ရွှေဝါရောင် ဆီထွက်သီးနှံ
ရွှေဝါရောင်
ဆီထွက်သီးနှံ (Brassica Napus)
ပြင်သစ်လို Le Colza ခေါ် Rapeseed အမည်ရတဲ့ ဆီထွက်သီးနှံ တမျိုးပါ၊
မုန်ညင်းတို့ ဂေါ်ဖီပင်တို့
အမျိုးနွယ်ထဲက အပင်တမျိုး ဖြစ်ပါတယ်တဲ့၊
ရွှေဗမာလိုတော့ ဘယ်လို
ခေါ်ပါသလဲ မောင်ရင်ငတေ သေချာ မသိပါဘူး၊
(ဒီစာရေးနေရင်း ဖေ့ဘုတ်ခ်မိတ်ဆွေ တယောက်က ဗမာလို ပန်းနှမ်းဟု ခေါ်ကြောင်း ရှမ်းပြည်ဘက်မှာ အစိုက်များကြောင်း မြေပြန့်နဲ့ အညာဒေသတွေမှာတော့ သိပ်မတွေ့ဖူးကြောင်း ပြောပြပါတယ်၊
ကျေးဇူးမှတ်တမ်း ဒီနေရာကနေ ဆိုပါရစေ)
(ဒီစာရေးနေရင်း ဖေ့ဘုတ်ခ်မိတ်ဆွေ တယောက်က ဗမာလို ပန်းနှမ်းဟု ခေါ်ကြောင်း ရှမ်းပြည်ဘက်မှာ အစိုက်များကြောင်း မြေပြန့်နဲ့ အညာဒေသတွေမှာတော့ သိပ်မတွေ့ဖူးကြောင်း ပြောပြပါတယ်၊
ကျေးဇူးမှတ်တမ်း ဒီနေရာကနေ ဆိုပါရစေ)
Le colza လို့ ပြင်သစ်လို
အမည်တွင်နေပေမယ့်လည်း မူရင်း အမည်ရင်းကတော့ Koolzaad ဆိုတဲ့ ဟော်လန်စကားကနေ
ဆင်းသက်လာပါတယ်လို့ ဆိုကြပါတယ်၊
ဟော်လန်ဆိုတာကလည်း စိုက်ပျိုးရေး ထိပ်ခေါင် တိုင်းပြည်တပြည် မဟုတ်ပါလား၊
ဒီကနေ့ခေတ် ကမ္ဘာ့ပေါ်ရှိ ဆီထွက်သီးနှံများ စာရင်းထဲမှာတော့ နေကြာဆီ သံလွင်ဆီတို့ပြီးရင်
တတိယမြောက် အရေးပါဆုံးနဲ့
အစိုက်ပျိုးဆုံးသော ဆီထွက် ကုန်ကြမ်းသီးနှံတခု ဖြစ်နေပါပြီ၊
မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ကြီးမှာတော့ စိုက်ပျိုးမပျိုး မောင်ရင်ငတေတော့ မကြားဘူးပါဘူး၊
မောင်ရင်ငတေတို့ ကြားဖူးနေကျ အကြော်ခံဆီတို့ ကန်ဆီတို့ ဝက်ဆီတို့နဲ့ နှိုင်းစာလိုက်ရင်တော့ စားသုံးသူတွေကို ဒုက္ခအပေး နည်းမှာကိုတော့ မောင်ရင်ငတေ အာမခံနိုင်ပါတယ်၊
အိန္ဒိယ တရုတ်ပြည်နဲ့ ကနေဒါနိုင်ငံတို့မှာ
အများဆုံးစိုက်ပျိုး ထုတ်လုပ်ကြပြီး ယူရိုပီယန်ယူနီယံ
အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံများမှာတော့ တနှစ်ကို မက်ထရစ် တန်ချိန်ပေါင်း
သန်း ၂၀ ကျော် ထုတ်လုပ် နေတာပါ၊
ဥရောပမှာတော့ ပြင်သစ်နဲ့ ဂျာမဏီမှာ အများဆုံး စိုက်ပျိုးကြပါတယ်တဲ့၊ ဂျာမဏီမှာ ခြောက်သန်းကျော် ပြင်သစ်ပြည်မှာ ခြောက်သန်းနီးပါး ထုတ်လုပ်ပါတယ်၊
၁၉ ရာစု နောက်ပိုင်းကစပြီး ဥရောပမှာ အစိုက်အပျိုး များလာခဲ့တာပါ၊
ဒီကနေ့မှာတော့ ပြင်သစ်ပြည် မြောက်ပိုင်း ဘယ်လ်ဂျီယံ လူဇမ်ဘူးကနေ ဂျာမဏီသို့ သွားရာ
နယ်တကြောမှာ ပါရီ ဒီရွိန်း လီယွန် ကားလမ်းမတွေတလျှောက် ဒီသီးနှံ
စိုက်ခင်းတွေကို ပိုမိုတိုးချဲ့ စိုက်ပျိုးလာလို့ ကားလမ်းနဲ့ ရထားလမ်းဘေး တဘက်တချက်ဆီမှာ ဒီအဝါရောင်
