Bar
à chicha
ISIS Café ...... Rue des Lombards75001 Paris France
ဒီ ကဖေးဆိုင်က Bar à chicha အင်္ဂလိပ်လိုတော့ Shisha Bar သို့မဟုတ် Hookah Bar လို့ခေါ်ကြတဲ့ ကဖေးဆိုင်မျိုးပါ၊ ဒီလိုမျိုး ကဖေးတွေကို ပါရီမြို့မှာ တော်တော်များများ တွေ့ရတတ်ပါ
ဒီလို ပြောင်းနဲ့ ဆေးရှုကြတဲ့ ဓလေ့ရဲ့ မူရင်းကတော့ ထုံးစံအတိုင်း အိန္ဒိယတိုက်ကနေ စတင်ခဲ့ပြီး အရှေ့အလယ်ပိုင်းက အီရန် တူရကီနိုင်ငံများ အီဂျစ်နဲ့ အခုတော့ အာရပ်ကမ္ဘာရဲ့ ရိုးရာဓလေ့ ထုံးစံဖြစ်လာသလို အာရပ်လူမျိုးတွေ စတည်းချ နေထိုင်ကြပါတဲ့ မြို့တော်ပါရီမှာ အများအပြား တွေ့မြင်ရတာကတော့
(မရငတ) ၂၇၀၂၂၀၁၅
မောင်ရင်ငတေ
ပါရီမြို့မှာ ၁၄ နှစ်တိုင် နေလာခဲ့တဲ့ ကာလတလျှောက်မှာ
ပါရီမြို့လယ်ခေါင်မှာရော
ရပ်ကွက်လေးတွေထဲမှာပါ အာရပ်ကြီးတွေ အာရပ်လေးတွေ
သာမက
ပြင်သစ်မမလေးတွေကောပါ . . …. . . … . . ….
ဒီလိုမျိုး
ကဖေးဆိုင်တွေမှာ . .. . …. . …. . …. .. …. . .
Hookah
ရေပိုက်တွေကနေ တဆင့် ရှုကြတဲ့ ရှုဆေးပြောင်းကြီးတွေကို ရှုနေကြတာ
တွေ့ခဲ့ဖူးတာ
အကြိမ်ကြိမ်ပါ၊
ဒါပေမယ့်
သိပ်စိတ်မဝင်စားလို့ ဖာသိဖာသာ ဖြတ်ကျော်သွားခဲ့ပါတယ်၊
ဟိုတလောကတော့
ပါရီမြို့လယ်ကို ကိစ္စတခုရှိလို့ ရောက်သွားခဲ့ရင်း
အခုနှစ်ပိုင်းတွေမှာ
နာမည်ကြီးနေတဲ့ ISIS အမည်နဲ့ ကဖေးဆိုင်တဆိုင်ကို
သတိပြုလိုက်မိလို့
ဓါတ်ပုံရိုက်လာခဲ့ပြီး ကဖေးဆိုင်စီးရီးတွေရေးသားဖို့
စိတ်ကူးပေါက်ရင်း
ရေးထားမိတာပါ၊
ကံဆုံတာလား
ကံကြုံတာလားတော့ မပြောတတ်ပါဘူး၊
တိုက်တိုက်ဆိုင်ဆိုင်
ဒီတခေါက် ပါရီကို လာရောက်လည်ပတ်တဲ့ မောင်ရင်ငတေရဲ့ ဘော်ဒါတွေက
ဒီဆိုင်မျိုးတွေရဲ့အကြောင်းကို
သိထားလို့ မေးကြတာနဲ့ အမှတ်တရ ထိုင်ဖြစ်ခဲ့တာပါ၊
ဒီကဖေးဆိုင်တွေရဲ့
အကြောင်းကို စာရေးဆရာကြီး မြသန်းတင့် ဘာသာပြန်ဆို ရေးသားခဲ့တဲ့
ပါရီကျဆုံးခန်း
စာအုပ်ရဲ့ ဇာတ်အိမ်တနေရာမှာ ပါဝင်ခဲ့တာပါဆိုပြီး မောင်ရင်ငတေရဲ့
သူငယ်ချင်းက
ပြောပြရှင်းပြပါတယ်၊ ဒါကြောင့် သွားထိုင်ဖြစ်ခဲ့ကြတာပါ၊
ရှုချင်လွန်း၍
သွားရောက်ရှုခြင်း မဟုတ်ကြပါ၊ အတွေ့အကြုံ ရှာချင်လို့သာပါ၊
အာရပ်တွေမို့လား
မသိပါဘူး၊ ထူးခြားတာက ဒီလိုဆိုင်မျိုးမှာ အယ်လ်ကိုဟော လုံးဝမရခြင်းပါ၊
ဆေးရှုရင်းနဲ့
အာရပ်လက်ဘက်ရည်ကြမ်း သောက်ရတာကတော့ တမျိုးထူးပါတယ်၊
ဆိုင်ရဲ့
အောက်ထပ် မြေအောက်ခန်းတွေမှာတော့ သူတို့အထာလေးတွေနဲ့ သူတို့
တိုးတိုးတိတ်တိတ်
ဒိုင်ရှိုလေးနဲ့ ဂန်ဂျာတို့ ကိုကင်းတို့ ထည့်ရှုနေကြသလားတော့
မောင်ရင်ငတေ
မသိပါဘူး ခင်ဗျာ၊
မောင်ရင်ငတေ
၂၂၀၃၂၀၁၅