ခင်ဝမ်းနှင့် ထိတွေ့ခြင်း
နှစ်ဆယ်ကျော်အလွမ်း
ခင်ဝမ်းနှင့် ထိတွေ့ခြင်း
ခင်ဝမ်းနှင့်
ထိတွေ့ခြင်း (၁) (အခုထိတိုင် အသည်းစွဲနေရတဲ့
ပထမ ခြောက်ခွေ)
ခင်ဝမ်းနှင့်
ထိတွေ့ခြင်း (၁) ၂၆၀၉၂၀၁၁
သူ့အကြောင်း ဘာရေးရမလဲ၊
သူနဲ့က လူချင်းသိတာ မဟုတ်၊
လေးငါးခြောက်ကြိမ်
ဆုံခဲ့ဘူးတယ်၊ ပြည်မှာ သုံးလေးကြိမ်၊ ဒါဘဲ၊
ဒါပေမယ့်
သီချင်းတွေ စတင်နားထောင် ဖြစ်ခဲ့တဲ့ အချိန် ၁၉၇၈ မတိုင်ခင် ကာလ၊
အလယ်တန်း
ကျောင်းသားဘဝ ထီးဆိုင် မင်းအောင် လွှမ်းမိုးတို့ စ နာမည်ကြီးနေပြီ။
အဲဒီ
မတိုင်ခင်ကတော့ စတီရီယိုခေတ်ဦးပိုင်း စနေပြီ ဆိုပေမယ့်
အသက်ကလည်း
ငယ်သေး၊ ကက်ဆက်တွေကလည်း စပေါ်နေပြီ ဆိုပေမယ့်
အိမ်မှာ
မရှိသေး၊ စတီရီယိုကလည်း လမ်းသရဲခေတ် အရူးချီးပန်းဆိုပြီး လူကြီးတွေက လက်မခံ။
လူကြီးတွေ
လက်ခံတဲ့ မင်းအောင်တို့ လိုင်းကိုလည်း ဗမာသံများတော့
ခဏ
ကြိုက်ပြီး ကိုယ့် ဖီလင်နဲ့က နည်းနည်းတော့ လွဲနေတယ် ခံစားရတယ်။
အိမ်မက်
(၁၉၈၀) ခင်ဝမ်း
အဲဒါနဲ့
၁၉၇၉ ခုရောက်တော့ ဦးလေးတယောက်ဆီကနေ ကက်ဆက်ခွေအသစ်တွေ ခဏငှားတော့
ပါလာတာက ခိုင်ထူးရဲ့ အခွေ၊ အဝေးဆုံး ပါတယ် ထင်မိပါတယ်၊ အဲဒီကစ ပြီးတော့ ကိုယ်ပိုင်သံစဉ်
ဆိုတာကို ညိတွယ်ခဲ့ရတာ၊ အဲဒီလိုနဲ့ ကိုယ်နဲ့လိုင်းတူတဲ့ သူငယ်ချင်းတယောက်က ဂီတာနည်းနည်း
တီးတတ်တော့ (ကိုယ်ကိုယ်တိုင်ကတော့ ခုထိ ခုံတောင် ကောင်းကောင်း မခေါက်တတ်သေးပါဘူး)
သူနဲ့လိုက်ပြီး တောင်အော်မြောက်အော်ပေါ့၊ အဲဒီအချိန်မှာ ခင်ဝမ်းကြီးကို စတွေ့ရတာပါ၊ သီချင်းခွေ
လည်းမရှိဘူး၊ သီချင်းစာအုပ်ကလည်း မရှိဘူး၊ သူငယ်ချင်းက သူကြားလာတဲ့ စာသားတွေနဲ့ သူတီး
တတ်သလောက် ဆိုတီးတာကို မောင်ရင်ငတေတို့ တသိုက်က လိုက်အော်ရင်း နှင်းဆီဖြူနဲ့
ရင်းနှီးခဲ့ ဧရာဝတီနဲ့ ရင်းနှီးခဲ့ နှုတ်ဆက်ခဲ့ပါတယ်နဲ့ ရင်းနှီးခဲ့ ရပါတယ်။

၁၉၇၉
ခုနှစ်မှာ ရေနံချောင်းကနေ မိတ္ထီလာကို ပြောင်းတယ်၊ အဲမြို့က လမ်းဆုံကျတယ်၊ လူစုံတယ်၊
