ကျေးဇူးပါခင်ဝမ်း
ကိုခင်ဝမ်း
ခင်ဗျား မရှိတော့တာ ဆယ့်ငါးနှစ်ဆို၊
ခင်ဗျား မရှိပေမယ့် ခင်ဗျားသီချင်းတွေကရှိနေတုန
ခင်ဗျား ရှိခဲ့တဲ့ နှစ်တွေမှာလည်း ခင်ဗျားဟာ ကျနော်တို့ကို ချစ်ခင်စေခဲ့တယ်၊
ခင်ဗျား မရှိတော့တဲ့ နှစ်တွေမှာလည်း ခင်ဗျားဟာ ကျနော်တို့ကို ချစ်ခင်စေခဲ့တယ်၊
ခင်ဗျား ရှိခဲ့တုန်းကလည်း ကျနော့်တို့မှာ ခင်ဗျားကြောင့် အပေါင်းသင်းတွေ တိုးပွားခဲ့တယ်၊
ခင်ဗျား မရှိတော့ဘူးဆိုတော့လည်း ခင်ဗျားကြောင့် ခင်ဗျားသီချင်းတွေကြောင့် ကျနော်တို့ကို
အပေါင်းအသင်းတွေ တိုးလာစေပြန်တယ်၊
ခင်ဗျားဟာ နှလုံးသားတွေကိုနူးညံ့စေခဲ့
ခင်ဗျားဟာ အမုန်းတရားတွေကိုရပ်တန့်စေခ
ခင်ဗျားဟာ ချစ်ခြင်းတရားတွေကိုမွေးဖွာ
ဒါကြောင့် ဒီကနေ့ ခင်ဗျားကိုလွမ်းတယ်၊
• ခင်ဗျားရဲ့ ဧရာဝတီကိုလွမ်းတယ်၊
• ခင်ဗျားရဲ့ မန္တလေးကိုလွမ်းတယ်၊
• ခင်ဗျားရဲ့ ပြည်မှာဆောင်းကိုလွမ်းတယ်၊
• ခင်ဗျားရဲ့ ကောလိပ်နေ့ရက်များကိုလွမ်းတ
• ခင်ဗျားရဲ့ ညကောင်းကင်ရဲ့တေးသမားကိုလွမ
မမချစ်ကိုလွမ်းတယ်၊ နှင်းဆီဖြူကိုလွမ်းတယ်၊
မြိုင်ကိုလွမ်းတယ်၊ သက်ထားကိုလွမ်းတယ်၊
တောင်ပေါ်သူကိုလွမ်းတယ်၊ မိနီကိုလွမ်းတယ်၊
နှင်းကိုလွမ်းတယ်၊ နှောင်းခဲ့ပြီနွယ်ကိုလွမ်းတ
နောက်ပြီး ကျော်ကြီးကိုလွမ်းတယ်၊ မောင်ဒီကိုလွမ်းတယ်၊
ခင်ဗျားရဲ့ နှုတ်ဆက်ခဲ့ပါတယ်ကို လွမ်းနေရတယ်၊
မောင်ရင်ငတေ၀၃၀၂၂၀၁၅
https://www.facebook.com/293853150632457/photos/a.732079563476478.1073741826.293853150632457/956638584353907/?type=3&theater
မိုးမခ အွန်လိုင်း . . .. .... . http://gita.cc/archives/42147
ဖေဖော်ဝါရီ ၃၊ ၂၀၁၅
Aucun commentaire:
Publier un commentaire