ပါရီပုံရိပ်များ
စာစု (တစ်)
မောင်ရင်ငတေနေတဲ့ မြို့အကြောင်း
(ပါရီမြို့ကို လွမ်းကြသူများ)
ပဲရစ်
(သို့မဟုတ်) ပါရီ မောင်ရင်ငတေနေတဲ့ မြို့အကြောင်း (ဓါတ်ပုံ မရငတ)
၂၀၀၄
ခုနှစ် အစောပိုင်းမှာ ကွန်ပြူတာ လက်တော့ပ်လေးတလုံး မောင်ရင်ငတေရဲ့ ကိုယ်ပိုင်အဖြစ်
ရှိလာပါတယ်၊ ကျောင်းသားဘဝ စက္ကူစုတ်ပေါ်ကနေ နောက်တဆင့် အကောင်အထည် မဖေါ်နိုင်ခဲ့
တဲ့ စာတိုပေစများဟာ ကွန်ပြူတာ ဟတ်ဒ်ဒစ်ထဲဆီသို့ ပြောင်းရွှေ့ရောက်ရှိ လာခဲ့တဲ့ အချိန်တွေလို့
ပြောရင်လည်း မမှားပေဘူးပေါ့လေ၊ အဲဒီအချိန်မှာက ဒီကနေ့ ခေတ်စားနေတဲ့ စမတ်ဖုန်းဆိုတာမျိုး
မပေါ်ပေါက်သေးပေမယ့် ကင်မရာဖန်ရှင် ပါဝင်လာတဲ့ ဖုန်းလေးတွေတော့ အသုံးများစ ပြုလာပါပြီ။
ရှိလာပါတယ်၊ ကျောင်းသားဘဝ စက္ကူစုတ်ပေါ်ကနေ နောက်တဆင့် အကောင်အထည် မဖေါ်နိုင်ခဲ့
တဲ့ စာတိုပေစများဟာ ကွန်ပြူတာ ဟတ်ဒ်ဒစ်ထဲဆီသို့ ပြောင်းရွှေ့ရောက်ရှိ လာခဲ့တဲ့ အချိန်တွေလို့
ပြောရင်လည်း မမှားပေဘူးပေါ့လေ၊ အဲဒီအချိန်မှာက ဒီကနေ့ ခေတ်စားနေတဲ့ စမတ်ဖုန်းဆိုတာမျိုး
မပေါ်ပေါက်သေးပေမယ့် ကင်မရာဖန်ရှင် ပါဝင်လာတဲ့ ဖုန်းလေးတွေတော့ အသုံးများစ ပြုလာပါပြီ။
ဆိုနီ
ကန်နွန် ဆမ်ဆောင်း ဒီဂျစ်တယ် ကင်မရာလေးတွေ ပေါ်လာပြီ ဆိုပေမယ့် ယူရို တရာ့လေးငါး
ဆယ် နှစ်ရာလောက် ပေါက်ဈေးရှိတာမို့ မောင်ရင်ငတေလို ကောင်မျိုးတွေ လက်လှမ်း မမှီနိုင်သေး
တဲ့ အချိန်ပါ၊ အဲဒီအခိုက် မောင်ရင်ငတေ လက်ထဲကို ဝမ်းပွိုင့်သရီး မီဂါပစ်ဇယ်မျှသာ ပါရှိတဲ့ Sharp
တံဆိပ် လက်ကိုင်ဖုန်းလေးတလုံး ရောက်လို့လာပါတယ်၊ အဲဒီ ဖုန်းကင်မရာ ပိစိလေးနဲ့ ရိုက်ကူးဖြစ်
ခဲ့တဲ့ မှတ်တမ်းတင်ပုံများ တချို့တဝက်က ဒီကနေ့ထိတိုင် မောင်ရင်ငတေ့ ကွန်ပြူတာထဲမှာ ရှိနေပါ
သေးတယ်၊ ခပ်ဝါးဝါး ပုံများဖြစ်သော်လည်း မှတ်တမ်းအဖြစ် အသုံးပြုနိုင်ခဲ့ပါတယ်။
ဆယ် နှစ်ရာလောက် ပေါက်ဈေးရှိတာမို့ မောင်ရင်ငတေလို ကောင်မျိုးတွေ လက်လှမ်း မမှီနိုင်သေး
တဲ့ အချိန်ပါ၊ အဲဒီအခိုက် မောင်ရင်ငတေ လက်ထဲကို ဝမ်းပွိုင့်သရီး မီဂါပစ်ဇယ်မျှသာ ပါရှိတဲ့ Sharp
တံဆိပ် လက်ကိုင်ဖုန်းလေးတလုံး ရောက်လို့လာပါတယ်၊ အဲဒီ ဖုန်းကင်မရာ ပိစိလေးနဲ့ ရိုက်ကူးဖြစ်
ခဲ့တဲ့ မှတ်တမ်းတင်ပုံများ တချို့တဝက်က ဒီကနေ့ထိတိုင် မောင်ရင်ငတေ့ ကွန်ပြူတာထဲမှာ ရှိနေပါ
သေးတယ်၊ ခပ်ဝါးဝါး ပုံများဖြစ်သော်လည်း မှတ်တမ်းအဖြစ် အသုံးပြုနိုင်ခဲ့ပါတယ်။
ဒါပေမယ့်
