ကင်းဝန်ကြီးနဲ့
ခရီးသွားခြင်း အနုပညာ
မောင်ရင်ငတေ
ရေးသားစီရင်တဲ့ ကင်းဝန်ကြီးနဲ့ ခရီးသွားခြင်း အနုပညာ (Photo Google)
ကင်းဝန်မင်းကြီး
ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း အတိုချုပ်လေးပါ၊
အများသူငှာ
မှတ်သားလွယ်အောင် မောင်ရင်ငတေ ဖတ်မှတ် ပြုစုလိုက်တဲ့
လွန်ခဲ့တဲ့
နှစ်ပေါင်းတရာ့ ငါးဆယ်ခန့် ၁၈၇၄ ခုနှစ်များက မီးသင်္ဘောကြီးများ
အဆင့်ဆင့်
ပြောင်းစီးပြီး ကင်းဝန်မင်းကြီး ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း
စာအုပ်ထဲက
ကင်းဝန်မင်းကြီးရဲ့ ခရီးသွား ရက်စွဲမှတ်တမ်း အတိုချုပ်လေးပါ။
မောင်ရင်ငတေတို့ရဲ့
ဒီကနေ့ ခေတ်လို အဲယား ဘတ်စ်တွေ ဘိုးရင်း ဂျက်တွေ မရှိသေးတဲ့ ကာလ၊
မီးသင်္ဘောလောက်သာရှိသေးတဲ့
ကာလမှာ သွားခဲ့တဲံ ခရီးမှတ်တမ်းဖြစ်လို့ အလွန် စိတ်ဝင်စားဖွယ်
ကောင်းတဲ့ ခရီးစဉ် တခုပါ၊ ကင်းဝန်မင်းကြီးကလည်း နေ့စဉ်တိုင်း သူရောက်ခဲ့သမျှ နေရာလေးတွေ
ကို တေးမှတ် ရေးထားတာကြောင့် မောင်ရင်ငတေဖတ်ဖူးခဲ့တဲ့ တခြားသိပ္ပံမောင်ဝတို့ ဘာတို့တွေရဲ့
ခရီးသွား မှတ်တမ်းနဲ့ မတူပါဘဲ မောင်ရင်ငတေ့ စိတ်ကြိုက် ဖြစ်ခဲ့ပါတယ်။
ကောင်းတဲ့ ခရီးစဉ် တခုပါ၊ ကင်းဝန်မင်းကြီးကလည်း နေ့စဉ်တိုင်း သူရောက်ခဲ့သမျှ နေရာလေးတွေ
ကို တေးမှတ် ရေးထားတာကြောင့် မောင်ရင်ငတေဖတ်ဖူးခဲ့တဲ့ တခြားသိပ္ပံမောင်ဝတို့ ဘာတို့တွေရဲ့
ခရီးသွား မှတ်တမ်းနဲ့ မတူပါဘဲ မောင်ရင်ငတေ့ စိတ်ကြိုက် ဖြစ်ခဲ့ပါတယ်။
ဒီမှတ်တမ်းကို
ဟိုးအရင်ထဲက ဒီလိုချုပ်ရေးချင်ပေမယ့် ပျင်းအားကြီးနေတာကြောင့် ဖတ်သာဖတ်ပြီး
မရေးဖြစ်ခဲ့ပါဘူး၊ တို့တိ တို့တိလေးတွေသာ ရေးဖြစ်ခဲ့ပါတယ်၊ အဲဒီ တို့တိတွေကို ဒီတခါတော့ စာစု
တစုဖြစ်အောင် အားထုတ်လိုက်ခြင်းပါ၊ မောင်ရင်ငတေ့ထုံးစံ ကျမ်းကြီးကျမ်းခိုင်အဖြစ် ရေးထားတာ
မဟုတ်လို့ အပျော်ဖတ် အလွယ်မှတ်ချင်သူများကိုသာ ရည်ရွယ်ပါတယ် ခင်ဗျာ။
