ဗားဆိုင်းလှေကား
ဗားဆိုင်းလှေကား (ဓါတ်ပုံ
မရငတ)
ဗားဆိုင်းနန်းတော်
ပန်းခြံကြီး တခုလုံးမှာ (မရငတ) ရဲ့ အနှစ်သက်ဆုံး
နေရာပါ ...
မောင်ရင်ငတေဆီကို လာလည်ကြသူတွေကို လိုက်ပို့ရင်း အကြိမ်တော်တော်များများမှာ
ထိုင်ဖြစ်ခဲ့ပါတယ်၊
ဒီနေရာ ဒီလှေကားပြင်ကျယ်ကြီးမှာ
ထိုင်ပြီး သူတို့ လူဝီဘုရင်တွေအကြောင်းကို
အတွေးပွားရတာကို ကြိုက်နှစ်သက်နေမိတာပါ၊
အတွေးပွားရတာကို ကြိုက်နှစ်သက်နေမိတာပါ၊
မောင်ရင်ငတေက အတွေးသမားပါ၊ ဘာလုပ်လိုက်ပါလား ညာလုပ်လိုက်ပါလား၊
လာမပြောကြပါနဲ့၊ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်ပါဘူး၊
အဲသလို လူဝီတွေအကြောင်း
ကိုယ်ဖတ်ထားဖူးသလောက် အတိုအစလေးတွေကို
တွေးရင်း လာလည်ကြ သူတွေကို ငေးရင်း မောင်ရင်ငတေ လိုက်ပို့တဲ့သူတွေကို
စောင့်ရင်း ပါလာတဲ့ နှစ်မချို့တချို့ဝိုင်ကို မော့ရင်း အနားယူ အပန်းဖြေရတဲ့ အရသာက

ကိုယ်တွေ့ကြုံဖူးရင် သိကြမှာပါ၊
ဒီလှေကားပြင်ကျယ်က
ထိုင်လို့ အတော်ကောင်းတဲ့ နေရာပါ၊
ဗားဆိုင်းရဲ့ အဓိက
မိန်းပန်းခြံရဲ့ ဘယ်ဘက်စွန်း ခပ်လှမ်းလှမ်းမှာ
တည်ရှိလို့ တော်ရုံ အချိန်မရသူများ ရောက်လာလေ့မရှိတဲ့ နေရာပါ၊

ဒါကြောင့် လူအတန်ငယ် ရှင်းတာမို့ ထိုင်ရတာ လွတ်လွတ်လပ်လပ်
ရှိသလို အနိမ့်ပိုင်း ရေကန်နဲ့ ပန်းခြံဘက်က တိုက်ခိုက်လာတဲ့ အေးမြတဲ့
လေစိမ်းတွေကြောင့် ဆောင်းအခါမှာ ချမ်းအေးလှပေမယ့် ခဏတဖြုတ်တော့
ထိုင်လိုက်ရမှ စိတ်ကျေနပ်မိတာပါ၊
မောင်ရင်ငတေ ၂၃၀၃၂၀၁၅
ဗားဆိုင်းလှေကား (ဓါတ်ပုံ
မရငတ)
မိုးတွေလေတွေကြားထဲမှာမို့ မောင်ရင်ငတေကတော့ အဲဒီလှေကားကြီးရှိရာကို ရောက်ဖြစ်ခဲ့
ပေမယ့် မထိုင်ဖြစ်ခဲ့သလို ကြာကြာလည်း မနေနိုင်ခဲ့ပါဘူး၊ လှေကားပေါ်မှာလည်း တယောက်
နှစ်ယောက်စ ကလွဲလို့ လူသူကင်းရှင်းနေပါတယ်၊
မောင်ရင်ငတေ အဲလှေကားပြင်ကျယ်ကြီးဆီသို့ ရောက်ခဲ့တိုင်း ဆင်းတိုင်းတက်တိုင်းမှာ
ဘယ်နှထစ်များ ရှိလေမလည်းလို့ ရေတွက်မိပါတယ်၊ အဆင့်သုံးဆင့် ရှိပြီး လှေကားထစ်
တွေကို ဘယ်တော့မှ ပြီးအောင် မရေတွက်နိုင်ပါဘူး၊
တဝက်လောက် အရောက်မှာကို ဒီ ကျယ်ပြောလှတဲ့ လှေကားပြင်ကျယ်ကြီးနဲ့
အတူ စိတ်အတွေးတွေကလည်း ဝေးရာကို လွင့်မျောပါ သွားရလို့ ထင်ပါတယ်၊
လှေကားထစ်ပေါင်း တရာကျော်တရာ့နှစ်ဆယ်လောက်တော့ ရှိလိမ့်မယ်လို့ ထင်ကြောင်းပါ၊