မောင်ရင်ငတေ အတိုအစရောက်တတ်ရာရာ ရေးဖြစ်ခဲ့တဲ့ စာစုများက သိမ်းဆည်းထားခဲ့
တာတွေ ရှိပေမယ့် ရေးခဲ့သမျှ စာ တော်တော်များများက နံရံကပ်ရင်ကပ် မကပ်ဖြစ်ရင် အမှိုက်ပုံးထဲ
သို့သာ အများအပြား ရောက်ရှိသွားနေဆဲပါ၊ မိုက်ခရိုဆော့ဖ် ဝါ့ဒ်တို့ ဇော်ဂျီတို့ကလည်း ဂဂျီဂဂျောင်
ဖြစ်နေဆဲဖြစ်သလို ပြင်သစ်ပြည်ရောက် ဥရောပရောက် ရွှေကိုယ်တော်ဟောင်းကြီးတွေ အများစုက
ရွှေစာရွှေစကားကို မေ့ချင်နေကြသူတွေမို့ စာရိုက်တတ်ဖို့ ဆရာတင်တာ ဘယ်သူကိုမှ တင်မရပါတဲ့
တာတွေ ရှိပေမယ့် ရေးခဲ့သမျှ စာ တော်တော်များများက နံရံကပ်ရင်ကပ် မကပ်ဖြစ်ရင် အမှိုက်ပုံးထဲ
သို့သာ အများအပြား ရောက်ရှိသွားနေဆဲပါ၊ မိုက်ခရိုဆော့ဖ် ဝါ့ဒ်တို့ ဇော်ဂျီတို့ကလည်း ဂဂျီဂဂျောင်
ဖြစ်နေဆဲဖြစ်သလို ပြင်သစ်ပြည်ရောက် ဥရောပရောက် ရွှေကိုယ်တော်ဟောင်းကြီးတွေ အများစုက
ရွှေစာရွှေစကားကို မေ့ချင်နေကြသူတွေမို့ စာရိုက်တတ်ဖို့ ဆရာတင်တာ ဘယ်သူကိုမှ တင်မရပါတဲ့
ကာလလည်း
ဖြစ်ပါတယ်၊ ရွှေပြည်တော်သို့ ဖုန်းတခါဆက် ၁၅ မိနစ်ကို ငါးယူရိုခွဲ ပေးရတာကြောင့်
ရွှေပြည်တော်က
ကိုယ်ရွှေကိုယ်မျိုးတွေနဲ့လည်း အဆက်မရှိ ပြတ်နေချိန်လည်း ဖြစ်ပါတယ်။
အဲဒီအချိန်မှာက
ခက်နေကြတာက ကင်မရာရှိ ကွန်ပြူတာတွေ ရှိနေပေမယ့် အဓိက အချက်ဖြစ်တဲ့
အင်တာနက်ဈေး
မသေးတာကော ပုံတွေ စာတွေကို မမ်မိုရီရယ်အဖြစ် စုဆောင်းသိမ်းဆည်းထားဖို့
မမ်မိုရီဟတ်ဒ်ဒစ်တွေ
မမ်မိုရီစတစ်ခ်တွေရဲ့ ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်နေခြင်းကြောင့်လည်း
ပါဝင်ပါတယ်၊ ဥရောပ အထူးသဖြင့်ကတော့ ပြင်သစ်ရဲ့အခွန်အခနှုန်းထားတွေနဲ့ ကြိုးနီစနစ်တွေက
မိတ်အင်ချိုင်းနား ပစ္စည်းတွေ အသွင်းကို ထိမ်းချုပ်ထားသလို ဖြစ်နေတာလည်း ပါဝင်ပါတယ်။
ပါဝင်ပါတယ်၊ ဥရောပ အထူးသဖြင့်ကတော့ ပြင်သစ်ရဲ့အခွန်အခနှုန်းထားတွေနဲ့ ကြိုးနီစနစ်တွေက
မိတ်အင်ချိုင်းနား ပစ္စည်းတွေ အသွင်းကို ထိမ်းချုပ်ထားသလို ဖြစ်နေတာလည်း ပါဝင်ပါတယ်။
အဲဒီလိုကာလတွေရဲ့
နောက်မှာတော့ တွေးမိတွေးရာ ရေးမိရေးရာရေးခဲ့မိတဲ့ အတိုအစစာစုတွေက
မောင်ရင်ငတေ့ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှတဆင့် အများသူငှာတို့ရဲ့ ကွန်ပြူတာ မျက်နှာပြင်များ
တယ်လီဖုန်း မျက်နှာပြင်များဆီသို့ ဆင်ဆာမရှိ အယ်ဒီတာမပါဘဲနဲ့ တစတစ ရောက်ရှိလို့လာခဲ့တာ
၂၀၁၀ ခုနှစ်ဝန်းကျင်ကနေစလို့ ဒီကနေ့ထိတိုင်ပါ။