မြို့ကြီးတယ်၊ လူငယ်တွေက ပိုပြီး ခေတ်မီတယ်၊ အသံတွေကလည်း ပိုစုံလာတာပေါ့၊ အိမ်မှာလည်း
အုံးလီးကက်ဆက် ရှိနေပြီ၊ ကိုယ်ကလည်း ၁၀ တန်းရောက်လာပြီ၊ ဆေးလိပ်လည်း လက်ကြားညှပ်
တတ်လာပြီ၊ ခေါင်းလောင်းဘောင်းဘီ ဝတ်တတ်သွားပြီ၊ ရန်လည်း ဖြစ်တတ် သွားခဲ့ပြီ၊ သူငယ်ချင်း
အသစ်တွေနဲ့ ကျူရှင် အသွားအပြန်၊ ကျောင်းသွား ကျောင်းပြန် လမ်းနဘေး အုတ်ခုံတွေမှာ ထိုင်ပြီး
တယောက်က ဂစ်တာတီး ကျန်တဲ့ မောင်ရင်ငတေတို့ တသိုက်က ဝိုင်းအော် ဆိုခဲ့ကြတာပါ၊ အဲဒီမှာ
ခိုင်ထူးရဲ့ အဝေးဆုံး သီချင်းတပုဒ် ပန်းတဆုပ်၊ ရီဇော်ရဲ့ မောင်ဟာ လူစိမ်း၊ ကိုင်ဇာရဲ့ အထီးကျန်နဲ့
အလွမ်း၊ ခင်မောင်တိုး ဝိုင်းရဲ့ဆည်းဆာ၊ ရာပြည့် (သို့မဟုတ်) ချမ်းမှိုင်းရဲ့သတိမမူဂူမမြင် ခင်ဝမ်းရဲ့
ဧရာဝတီ နှုတ်ဆက်ခဲ့ပါတယ် ပြည်မှာဆောင်း ညကောင်းကင်ရဲ့ တေးသမား တို့နဲ့အတူ နေ့စဉ်ဘဝ
ကို ဖြတ်သန်းခဲ့ရင်း အကြိုက်ဆုံး နှင်းဆီဖြူ ဖြစ်လာခဲ့ရတာပါ။

အမှတ်တရအဖြစ်
တခုကတော့ အိမ်မှာ ကက်ဆက်ရှိနေပေမယ့် ကိုယ်ကြိုက်တဲ့ အခွေတွေက သိပ်
မရှိ၊ မိတ္ထီလာက ရှဲဒိုးတေးသံသွင်းဆိုင် ရှိပေမယ့် ခင်ဝမ်းကမရှိ၊ ကိုင်ဇာတော့ရနေပြီ၊ ခိုင်ထူးတောင်
သိပ် လူမသိသေးတဲ့ အချိန်၊ ခင်ဝမ်းတို့ ရာပြည့်တို့ဆို ဝေးရောပေါ့၊ ကြားတောင် မကြားဖူးကြပါဘူး၊
ဇော်ဝမ်းတော့ သိကြတာပေါ့၊ ရန်ကုန် လူကြုံရှိလို့ မှာပေမယ့် လူကြုံက ရှာမတတ်၊ အဲဒီအချိန်မှာဘဲ
ခင်ဝမ်းရဲ့ The Teeth နဲ့ “အိမ်မက်” ကြော်ငြာတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် ရန်ကုန် ရောက်နေခိုက်
အံကိုက်ဖြစ်ပြီး အိမ်က ပိုက်ဆံ အတင်းတောင်း မုန့်မစား ဆေးလိပ်ခိုးမသောက် ရုပ်ရှင်မကြည့်ပါဘဲ
ပထမဆုံးအကြိမ်ကိုယ်ပိုင်အဖြစ် ခင်ဝမ်းသီချင်းခွေကို ဝယ်ခဲ့ရပါတယ်၊ အဲဒါတောင် အခွေကာဗာကို
တွေ့မြင်မိကြတဲ့သူတွေက (အဓိကကတော့ မိန်းခလေးတွေပေါ့) အဲဒီလောက် ရုပ်ဆိုးတဲ့အဆိုတော်
တခါမှ မတွေ့ဖူးဘူးတဲ့ ခင်ဗျားးးးးးးးး ကိုခင်ဝမ်း ရေ။