"မှတ်ချက် ... ... .. .. (၀၆ ၀၄ ၂၀၁၅)
ဒီကနေ့ ညနေမှ ဒီလှေကားထစ်တွေ ဘယ်နှထစ်များ
ရှိလေမလဲလို့ သေချာသိချင်လာလို့ လိုက်ရှာမိတော့မှ . .......
L'Escalier des Cent Marches
အထစ်တရာ လှေကား လို့ ခေါ်ဆိုပါကြောင်း သိလိုက်ရပါတယ်"
မောင်ရင်ငတေ ၀၄၀၄၂၀၁၅
ပြီးခဲ့တဲ့ သုံးလေးရက်က
မောင်ရင်ငတေဆီကို လန်ဒန်နာ သုံးယောက်လာလည်ကြလို့
ဗားဆိုင်းကို လိုက်ပို့ဖြစ်ခဲ့ပါသေးတယ်၊ အဲဒီနေ့က အဲဒီ ဗားဆိုင်းလှေကားကို ထပ်မံပြီး
ရောက်ဖြစ်ခဲ့ပါတယ်၊ ဆယ်ရက်လောက်အတွင်းမှာ နှစ်ကြိမ်ဆက်တိုက် ရောက်ခဲ့ရခြင်းပါ၊

လန်ဒန်နာထဲက တယောက်ကလည်း
မောင်ရင်ငတေရဲ့ ဗားဆိုင်းလှေကား အကြောင်း
တိုလီမိုလီ ရေးထားတာကို ဖတ်မိရလို့ သွားချင်ကြောင်း ပြောတာကလည်း ပါတာပေါ့၊
အဲဒီနေ့က ဗားဆိုင်းမှာ မိုးမိပါတယ်၊ မောင်ရင်ငတေရဲ့ ဗားဆိုင်းသွားတဲ့ သက်တမ်း
တလျှောက်မှာ မိုးတစိမ့်စိမ့်နဲ့ ဒီလောက် ကြာကြာမိတာ မရှိခဲ့ဖူးပါဘူး၊ ပါရီမိုး ဆိုတာက
လည်း ရွာတော့ရွာတယ် ဒါပေမယ့် မကြာတတ်ပါဘူး၊ မိုးပြေးလောက်သာပါ၊
အဲဒီနေ့က မိုးက တစိမ့်စိမ့် ရွာလိုက်တာ မနက်ကြီးကနေ မောင်ရင်ငတေတို့ ပြန်တဲ့အချိန်
မွန်းလွဲနှစ်နာရီ ကျော်သည်ထိ မရပ်သေးပါဘူး၊ မိုးရွာတဲ့ကြားထဲက လေပြင်းကလည်း
တိုက်လိုက်ပါသေးတယ်၊
ဗားဆိုင်းဥယျာဉ်ရဲ့ကွင်းပြင်ကျယ်ကြီးထဲမှာ အရင်တရက်က နေပူထားတဲ့
အရှိန်နဲ့ ရောက်ရှိလာကြတဲ့ ခရီးသွားသူတိုးလ်ရစ်များကတော့ ဇွဲမလျှော့စတမ်း
မိုးသည်းလေသည်း ကြားထဲက ဓါတ်ပုံရိုက် မှတ်တမ်းတင်နေကြတာကို တွေ့မြင်
ရကြောင်းပါ ခင်ဗျာ၊
တိုလီမိုလီ ရေးထားတာကို ဖတ်မိရလို့ သွားချင်ကြောင်း ပြောတာကလည်း ပါတာပေါ့၊
အဲဒီနေ့က ဗားဆိုင်းမှာ မိုးမိပါတယ်၊ မောင်ရင်ငတေရဲ့ ဗားဆိုင်းသွားတဲ့ သက်တမ်း
