Libellés

mardi 19 mai 2020

ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (၂)

နှစ်ဆယ်ကျော်အလွမ်း
ဆိုးလ်သို့အလွမ်း (သို့မဟုတ်) 
ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (နှစ်)


ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ်                                                             (Photo AKT, YNG)

ပထမ စာစု ဆိုးလ်သို့အလွမ်း (သို့မဟုတ်)

ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (တစ်)  နိဂုံးချုပ်မှာ အောက်ပါအတိုင်း ရေးခဲ့မိပါတယ်။

အဲဒီလိုနဲ့ အပတ်စဉ်တိုင်းလို အလုပ်ရှင် စရိတ်နဲ့ ပွဲတွေလုပ်လိုက် မန်နေဂျာတွေက လုပ်ပေးလိုက်နဲ့ 
မောင်ရင်ငတေတို့ အူစိုချိန် များခဲ့ရတာပေါ့လေ၊ သူတို့ ဓလေ့က စားသောက်ပြီးရုံနဲ့ မရပ်သေးပါဘူး။

အလုပ်ရှင် သထိန်းဆိုသူကတော့ တကယ်မလုပ်ရှိလို့ အိမ်ပြန်တာလား ဟန်ကို့ပြီး တခြား တနေရာ 
ပွဲသွား ဆက်လေသလား မောင်ရင်ငတေတို့နဲ့ သိပ်လိုက်လေ့လိုက်ထ မရှိပါဘူး၊ မောင်ရင်ငတေက 
လည်း အမြဲတစေ လွတ်လပ်တာကို ကြိုက်တဲ့ကောင် ဆိုတော့ ပိုက်ဆံပါဖို့ အရေးကြီးတယ် တကာ 
မပါလေ ပိုကောင်းတယ် ဆိုပြီး အဲဒီ သထိန်းလင်မယားကို ပြန်သာပြန် မြန်မြန်၊ ကျေးဇူးပါပေါ့။

ဒါမျိုးမှ ကောင်းပါတယ် လွတ်လပ်တာပေါ့၊ မောင်ရင်ငတေတို့ မန်နေဂျာ ကကြီးကောင်တွေဦးဆောင်
နောက်ပွဲတွေ ဆက်ကြပါတယ်၊ ဆိုင်တဆိုင်မှာ ဝင်သောက်၊ နောက် သူဌေးစရိတ်နဲ့ ကာရာအိုကေကို
သွားမယ်၊ ဘိုလင်း သွားထိုးမယ်၊ ဘိလိယက်ခုံ ဆက်သွားမယ်၊ ပြီးရင် သန်းခေါင်ကျော် တချက်တီး
နှစ်ချက်တီးမှာ ဖွင့်တဲ့ လမ်းဘေး ဆိုဂျူး ဘားလေးတွေရဲ့ တာလဘတ်မိုးတွေအောက်မှာ မောနင်းထိ
ဆက်ပက်ချင် ပက်မယ်၊ တကယ့်ကို စိတ်ရှိတိုင်း လုပ်တတ်တဲ့ ကကြီးကောင်တွေပါ။

တကယ်ပါ့
သူတို့ တတွေနဲ့  အတူ ညပေါင်း များစွာ အထူးသဖြင့်တော့ စနေည လို ညပေါင်း များစွာမှာပေါ့၊
အဲဒီ တာလဘတ် အမိုးတွေအောက်မှာ အေးစက်နေတဲ့ ကကြီးဆောင်းကို အန်တုရင်း မောနင်းပက် 
ပက်ခဲ့ဖူးတဲ့ ဆိုးလ်မြို့တော် ဝန်းကျင်တဝိုက်က ဆိုဂျူးညများကို လွမ်းမိနေရင်း အတူ ရှိခဲ့ဖူးသူများကို
သတိရမိရင့်း့ ဘဝအမောတွေကို ပြန်လည်တွေးတောနေမိရင့်း့

ဤသို့ ရေးခဲ့မိတဲ့အတိုင်း တကယ်ကို သတိရမိ ပါတယ်၊ တကယ် သတိရစရာ လွမ်းစရာတွေသာပါ၊
အဲဒီမှာ အရှေ့တိုင်းသားတွေရဲ့ အကျင့်စရိုက်နဲ့ အနောက်တိုင်းသားတွေ စရိုက်ပုံစံ ကွာခြားချက်ကို 
ပြောရရင်တော့ အရှေ့တိုင်းသားတွေက အလုပ်လုပ် အစာစား အသောက်သောက် ဘာမဆိုမြန်ကြ 
တဲ့သူတွေပါ၊ အထူးသဖြင့်တော့ အသောက်သောက်တဲ့ နေရာမှာ ဂွပ်ကနဲ မော့ချင်သူများပါ။