မရေးဖြစ်ခဲ့ပါဘူး၊ တို့တိ တို့တိလေးတွေသာ ရေးဖြစ်ခဲ့ပါတယ်၊ အဲဒီ တို့တိတွေကို ဒီတခါတော့ စာစု
တစုဖြစ်အောင် အားထုတ်လိုက်ခြင်းပါ၊ မောင်ရင်ငတေ့ထုံးစံ ကျမ်းကြီးကျမ်းခိုင်အဖြစ် ရေးထားတာ
မဟုတ်လို့ အပျော်ဖတ် အလွယ်မှတ်ချင်သူများကိုသာ ရည်ရွယ်ပါတယ် ခင်ဗျာ။
မောင်ရင်ငတေ
ရေးသားစီရင်တဲ့ ကင်းဝန်ကြီးနဲ့ ခရီးသွားခြင်း အနုပညာ (Photo Google)
ဒီ
ရက်ပိုင်း ပါရီ ဆောင်းမိုးအေးအေးနဲ့ ကွေးရင်း၊ «Gilets Jaunes» ရဲလိုး ဂျီးလက်တွေဘက်က
ကူညီ အားပေးရင်း၊ စတုတ္ထ ပြင်သစ် တော်လှန်ရေး လား (သို့မဟုတ်) ဒုတိယ ပါရီ ကွန်မြွန်း အစ
လား စဉ်းစားနေရင်း၊ အဲ စကော်တလန် စမ်းရေနွေးလက်ကျန် ဝမ်းပက် တူးပက် သောက်ရင်းနဲ့ပေါ့။
ကူညီ အားပေးရင်း၊ စတုတ္ထ ပြင်သစ် တော်လှန်ရေး လား (သို့မဟုတ်) ဒုတိယ ပါရီ ကွန်မြွန်း အစ
လား စဉ်းစားနေရင်း၊ အဲ စကော်တလန် စမ်းရေနွေးလက်ကျန် ဝမ်းပက် တူးပက် သောက်ရင်းနဲ့ပေါ့။
ကင်းဝန်မင်းကြီးရဲ့
ဖရန့်ပြည်သွား မြို့လား ဒေးလီးမှတ် စာတမ်းကို
ဟိုလှန်ဒီလှန်
ကျော်ဖတ်နေမိတယ်၊ စာမျက်နှာပေါင်း သုံးရာ့ ခွန်နှဆယ်ကျော်ရှိတာ့
စာဖတ်ရမှာ
ပျင်းရိလှတဲ့ မောင်ရင်ငတေ့အတွက် ဒီမှတ်တမ်းကို အတိုချုပ် ဖတ်ရင်း ရေးမိခဲ့ပါ။
သန်လျက်မော်
ဆိပ်ကမ်း မန်းမြေမှ ထွက်ခွာပြီ၊
ကင်းဝန်ကြီးရယ်
သူ့အဖွဲ့သားတွေရယ် ပြင်သစ်သံတွေရယ်၊
ရေနန်းစကြာကြီးနဲ့
မန်းမြေကနေ စုန်ဆင်းလာတာ ပြင်သစ်မြို့ ပါရစ်သို့ ဘယ်နေ့ ရောက်မယ်၊
မသိ၊
တိုးမြစ်ဝက တဆင့် ရန်ကုန် ဆိပ်ကမ်း ဆိုက်ကပ်လာတော့ ဆယ်ရက် တင်းတင်း ပြည့်ပါပြီ။
မြစ်ဧရာ
ရေအလျှင်အတိုင်း စုန်ဆင်းလာခဲ့ကြတာ စစ်ကိုင်း မြင်းခြံ ညောင်ဦး မင်းလှ သရက်
မြန်အောင်
ဓနုဖြူနဲ့ တိုးမြစ်ဝမှာ တညစီနဲ့ လမ်းမှာ သင်္ဘော သောင်တင်နေလို့ ရေလယ်မှာ နှစ်ည၊
စုစုပေါင်း
ဆယ်ည တိတိ အိပ်စက်ခဲ့ရပါ သတဲ့။
