လူဝီဘုရင်
အယောက်နှစ်ဆယ် (Roi des Francs)
La dynastie Carolingiens မင်းဆက်မှ ပထမဦး လူဝီ ငါးယောက်
La dynastie Carolingiens မင်းဆက်မှ ပထမဦး လူဝီ ငါးယောက်
Charlemagne (Charles the Great) (Charles I le Grand) ရှားလ်မန်းဘုရင်ကြီး (၇၄၂-၈၁၄)
La dynastie Carolingiens
Charlemagne (Charles the Great)
(Charles I le Grand) ရှားလ်မန်းဘုရင်ကြီး (၇၄၂-၈၁၄)
Empire carolingien (768/800 – 843/924) ခေတ်အတွင်းမှာ လူဝီဘုရင် ငါးပါး
ရှိခဲ့ပြီး ပြင်သစ် အနောက်တောင်ပိုင်းတင်မက ဒီကနေ့ ဘယ်လ်ဂျီယံလူဇမ်ဘူးနဲ့ ဂျာမဏီဘိုင်ယန်အထိတိုင်
ကြီးစိုး ခဲ့ကြပါတယ်၊
အဲဒီခေတ် Carolingiens ဘုရင်တွေရဲ့ နန်းစိုက်ခဲ့ရာ ဒေသတွေက ပါရီမြို့ရဲ့ အရှေ့ မြောက်ဘက် ဂျာမဏီမြောက်ပိုင်း နယ်စပ်တွေမှာသာ ဖြစ်ကြပါတယ်၊
အဲဒီခေတ် Carolingiens ဘုရင်တွေရဲ့ နန်းစိုက်ခဲ့ရာ ဒေသတွေက ပါရီမြို့ရဲ့ အရှေ့ မြောက်ဘက် ဂျာမဏီမြောက်ပိုင်း နယ်စပ်တွေမှာသာ ဖြစ်ကြပါတယ်၊
Charlemagne et son fils Louis le Pieux
ပထမမြောက် လူဝီဘုရင် (၇၇၈-၈၄၀)
Louis
I (Louis le Pieux) ပထမမြောက်လူဝီဘုရင် (၇၇၈-၈၄၀) (Roi des Francs et Empereur d'Occident) Empire
d'Occident (800-924) ခေတ် ဒုတိယမြောက် ဧကရာဇ်ဘုရင် ဖြစ်ပါတယ်၊ နန်းစံချိန်ကတော့ ၈၁၄ ခုနှစ်ကနေ ၈၄၀ ခုနှစ်အထိပါ၊ Empire carolingien (768-843) Empire
d'Occident (800-924) ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ကြီး Charlemagne (Charles the
Great) (Charles I le Grand) ရှားလ်မန်းဘုရင်ကြီး (၇၄၂-၈၁၄) ရဲ့သားတော်ကြီး ဖြစ်ပါတယ်၊ ပြင်သစ်
အနောက်အလယ်ပိုင်း ပါရီ-ဘောဒိုးသွားတဲ့ လမ်းပေါ်က Chasseneuil-du-Poitou မြို့သား ဖြစ်ပါ တယ်၊
ပထမလူဝီရဲ့ ဖခင်ဖြစ်သူ ရှားလ်မန်န်းဘုရင်ကြီးကို ဒီကနေ့ ဘယ်လ်ဂျီယံနိုင်ငံက Jupille-sur-Meuse မြို့ကလေးမှာ
မွေးဖွားခဲ့တယ်လို့ ယူဆကြပြီး ဂျာမဏီ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံ သုံးနိုင်ငံနယ်စပ်အနီး
ဒေသဆိုင်ရာ ဘာသာစကား Ripuarian language (Francique ripuaire) စကားကို ပြောကြတဲ့ ပြင်သစ်လိုတော့
Aix-la-Chapelle ခေါ်တဲ့မြို့မှာ ထီးနန်းစိုက်ခဲ့ပြီး အင်ပါယာ နိုင်ငံကြီးကို ထူထောင်နိုင်ခဲ့သူပါ၊
အဲဒီမြို့မှာဘဲ ရှားလ်မန်န်းဘုရင် ကွယ်လွန်ခဲ့တာပါ၊ ဒီကနေ့ခေတ် မှာတော့ Aix-la-Chapelle