စိုက်ခင်းတွေဟာ လက်ညိုးထိုးမလွဲ ဆိုသလို တွေ့မြင်လာနေပါပြီ၊
စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ ပြင်သစ်ကြီးကတော့ ဒီ ရွှေဝါရောင် စိုက်ခင်းတွေကို တိုးချဲ့ရင်း တိုးချဲ့စိုက်ပျိုးနေတာဖြစ်လို့ နေရာတကာ ဒီရွှေဝါ ဖြစ်လာနေပါပြီ၊
မောင်ရင်ငတေ သွားခဲ့လာခဲ့ဖူးပါတဲ့ ဥရောပရဲ့ ဟိုင်းဝေးလမ်းမ နဘေးတွေမှာတော့
နေကြာပန်းပင်တွေထက် ဒီ ရွှေဝါရောင် ကိုဇာပင်များကိုသာ ပိုမိုလို့ တွေ့မြင်မိရကြောင်းပါ၊
ဒီ ရွှေဝါရောင် ကိုဇာပင်တွေကနေ
စားသုံးဆီအတွက် သာမက Vegetable Oil Fuel
စက်သုံးဆီ ဘိုင်အိုဒီဇယ်
အဖြစ်ပါ အတော်များများ စမ်းသပ် အသုံးပြုနေကြပါပြီတဲ့ ခင်ဗျာ၊
ဒီဇယ်အင်ဂျင် စက်တွေရဲ့ တီထွင်သူ ခေါင်းကိုင်ဖခင်ကြီး Rudolf Christian Karl Diesel
ရူးဒေါ့ဖ် ဒီဇယ်
(၁၈၅၈-၁၉၁၃) တယောက် ကြားသိမယ်ဆိုရင်တော့ တော်တော် ဝမ်းသာသွားမှာပါ၊
မြို့ပြရဲ့ သားကောင်တကောင်သာ
ဖြစ်နေဆဲဖြစ်တဲ့ မောင်ရင်ငတေတယောက်ကတော့ သွားရင်းလာရင်းနဲ့သာ ခဏတဖြုတ်ဆိုသလို ရောက်ခဲ့ဖူးတာပါ၊
လတ်ဆတ်သန့်ရှင်းလှတဲ့ လေစိမ်းတွေ တဖြတ်ဖြတ်
တိုက်နေတာကို ခံစားချင်မိရသလို စိမ်းလန်းစိုပြေတဲ့ စိုက်ခင်းတွေ ရိပ်သိမ်းခါနီးရာသီ
ရောက်ခါနီးပြီ ဆိုရင်တော့ ဒီလို ဝင်းမှည့်တဲ့ ရွှေဝါရောင် စိုက်ခင်းတွေကြားမှာ ခပ်ကြာကြာလေး သွားနေမယ်ဆိုတဲ့
စိတ်ကူးတွေကတော့ ဘယ်တော့များမှ အကောင်ထည်ပေါ် ဖြစ်လာလိမ့်မယ်ဆိုတာ မသိနိုင်ပါဘူး၊
မောင်ရင်ငတေ ၂၀၀၆၂၀၁၄
နေ့ရက်က ရေးသားခဲ့ပြီး
ရောက်တတ်ရာရာအတိုအစများ ဖေ့စ်ဘုတ်ခ်စာမျက်နှာ
https://www.facebook.com/497811253592284/photos/a.777588845614522.1073741917.497811253592284/777588875614519/?type=3&theater မှာ တင်ထားခဲ့တာကို ပြန်လည်ပြီး ဖြည့်စွက်ရေးသား
လိုက်ရခြင်းပါ၊ မောင်ရင်ငတေ ၂၁၀၂၂၀၁၅
ဖေ့စ်ဘုတ်ခ် မိတ်ဆွေတဦးရဲ့ ကွန်မန့်ကြောင် ပန်းနှမ်းလို့ ခေါ်ဆိုနိုင်ကြောင်း သိရတာကို မှတ်တမ်းတင်လိုက်ရပါတယ် . . ... https://www.facebook.com/photo.php?fbid=10202554674027808&set=p.10202554674027808&type=1&theater ကျေးဇူးပါ ကို J Nyan Linn .... ... အခုလို ရှယ်တဲ့ အတွက်. ..... ပန်းနှမ်းဖြစ်ဖို့ များပါတယ် .. .... အတိအကျ မတူရင်တောင်မှ မျိုးစိတ်တူမှာပါ၊ ဒီ ဘလောက်က ဘယ်သူရဲ့ ဘလောက်လည်း မသိဘူး . .... သီပေါ လွင်ပြင် အကြောင်း ရေးထားတာ ဖတ်လို့ ကောင်းပါတယ် ခင်ဗျ . . . ... ..
RépondreSupprimer