တကယ်ဗျာ၊ ပျော်စရာကြီး ဗျာ၊ ကင်းဝန်ကြီး ရေ၊
မောင်ရင်ငတေသာပါရင်
လမ်းမှာ စလေမှာ တည၊ ရေနံချောင်းက ဘူးကျွန်းမှာ တည၊
မြင်ကွန်းမြို့နဲ့
လက်ပန်ရွာမှာ တညစီ၊ အဲ ပြည်နား ခတ္တိယမှာ တညပေါ့၊ ငါးညလောက် နောက်ထပ်
အိတ်စတန်းရှင်းလေးတိုးပြီး ပျော်ပျော်ပါးပါးကြီး ပစ်ကနစ် လိုက်ချင်ပါသေးတယ်၊ ကင်းဝန်ကြီးရယ်။
အိတ်စတန်းရှင်းလေးတိုးပြီး ပျော်ပျော်ပါးပါးကြီး ပစ်ကနစ် လိုက်ချင်ပါသေးတယ်၊ ကင်းဝန်ကြီးရယ်။
ကင်းဝန်ကြီးတို့ခေတ်
ရန်ကုန်ဆိပ်ကမ်း ကင်းဝန်ကြီးနဲ့ ခရီးသွားခြင်း အနုပညာ (Photo Google)
ရန်ကုန်မြို့မှာ
ငါးညတာ ကြာ၊
ကင်းဝန်ကြီးတို့
အဖွဲ့ ရန်ကုန်ရောက်တော့ စင်ကာပူသို့ သွားမယ့် ပင်လယ်ကူး မီးသင်္ဘောကြီး
SS
Cocoanada ကိုကိုးနာဒ ရောက်မလာသေးဘူး ထင်ပါရဲ့၊ ရန်ကုန်မှာ ငါးညတာ ကြာခဲ့ပါတယ်။
ကင်းဝန်တို့အဖွဲ့
ရန်ကုန်မှာ ရှိနေစဉ် အဲဒီအချိန်က ရန်ကုန် မြို့တော်ကြီးကို အုပ်ချုပ်နေတဲ့ အင်္ဂလိပ်
အရေးပိုင်မင်း
မစ္စတာ အီဒင်နဲ့ အဖွဲ့က ရန်ကုန်မြို့ရဲ့ အနှံ့ လှည့်လည် ပြသ ကျွေးမွေး ဧည့်ခံခဲ့တယ်
ဆိုပါတယ်၊
ဒီကနေ့ခေတ် မစ္စတာ ဝံကွီးတို့ခေတ် ဆိုခဲ့ရင်တော့ ကင်းဝန်ကြီးလည်း ရွှေတိဂုံလောက်
ဆူးလေလောက်
ကမ်းနားလမ်းလောက် ရောက်ရုံ မဟုတ်လောက် ပါဘူး။
ကွမ်းလေး
တမြုံ့မြုံ့နဲ့ ဝိုင်ဘီအက်စ်လေးစီး မင်္ဂလာဒုံသွား ဂေါက်ကလေး ရိုက်လိုက်၊
ရန်ကုန်-လှိုင်မြစ်တကြောမှာ
ဝါးတားတားဘတ်စ်လေးစီး မြန်မာ ဗျစ်ရည်လေး စုတ်လို့
လေညှင်းခံ
မြစ်ရေစီးသံကို နားအရသာခံလိုက်၊ ညဈေး သွား ဒင်နားစားလိုက်နဲ့ မင်းတို့ ရန်ဂွန်း
ဘယ်လောက်
ကောင်းကောင်းပါကွာ၊ ငါတို့ မန်းရွှေမြို့တော်ကြီးက တောင်သမန်အင်းစောင်းက
မယ်ဇယ်ပင်တန်း
ဘိခ်ျ ကိုတော့ မမီပါဘူးကွာ တွေးနေမလား မပြောနိုင်ပါဘူး။
ကင်းဝန်ကြီးတို့ခေတ်
ရန်ကုန်ဆိပ်ကမ်း (Photo Google)
မော်လမြိုင်သို့
