောက်တောင်ပိုင်းမှာ တွေ့ရှိခဲ့ရပါတယ်၊
Pyrénées-Atlantiques
ဒေသ စပိန်နယ်စပ်နဲ့ တဆယ်ကီလိုမီတာမျှသာ ကွာဝေးတဲ့နေရာမှာ
တည်ရှိပြီး
၁၆ ရာစု နောက်ပိုင်းခေတ်များဆီက ပုံစံများအတိုင်း အတုယူ တည်ဆောက်ခဲ့တဲ့
အိမ်ကလေးများနဲ့
လှပနေတဲ့ ရွာကလေး တရွာပါ၊ ဒီကနေ့ လက်ရှိအခုခေတ်မှတော့ ရိုးရာနဲ့
ခေတ်သစ်
ပေါင်းစပ်လို့ လှပသပ်ရပ်တဲ့ အိမ်နီနီလေးများကတော့ နေချင်စဖွယ် ရှိလှပါတယ်၊
ဒေသခံတွေရဲ့
Euskara စကားနဲ့ ဆိုရင် Ezpeleta လို့ ရေးကြတဲ့ Espelette ဆိုတဲ့
အဲဒီ
ရွာကလေးရဲ့ အမည်ကို ယူပြီး နာမည်ကြီးခဲ့တာကတော့ . … . … . . … .. …. ..
Espelette
Pepper သို့မဟုတ် Piment d'Espelette ငရုတ်သီးငရုတ်ကောင်းမှုန့်များပါ၊
အဲဒီ
ငရုတ်သီးတောင့်နီနီရဲရဲ အရောင်ကတော့ ဒီအရပ်ဒေသ Pays Basque (Euskal Herria) ရဲ့
သင်္ကေတအရောင်လို့
ပြောရင်လည်း မမှားနိုင်ပါဘူး၊ အဲဒီ ငရုတ်တောင့်နီနီများကို အသုံးပြုထားတဲ့
Bayonne
Ham or Jambon de Bayonne ဘာရွန်ဝက်ပေါင်ခြောက်နဲ့ Chocolat au piment d'Espelette
ချောကလက်များကတော့ နာမည်ကြီးလှပါပေတယ်၊
လူဦးရေ
နှစ်ထောင်ခန့်မျှသာရှိပြီး အိမ်ခြေ ရာဂဏန်းမျှသာရှိတဲ့ ဒီလို ရွာသာသာ မြို့ကလေးရဲ့
ရွာလယ်
လမ်းမကြီး တဝိုက်မှာတော့ ရာသီဥတုကောင်းမွန်တဲ့ နေ့ရက်များမှာတော့ လာရောက်
လည်ပတ်ကြသူများနဲ့
စည်ကားနေလေ့ ရှိပါတယ်၊
ရွာလယ်လမ်းနဲ့
မနီးမဝေးက အိမ်ကလေးများရဲ့ ခေါင်မိုးနီနီ ပြူတင်းနီနီတွေနဲ့အတူ . …. . …. . ငရုတ်နီနီတွေ
ချိတ်ဆွဲအလှဆင်ထားတာကလည်း တမူထူးခြား ဆွဲဆောင်နေတာပါ၊
ဟိုးအရင်
ခေတ်ကာလတွေကတော့ အိမ်နံရံတွေမှာ ငရုတ်တောင့်တွေကို ချိတ်ဆွဲထားရခြင်းက ရိုးရာဓလေ့အတိုင်း
အခြောက်ခံ နေလှန်းထားကြတာသာ ဖြစ်ကောင်းဖြစ်ခဲ့ပေမယ့်လည်း ဒီကနေ့ ခေတ်မှာတော့ ဒါတွေကိုက
လာရောက်လေ့လာကြည့်ရှုကြသူတွေကို ဆွဲဆောင်ဖို့ တခု ဖြစ်နေပါပြီ၊
ဒီ
ငရုတ်သီးတောင်နီနီတွေ ဒီဒေသကို ရောက်ရှိလာတာကတော့ ၁၆ ရာစုနှစ် အစပိုင်းကဖြစ်ပြီး
တောင်အမေရိကနိုင်ငံများသို့