မောင်ရင်ငတေ့ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှတဆင့် အများသူငှာတို့ရဲ့ ကွန်ပြူတာ မျက်နှာပြင်များ
တယ်လီဖုန်း မျက်နှာပြင်များဆီသို့ ဆင်ဆာမရှိ အယ်ဒီတာမပါဘဲနဲ့ တစတစ ရောက်ရှိလို့လာခဲ့တာ
၂၀၁၀ ခုနှစ်ဝန်းကျင်ကနေစလို့ ဒီကနေ့ထိတိုင်ပါ။
အဲဒီလို
ရောက်တတ်ရာရာ အတိုအစများဆိုပြီး ရေးဖြစ်ခဲ့တဲ့ စာစုများကို မိုးမခအွန်လိုင်း စာမျက်နှာ
တွေပေါ်မှာ
ဖော်ပြခဲ့တာများလည်း ရှိခဲ့သလို မောင်ရင်ငတေ တကိုယ်တော် ရေးသားဖတ်ရှုနေတဲ့
https://maungyinngatay.blogspot.fr/search/label/%E1%80%95%E1%80%AB%E1%
https://maungyinngatay.blogspot.fr/search/label/%E1%80%95%E1%80%AB%E1%
ဖေ့စ်ဘုတ်ခ် စာမျက်နှာများမှာလည်း အစဉ်ပြေသလို ဖော်ပြခဲ့တာတွေ
အများအပြားပါ။
အဲဒီလို
စာစုအတိုအစ အများအပြားကို တူညီရာလေးတွေ ပေါင်းစပ်လို့ အခုလို ပါရီပုံရိပ်များ အဖြစ်
စုစည်းလိုက်ရခြင်းပါ ခင်ဗျား၊ ဒီလို တူရာတူရာ စာစုများကို ပေါင်းစပ်ရာမှာလည်း ရေးဖြစ်ခဲ့တဲ့အချိန်
ဆိုတာထက် စိတ်ထင်ရာဆက်စပ်သလိုထင်မိတဲ့ အကြောင်းအရာတွေကို ပါရီပုံရိပ်များ စာစု (တစ်)
အဖြစ် ဦးစားပေး စုစည်းလိုက် ရခြင်းပါ ခင်ဗျား။
စုစည်းလိုက်ရခြင်းပါ ခင်ဗျား၊ ဒီလို တူရာတူရာ စာစုများကို ပေါင်းစပ်ရာမှာလည်း ရေးဖြစ်ခဲ့တဲ့အချိန်
ဆိုတာထက် စိတ်ထင်ရာဆက်စပ်သလိုထင်မိတဲ့ အကြောင်းအရာတွေကို ပါရီပုံရိပ်များ စာစု (တစ်)
အဖြစ် ဦးစားပေး စုစည်းလိုက် ရခြင်းပါ ခင်ဗျား။
မောင်ရင်ငတေနေတဲ့
မြို့အကြောင်း ပုံရိပ်များအဖြစ် အဆိုးအကောင်းများစွာကို ပုံဖော်လို့ ရေးသား
ခဲ့တာမှာ အဲဒီ ပါရီပုံရိပ်များဟာ အကောင်းဘက်ကသိပ်မရှိ အဆိုးတွေသာ များပြားနေခဲ့ပါက အမှန်
တကယ် ပါရီဇီယမ်တွေကို အပြစ်မမြင်ကြပါဘဲ မောင်ရင်ငတေရဲ့ အဆိုးမြင်ဝါဒ ကျဆုံးပါစေလို့သာ
ဆုတောင်း မေတ္တာပို့စေလိုကြောင်းပါ ခင်ဗျား။
ခဲ့တာမှာ အဲဒီ ပါရီပုံရိပ်များဟာ အကောင်းဘက်ကသိပ်မရှိ အဆိုးတွေသာ များပြားနေခဲ့ပါက အမှန်
တကယ် ပါရီဇီယမ်တွေကို အပြစ်မမြင်ကြပါဘဲ မောင်ရင်ငတေရဲ့ အဆိုးမြင်ဝါဒ ကျဆုံးပါစေလို့သာ
ဆုတောင်း မေတ္တာပို့စေလိုကြောင်းပါ ခင်ဗျား။
မောင်ရင်ငတေ
စက်တင်ဘာလ
၂၀၁၆
ပဲရစ်
(သို့မဟုတ်) ပါရီ မောင်ရင်ငတေနေတဲ့ မြို့အကြောင်း (ဓါတ်ပုံ မရငတ)
ပါရီပုံရိပ်များ
စာစု (၁)
မောင်ရင်ငတေနေတဲ့
မြို့အကြောင်း
%2B%E1%80%A1%E1%80%AE%E1%80%96%E1%80%9A%E1%80%B9%E1%80%9B%E1%80%9A%E1%80%B9%E1%80%95%E1%80%AB%E1%80%9B%E1%80%AE%E1%80%9B%E1%80%9A%E1%80%B9.jpg)