တညအိပ် သင်္ဘောခရီး
ကင်းဝန်မင်းနဲ့
သူ့အဖွဲ့သားတွေ ရန်ကုန်မှာ ငါးညအိပ်၊ ကောင်းကောင်းအနားယူ လည်ပတ်လေ့လာ
ကြပြီး၊
မတ် ၂၉ ရက်တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာတော့
မန်းမြေကနေ စီးနင်းလာတဲ့ ရေနန်းစကြာ
သင်္ဘောတော်ကို နှုတ်ဆက် လက်ပြခဲ့ကြပြီး မော်လမြိုင်ကတဆင့်
စင်ကာပူသို့ သွားမယ့် ပင်လယ်
ကူး SS Cocoanada သင်္ဘောပေါ်သို့ ကူးပြောင်းတက်ရောက် ခရီး
ဆက်ခဲ့ကြပါတယ်။
ရန်ကုန်
မော်လမြိုင် တညအိပ် ပင်လယ်ခရီးကို အထူး ဖွဲ့နွဲ့ရေးသားထားတာ မတွေ့ရပါဘူး၊
နောက်တနေ့
ညနေ မစောင်းမီ မော်လမြိုင် ဆိပ်ကမ်း အဝင်ဝမှာ
ဒီရေ အတက် စောင့်ရင်း
ငါးနာရီလောက်
သင်္ဘောကျောက်ချ အချိန်ဖြုန်း ခဲ့ရတာကိုသာ မှတ်တမ်းတင်ခဲ့တာ တွေ့ရပါတယ်။
မော်လမြိုင်မှ
ထွက်ခွာပြီ
ကင်းဝန်မင်းကြီးတို့ဟာ
သင်္ဘောပြန် အထွက်ကိုစောင့်ရင်းနဲ့ မော်လမြိုင်မှာ မတ်လ ၃၀ ၃၁ နှစ်ရက်
နှစ်ညအိပ်
နားခဲ့ရပါတယ်၊ မော်လမြိုင်မှာလည်း ထုံးစံအတိုင်းပါ၊ ရတနာပုံရွှေနန်းနေပြည်တော်သား
သံတော်
အရာရှိ ကင်းဝန်မင်းနဲ့ အဖွဲ့သားတွေရယ်၊ ပြင်သစ် သံလတ် မာရကတ်ကြီးနဲ့ သူ့လူတွေကို
မော်လမြိုင်သူမော်လမြိုင်သား
ဘုရားဒကာ ဒကာမတွေ မွန်လူမျိုးသူဌေးသူကြွယ်တွေနဲ့ မော်လမြိုင်
အရေးပိုင်မင်း အင်္ဂလိပ်ကြီးရယ်
(အဲဒီ အရေးပိုင်မင်း အမည်ကလည်း ပြောင်း ဆိုတော့ သရက်မှာ
တွေ့ခဲ့တဲ့ အရေးပိုင်အမည်နဲ့
တူနေပါတယ်) မော်လမြိုင်ရောက် သာသနာပြု ပြင်သစ် ခင်ကြီးတွေ
က
ဝိုင်းဝန်း ဧည့်ခံ ကြပါတယ်။
၁၈၇၄
ဧပရယ်လ တရက်နေ့ နေမွန်းတည့်ပြီးမှာ မော်လမြိုင်ဆိပ်ကမ်းမှ တောင်စူးစူးသို့ဦးတည်ကာ
SS
Cocoanada အက်စ်အက်စ် ကိုကိုးနာဒ ပင်လယ်ကူး မီးသင်္ဘောကြီးဟာ ရွက်လွှင့် ထွက်ခွာလာ
ပါတယ်၊
ကင်းဝန် မင်းကြီးရဲ့ ပြင်သစ်ပြည်သွား ဒေးလီးမှတ် စာတမ်းကလည်း အခုမှ အမှန်အကန်
အသက်ဝင်လာတယ် ပြောရမှာပါ။
ဦးခြိမ့်