မြို့ဟာ ဂျာမန်မြို့လေးတမြို့ ဖြစ်နေပြီး ဂျာမန်လို Aachen မြို့လို့ ခေါ်တွင်နေပါပြီ၊
ပထမ လူဝီဘုရင်ရဲ့ အမေဖြစ်သူ Hildegarde de Vintzgau (758-783) ကတော့ လူဇမ်ဘူးနယ် အစပ်နားက
ပြင်သစ်မြို့တမြို့ ဖြစ်တဲ့ Thionville မြို့သူ ဖြစ်ပါတယ်၊
ပထမ
လူဝီရဲ့ သားတော်ကြီးများက Roi des Francs ပြင်သစ်ဘုရင်များ ဖြစ်မလာခဲ့ပါဘဲ ပထမသား Lothaire
I (795-855) က Empire d'Occident (800-924) ရဲ့ ဧကရာဇ်ဘုရင်အဖြစ် ပြင်သစ်အနောက်ခြမ်းနဲ့
အီတလီ
မြောက်ပိုင်းကို အုပ်စိုးခဲ့ရပါတယ်၊ ဒုတိယ သားတော်ဖြစ်သူ Pépin I (797-838) ကတော့ ဒီကနေ့
ပါရီရဲ့ အနောက်တောင်ခြမ်း နယ်မြေ Royaume d'Aquitaine ကို၎င်း တတိယသား Louis II de
Germanie (806-876) က ဒီကနေ့ ဂျာမဏီနိုင်ငံရဲ့ ဘိုင်ယန်ပြည်နယ်နဲ့ Francie
orientale (Royaume de Germanie) နယ်တွေကို အုပ်စိုးခွင့်ရခဲ့သူများပါ၊ သားအငယ်ဆုံးဖြစ်သူ
(သားတော်
အကြီး
သုံးယောက်ရဲ့ အဖေတူ အမေကွဲ ညီတော်) (ဒုတိယ လူဝီရဲ့ ဖခင်) Charles II le Chauve (823-877)
ပြင်သစ်ဘုရင် ဖြစ်လာခဲ့ပြီး Empereur d'Occident ကိုလည်း အုပ်ချုပ်ခွင့် ရခဲ့သူပါ၊
ဒုတိယမြောက်
လူဝီဘုရင် (၈၄၆-၈၇၉)
Louis II de
France (Louis II le Bègue) (Louis the Stammerer) ဒုတိယလူဝီဘုရင်ကို ပါရီမြို့ အရှေ့မြောက်ဘက်
ကီလိုမီတာ ၈၀ ခန့်အကွာ Picardie ပြည်နယ် Oise ခရိုင် Compiègne မြို့မှာ ၈၄၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၃၂ နှစ်အရွယ် အေဒီ ၈၇၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တာပါ၊ နန်းစံ
ခဲ့ရတဲ့ အချိန်ကတော့ (၈၇၇-၈၇၉) တနှစ်ခွဲကျော်သာ ကြာခဲ့ပါတယ်၊
အဖိုးဖြစ်သူ ပထမ လူဝီဘုရင် Louis le Pieux ကွယ်လွန်ခဲ့ပြီးနောက် ခြောက်နှစ်ကျော်ကြာမှ မွေးခဲ့တာပါ၊ အဖေဖြစ်သူ Charles II le Chauve (Charles the Bald) ဒုတိယ ရှားလ် (၈၂၃-၈၇၇) နဲ့ သားများဖြစ်တဲ့ Louis III de France တတိယလူဝီ (၈၆၃-၈၈၂) နဲ့ Carloman II de France ဒုတိယကာလိုမန် (၈၆၇-၈၈၄) Charles III de France (Charles III le Simple) တတိယ ရှားလ်
(၈၇၉-၉၂၉) သုံးယောက်စလုံး Francie occidentale (Western Francia) အနောက်ပိုင်း ပြင်သစ်
နိုင်ငံတော်ခေတ်ရဲ့ ဘုရင်များ ဖြစ်ခဲ့ကြပါတယ်၊