အီဖယ်ရယ် ပါရီရယ် (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ ကနေ့ရောက်ရှိ နေထိုင်တဲ့မြို့ကိုတော့ ရွှေပြည်တော်သားတိုင်းလိုလို
သိကြပါတယ်၊
ကြွားတယ်လို့တော့ မထင်လိုက်ကြပါနဲ့ မောင်ရင်ငတေနေတာ ပဲရစ်မြို့လို့ခေါ်ပါတယ်၊
ဒီမြို့မှာရှိတဲ့
အီဖယ်လ်မျှော်စင်ကြီးနဲ့အတူ ပဲရစ်မြို့သို့မဟုတ် ပြင်သစ်အခေါ် ပါရီမြို့တော်ကို
ကမ္ဘာအရပ်ရပ်ရှိ
လူတွေအားလုံး သိကြသလို ရောက်ဖူးချင်ကြမှာပါ၊ မောင်ရင်ငတေကတော့ ဘယ်လိုဘဝတွေက
ရှေးရေစက်ကြောင့်လည်းတော့ မသိပါဘူး၊ ယောင်လည်လည် ရောက်ခဲ့ပြီးနောက် ခွာလို့မရတော့
ပါဘူး၊
ဘာမသိညာမသိ ပြင်သစ်လို *ဘွန်ရှုး**ဆိုတဲ့ နှုတ်ခွန်းဆက် စကားတခွန်းနဲ့ မြန်မာပြည်က
အိမ်ခန်း
အပေါင်ခံ ထားပြီး ရောက်ရှိ လာခဲ့တဲ့ မောင်ရင်ငတေ တယောက်တော့ ပါရီမြို့ရဲ့ လမ်းကြို
လမ်းကြားတွေမှာ စတင်ရောက်ရှိကတည်းက အခုထိတိုင်အောင် လျှောက်နေခဲ့ လျှောက်နေဆဲပါ။
ဒီမြို့မှာပါရီမှာ တွေ့ရှိရတာ အများဆုံးကတော့ ကမ္ဘာလှည့် ခရီးသည်တွေရယ်
ကမ္ဘာအရပ်ရပ်ကနေ
ရောက်လာတဲ့ မောင်ရင်ငတေတို့လို ဒုက္ခသည်တွေရယ်ပေါ့၊ ပြင်သစ်နိုင်ငံသား
ဖြစ်သွားကြပြီဖြစ်တဲ့
ကိုလိုနီအဟောင်း အာဖရိကန်လူမည်းတွေရယ် တူနီးရှန်း အယ်ဂျီးရီးယန်း
မော်ရိုကန် လူမျိုးတွေကို
တွေ့ရများမှာ ဖြစ်သလို မောင်ရင်ငတေတို့ရဲ့ အိမ်နီးချင်းမိတ်ဆွေ
ဆွေမျိုးပေါက်ဖော်ကြီးတွေလည်း
အမြောက်အများ တွေ့ရှိရမှာ ဖြစ်ပါတယ်၊ လာအို ခမာ ထိုင်း
ဗီယက်နမ်တွေလည်း ပေါများ ပါတယ်၊
သီရိလင်္ကာရဲ့ နာမည်ကျော် တမီလ်တိုက်ဂါးအဟောင်းတွေလည်း
များမှများတဲ့ မြို့တမြို့ပါ၊ အရှေ့
အလယ်ပိုင်းသားတွေရယ် ဂရိ တူရကီတွေ ပေါ်တူဂီ စပိန်တွေလည်း များပြားစွာ
တွေ့ရမှာပါ။
နှစ်တရာကျော်က လူနေအိမ်ဟောင်းများ
(ဓါတ်ပုံ မရငတ)
ကမ္ဘာပေါ်မှာ ရှိသမျှသော လူမျိုးပေါင်းစုံ ရောက်ရှိနေထိုင်ရာ
မြို့ကြီးတမြို့ဖြစ်ပါတယ်၊ မတွေ့ဘူးတဲ့
လူမျိုးတောင် မရှိတော့ဘူးနဲ့တူပါတယ်၊ မောင်ရင်ငတေတို့
ရွှေလူမျိုးကတော့ ဂုဏ်ယူရမှာလားမသိ
အနည်းငယ်သာရှိပါတယ်၊ ဒီမြို့မှာ အခြေချနေထိုင်သူ
အများဆုံးတရာကျော်နှစ်ရာထက် မပိုပါဘူး။
ဒါတောင်မှ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က မြန်မာပြည်ရဲ့ အဓိက
ကမ္ဘာသိခေါင်းဆောင်ကြီးကို ကြိုဆို
ကြတဲ့ ပွဲကြီးတုန်းကတော့ မောင်ရင်ငတေတို့ ရောက်ရှိနေထိုင်ခဲ့တဲ့
