တခါက
ဒီအခန်းလေးထဲမှာ မေ့နေခဲ့ဖူးတယ်
တခါက
ဆက်သွယ်မှု ပြင်ပက ကိုယ့်ရဲ့ အခန်းလေး (ဖိုတို ဘိုင် မရငတ)

တခါက
ဒီအခန်းလေးထဲမှာ မေ့နေခဲ့ဖူးတယ်
တခါက
ကိုယ်ဟာ
ဒီ
အခန်းလေးထဲမှာ
ခင်ဝမ်း
သီချင်းများ
ကျယ်လောင်စွာ
ဖွင့်ထားရင်း
တိတ်တိတ်လေး
နေတဲ့အခါ ရှိခဲ့ဖူးတယ်။
ခေါ်မကြား
အော်မကြားနဲ့
လောကကြီးမှာ
သာယာရင်း
ဒီ
အခန်းလေးထဲမှာ မေ့နေခဲ့ ဖူးတယ်။
ကျောင်းခန်းထဲက
မမချစ်နဲ့
ရွှေမန်းပေါက်က
တမာရွက်လေးများက
ကိုယ်ရင်ပတ်ကို
ဖိထားရင်း။
ဂျွန်လင်နွန်ရဲ့
တေးသွားများ
ခင်ဝမ်းကြီးရဲ့
တေးသွားများက
ကိုယ်ရင်ပတ်ကို
ဖိထားရင်း။
ဒီ
အခန်းလေးထဲမှာ မေ့နေခဲ့ ဖူးတယ်။
အခုတော့
တခါက
တေးသွားများဟာ
ခုတော့
ကြေးခေတ်သံခေတ်ရောက်။
ကြားမှတ်တိုင်ကို
မေ့နေချင်တဲ့
ကိုယ်ဟာ။
ပုဂံလမ်းထိပ်ကို
မေ့နေချင်တဲ့
ကိုယ်ဟာ။
မြမေတ္တာကို
မေ့နေချင်တဲ့
ကိုယ်ဟာ။
ပေါက်ချောင်းဈေးကို
မေ့နေချင်တဲ့
ကိုယ်ဟာ။
တောင်ငူဆောင်တီဖိုးကို
မေ့နေချင်တဲ့
ကိုယ်ဟာ။
ရန်ကင်းပန်းခြံကို
မေ့နေချင်တဲ့
ကိုယ်ဟာ။
ဒီ
အခန်းလေးထဲမှာ မေ့နေခဲ့ ဖူးတယ်။
တခါတခါ
ဇမ္ဗူရစ်
တဆယ့်ရှစ်ကို
သတိယလို့။
တခါတခါ
ဝက်စ်ဝိုင်ကေအန်
သရီးဝမ်းဆစ်ကို
သတိယလို့။
တခါတခါ
ဘီဝိုင်အန်လေးလမ်း
ငါးဆယ့်လေးဘီကို
သတိယလို့။
တခါတခါ
ပုပ္ပားတောင်
အနောက်ဘက် ရွာလေးကို
သတိယလို့။
တခါတခါ
ကိုတာကဂျမ်း
စက္ကူပုံကြားကို
သတိယလို့။
တခါတခါ
တာမန်ကင်ရာရာ
အခန်းလေးကို
သတိယလို့။
တခါတခါ
ရှီဟွန်းမြို့လယ်
ကဖေးဆိုင်ကို
သတိယလို့။
ဒီ
အခန်းလေးထဲမှာ မေ့နေခဲ့ ဖူးတယ်။
တခါတခါ
ဒီဇင်ဘာ ၀၅
ကို
သတိယရင်း။
တခါတခါ
ဧပရယ် ၂၂
ကို
သတိယရင်း။
တခါတခါ
သြဂတ်စ် ၂၉
ကို
သတိယရင်း။
တခါတခါ
ဂျန်နဝါရီ ၁၇
ကို
သတိယရင်း။
တခါတခါ
ကမ္ဘာလဆန်း
တရက်နေ့ ကို
သတိယရင်း။
ဒီ
အခန်းလေးထဲမှာ မေ့နေခဲ့ ဖူးတယ်။
တခါတခါ
အန်အန်အက်စ်ကို
သတိယရင်း။
တခါတခါ
တီအိတ်ခ်ျအိုင်ဒီအေကို
သတိယရင်း။
တခါတခါ
အက်စ်ဇက်အိုင်အန်ကို
သတိယရင်း။
တခါတခါ
တီတီအေကေကို
သတိယရင်း။
တခါတခါ
တီဒဗယ်လ်ယူကို
သတိယရင်း။
တခါတခါ
ကေအန်အိုအမ်ကို
သတိယရင်း။
တခါတခါ
အမ်အေအယ်အေဝိုင်ကို
သတိယရင်း။
ဒီ
အခန်းလေးထဲမှာ မေ့နေခဲ့ ဖူးတယ်။
သစ်ချိုပင်လမ်းကလည်း
ကိုယ့်ကို
မကယ်တင်နိုင်ခဲ့ဘူး။
ရတနာမွန်တစ်လမ်းကလည်း
ကိုယ့်ကို
မကယ်တင်နိုင်ခဲ့ဘူး။
ဆွေးနွေးပဂိုးဒါးလမ်းကလည်း
ကိုယ့်ကို
မကယ်တင်နိုင်ခဲ့ဘူး။
သရေခေတ္တရာမြို့ဟောင်းကလည်း
ကိုယ်ကို
မကယ်တင်နိုင်ခဲ့ဘူး။
မင်းလေးကို
မေ့ဖို့
မင်းတို့အကြောင်းကို
မေ့ဖို့
မင်းတို့အကြောင်းကို
မေ့ဖို့
မင်းတို့အကြောင်းကို
မေ့ဖို့
မင်းတို့နဲ့
ပတ်သက်သမျှကို မေ့ဖို့။
ခုတော့
ကိုယ်ဟာ
အီဗရီဆူရ်စဲန်းက
မီးဖိုဆောင်နန်းမှာ
ထမင်းတလှည့်ချက်
ဖေ့စ်ဘုတ်ခ်တလှည့်ပွတ်။
ဝိုင်လေး
တငုံနှစ်ငုံ ငုံရင်း
လူဝီ
၁၄ ၁၅ ၁၆ ကို မာန်မဲရင်း
နပိုလီယံရဲ့သိုင်းကျမ်းကို
ဖတ်ရင်း
ယူရို
ရှန်ဂန် ပေတရာလမ်းများပေါ် လျှောက်ရင်း
ကျောက်ဖရား
သောင်ရင်း ဧရာဝတီ ညများကိုလွမ်းရင်း
နှစ်ဆယ်ကျော်အလွမ်း
တခါက နေ့ရက်များနဲ့ လုံးထွေးလို့။
တခါက
တေးသွားများဟာ
ခုတော့
ကြေးခေတ်သံခေတ်ရောက်။
တခါက
တေးသွားများဟာ
ခုတော့
ကြေးခေတ်သံခေတ်ရောက်။
တခါက
တေးသွားများဟာ
ခုတော့
ကြေးခေတ်သံခေတ်ရောက်။
(မရငတ)
၁၉၀၉၂၀၁၈-၀၁၁၁၂၀၂၀
(မရငတ)
ဒီအခန်းလေးထဲမှာ မေ့နေခဲ့ဖူးတယ်