လူသက်တိုတို နန်းသက်တိုတိုပေမယ့် သား သုံးယောက်စလုံး နန်းရစေခဲ့သူပါ၊
လူသက်တိုတို နန်းသက်တိုတိုပေမယ့် သား သုံးယောက်စလုံး နန်းရစေခဲ့သူပါ၊
မောင်ရင်ငတေ ၁၇၀၅၂၀၁၄ ၂၄၀၄၂၀၁၅
(လွန်ခဲ့တဲ့
တနှစ်လောက်က စတင်ရေးသားခဲ့တာတွေကို ဖြတ်ညှပ်ကပ် ပြုပြင်ရင်း ဆက်လက် ရေးသားပါတယ်၊)
တတိယမြောက်
လူဝီဘုရင် (၈၆၃-၈၈၂)
Louis III de France
တတိယမြောက်လူဝီဘုရင်ကလည်း နန်းစံသက် သိပ်မကြာခဲ့ပါဘူး၊ Francie occidentale နိုင်ငံတော် ဘုရင်အဖြစ် အသက် ၁၆ နှစ်အရွယ်
၈၇၉ ခုနှစ်မှာ နန်းတက်ခဲ့ပြီး သုံးနှစ် ကျော်အကြာ ၈၈၂ ခုနှစ်မှာ ပါရီမြို့အနီးက Saint-Denis
အရပ်မှာ ကွယ်လွန်ခဲ့ပါတယ်၊ နန်းတက်ခဲ့ တဲ့ နေရာကတော့ ပါရီမြို့ရဲ့တောင်ဘက် ကီလိုမီတာ
၁၀၀ လောက်မှာ တည်ရှိတဲ့ Ferrières-en-Gâtinais
မြို့လေးက Abbaye de Ferrières ဘုရားကျောင်းမှာပါ၊ အဲဒီနေရာမှာ ထူးခြားချက်ရှိတာ ကတော့
တချိန်တည်းတပြိုင်တည်းမှာ တတိယလူဝီနဲ့အတူ သူ့ရဲ့ညီအရင်းဖြစ်သူ Carloman II de
France ဒုတိယကာလိုမန် (၈၆၇-၈၈၄) ဘုရင်တို့ ညီအကိုဘုရင်နှစ်ပါးအဖြစ် ပူးတွဲနန်းစံခဲ့ကြတာပါ၊ တတိယလူဝီ သေဆုံးခဲ့ပြီး နောက်မှာတော့ ဒုတိယကာလိုမန် တဦးတည်း ဆက်လက်ပြီး အုပ်ချုပ်ခဲ့ ပါတယ်၊ ဒုတိယကာလိုမန်လည်း နောက် ၂ နှစ် ကြာမှာ ကွယ်လွန်ခဲ့ပြန်တာကြောင့်
သူတို့ နှစ်ဦးရဲ့ အဖေတူ အမေကွဲ ညီတော်ဖြစ်သူ Charles III le Simple တတိယ ရှားလ် (၈၇၉-၉၂၉) ဘုရင်က နန်းတက်
လာခဲ့ပါတယ်၊ တတိယ လူဝီက ဒုတိယ လူဝီဘုရင်ရဲ့ သားတော်ကြီး ဖြစ်ပြီး နန်းဆက်ခံ ရမယ့် သားသမီး
မရှိခဲ့ပါဘဲ စတုတ္ထ လူဝီဘုရင်က သူရဲ့ တူတော်သူတဦး ဖြစ်ပါတယ်၊ တတိယလူဝီ ဒုတိယ ကာလိုမန်
ညီအကိုဘုရင် နှစ်ဦးရဲ့ ဒိန်းမတ် ဗိုက်ကင်းတွေနဲ့ တိုက်ခဲ့ရတဲ့ Frankish–Viking (Bataille
de Saucourt-en-Vimeu) တိုက်ပွဲက ထင်ရှားခဲ့ပါတယ်၊
စတုတ္ထမြောက် လူဝီဘုရင် (၉၂၀- ၉၅၄)
Louis IV de
France (Louis IV d'Outremer) စတုတ္ထမြောက် လူဝီဘုရင် (၉၂၀- ၉၅၄) ဖြစ်လာ သူကတော့ Louis II le Bègue ဒုတိယလူဝီ ဘုရင်ကြီးရဲ့ မြေးတော်ဖြစ်ပြီး တတိယလူဝီ (၈၆၃-၈၈၂) နဲ့ အဖေတူအမေကွဲ ညီအကို တော်စပ်သူ တတိယ ရှားလ် (၈၇၉-၉၂၉) ဘုရင်ရဲ့ သားတော် ဖြစ်ပါတယ်၊ အေဒီ ၉၃၆ ခုနှစ်မှာ နန်းတက်ခဲ့ပြီး နန်းသက် ၁၈ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်၊
အဲဒီ စတုတ္ထလူဝီ အမည်ခံယူသူကတော့ တတိယလူဝီနဲ့ နှစ်ပေါင်းငါးဆယ်ကျော်လောက်ကွာပြီးမှ ဘုရင်