၁၃ နှစ်တာ ကာလအတွင်းမှာ
တခါဖူးကိုမျှ မမြင်ဘူးမတွေ့ဘူးတဲ့ မြန်မာလူကြီးလူကောင်းစစ်စစ်တွေ
ကြွရောက်ချီးမြင့်ကြကြောင်း
ကြားသိ လိုက်ရတာပါ ခင်ဗျာ၊ မောင်ရင်ငတေကတော့ အဲဒီလိုမျိုး
ပွဲလမ်းသဘင်တွေကို ဝေးဝေးက
ရှောင်ကြင်သူမို့ မတွေ့လိုက်ရပါဘူးဗျာ၊ သူတို့တတွေရောပါပါမှ
ရွှေပြည်တော်သား နှစ်ရာလောက်ရှိ
တာပါ၊ ရွှေအဖွဲ့အစည်းကတော့ များများမရှိပါဘူး၊ လူ နှစ်ရာ
အဖွဲ့က နှစ်ရာ မရှိပါဘူး၊ ဖွဲ့ပြီးရင်လည်း
ကွဲတတ်ကြလွန်းလို့ မောင်ရင်ငတေတို့က အဖွဲ့ကို
မဖွဲ့ချင်တော့တာပါ၊ မောင်ရင်ငတေတို့ မိတ်ဆွေ
တချို့နဲ့တော့ သောက်သုံးသူများသမဂ္ဂတို့
စားသုံးသူများသမဂ္ဂတို့ လယ်ယာပြန်စားရေးသမဂ္ဂတို့လို
တရားမဝင်အသင်းလေးတွေတော့ ရှိပါတယ်၊
တပတ်တခါလောက် ချိန်းပြီးတော့ စားကြသောက်ကြ
အတင်းဖလှယ်ကြပေါ့ဗျာ၊ အဲလိုမျိုး မောင်ရင်ငတေတို့ရဲ့
အဖွဲ့ထဲကို မဝင်ချင်ကြသော တသီးပုဂ္ဂလ
ပုဂ္ဂိုလ်ကြီးများ လူကြီးမင်းများလည်း ရှိကြသပေါ့ဗျာ။
ပါရီ ရှော်ပင်စန်တာ လမ်းမကြီး (Boulevard
Haussmann) (ဓါတ်ပုံ မရငတ)
ဒီပါရီ ရွှေမြို့တော်ကြီးဟာ ထူးခြားလှတာကတော့ မြို့တော်ကြီးကသာ
မြို့ဟောင်း အဆောက်အဦး
အဟောင်းတွေနဲ့သာ ပြည့်နှက် နေပေမယ့် လူတွေကတော့ ခေတ္တခဏ လာရောက်လည်ပတ်ကြတဲ့
သူတွေရယ် အမြဲတမ်း နေထိုင်ခွင့်ရမလားလို့ လာကြတဲ့ သူတွေရယ်နဲ့ လူသစ်မျက်နှာသစ်တွေသာ
အများစုကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ ပါရီ မြို့လယ်မှာ နှစ်ထပ်လမ်းတွေ သုံးထပ်လမ်းတွေ
ဂုံးကျော်
တံတားကြီးတွေ မိုးမျှော်တိုက်ကြီးတွေကို တွေ့ရှိရမှာ မဟုတ်ပါဘူး၊ ၉၀ ရာနှုန်းသောအဆောက်အဦ
များဟာ လွန်ခဲ့သော နှစ်ပေါင်း တရာ နှစ်ရာ သုံးရာ ကျော်က ဆောက်လုပ်ခဲ့တဲ့ အဟောင်းတွေသာ
ဖြစ်ပါတယ်၊ နာမည်ကျော် ရဲတိုက်ဟောင်းကြီးများ နန်းတော်ဟောင်းကြီးများရဲ့ မူရင်းအစိတ်အပိုင်း
တချို့ဆိုရင် နှစ်ထောင်ဂဏန်း ရှိနေပြီပေါ့ ဗျာ။
ပိုက်ဆံပေးဖို့ တန်းစီ တိုးနေသူများ (ဓါတ်ပုံ မရငတ)
၁၂ ရာစုမတိုင်ခင်ကတည်းကနေ ယနေ့ခေတ်ထိ ဥရောပရဲ့ အဓိကအချက်အချာကျတဲ့မြို့
ဖြစ်ခဲ့ပြီး
နှစ်ပေါင်း လေးငါးခြောက်ရာ သက်တမ်းရှိတဲ့ နာမည်ကြီး ရှေးဟောင်းအဆောက်အဦးများ
သာမက
လူနေတိုက်ခန်းအဟောင်းပေါင်း မြောက်များစွာကလည်း ပါရီမြို့လုံးနှံ့ လက်ညိုးထိုးမလွဲ
ဒီကနေ့ထိ
တိုင်အောင် ရှိနေသလို မမျှော်လင့်တဲ့ အဖျက်အဆီးများသာ မရှိခဲ့ပါက နောက်ထပ်နှစ်ပေါင်းများစွာ