ဦးရွှေအိုး ကင်းဝန်မင်းကြီး ဦးရွှေပင် (၁၈၇၃) (Photo Google)
သံကြီးဖြစ်သူ
ကင်းဝန်မင်းကြီးနဲ့အတူ ဒီခရီးကို အတူသွား ခဲ့ကြသူများက သံလတ်အဖြစ်နဲ့ စာရေး
တော်ကြီး
ဦးခြိမ့်၊ သံငယ်အဖြစ်က ပညာတော်သင်ကျောင်းသား မောင်အောင်သူ၊ ပြင်သစ်သံလတ်
Comte
Marescalchi မာရကတ်ကြီး တို့ပါ၊ တခြားသူတွေ ဘယ်သူဘယ်ဝါ ပါဝင်ပါတယ် ဆိုတာက
တော့ သဲသဲကွဲကွဲ
ရေးထားတာ မတွေ့ရပါဘူး။
၁၈၂၂
ခုနှစ်မှာ မွေးဖွားခဲ့သူ ကင်းဝန်မင်းကြီးဟာ
သံကြီး အဖြစ် ဒီလို ပြင်သစ်ပြည်သို့ ပင်လယ်ကူး
သင်္ဘောစီး ခရီးနှင်ခဲ့ချိန် ၁၈၇၄
ခုနှစ်မှာ အသက် ၅၂ နှစ် ရှိနေပါပြီ၊ ဒီ ပြင်သစ်သွား ခရီး မှတ်တမ်း
ရေးသားတဲ့ ၁၈၇၄ ခုနှစ်
မြန်မာ သက္ကရာဇ် ၁၂၃၅ ခရီးစဉ်က ကင်းဝန်မင်းကြီးရဲ့ ဒုတိယခေါက် ခရီး
စဉ်ပါ၊ ပထမ အကြိမ်
သွားခဲ့တာကတော့ မြန်မာသက္ကရာဇ် ၁၂၃၃ ခုနှစ် အေဒီ ၁၈၇၁ ခုနှစ် လန်ဒန်
ဂရိတ်ဘရိတန် အာရလန်သို့
သွားတဲ့ ခရီးစဉ်မှာ ပြင်သစ်မြို့ကို ဖြတ်သန်းသွားတာပါ။
ပထမအခေါက်သွားစဉ်က
ပါဝင်ခဲ့ကြတဲ့ ပန်တဉ်းဝန် ဦးရွှေဘင်၊ ဖန်ချက်ဝန် ဦးရွှေအိုးတို့ကတော့ ဒီ
ဒုတိယခေါက်မှာ
မပါကြတော့ပါဘူး၊ ပထမခေါက် သံငယ်အဖြစ် ပါဝင်ခဲ့တဲ့ ဦးခြိမ့်ကတော့ ဒုတိယ
ခေါက်မှာ သံလတ်
ရာထူး တက်ပြီး ပါဝင်ခဲ့တဲ့သူပါ၊ သံလတ် ဦးရွှေအိုးကတော့ ကနောင်မင်းသားရဲ့
ပထမ မြန်မာ့
နိုင်ငံခြားပြန် အင်ဂျင်နီယာ တဦးပါ၊ ပါရစ် ဆော်ဘွန်းကျောင်းထွက်ဖြစ်ပြီး ပါရစ်မြို့မှာ
သားနဲ့
မယားနဲ့ ရှိခဲ့သူ ပထမ မြန်မာ့ ဆရာ့ဆရာ ဂုရုကြီး တဦးပါ၊ ဟာ့ဟ ဒါ့ကြောင့်လည်း ကင်းဝန်
ကြီး မောင်ရွှေအိုးကို ကြောက်ပြီး နောက်တခေါက် မခေါ်ဝံ့တော့ဘဲ ဂျောင်ထိုးခဲ့ဟန် တူပါတယ်။
ဦးခြိမ့်ကတော့
ကံကောင်းသူလေလား အလုပ်မတရားလုပ်ရသူလား မပြောနိုင်ပါဘူး၊
၁၈၇၆ ခုနှစ်
မှာတော့
သံကြီးရာထူးထိတက်ပြီး ပူတကေ စပိန် အီတာလီပြည်သို့ တတိယခေါက် သွားခဲ့ရပါသေး