ဖြစ်လာခဲ့သူပါ၊ Louis IV d'Outremer အမည်တွင်ခဲ့ရခြင်းကတော့ သူငယ်စဉ် သုံးလေးနှစ်သား
အရွယ်မှာ ပြည်ပြေးဖြစ်ခဲ့ပြီး အင်္ဂလန်ကို သွားနေခဲ့ရလို့ပါ၊ အကြောင်းကတော့ သူ့ရဲ့ဖခင်
ပြင်သစ် ဘုရင် Charles III le Simple နဲ့ ခေတ်ပြိုင် Empereur d'Occident ဘုရင် Charles
III le Gros
(839-888) တို့ရဲ့
အာဏာလုပွဲကြောင့် ထွက်ပြေးခဲ့ရတာပါ၊ ပထမလူဝီဘုရင်ရဲ့ မြေးတော်တဦးဖြစ် သူ Charles III le
Gros ဘုရင်က ပြင်သစ်ဘုရင်တော့ မဖြစ်ဖူးခဲ့ပါဘူး၊ အဲဒီ စတုတ္ထလူဝီရဲ့ မိဖုရား Gerberga
(Gerberge de Germanie) (913-969) ရဲ့ ဖခမည်းတော်ကတော့ အရှေ့ဂျာမဏီနယ် ထဲက Memleben
မြို့သား Royaume de Germanie (Duke of Saxony) နယ်စားကြီး သို့မဟုတ် ဘုရင် Heinrich
I (876-936) ဖြစ်ပါတယ်၊ မိဖုရား Gerberga ဟာ ပထမအိမ်ထောင်ဖြစ်သူ Duke of Lorraine (ဒီကနေ့
ဂျာမဏီနဲ့ ပြင်သစ်နယ်ထဲမှာ တခြမ်းစီ ပါဝင်တဲ့နယ်မြေ) နယ်စား Gislebert de Lotharingie
(885/900-939) နဲ့ သားသမီး လေးယောက်ရခဲ့ပြီး ၂၆ နှစ် အရွယ်မှာ Gislebert စစ်ရှုံးအဖမ်းခံ
ထွက်ပြေးရာမှ ရေနစ်သေဆုံးခဲ့ရလို့ မုဆိုးမ ဖြစ်ခဲ့ရပါတယ်၊ သိပ်မကြာခင်မှာ စတုတ္ထ လူဝီနဲ့
တွေ့ဆုံကာ ဒုတိယအိမ်ထောင် ပြုခဲ့တာပါ၊ စတုတ္ထ လူဝီနဲ့ သားသမီး ခွန်နှစ်ယောက် ထပ်မံရ
ရှိခဲ့ပြီး သားအကြီးဆုံး Lothaire (941-986) ကလည်း ပြင်သစ်ဘုရင် ဖြစ်ခဲ့ပါတယ်၊ စတုတ္ထ
လူဝီရဲ့ မိဖုရားကြီးဟာ ထက်မြက်သူတဦး ဖြစ်သလို သူမရဲ့ယောက်ျား စတုတ္ထလူဝီ ဘုရင်ကြီးဟာ
Duc de Normandie နယ်စားရဲ့အကျဉ်းသား ဖြစ်နေစဉ်မှာ လွတ်မြောက်အောင် ဖန်တီးပေးနိုင်ခဲ့သလို
သူမ နေထိုင်ရာ ပြင်သစ်ပြည် အရှေ့မြောက်ပိုင်း Picardie ပြည်နယ် Loan မြို့ဒေသကိုလည်း
တိုးတက် ဖွင့်ဖြိုးအောင် ကြံဆောင်နိုင်ခဲ့သူတဦးပါတဲ့၊ တချို့သော သမိုင်းဆရာတွေရဲ့
မှတ်တမ်းတွေမှာတော့
စတုတ္ထလူဝီရဲ့ မိဖုရားကြီးဟာ
အေဒီ ၉၆၉ ခုနှစ်မှာ သေဆုံးခဲ့ခြင်း မဟုတ်ပါဘဲ သားတော် ဘုရင်ရဲ့ နန်းသက် ၃၁ နှစ်ကျော်အတွင်းမှာ
ကျန်းမာပျော်ရွှင်စွာနဲ့ နေထိုင်သွားခဲ့ပြီး ၉၈၄ ခုနှစ် ရောက်မှသာ ကွယ်လွန်သွားခဲ့ကြောင်း
ရေးကြတာကို တွေ့ရှိရပါတယ်၊
မောင်ရင်ငတေ ၂၅၀၄၂၀၁၅ ၂၈၀၄၂၀၁၅
Louis
V le Fainéant ပဉ္စမမြောက် လူဝီဘုရင် (၉၆၇-၉၈၇)