ဆက်လက်ပြီး တည်ရှိလို့သွားမှာ သေချာပါတယ်၊ အဟောင်းတွေနဲ့တည်ရှိနေတဲ့ အဟောင်းတွေကို
ခပ်တည်တည်ပြစားနေတဲ့ ဥရောပရှေးဟောင်းမြို့တော်ကြီးပေါ့၊ အများစုသော နန်းတော်အဟောင်း
ရဲတိုက်အဟောင်း အိမ်ကြီး အိမ်ကောင်း အိမ်ဟောင်းများဟာ ရှေးရှေးကတော့ ပဒေသရာဇ် မြေရှင်
ငွေရှင် နယ်စားပယ်စားများ တဦးချင်း ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ကနေ့မှာတော့ နိုင်ငံတော်က
ပိုင်ဆိုင်
တာမျိုးတွေရှိသလို တချို့ကိုလည်း နိုင်ငံတော်က ရှေးဟောင်းအမွေအနှစ်အဖြစ်
သတ်မှတ်ပြီးတော့
စီမံခန့်ခွဲမှု ထိမ်းသိမ်းမှု တချို့ကို ပြုလုပ်ပေးပါတယ်၊ အဲဒီလိုမျိုး
အဆောက်အဦးတွေ ပစ္စည်းတွေကို
ပြတိုက်များအဖြစ်သို့ အသွင်ပြောင်းလဲထားပြီး ဝင်ကြေး ၁၀
ယူရို ဝန်းကျင်ခန့် ပေးဝင်ရသော်လည်း
ကမ္ဘာလှည့်ခရီးသည်တွေ တန်းစီတိုးနေတာကို အမြဲလိုလို
မြင်ကြ တွေ့ကြရမှာ ဖြစ်ပါတယ်။
တခါက ဖတ်ဖူးလိုက်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ကွန်မန့်တခုမှာ ပါရီမြို့ကို
လာလည်ခဲ့ဖူးတဲ့ လန်ဒန်သူ
နှစ်ဦးရဲ့ အပြန်အလှန် မှတ်ချက်မှာ ရေးထားတာကတော့ လန်ဒန်မြို့ကြီး
ဘယ်လောက် ကြီးကျယ်
ကြီးကျယ် ပါရီမြို့နဲ့ ယှဉ်လိုက်ရင်တော့ လက်သုတ်ပုဝါနဲ့ လက်နှီးစုတ်လို
ကွာခြားလှပါပေတယ်တဲ့
ခင်ဗျား၊ လန်ဒန်သူများရဲ့မှတ်ချက်ပါ၊ မောင်ရင်ငတေ့ ကိုယ်ပိုင်မှတ်ချက်
မဟုတ်ကြောင်းပါခင်ဗျား။
မောင်ရင်ငတေနေတဲ့
ပါရီမြို့စွန်ကရပ်ကွက် (ဓါတ်ပုံ
မရငတ)
အခုလက်ရှိ မောင်ရင်ငတေ နေထိုင်နေတဲ့ ပါရီမြို့စွန် ဆင်ခြေဖုံးရပ်ကွက်တခုက နှစ်ထပ်နှစ်ခန်းတွဲ
တိုက်ကလေးတောင်မှ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပေမယ့် ဆက်လက် ရပ်တည်
နေဆဲပါ၊ ချဲ့ထွင်လာတဲ့
မြို့ပြနယ်နမိတ်အရတော့ သူ့ရဲ့နဘေးမှာ အထပ်မြင့်တိုက်တွေ ဝန်းရံလို့တော့ နေပါပြီ၊ ဥပဒေကဲ့သို့
အာဏာတည်သောအမိန့်တွေ မလွှမ်းမိုးတဲ့ နေရာဖြစ်လို့ ဆက်လက်ပြီး ရပ်တည်ချင်သပ ဆိုရင်ဖြင့်
ရပ်တည်ခွင့်က ဆက်လက်ပြီးတော့ တည်ရှိနေမှာပါ၊ ငွေကြေးဝါးလား ကြီးတွေကတော့ မရှိဘူးလား
မဟုတ်ပါ ရှိပါတယ်၊ ဒါပေမယ့်လည်း ဥပဒေရဲ့အထက်မှာတော့ ဘယ်လိုအလွယ်တကူ ရပ်တည်လို့
ရနိုင်ပါ့မလဲဗျာ၊ ဒီနေရာတွေကိုလည်း လုပ်ငန်းရှင်ကြီးတွေက ရယူလိုချင်ပေမယ့် အိမ်အခန်း ပိုင်ရှင်
တဦးတလေက သဘောမတူရင်ဖြင့် ဘယ်လိုမှ မသိမ်းပိုက် နိုင်ကြောင်းပါ ခင်ဗျာ၊ အဲဒီလိုမျိုး အခန်း