တယ်၊
အဲဒီခရီးစဉ်ကိုတော့ သူ့ဆရာ ကင်းဝန်ကြီးကိုယ်စား သူကိုယ်တိုင် ပူတကေ စပိန် အီတာလျှံ
သွားနေ့စဉ်မှတ် စာတမ်းကို ရေးသားစီရင်ခဲ့ပါတယ်၊ စိတ်ဝင်စားစရာ ကောင်းလှမှာ သေချာပါတယ်၊
သို့သော်လည်း အင်တာနက် စာမျက်နှာများမှာ တင်ထားသူမရှိ စာအုပ်ဆိုင်များမှာ ရှာဖွေလို့မရခဲ့ပါ
လို့
မောင်ရင်ငတေလည်း မြည်း မှတ် ဖတ်ချင်နေတဲ့ စာတအုပ်ပါ၊ အခွင့်ရရင် ရှာဖတ်ပါဦးမယ်။
ပလောပီနံသို့
ကင်းဝန်မင်းရဲ့
ပထမအခေါက် လန်ဒန်မြို့သွား ခရီးစဉ်မှာတုန်းကလည်း မန္တလေးကနေ ရန်ကုန်သို့
စကြာယာဉ်မွန်
မီးသင်္ဘောနဲ့ဆင်းလာ ရန်ကုန်မှာ စကြာယာဉ်ပျံ ပင်လယ်ကူး မီးသင်္ဘောကို ပြောင်း
စီးပြီး
သွားကြဖို့ စီစဉ်ခဲ့ကြပေမယ့် အောက်ဗမာပြည် အစိုးရ အင်္ဂလိပ်တွေက ရေကြောင်း စည်းမျဉ်း
အမျိုးမျိုးနဲ့ အကြောင်းပြပြီး ဗမာပိုင် မီးသင်္ဘောစီးသွားခွင့်မပြုခဲ့တာကြောင့် ခရီးသည်တင်
သင်္ဘော
စီး သွားခဲ့ရသလို ဒီတခေါက်မှာလည်း အလားတူပါ။
သို့သော်
ပထမအခေါက် သွားတုန်းကလို ရန်ကုန် ဆိပ်ကမ်း ကထွက် သီဟိုဠ်ကျွန်း သီရိလင်္ကာ ရေ
လမ်းကြောင်းကနေ
အိန္ဒိယ သမုဒ္ဒယာ အနောက်မြောက်စွန်း ပင်လယ်နီ အဝင်ဝက ဒီကနေ့ ယီမင်
နိုင်ငံ
Aden အေဒင်ဆိပ်ကမ်းသို့ ဦးတည်သွားခြင်းမဟုတ်ပါဘဲ ရန်ကုန် မော်လမြိုင်မှတဆင့် Pulau
Pinang
ပလောပီနံ Malacca မလာက စင်ကာပူကျွန်းကမှ တဆင့်ပြီး တဆင့် သွားခဲ့တာပါ။
ကင်းဝန်မင်းတို့ရဲ့
SS Cocoanada ကိုကိုးနာဒ မီးသင်္ဘောကြီးဟာ မော်လမြိုင် ဆိပ်ကမ်းမှ ဧပရယ်
တရက်နေ့
နေ့လယ်ပိုင်း ကျောက်နှုတ်ထွက်ခွာလာတာ ပလောပီနံကိုရောက်တော့ ဧပရယ် ငါးရက်
နေ့ တနင်္ဂနွေနေ့
နေ့လယ် ၁၂ နာရီ ထိုးပါပြီ။
မန်းသန်လျက်မော်ဆိပ်ကမ်းက
စစ်ကိုင်းဘက်ကိုကြည့်ရတာနှင့် သွင်သွင်တူသော ပလောပီနံကျွန်း
အကြောင်း တောတောင် စိမ်းစိုစွာနဲ့
သာယာတဲ့အကြောင်း တရုတ်တန်းဈေး ကျောက်မှုန့်ခင်း လမ်း