ထိတွေ့ခြင်း (၂) ၂၈၀၉၂၀၁၁
ညင်သာစွာဆင်း
(ည)
အဲဒီ ရုပ်ဆိုတာကို ပြောချင်တာလေ၊ အဲဒီအချိန် လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကာလက အလွန်ရှင်းတယ်၊
အရုပ်တွေ ကြည့်ချင်ရင် ရုပ်ရှင်ရုံသာ ရှိတယ်၊ စာစောင်တွေမှာ ပါတဲ့ ပုံတွေကလည်း ဝိုးတိုးဝါးတား၊
အသံ နားထောင်ချင်ရင်တောင်မှ ကက်ဆက်က ခုခေတ်လို အသံမစုံဘူး၊ မာလ်တီမီဒီယာလို့ ဘယ်
သူမှ မပြောသေးဘူး၊ ဆိုတဲ့သူရဲ့ မူရင်းအသံက အဓိက၊ အရုပ်မလိုဘူးလေ၊ ခင်ဝမ်းကို ကြိုက်မိတာ
သူ့အသံ၊ ရုပ်မဟုတ်၊ အနုပညာမယ်လိုဒီတွေ နားမလည်ဘူး၊ နားလည်ဖို့နေနေသာ မောင်ရင်ငတေ
ခုံတောင် မခေါက်တတ်ဘူးလေ၊ တခြားအဆိုတော်တွေရဲ့ သီချင်းတွေကို ကြိုက်တာလည်း ရှိတော့
ရှိပါတယ်၊ ခိုင်ထူး ကိုင်ဇာ ခင်မောင်တိုး မွန်းအောင် ဖိုးချို သားထွေး မွန်းအောင် ရှိပါတယ်၊ ရေရှည်
မပါလာတာ ရင်ထဲသိပ်မကျန်ခဲ့တာ ပြောလိုတာပါ၊ အသက်ကြောင့်လည်းဖြစ်သလို မောင်ရင်ငတေ့
အတွက် နောက်ဆုံးအရွယ်ထိ ပါလာနိုင်တာက ကိုခင်ဝမ်းကြီး အသံသာပါ။
ခင်ဝမ်းအသံနဲ့
ခင်ဝမ်းသီချင်း သူကိုယ်တိုင် ဆိုတာကိုသာ ခံစားလို့ရပါတယ်၊ ခင်ဝမ်း တခြားသူတွေ
သီချင်း ပြန်ဆိုရင်တောင်မှ သိပ်မကြိုက်ချင်ပါဘူး၊ ခင်ဝမ်းသီချင်း ခင်ဝမ်းမူရင်းသံကိုသာ ပိုပြီးဖီလင်
လာပါတယ်၊ အဲဒါနှစ် ၃၀ ကျော်ရှိသွားခဲ့ပါပြီ၊ မနေ့တနေ့ကလို ထင်နေရဆဲပါ၊ ခုလို အချိန် နေရာမှာ
ပို ခံစားမိရတာပေါ့၊ မောင်ရင်ငတေ ကိုယ်တိုင်က သီချင်း အနုပညာ နယ်ပယ်နဲ့ဆိုရင် အဝေးကြီးပါ။

ဆိုလည်း
မဆိုတတ်သူ တီးလည်းမတီးတတ်သူ နားထောင်သူသီးသန့်ပါ၊ သီချင်းစာသားတွေလည်း
အလွတ်ရတာ
မဟုတ်ပါဘူး၊ ဒါပေမယ့် ခင်ဝမ်း သီချင်းသံ ကြားမိရင် မနေနိုင်ပါဘူး၊ အဲဒါ အခုထိပါ။
ကျောင်းသား
ဘဝထဲက၊ အဲဒီ အချိန်တွေတုန်းက ၈၁-၈၂ ခုနှစ် လောက်ကပေါ့၊ စတိတ်ရှိုးပွဲတွေမှာ
ပလေးဘွိုင်နဲ့ အယ်လ်ပီဂျေက အပြိုင်ပါ၊ သန်းနိုင် အေးမောင် သိန်းတန် မျိုးအောင် လွှမ်းမိုး ကိုင်ဇာ