မောင်ရင်ငတေ ဒီကနေ့ ရောက်ရှိနေထိုင်နေတဲ့ ပြင်သစ်တို့ အနောက်တိုင်းသားတွေက တစိမ့်စိမ့် 
မော့ကြသူတွေပါ၊ တပက်သာသာ တခွက်ထည့်ပြီး တနာရီလောက် အာကောင်းကြရင်း တဖြေးဖြေး 
တစိမ့်စိမ့် တငြိမ့်ငြိမ့် ဇိမ်နဲ့သာ မော့တတ်ကြသူတွေပါ၊ အရှေ့တိုင်းဒေသမှာလို လက်ဘက်ရည်ဆိုင် 
ကဖေးဆိုင် စားသောက်ဆိုင် ကဇော်ဆိုင် သိသိသာသာ ခွဲခြားထားလေ့မရှိပါဘူး၊ Café Bar Bistro
Brasserie သိပ်မကွာလှပါဘူး၊ မနက်စောစော ကော်ဖီသောက်ချင်လည်းရသလို အပြင်းသမားတွေ
မောနင်းပက် ပက်ချင်လည်းရတဲ့ ဆိုင်တွေသာပါ၊ အတူတွဲလျှက် ရှိကြတာ များပါတယ်။

မောင်ရင်ငတေလည်း ပြင်သစ်ရောက်လို့ ပြင်သစ်လိုသာကျင့်ကြံနိုင်ဖို့ အားထုတ်နေပေမယ့် အဲဒီလို 
တခါက ကကြီးနေ့များရဲ့ တာလပတ် အမိုးအောက်က ဘဝဟောင်းများကိုတော့ သတိတရနေမြဲပါ။

အင်းလေ့ အဲဒီချိန်က မောင်ရင်ငတေက သုံးဆယ်မပြည့်တတ်သေးဆိုတော့ ခုလိုမဟုတ်
သန်တုန်း မြန်တုန်း မာတုန်း ဆိုပါတော့ လူကလည်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ
ဘယ်သူဘယ်ပုံစံဆိုရင် ဘယ်အချိုးချိုးတော့မယ် ဆိုတာလည်း သိလာပြီဖြစ်သလို ဘယ်နေရာမဆို
ခြေမြန်လက်မြန်မှ အနေတော်  ဆိုတာလည်း သိလာပြီမို့ ရန်ဖြစ်ပြီဆိုလည်း လက်က အရင်ရောက် 
သွားတတ် နေပါပြီ၊ အဲလို လက်က ဦးအောင်ဆော်ပြီးရင်လည်း ခြေက မြန်နှုန်းမြင့် ပြေးတတ်နေတဲ့
အချိန်ပါ၊ အဲဒီ ကျင့်သားရထားဖူးတာတွေကိုလည်း ဒီကနေ့မှာ လွမ်းမိရပါတယ်၊ ခုတော့ ခြေကကုန်
လက်ကပမ်းနဲ့ လူ စိတ် နှစ်ပါး အရာရာမှာ တစတစ ကျစ ပြုလာပါပြီ။

သို့သော်လည်း အားမကုန်မချင်း မာန်မလျှော့ချင်သေးတဲ့ မောင်ရင်ငတေရဲ့ အတိတ်မှတ်တမ်းလေး
အမှတ်တရမှတ်တမ်းအဖြစ် ရေးနေဖြစ်တာပါ၊ ဖတ်သူရှိခြင်း မရှိခြင်းဆိုတာကြီးက မောင်ရင်ငတေနဲ့
တိုက်ရိုက်အချိုးမကျပါဘူး၊ အများအကျိုးတွေ တိုင်းပြည်အကျိုးတွေ ရေးနေသူတွေကအများကြီးပါ၊ 
မောင်ရင်ငတေရေးတာကတော့ မောင်ရင်ငတေ ဖြတ်သန်းခဲ့ရတဲ့အကြောင်း ဆိုဆိုးကောင်းကောင်း
ရေးချင်တာပါ၊ ဘယ်သူ ဘယ်ဝါ အမည်တွေကိုတော့ အတိအကျ မဖော်ပြဘဲ ရေးပါတယ်၊ ဒီစာစုကို
၂၀၁၇ နှစ်ဆန်းပိုင်းမှာ ရေးသားခဲ့ပြီး အခု ၂၀၂၀ နှစ်ဆန်းပိုင်းက ကကြီးပြန် ဘော်ဒါဟောင်း တချို့ 
နဲ့ ပြန်လည် တွေ့ဆုံခဲ့တဲ့ အမှတ်တရ အနေနဲ့ တည်းဖြတ် ဖြည့်စွက် ရေးသားလိုက်ရခြင်းပါ။














