လေးများ သန့်ရှင်းတဲ့အကြောင်း
နဂဘာရီအုန်းနဲ့တူတဲ့ နိကိုပါအုန်းပင်များ ပေါများလှတဲ့အကြောင်း
ပသျှူး
တရုတ် မြန်မာ ယိုးဒယား သိုးဆောင်းလူမျိုးများ ရောပြွန်း နေထိုင်ကြတဲ့အကြောင်း အတော်
စုံအောင် ရေးပါတယ်၊ တညအိပ် ရပ်နားပြီး ဧပရယ်လ ၆ ရက်နေ့ မနက်မှာ ခရီးဆက်ပါတယ်။
မလာကမှ
စင်ကာပူသို့ (Photo Google)
ဧပရယ်
၆ ရက်နေ့ တနင်္လာ မနက်မှာ ပီနံဆိပ်ကမ်းက ထွက်လာပြီး ကမ်းဘေးတလျှောက် အုန်းပင်
ပေါများကြောင်း
သီဟိုဠ်ကျွန်းထက် များမည် ထင်ကြောင်း ပသျှူး မလေး လူမျိုးတို့ရဲ့ နေရပ် အရင်း
ဖြစ်ကြောင်း
ဆိပ်ကမ်းနေရာတွေကိုတော့ အင်္ဂလိပ်တွေက အပိုင်စား ပြုထားကြောင်း ရေးပါတယ်။
Malacca
မရောက်ခင်မှာ ဒီကနေ့ မလေးရှားရဲ့ အကြီးဆုံး ဆိပ်ကမ်း Port Kelang တည်ရှိပါတယ်၊
မောင်ရင်ငတေ
၁၉၉၀ ခုနှစ်လွန်က ကျင်လည်ခဲ့ဖူးတဲ့ Port Kelang ဆိပ်ကမ်းက ကင်းဝန်မင်းကြီး
ခေတ် ၁၈၇၄
ခုမှာ တောဆိပ်ကမ်းတခု အနေသာရှိသေးတယ် ထင်ပါရဲ့ ဘာမျှညွှန်းဖွဲ့ မသွားပါဘူး၊
မောင်ရင်ငတေတို့ခေတ်
Port Kelang ဆိပ်ကမ်းက သင်္ဘောကြီးငယ်တွေနဲ့ စည်ကားနေပါပြီ။
ဧပရယ်
၇ ရက်နေ့မနက် မိုးအရည်ထန်စွာ ရွာနေတုန်း မလာက ဆိပ်ကမ်းနားမှာ ကျောက်စွဲ ရပ်နား
ပါတယ်၊
Malacca မလာကကျွန်းသား ပသျှူး အများပင် စင်ကာပူသွားဖို့ သင်္ဘောပေါ် တက်လာကြ
ပါတယ်၊ မွန်းလွဲချိန်မှာ
သင်္ဘော ပြန်ထွက်လာပြီး ယာဘက်မှာ ဟော်လန် လူမျိုးတွေ အုပ်ချုပ်နေတဲ့
Sumatera စမတ်တရားကျွန်းကို
မြင်တုံမမြင်တုံနဲ့ ဖြတ်သန်းလာခဲ့တာ တနေ့နဲ့တညပါ။
Malacca
မလာက ပင်နင်စူလာမြေ အစွန်းမှာတော့ စင်ကာပူကျွန်းမြေသို့ ရောက်လာခဲ့ပါပြီ၊
ကိုကိုးနာဒရဲ့
ခရီးစဉ်က ဒီနေရာမှာ အဆုံးသတ်ခဲ့ပါပြီ၊ ကင်းဝန်ကြီးတို့ကတော့ အနောက်တိုင်းသွား
မီးသင်္ဘောသစ်
တစီးကို ပြောင်းစီးလို့ ခရီးဆက်နှင်ရမှာ ဖြစ်ပါတယ်။
ကင်းဝန်ကြီးတို့
