ငါးဆယ်အပေါင်းတစ်မှာ
လေးတွေ မြားတွေလည်း မပစ်ချင်တော့ပါဘူးကွယ်၊
ဘဝရဲ့ ညီမျှခြင်းတွေမှာ
ငါးဆယ်ရဲ့နောက်မှာ နောက်ထပ် တစ်တွေ
ဘယ်လောက်များ ဆက်လက်ပြီး ပေါင်းနိုင်အုံးမှာလဲ၊
လောကလူသားတွေရဲ့ သက်တမ်းငယ်မှာ
ငါးဆယ်ဆိုတာ ထက်ဝက်မက ကျော်နေပြီ မဟုတ်ပါလား၊
သွားသူတွေလည်း သွားနှင့်ကုန်ကြပြီ၊
အချိန်တန်လာရင်တော့
ဒီလမ်းဒီခရီးကို
မလျှောက်ချင်ပါသော်လည်း
လျှောက်ကြရမှပါ၊
အပိုဆာဒါးတွေ သိပ်ပြောတော့ပါဘူး၊
ဆုံလည်နွားဆိုတော့လည်း
ချာလပတ်တော့ လည်နေရအုံးမှာပေါ့၊
ကောင်းတာတွေ သိပ်များများ
မလုပ်ခဲ့သူတယောက်အတွက်
မကောင်းတာ သိပ်မလုပ်ခဲ့တာကိုဘဲ
ဂုဏ်ယူနေရင်း တစ်အပေါင်းတွေထပ်ပေါင်းရမယ့် ကာလတွေမှာ ကူညီပါရစေ ခင်ဗျနဲ့သာ ကြိုဆိုလိုက်ရပါတယ်၊
ကြိုဆိုပါတယ် GOLDEN
PLUS ONE ငါးဆယ်အပေါင်းတစ်
နှစ် ခွန် သုံး နှစ်
သုည တစ် ငါး ခင်ဗျား၊ ။။။။။
(မရငတ) ၀၃၀၃၂၀၁၅
ဘဝတို
ဘာမှမဟုတ်
ငါးနှစ် ဆယ်နှစ်
အနှစ်ငါးဆယ်လေးဆယ်လေးမှာ
လေးသထက်မလေးဖို့
တန်ခိုးရှင်ထံ ဆုတောင်းလိုက်သည်
လေးထက်က မြားတစင်း ….. ပစ်ခွင်း
ညိုဦးနိုင် ၂၇၀၃၂၀၀၈
လေးဆယ့်လေးမှာ
လေးထပ်ပေါင်းပြီးလေးသထက်မလေးအောင်
တန်ခိုးရှင်ထံ ဆုထပ်တောင်းသည်
လေးထက်က မြားတစ်စင်း ….. ပစ်ခွင်း
နိုင်ဦးညို ၂၇၀၃၂၀၁၂
လေးဆယ်ကိုးမှာ
ဆိုးသထက်မဆိုးအောင်တန်ခိုးရှင်ထံ ဆုတောင်းလိုက်သည်
တိုးထွက်တဲ့ နေတစင်း ….. ထွန်းလင်း
နိုင်ဦးညို ၂၇၀၃၂၀၁၃
Aucun commentaire:
Enregistrer un commentaire