ပုလဲ နွဲ့ယဉ်ဝင်း ခိုင်ထူး စိုင်းထီးဆိုင် အများကြီးအများကြီးပါ၊ ဒါပေမယ့်လည်း ခင်ဝမ်း စတိတ်ရှိုးကို
တခါမှ တခါမှ မကြားဖူး မကြည့်ဖူးသေးပါဘူး။

၁၉၈၂-၈၃
မန္တလေးရတနာဘုမ္မိမှာ ကျောင်းတက်ပါတယ်၊ သူငယ်ချင်းတွေထဲမှာ ခင်ဝမ်းခရေဇီတွေ
ပါလာပေမယ့် နာမည်ကြီးလာနေတာက ဖိုးချိုရဲ့ပိုင်စိုးမှုနဲ့အတူ သွှအောင်ဂျွန်သင်ဇမ်း၊ မဟာဆန်သူ
တောင်မှ ခင်မောင်တိုး မဆိုသေးဘူး ထင်တယ်၊ ဝိုင်းရဲ့ဆည်းဆာဘဲ ရှိသေးတယ် ထင်ပါတယ်။
ပါလာပေမယ့် နာမည်ကြီးလာနေတာက ဖိုးချိုရဲ့ပိုင်စိုးမှုနဲ့အတူ သွှအောင်ဂျွန်သင်ဇမ်း၊ မဟာဆန်သူ
တောင်မှ ခင်မောင်တိုး မဆိုသေးဘူး ထင်တယ်၊ ဝိုင်းရဲ့ဆည်းဆာဘဲ ရှိသေးတယ် ထင်ပါတယ်။
ခိုင်ထူးကတော့ မိုးရဲရင်နဲ့ ထိပ်ဆုံးရောက်နေချိန်
ဖြစ်မယ်၊ မန်းလေးသား သူငယ်ချင်းတယောက် သူ့
နာမည်က မြတ်သန်းထွန်း၊ သူက ဖိုးချို ခိုင်ထူး ရာပြည့် ခင်မောင်တိုး သီချင်းတွေ အမြဲဆိုတယ်၊ သူ့
ကျောင်းဗလာ စာအုပ်ထဲမှာတော့ ခင်ဝမ်းရဲ့ စာသားတွေချည်း တွေ့ရတယ်၊ ဒါနဲ့ သူ့ကို ဘာကြောင့်
လဲ့ မေးကြည့်တော့ တခြားသီချင်းတွေကလည်း ကောင်းပါတယ်၊ ကြိုက်ပါတယ်၊
စာသားတွေမှာလည်း အဓိပ္ပါယ် ရှိပါတယ် တဲ့၊ ခင်ဝမ်း သီချင်းတွေကျတော့ ရုတ်တရက် နားထောင်
ရင် ဖတ်ကြည့်ရင် လွယ်တယ် ရိုးရှင်းတယ် ထင်ရပေမယ့် သေချာနားထောင် ကြည့်လေ ဖတ်ကြည့်
လေ လေးနက်လာလေ နက်ရှိုင်းလာလေလေ တဲ့၊ အသံနဲ့ စာသားက အရမ်း လိုက်ဘက်တယ် တဲ့၊
နှစ်ကြာကြာ အထားခံမယ့် တန်ဖိုးရှိလာမယ့် ပစ္စည်းမျိုး တဲ့၊ အဲဒီတုန်းက သူပြောခဲ့တာတွေ။

မှန်မမှန်တော့ ခု စဉ်းစားကြည့်၊
ထောက်ခံသူ
ရာခိုင်နှုန်း ခုချိန် ပိုများနေမှာဘဲ၊
ခင်ဝမ်းသီချင်း
ကြိုက်သူ ပိုများလာနေတယ် မဟုတ်လား။
ပြောချင်တာက
ခင်ဝမ်းဟာ စတိတ်ရှိုးမင်းသား မဟုတ်ဘူး၊
ဒါပေမယ့်
ကျောင်းက သူငယ်ချင်းတွေ ခင်ဝမ်း ခရေဇီတွေဟာ
ခင်ဝမ်း
ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုတာ ချဉ်ခြင်းတပ် နေကြတာတော့ အမှန်ပါ။
