ပါရီရယ် ပြင်သစ်ရယ်
ဥရောပနာရီ နွေနာရီ
Heure d'été (Daylight Saving Time)
ဥရောပနိုင်ငံတွေမှာ
မတ်လ နောက်ဆုံးပတ်ရဲ့ တနင်္ဂနွေနေ့ ဒီကနေ့ အခု တနာရီ ရှေ့တိုးသွားပါပြီ၊
အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့
နာရီတွေမှာ မနက် နှစ်နာရီက မနက် သုံးနာရီ ဖြစ်သွားပါပြီ၊
လက်ပတ်နာရီ တိုင်ကပ်နာရီလို
အင်တာနက်နဲ့ ချိတ်ဆက်မထားတဲ့ နာရီတွေ ရှေ့သို့ တနာရီ တိုးရမယ့် အချိန်ပါ၊
ရထားစီး ကားစီး ခရီးသွားသူများ
သတိပြုရန်ပါ၊ တနင်္ဂနွေနေ့ အများစု ကျောင်းပိတ် ရုံးပိတ် အလုပ်ပိတ်ရက်ကို ရွေးချယ်သတ်မှတ်ထားတာ
ဖြစ်ပါတယ်၊
ဥရောပမှာ ဒီလိုမျိုး
တနှစ်ကို နှစ်ခါ ပြောင်းပါတယ်၊ နွေဦးရာသီ မတ်လရဲ့ နောက်ဆုံး တနင်္ဂနွေ မနက်ကြီး နှစ်နာရီမှာ
ရှေ့ကို တနာရီ တိုးတာဖြစ်ပြီး ဆောင်းဦးရာသီ အောက်တိုဘာလရဲ့ နောက်ဆုံး တနင်္ဂနွေမှာ နောက်ကို
တနာရီ ဆုတ်သွားတာ ဖြစ်ပါတယ်၊
အမေရိကန်တို့ သြစတြေးလျှားတို့မှာတော့
ဒီလို နာရီ ရှေ့တိုးနောက်ဆုတ်တာမျိုး ရှိပေမယ့် သတ်မှတ်ထားတဲ့ နေ့ရက် မတူပါဘူးလို့
ဆိုပါတယ်၊ ဒီလို အချိန်နာရီကို ပြောင်းရခြင်းက နေဝင် နေထွက်ချိန် မတူညီကြတဲ့ နိုင်ငံတွေကို
တညီတညာတည်း စံတော်ချိန် တူညီအောင် သတ်မှတ် ထားခြင်းကြောင့် နေဝင်စော နေထွက်စော ကွာခြားမှုကို
ကျဉ်းမြောင်းသွားအောင် ကြံဆသတ်မှတ် ခဲ့ကြခြင်းကနေ Heure d'été (Daylight Saving
Time) ဆိုပြီး ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်၊
ဥပမာအားဖြင့် ဆိုရရင်
ပြင်သစ်ပြည်နဲ့ မြန်မာပြည် အချိန်ကွာခြားချက်အရ ဆောင်းရာသီမှာ ငါးနာရီခွဲ ကွာပြီး နွေရာသီမှာတော့
လေးနာရီခွဲ ကွာတာပါ၊ ဒီကနေ့ တနင်္ဂနွေနေ့ မြန်မာပြည်မှာ နေမွန်းတည့်ချိန်ကျော်ပြီး နာရီပြန်
နှစ်ချက်တီး နေ့လည် ၂ နာရီတိတိ ရွှေပြည်တော်သားတွေ ထမင်းစားပြီး တရေးတမောအိပ်ချိန်မှာ
ပြင်သစ်ပြည်က မောင်ရင်ငတေတို့ကတော့ အလုပ်မရှိလို့ မနက်ကြီး ကိုးနှစ်နာရီခွဲ အိပ်ယာထဲမှာ
ကွေးလို့ကောင်း နေတုန်းပါ ခင်ဗျာ၊
World
Time Zone Map
မောင်ရင်ငတေ
၃၀၀၃၂၀၁၄
http://newsightsmm.com/2014/03/31/%E1%80%A5%E1%80%B1%E1%80%9B%E1%80%AC%E1%80%95%E1%80%94%E1%80%AC%E1%80%9B%E1%80%AE-%E1%80%B1%E1%82%8F%E1%80%BC%E1%80%94%E1%80%AC%E1%80%9B%E1%80%AE-%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9/
http://newsightsmm.com/2014/03/31/%E1%80%A5%E1%80%B1%E1%80%9B%E1%80%AC%E1%80%95%E1%80%94%E1%80%AC%E1%80%9B%E1%80%AE-%E1%80%B1%E1%82%8F%E1%80%BC%E1%80%94%E1%80%AC%E1%80%9B%E1%80%AE-%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9/
Aucun commentaire:
Enregistrer un commentaire