ရေကြောင်းခရီး စွန့်စားသွားခဲ့သူ Pays Basque စပိန်နယ်သား Juan Sebastián Elcano (၁၄၇၆-၁၅၂၆)
တို့တတွေ သယ်ဆောင်လာခဲ့တယ် ဆိုကြပါတယ်၊
Espelette
မြို့သား တရုတ် တိဗက်နဲ့ မွန်ဂိုလီယား နယ်မြေများကို သာသနာပြုခရီးတွေ သွားခဲ့သူ
Armand
David ခေါ် Père David (၁၈၂၆-၁၉၀၀) ခေါ်တဲ့ ဘုန်းတော်ကြီးကတော့ ဒီနယ်မြေဆီသို့ တရုတ်ပြည်မှ
သစ်ပင်ပန်းပင် မျိုးစိတ်များစွာကို တင်သွင်းသယ်ဆောင်လာသူ ရုက္ခဗေဒ ပညာရှင် တဦး ဖြစ်ပါတယ်၊
ဒီရုက္ခဗေဒပညာရှင်ကြီးနဲ့ ဒီငရုတ် ဘယ်လောက်ထိ ဆက်စပ်ပတ်သက်နေသလဲ ဆိုတာတော့ မသိပါဘူး၊
ဘယ်လိုဖြစ်ဖြစ်ပါ၊
အခု ဒီကနေ့ခေတ်မှာတော့ ကြံဖန်ပြီး ကျင့်ပကြပါတယ်လို့သာ ပြောရမှာဖြစ်တဲ့ Fête du
piment d'Espelette ငရုတ်သီးပွဲတော်ကို နှစ်စဉ်အောက်တိုဘာလရဲ့
နောက်ဆုံးပတ်မှာ ပြုလုပ်လာခဲ့ကြတာ ကြာခဲ့ပါပြီတဲ့၊ ဒီဒေသထွက် စက်နဲ့ စိုက်ပျိုးတာ မဟုတ်ပါဘဲ
လူတွေရဲ့ လက်နဲ့ သာ စိုက်ပျိုးထားတဲ့ သန့်စင်ပြီး ငရုတ်သီးမှုန့်စစ်စစ် တကီလို ဈေးကလည်း
ယူရိုငွေ ငါးဆယ်ကျော် ခြောက်ဆယ်ကနေ တရာကျော် နှစ်ရာလောက်အထိ ပေါက်ဈေးရှိနေတာမို့ သာမန်
ငရုတ်သီးမှုန့်ရဲ့ ဈေးထက် ငါးဆကျော် ဆယ်ဆ ဈေးပေါက်တာမို့ တော်ရုံ အစားအစာတွေမှာ သုံးကြလေ့
မရှိပါဘူး၊
ဒါကြောင့်
အဲဒီဈေးခပ်ကြီးကြီး ငရုတ်သီးမှုန့်တွေကို အပေါ်ယံမှာ ဖြူးထားတဲ့ ချောက်ကလက်ပြားရဲ့ ဈေးနှုန်းကလည်း
သာမန်ချောကလက် ဈေးနှုန်းတွေထက် သုံးဆလောက်ကြီးနေတာ . .. …. ဘာမှ မဆန်းတော့ပါဘူးလေ၊
ငရုတ်သီးစပ်စပ်
သိပ်မစားတဲ့ နေရာဒေသတွေမှာ ဒီလို ချိုတိုတို အရသာနဲ့ ငရုတ်သီး စားတာကိုက
ထူးဆန်းထွေလာ
စားစရာတမျိုး ဖြစ်လာပါတယ်လို့သာ ပြောရမှာပါ၊
ငရုတ်သီးမှ မပါရင် ထမင်းစား မဝင်ကြပါတဲ့ မောင်ရင်ငတေတို့လို အာရှတိုက်သားတွေအတွက်ကတော့
ဒီငရုတ်သီးကို အားပေးရ မလား အာမပေးသင့်ဘူးလား ဆိုတာကတော့ စဉ်းစားစရာ တခုအဖြစ် . .. … စဉ်းစားကြပါ ခင်ဗျာ၊
မောင်ရင်ငတေ
၁၆၀၄၂၀၁၅
Aucun commentaire:
Publier un commentaire