မောင်ရင်ငတေ
၂၈၀၉၂၀၁၁
ခင်ဝမ်းနှင့် ထိတွေ့ခြင်း
(၃) ၂၈၀၂၂၀၁၂
တောင်ပေါ်သူလွမ်းတေး
(ပန်းနုရောင်)
ကိုခင်ဝမ်း
သီချင်းတွေ ဒီနေ့ အားနေတာနဲ့ ပြန်နားထောင်မိပြီး
လွန်ခဲ့တဲ့
ငါးလတိတိက စိတ်ပေါက်ပေါက်နဲ့ ရေးခဲ့တာတွေ ပြန်ဖတ်မိပြီး ဆက်ရေးမိပါတယ်၊
ခင်ဝမ်း သီချင်းတွေ နားထောင်ဖြစ်ခဲ့ သီချင်းခွေတွေ ဝယ်ဖြစ်ခဲ့ပေမယ့်
ခင်ဝမ်း ကိုယ်တိုင်ဆိုတာကို
တော့ တခါဘူးမျှ နားမထောင်ဘူးသေးတဲ့ အချိန် ၈၂ ခုနှစ် လောက်ထိပေါ့၊
၈၃ နှစ်ကုန် သမိုင်းဝင်း အဆောင်မှာနေ ကျောင်းတက်တော့၊ သူငယ်ချင်းအများစုက နေ့ကျောင်းသားဖြစ်ပြီး
အာစီတူး ခေါ် လှိုင်နယ်မြေမှာ ရှိနေကြတော့ ကိုယ်တက်ရမယ့် အီကိုဆောင်ကို သိပ်မရောက်ဖြစ်ဘူး၊
အာစီတူးရဲ့ ဆေးရောင်စုံ ပြိုင်ဆိုင်မှုတွေကို သာယာနေချိန်၊ ရောက်ဖြစ်ရင်လည်း မိန်းရှေ့ကမြမေတ္တာ
တောင်ငူ
ကန်တင်း ဦးချစ်ဆိုင်တို့မှာက ခိုင်ထူးလွှမ်းမိုးနေတဲ့အချိန်၊
ဒါပေမယ့်ညပိုင်း အဆောင်ပြန်အိပ်ဖြစ်တဲ့ ရက်များမှာတော့ မန်းသား သူငယ်ချင်း မြတ်သန်းထွန်း
ကလည်း မေဂျာတူ အဆောင်တူ အခန်းက ကပ်ရက်၊ မေခဆောင် အခန်း (၇) နဲ့ (၅)၊ သူနဲ့ ပတ်သက်ပြီး
သမိုင်းဝင်း အဆောင်သားတွေနဲ့ တွေ့ သိ ရင်းနှီးရတယ်၊ ကိုယ်ကအဆောင်မှာ မရှိတဲ့ရက်က များနေတော့
ကိုယ့်ကိုသိတဲ့သူ သိပ်မရှိဘူး။
ဒီလိုနဲ့ တည အဆောင်ပြန်အိပ်တော့ မိန်းခလေးအဆောင်တွေရှေ့
သီချင်းသွားဆိုကြမယ် ဆိုတော့ လိုက်သွားဖြစ်ခဲ့တယ်၊ သရဖီလား ကံကော်လား မမှတ်မိတော့ပါဘူး၊
အရက်ကို နှစ်နှစ်ချိုက်ချိုက် စ သောက်နေပြီ ဆိုတော့ မူးနေတာသာ မှတ်မိပါတယ်၊ ညသန်းခေါင်
တံတားဖြူ အဆောင်တွေဘက် ရောက်တော့ ကိုယ့်အဖွဲ့သားတွေက ငမူးတွေ များလှတယ်၊ တီးတဲ့သူကတီး
အမှန်အကန် ဆိုတဲ့သူ တွေ စိတ်ပျက်လောက်အောင် ဝင်အားပေးတဲ့ ဂဲမလောက် မန်ဘာတွေက များမှများ၊
ကိုယ့်အလှည့် ပြီးတော့ နောက်တဖွဲ့၊ အဲဒီမှာ
ခင်ဝမ်းသီချင်း၊ မူးနေတဲ့ စိတ်တောင် နည်းနည်း လျော့သွားတယ်။