နန်းစံသက် တနှစ်နှစ်လကျော်သာ ရှိခဲ့ပြီး La dynastie Carolingiens ရဲ့ နောက်ဆုံးမျိုးဆက် လူဝီ ဘုရင်လို့လည်း ပြောလို့ရနိုင်ပါတယ်၊ ပဉ္စမ လူဝီဟာ စတုတ္ထလူဝီရဲ့ မြေးတော်တပါးဖြစ်ပြီး အသက် နှစ်ဆယ် မပြည့်ခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်၊ သူ့ရဲ့
အသက် ၁၅ နှစ်အရွယ်မှာ သူဖခင် ဘုရင်က သူ့ကို အသက် သုံးဆယ်ကျော်လေးဆယ်နီးပါး အရွယ်ရှိ
Adélaïde d'Anjou (945/50-1026) ဆိုသူ Francie occidentale ရဲ့ လူကုံထံ အလွှာက အထက်တန်းစား
မိန်းမတယောက်နဲ့ ပေးစားခဲ့ ပါတယ်၊ အိမ်ရှေ့မင်းသားရဲ့မိဖုရား ဖြစ်လာသူ Adélaïde
d'Anjou ဟာ အနည်းဆုံးအိမ်ထောင် ငါး ကြိမ် ပြုခဲ့ဖူးပြီး ပဉ္စမလူဝီနဲ့ တတိယအကြိမ် အိမ်ထောင်မပြုခင်
ပထမ ယောက်ျား နှစ်ယောက်စလုံး သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်၊ ပဉ္စမ လူဝီနဲ့ ၉၈၂ ခုနှစ်မှာ
တွေ့ဆုံ လက်ထပ်ခဲ့ပြီး သိပ်မကြာခင် ၉၈၄ ခုနှစ်မှာ လမ်းခွဲခဲ့ကြ ပြန်ပါတယ်၊ သူမလက်ထပ်ခဲ့သူ
အားလုံးဟာ နယ်စားပယ်စားများသာ ဖြစ်ခဲ့ပြီး ဒီကနေ့ Arles, Avignon, Le
Puy-en-Velay, Javols စတဲ့ ပြင်သစ်အရှေ့တောင်ပိုင်းဒေသများမှာ သူနယ်မြေနဲ့သူ အရေးပါ
အရာရောက် ခဲ့သူများ ဖြစ်ခဲ့ပါတယ်၊ မြောက်ပိုင်း
Carolingien မျိုးဆက်ရဲ့
အင်အားပြိုင်ဆိုင်မှုမှာ
အရှေ့တောင်ပိုင်းဒေသရဲ့ အားဖြည့်အကူညီရအောင် ထောက်ခံလာအောင် မဟာမိတ်ဖွဲ့တဲ့အနေနဲ့ ပဉ္စမ
လူဝီမင်းသားလေးနဲ့ ပေးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး၊ နောက်
သုံးနှစ်ကြာတော့ ပဉ္စမ
လူဝီဘုရင်လေးဟာ ပါရီမြို့မြောက်ဘက် ကီလိုမီတာ ငါးဆယ်ခန့်က Senlis မြို့အနီးမှာ ရှိတဲ့
Forêt d'Ermenonville တောအုပ်ထဲမှာ အမဲလိုက်နေရင်း ရုတ်တရက် ကွယ်လွန် သွားခဲ့ပါတယ်၊
ပဉ္စမ လူဝီရဲ့ အမေဖြစ်သူကတော့ Emma d'Italie (948-986/988) ဖြစ်ပါတယ်၊
ပဉ္စမလူဝီ ရုတ်တရက်
သေဆုံးပြီးတဲ့အခါမှာတော့ Hugh Capet (941-996) မင်းသား နန်းရလာပြီး သူ့ရဲ့ အမည်နဲ့
Capétiens မင်းဆက်ကို ထူထောင်ခဲ့ပါတော့တယ်၊
ဒါကြောင့် ရှားလ်မန်း
ဘုရင် (၇၄၂-၈၁၄) ရဲ့ ဖခင် Pépin le Bref (715-768) ဘုရင်ကြီး နန်းတက် လာတဲ့ အေဒီ ၇၅၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ Carolingiens (751-987) ဘုရင်တွေရဲ့
မင်းဆက်ဟာ ပဉ္စမ လူဝီ ကွယ်လွန်ခဲ့တဲ့ အေဒီ ၉၈၇ ခုနှစ် မှာ ဆုံးခန်းတိုင်ခဲ့ရပါတော့တယ်၊