တလျှောက်မှာ မိုးတစိမ့်စိမ့်နဲ့ ဒီလောက် ကြာကြာမိတာ မရှိခဲ့ဖူးပါဘူး၊ ပါရီမိုး ဆိုတာက
လည်း ရွာတော့ရွာတယ် ဒါပေမယ့် မကြာတတ်ပါဘူး၊ မိုးပြေးလောက်သာပါ၊
အဲဒီနေ့က မိုးက တစိမ့်စိမ့် ရွာလိုက်တာ မနက်ကြီးကနေ မောင်ရင်ငတေတို့ ပြန်တဲ့အချိန်
မွန်းလွဲနှစ်နာရီ ကျော်သည်ထိ မရပ်သေးပါဘူး၊ မိုးရွာတဲ့ကြားထဲက လေပြင်းကလည်း
တိုက်လိုက်ပါသေးတယ်၊
ဗားဆိုင်းဥယျာဉ်ရဲ့ကွင်းပြင်ကျယ်ကြီးထဲမှာ အရင်တရက်က နေပူထားတဲ့
အရှိန်နဲ့ ရောက်ရှိလာကြတဲ့ ခရီးသွားသူတိုးလ်ရစ်များကတော့ ဇွဲမလျှော့စတမ်း
မိုးသည်းလေသည်း ကြားထဲက ဓါတ်ပုံရိုက် မှတ်တမ်းတင်နေကြတာကို တွေ့မြင်
ရကြောင်းပါ ခင်ဗျာ၊
မိုးတွေလေတွေကြားထဲမှာမို့ မောင်ရင်ငတေကတော့ အဲဒီလှေကားကြီးရှိရာကို ရောက်ဖြစ်ခဲ့
ပေမယ့် မထိုင်ဖြစ်ခဲ့သလို ကြာကြာလည်း မနေနိုင်ခဲ့ပါဘူး၊ လှေကားပေါ်မှာလည်း တယောက်
နှစ်ယောက်စ ကလွဲလို့ လူသူကင်းရှင်းနေပါတယ်၊
မောင်ရင်ငတေ အဲလှေကားပြင်ကျယ်ကြီးဆီသို့ ရောက်ခဲ့တိုင်း ဆင်းတိုင်းတက်တိုင်းမှာ
ဘယ်နှထစ်များ ရှိလေမလည်းလို့ ရေတွက်မိပါတယ်၊ အဆင့်သုံးဆင့် ရှိပြီး လှေကားထစ်
တွေကို ဘယ်တော့မှ ပြီးအောင် မရေတွက်နိုင်ပါဘူး၊
တဝက်လောက် အရောက်မှာကို ဒီ ကျယ်ပြောလှတဲ့ လှေကားပြင်ကျယ်ကြီးနဲ့
အတူ စိတ်အတွေးတွေကလည်း ဝေးရာကို လွင့်မျောပါ သွားရလို့ ထင်ပါတယ်၊
လှေကားထစ်ပေါင်း တရာကျော်တရာ့နှစ်ဆယ်လောက်တော့ ရှိလိမ့်မယ်လို့ ထင်ကြောင်းပါ၊

"မှတ်ချက် ... ... .. .. (၀၆ ၀၄ ၂၀၁၅)
ဒီကနေ့ ညနေမှ ဒီလှေကားထစ်တွေ ဘယ်နှထစ်များ
ရှိလေမလဲလို့ သေချာသိချင်လာလို့ လိုက်ရှာမိတော့မှ . .......
L'Escalier des Cent Marches
အထစ်တရာ လှေကား လို့ ခေါ်ဆိုပါကြောင်း သိလိုက်ရပါတယ်"
မောင်ရင်ငတေ ၀၄၀၄၂၀၁၅
Aucun commentaire:
Publier un commentaire