ဆိုတာက ကောင်းလှချည့်လားဆိုပြီး အားလုံးငြိမ်သက် ဆယ်မိနစ်ပေါ့၊
နောက် တပုဒ် နောက်တပုဒ် ပေါ့၊ သီချင်းသံ ရပ်သွားတော့မှ ဘေးနားက သူငယ်ချင်းက အဲဒါ ခင်ဝမ်းကြီး
ကိုယ်တိုင်ဘဲပေါ့ ပြော လိုက်တယ်၊ ဒါ ပထမဆုံး ခင်ဝမ်း ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုတာ
ကြားခဲ့ရ ဖူးတာပေါ့၊ အဲဒီ နောက် ပိုင်းတော့ အဆောင်ရှေ့ ဂဲမလောက်အဖွဲ့တွေနဲ့အတူ တင်းပြည့်မန်ဘာတယောက် ဖြစ်ခဲ့ရ ပြန်တာ ပေါ့၊ ဂဲမလောက်အဖွဲ့ဝင်
ခင်ဝမ်းတို့မြို့က သူငယ်ချင်းတယောက်နဲ့ သောက်ဖော် သောက်ဖက် တေ ဖက် ဖြစ်လာခဲ့ရတော့ ခင်ဝမ်းသီချင်း
ခရေဇီပိုးက အရိုးထဲထိ ရောက်လာခဲ့ရတာပေါ့။
သူငယ်ချင်း မြို့ပြန်ရင် (အရင်က ဖြတ်သွားဘူး ခရီးတထောက်
နားဖူးခဲ့ပေမယ့်) ရောက်ဖူးချင်လွန်း လို့ အိမ်ကမသိအောင် လိုက်လည်ခဲ့ဖူးတယ်၊ သူတို့မြို့ကလူငယ်တွေ
ခုတော့ ကြီးမိုက်ကြီးတွေပေါ့၊ အများစုကလည်း သူ့ကို သိကြတယ်၊ ဘယ်သူ့အိမ်လဲတော့ မသိတော့ပါဘူး၊
အိမ်ရှေ့ ကွပ်ပျစ်တခု ပေါ်မှာ ထိုင်သောက်ရင်း သူကိုယ်တိုင်ဆိုပြတီးပြတာကို ကြုံခဲ့ရဖူးးတယ်၊
နောက်ပိုင်းတော့ကြုံတိုင်း အခွင့်ရတိုင်း သွားဖြစ်ခဲ့ရ လွန်းလို့ ၁၉၉၈ ခုနှစ်မှာ အိမ်ထောင်ကျ
မိန်းမပါ ရခဲ့တယ်၊ မယုံရင်လည်း ပုံပြင်တပုဒ်သာ သတ်မှတ်လိုက်ကြပါ၊ ၈၈ မတိုင်ခင်မှာ ထင်တယ်၊
ပဒုမ္မာကွင်းဇာတ်ရုံမှာ မဇ္စျိမလှိုင်း အဖွဲ့နဲ့ ခင်ဝမ်းစတိတ်ရှိုး တခါကြည့်ခဲ့ဖူးပေမယ့်
အားရပါးရ မဖြစ်ခဲ့ဘူး၊ အဲဒီအချိန်လောက်မှာ သူတို့ မြို့မှာ အားကစား ဇာတ်ရုံမှာတော့
တင်ဆက်မှု မကောင်း အသံပိုင်းဆိုင်ရာမှာ မကောင်းလှပေမယ့် ခင်ဝမ်း ဟော်လို ဆိုလိုရှိုးကို
မှတ်မှတ်ရရ အားပေးခဲ့ရဖူးတယ်။
သြော် ကြာခဲ့ပါပြီလေ့ ဒါပေမယ့် ခုထိ ဟောင်းနေပေမယ့်
ကောင်းနေဆဲပါ၊ ကိုခင်ဝမ်းရေ
အားပေးနေသူ မူလ လက်ဟောင်း ခရေဇီများရော လက်သစ် ခရေဇီသစ်များ
နဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်