လေးတွေတောင်မှ မောင်ရင်ငတေတို့ငှားလို့ရဖို့ မလွယ်ကူပါဘူး၊ စတုရန်းမီတာ ၂၀ ကျော်ဝန်းကျင်
လောက် ကျယ်တဲ့ အခန်းလေးတွေကို တလငှားခ
ယူရို ၅၀၀
အနည်းဆုံး ပေးရပါတယ်၊ ဒါတောင်မှ
အခွန်တွေ အခတွေ
မပါသေးဘူးနော်၊ စာရွက်စာတမ်း တထပ်ကြီး ပြည့်စုံခဲ့ရင်တောင်မှ အိမ်ငှားတဲ့
အေဂျင်စီတွေက မယုံကြည်လို့ လွယ်လွယ်ကူကူ မငှားရမ်းပါဘူး၊ သတ်မှတ်ထားတဲ့ဥပဒေမှာလည်း
အိမ်ငှားတဦးရဲ့ တလဝင်ငွေဟာ အိမ်ငှားခသုံးဆ ရှိရမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ်တမ်းမှာက
အခြေခံ
လူတန်းစား အလုပ်သမား တဦးရဲ့ တရားဝင် သတ်မှတ်ထားတဲ့ လခကတော့ ယူရို ၁၂၀၀
ခန့်သာ ရတာဖြစ်လို့ ယူရို ၅၀၀ တန်
အခန်းတခု ငှားရမ်းဖို့ငွေ မလုံလောက်ပါဘူး ခင်ဗျား၊ ဘယ်လို
ပညာရှင်တွေ ဘယ်လို
တွက်ချက်ပြီး သတ်မှတ်ထားတဲ့ ဥပဒေလည်းလို့ မောင်ရင်ငတေ စဉ်းစားပြီး
ချာလပတ်လည် သွားရပါတယ်၊ အတိုချုံးရေးထားတဲ့ မောင်ရင်ငတေရဲ့ မြို့အကြောင်းလေးပါ။
ပါရီရယ် စဲန်းမြစ်ရယ် ကမ္ဘာလှည့်ရယ်
(ဓါတ်ပုံ မရငတ)
ပါရီမြို့က နာမည်ကျော်လမ်းမကြီး Avenue des
Champs-Élysées အမည်နဲ့ ပါရီမြို့ရဲ့လှပပုံလေး
တွေကို ဖွဲ့ဆိုထားတဲ့ နယူးယောက်မြို့သား
ပြင်သစ်နွယ်ဖွား ဂျူးလူမျိုးဖြစ်သူ ၁၉၇၀ ခုနှစ်များဆီက
နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး
Joe Dassin (၁၉၃၈-၁၉၈၀) ရဲ့သီချင်း “အိုရှောင်ဇေလီဇေ
Aux Champs-Elysees” ကို မိတ်ဆက်
ပေးလိုက်ရင်း မောင်ရင်ငတေရဲ့ မြို့အကြောင်းကို ဒီနေရာ
ကနေ တခန်းရပ်နား လိုက်ပါတော့မယ်ခင်ဗျာ၊
နောက်များမှာ ပါရီပုံရိပ်များ ပါရီ ပေတရာလမ်းမများ
ပါရီမြို့ကို ဖြတ်သန်းသွားကြသူများ
အကြောင်း အတိုအစများကို ရေးပါဦးမယ်။
ကျေးဇူး အထူး တင်ပါတယ် ခင်ဗျား။
အို ….. ရှောင်ဇေလီဇေ
Aux
Champs-Elysees
အိုး ... ရှောင်ဇေလီဇေ ….. Aux Champs-Elysées (ဓါတ်ပုံ မရငတ)
Aux Champs-Elysées
Je m'baladais sur l'avenue le cœur ouvert à
l'inconnu
J'avais envie de dire bonjour à n'importe qui
N'importe qui et ce fut toi, je t'ai dit
n'importe quoi
Il
suffisait de te parler, pour t'apprivoiser
Aux Champs-Elysées, aux Champs-Elysées
Au
soleil, sous la pluie, à midi ou à minuit
Il y a
tout ce que vous voulez aux Champs-Elysées
Tu m'as dit "J'ai rendez-vous dans un
sous-sol avec des fous