Séoul I LOVE U
ဆိုးချင်းများစွာဖြင့်
 ခပ်ဆိုးဆိုးကောင်
မောင်ရင်ငတေ ၂၁၁၀၂၀၁၇-၁၈၀၅၂၀၂၀

ဆိုးလ်သို့အလွမ်း သို့မဟုတ် ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (နှစ်)

မောင်ရင်ငတေ ၂၁၁၀၂၀၁၇-၁၈၀၅၂၀၂၀














samedi 9 mai 2020

ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (၁)

နှစ်ဆယ်ကျော်အလွမ်း

ဆိုးလ်သို့အလွမ်း (သို့မဟုတ်) 
ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (တစ်)





































အဲဒီ တာလဘတ်အမိုးတွေအောက်မှာ အေးစက်နေတဲ့ ကကြီးဆောင်းကို အန်တုရင်း
မောနင်းပက် ပက်ခဲ့ဖူးတဲ့ ဆိုးလ်မြို့တော် ဝန်းကျင်တဝိုက်က ဆိုဂျူးညများကို လွမ်းမိနေရင်း
(အခုတော့ ဒီစာစုလေးကို တကြောင်းနှစ်ကြောင်း ရေးနေရင်း၊ ဝိုင်နီလေး တခွက်ကို မော့ရင်း)

အတူ ရှိခဲ့ဖူးသူ ဖြတ်သန်းဖူးသူများကို သတိယမိရင့်း့ မောင်ရင်ငတေရဲ့
လုပ်ကြံမှု မပါ၊
အကြံအဖန် မပါ၊
ဖြတ်ညှပ်ကပ် မပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်ကျော်က မောင်ရင်ငတေ
ကိုယ်တိုင် အမှန်အကန် ဖြတ်သန်းရင်ဆိုင်လာခဲ့ရတဲ့
ဒုတိယမိ တရားမဝင် နိုင်ငံခြားသား အလုပ်သမားဘဝ။
ဆိုးလ်သို့အလွမ်း (သို့မဟုတ်) ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (တစ်)
နှစ်ဆယ်ကျော်အလွမ်း စာစုမျာ့း့ ထဲက စာစုတခု
အဲဒီ စာစု ပထမပိုင်းကို ဒီမှာတင် နိဂုံးချုပ်ပါတယ်၊ အားလုံး ကျေးဇူး အထူးပါ ခင်ဗျား။

ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ်
ဆိုးလ်သို့အလွမ်း စာစု (နှစ်) ကို ဆက်ရေးဖို့ အားဖြည့်ပါဦးမယ် ခင်ဗျား။

ဆိုးလ်အလွမ်း မှတ်တမ်းပုံရိပ်တွေကိုတော့ ဘယ်သူတွေရိုက်ပေးခဲ့သလဲ တိတိကျကျ မမှတ်မိတော့ 
ပါဘူး၊ အလုပ်တူတူ လုပ်တဲ့ မောင်ရင်ငတေ သွားတဲ့ နေရာတိုင်းလိုလို အတူပါခဲ့တဲ့ မောင်ရင်ငတေ 
ရဲ့ ညီတော်ဝမ်းကွဲ ရေနံချောင်းသားရဲ့ လက်ရာ မှတ်တမ်းများက အများဆုံးမို့ (Photo AKT, YNG) 
အမည်ကိုသာ တပ်လိုက်ရကြောင်းပါ၊ အမှန်တကယ် ပုံရိပ်ပိုင်ရှင်များ အားလုံး ကျေးဇူးပါ ခင်ဗျ။
                                              
ဆိုးချင်းများစွာဖြင့်
 ခပ်ဆိုးဆိုးကောင်
မောင်ရင်ငတေ ၂၉၀၈၂၀၁၇-၀၇၀၅၂၀၂၀
(၂၀၂၀ မေလ ပထမပတ်မှာ နောက်ဆုံး တည်းဖြတ် ရေးသားပါတယ်။)

နှစ်ဆယ်ကျော်အလွမ်း

ဆိုးလ်သို့အလွမ်း (သို့မဟုတ်) ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (တစ်)

မောင်ရင်ငတေ ၂၉၀၈၂၀၁၇-၀၇၀၅၂၀၂၀