ခင်ဝမ်းယိမ်းကို ခေတ်သစ် ၂၀၁၂ ခုနှစ်ထိ အင်တာနက် ဖေ့စ်ဘုတ်ခေတ်မှာ
ကိုခင်ဝမ်း အမှတ်တရ ခင်ဝမ်းဖန်ကလပ် ၇၀၈၀၉၀ အဖွဲ့ဝင်တွေနဲ့အတူ နှစ်သုံးဆယ်လွန် လေးဆယ်ကာလအထိ
အားပေး နေရဆဲ၊ လွမ်းဆွတ်စွာ နှစ်ချိုက်စွာ ခံစားနေရဆဲ။
ခင်ဝမ်းနှင့်
ထိတွေ့ခြင်း (၃)
နှင်းဆီဖြူ ပြည်မှာဆောင်း ဧရာဝတီ ဆယ်လမွန်ငါး မျှားဘုရင်
နှုတ်ဆက်ခဲ့ပါတယ်
မိုးတွေရွာစွေ ကျော်ကြီး ကောင်းကင်နဲ့မြေကြီး ကောလိပ်နေ့ရက်များ
ဘာမဆိုမင်းအတွက်
ညင်သာစွာဆင်း ခံယူလျှက်ပါနွေ တောင်ပေါ်သူလွမ်းတေး အစိမ်းရောင်တွေကိုမသုံးနဲ့
ဒီဇင်ဘာ
မန္တလေး မြစ် လွမ်းတယ် သက်ထား နှင်း မြိုင် ယိမ်း မမချစ်
့ အများကြီး အများကြီးပါ။
ကိုခင်ဝမ့်း့ ခင်ဗျားထားခဲ့တာ ပင်လယ်ကြီးပါ၊
ကြိုက်တတ်ရင် ဝင်ခပ် ဝင်သောက် ဝင်နား ကြည့်စမ်းပါ၊
ဒါ့ သီချင်း ရှိသေးတယ်၊ ကျန်တာတွေ အများကြီး
ရှိသေးတယ်။
နားမလည်နိုင်တာတွေ အများကြီး ရှိသေးတယ်၊ မလိုက်နိုင်လို့
ခေါက်ထားခဲ့ရတာတွေ အများကြီး
အများကြီး ရှိပါသေးတယ်၊ ဒီနေ့လည်း ဘာကို လွမ်းနေမိမှန်းမသိ
လွမ်းနေရင်းနဲ့ အဟောင်းတွေကို
ပြန်လည်တူးဆွရင်းနဲ့ ခင်ဝမ်းနဲ့ ထိတွေ့ ပြန်တယ်။
မောင်ရင်ငတေ
၂၈၀၂၂၀၁၂
လိပ်ပြာလွင်ပြင်
(၁၉၈၄) ခင်ဝမ်း
လွန်ခဲ့တဲ့
နှစ်နှစ်ကျော်က ၇၀ ၈၀ ၉၀ သီချင်းအုပ်စုမှာ ရေးထားတာတွေကို ပြန်ရှာတာ မတွေ့ပါဘူး၊ အဲဒါနဲ့
ကိုယ်ပိုင်မှတ်စုတွေထဲကနေ အမှတ်တရ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ပြန်တင်လိုက်ခြင်းကနေ
ရှုခင်းသစ်
အွန်လိုင်း စာမျက်နှာပေါ်မှာ ဖော်ပြပါရှိလာခဲ့ခြင်းပါ။
မောင်ရင်ငတေ
၂၉၀၄၂၀၁၄-၃၁၁၂၂၀၁၈
ရှုခင်းသစ်http://newsightsmm.com/2014/04/29/%E1%80%81%E1%80%84%E1%80%B9%E1%80%9D%E1%80%99%E1%80%B9%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-g APRIL 29, 2014
ခင်ဝမ်းနှင့် ထိတွေ့ခြင်း
ခင်ဝမ်းနှင့် နှစ်ဆယ်ကျော်အလွမ်း
အမှတ်တယ စကားများ