Qui
vivent la guitare à la main, du soir au matin"
Alors
je t'ai accompagnée, on a chanté, on a dansé
Et
l'on n'a même pas pensé à s'embrasser
Hier soir deux inconnus et ce matin sur
l'avenue
Deux
amoureux tout étourdi par la longue nuit
Et de
l'Étoile à la Concorde, un orchestre à mille cordes
Tous
les oiseaux du point du jour chantent l'amour.
အိုး … ရှောင်ဇေလီဇေ ….. Aux Champs-Elysées (ဓါတ်ပုံ
မရငတ)
The Champs-Elysées
I trotted on the
avenue the heart open to the unknown
I wanted to say hello to anyone
Anyone and that was you, I told you anything
It was enough to tell you to make you mine
The Champs-Elysées, the Champs-Elysées
The sun, in the rain,
at midday or midnight
There is everything you want at
Champs-Elysées
You told me "I have an appointment in a
basement with crazy
Living guitar in hand, from dusk to dawn
"
Then I accompanied you, we sang, we danced
And we did not even think of kissing
Yesterday evening two
unknowns and this morning on the avenue
Two lovers dazed by the long night
And the Star of Concord, form an orchestra
with thousand cords
All the birds at day sing of love.
ကမ္ဘာလှည့်များနဲ့
အမြဲစည်နေတဲ့ Palais Royal-Musée du Louvre (ဓါတ်ပုံ မရငတ)
တောင်ပေါ်ဘုရားကျောင်း
Basilique du Sacré Cœur de Montmartre (ဓါတ်ပုံ မရငတ)
မိုးမခအွန်လိုင်း
စာမျက်နှာများမှာ ဖော်ပြခဲ့တဲ့ မောင်ရင်ငတေရဲ့ ပထမဆုံးသော ရောက်တတ်ရာရာ
အတိုအစများမှ
မောင်ရင်ငတေနေတဲ့ မြို့အကြောင်းကို အနည်းငယ် ပြန်လည် ပြင်ဆင်ရေးသားပြီး
ပုံအသစ်တွေနဲ့
အတူ ရှုခင်းသစ် စာမျက်နှာအသစ်အတွက် ပေးပို့လိုက်တဲ့ . . . ….. …. …. …. …..
**
* မောင်ရင်ငတေနေတဲ့ မြို့အကြောင်း ** * *
ကျေးဇူးတင်ပါတယ်၊
မောင်ရင်ငတေ
၁၄၀၄၂၀၁၄ တန်ခူးလပြည့်နေ့ ၁၃၇၆
(၂၀၁၈ ခုနှစ် ဂျူလိုင်လ ၂၅ ရက်နေ့ညတွင် ထပ်မံ အချောသပ် တည်းဖြတ်ခဲ့ပါတယ်)
(၂၀၁၈ ခုနှစ် ဂျူလိုင်လ ၂၅ ရက်နေ့ညတွင် ထပ်မံ အချောသပ် တည်းဖြတ်ခဲ့ပါတယ်)
ပဲရစ် (သို့မဟုတ်) ပါရီ မောင်ရင်ငတေနေတဲ့ မြို့အကြောင်း
ပါရီပုံရိပ်များ စာစု (၁)
Aucun commentaire:
Publier un commentaire