ကိုမစ်ကီနိုင့့် ကျွန်တော် မှတ်မိနေတာကတော့ ရှဲဒိုးတေးသံသွင်း ဆိုင်ရှေ့က မိဘမေတ္တာ တေးသံသွင်းဆိုင်မှာ ခင်ဝမ်းတိတ်ခွေ (ပြည်မှာဆောင်း) တိတ်ခွေ ဝယ်ခဲ့ဘူးတယ်။ မိတ္ထီလာမှာ တော့ ခင်ဝမ်းတေးသံတွေက မိတ္ထီလာဒေသကောလိပ်နဲ့အတူ ထွက်ပေါ်လွင့်ပျံ့ လာတယ်လို့ မှတ်မိ နေတာပါပဲ။
the
teeth ဆိုမှတော့ အံကိုက်ဖြစ်ရပေမပေါ့။ ကိုခင်ဝမ်းကလဲ သူ့အဖေ အံကပ် ရေစိမ်ထားတာကို အဖေ့သွား
ရေထဲအိပ်တယ် ဖွဲ့ခဲ့သူဆိုတော့ အံကိုက်ပါပဲ။ - အဓိက က မိန်းကလေးတွေ ပေါ့ - ကို လက်သည်းကွင်း
ထည့်ရမယ် ထင်တယ်၊ ကောင်းမွန်တဲ့ အမှတ်တရ စာတပုဒ်ပါပဲ။ ကျန်တဲ့ ခင်ဝမ်း ချစ်သူတွေဆီကလဲ
ခုလို အမှတ်တရ စာလေးတွေ ဖတ်ရကောင်းရဲ့လို့ မြော်လင့်နေပါကြောင့်း့ 
့ 28 septembre 2011, 08:49
အရင်
ကျနော်မှာ ဘယ်သူမှမသိတဲ့ ကမျောက်ကခြောက် ဘလော့ တခုရှိတယ်၊ အဲဒိမှာ တောက်တို မယ်ရ တင်ထားတာကို
ဖြတ်ညှပ်ကပ် လိုက်တာပါ၊ အမှားပါရင် အမှန် ပြင်လိုက်ပေးပါ၊ 28 septembre 2011, 14:52
ဒီလိုစာတွေ
ပြန်ဖတ်ရတာ သိပ်ကြည်နူးမိပါတယ် ... ကိုယ်ကိုယ်တိုင်လည်း အဲ့ဒီဘက် ခေတ်ကို ရောက်သွား
သလို ခံစားမိပါတယ်။ 28 septembre 2011, 02:37
မလင်းပြောသလိုပါပဲ
.. အတိတ်ကအကြောင်းတွေ ပြန်ဖတ်ရတာ သိပ်ကိုကြည်နူးစရာ ကောင်းပါ တယ် ...။ 28
septembre 2011, 07:21
မား
ဆိုး
အင်းဗျ
.. ၈၂-၈၃ ဆို ကျနော်တောင် လူမဖြစ်သေးဘူး။ တကယ်ဆို... ကျနော့်ပါပါတွေကမှ ခင်ဝမ်း ခေတ်မှာ
ဖြစ်လာကြတာ။ ဒါပေမယ့် ကျနော်လည်း နားထောင်လေ.. တစ်စိမ့်စိမ့် ကြိုက်လေ လေ ဘဲ။ အနုပညာထုတ်ကုန် တစ်ရပ်ဟာ
စစ်ပြီမှန်ပြီဆိုယင်.. “အချိန်ကာလယန္တရား” ဆိုတာကြီးကို...
Micky
Naing
ခင်ဝမ်းသီချင်းတွေဟာ
၇၀ ၈၀ ၉၀ ၀၀ ၁၀ မျိုးဆက်တွေနဲ့အတူ ၂၀၂၀ ၂၀၃၀ ......... ၂၁၀၀ တိုင်လိမ့်မယ့့် 28 septembre 2011, 15:10
ခင်ဝမ်းနှင့် ထိတွေ့ခြင်း
ခင်ဝမ်းနှင့် နှစ်ဆယ်ကျော်အလွမ်း
Aucun commentaire:
Publier un commentaire