သင်္ဘော စင်ကာပူ ဆိပ်ကမ်းကပ်တော့ ၁၈၇၄ ခုနှစ် ဧပရယ် ၉ ရက်နေ့ပါ၊ မန္တလေး
သန်လျက်မော် ဆိပ်ကမ်းမှ စထွက်လာတာက ၁၂၃၅ ခု တပေါင်း လပြည့်ကျော် ၁၂ ရက်
စနေနေ့
၁၈၇၄
မတ်လ ၁၄ ရက်နေ့၊ မော်လမြိုင်ကထွက်လာတာ ဧပရယ်လ တရက်နေ့ဆိုတော့ မန်းမြေက
ထွက်လာတာ
စုစုပေါင်း ၂၆ ရက် ရှိပြီး မော်လမြိုင်က ထွက်လာတာ ၈ ရက် ရှိခဲ့ပါပြီ။
Botanical
Garden (Photo Google)
စင်ကာပူ၌
ရှစ်ညတိုင်
ဧပရယ်
၉ ရက် စင်ကာပူ ဆိပ်ကမ်းကပ်တော့ မော်လမြိုင်တို့ ပီနံတို့လို ရွှေဗမာတွေ သိပ်မများသေး
လို့ထင်ပါရဲ့
ပြင်သစ်သံလတ်မာရကတ်ကြီး အပြေးအလွှား ကမ်းနာဆင်း တည်းနေရန်တိုက် ရှာရပါ
တယ်၊ မကြာခင် ပြန်ရောက်လာပြီး တည်းနေရန် တိုက်အိမ် ရခဲ့ကြောင်း ကလာရင်တန် ဟိုတက်ဟု
ခေါ်ကြောင်း လူကြီးငါးပြား ပေးရမည်ဖြစ်ကြောင်း သတင်းပို့ပါတယ်၊ ကင်းဝန်တို့အဖွဲ့ တည်းခိုတယ်
ဆိုတဲ့ Clarington Hotel အမည်က ဒီကနေ့ အင်တာနက် ဟော်တယ်လောကမှာ ရှာမတွေ့တော့ပါ
တယ်၊ မကြာခင် ပြန်ရောက်လာပြီး တည်းနေရန် တိုက်အိမ် ရခဲ့ကြောင်း ကလာရင်တန် ဟိုတက်ဟု
ခေါ်ကြောင်း လူကြီးငါးပြား ပေးရမည်ဖြစ်ကြောင်း သတင်းပို့ပါတယ်၊ ကင်းဝန်တို့အဖွဲ့ တည်းခိုတယ်
ဆိုတဲ့ Clarington Hotel အမည်က ဒီကနေ့ အင်တာနက် ဟော်တယ်လောကမှာ ရှာမတွေ့တော့ပါ
ဘူး၊
စင်ကာပူတင်မှာမက တခြားမှာလည်း အမည်ဆင်တူတောင် မတွေ့တာပါ၊ Clarington အမည်
နဲ့ မြို့လေးများကိုတော့ အမေရိကမြောက်ပိုင်းမှာ ရှိကြောင်း တွေ့ရပါတယ်၊ အကယ်၍များ ကင်းဝန်
မင်းကြီးတို့ တည်းနေသွားပါတဲ့ ကလာရင်တန် ဟိုတက် အဆောက်အဦးလေးများ ရှိများ ရှိနေသေး
ပါက (မိုးပျံတိုက်မြင့်ကြီးများ တည်ဆောက်တဲ့အထဲ မပါသွားခဲ့ရင်ပေါ့) မောင်ရင်ငတေ သွားရောက်
မှတ်တမ်းပြုချင်လို့ အကြောင်းကြားကြ စေလိုကြောင်းပါ။
နဲ့ မြို့လေးများကိုတော့ အမေရိကမြောက်ပိုင်းမှာ ရှိကြောင်း တွေ့ရပါတယ်၊ အကယ်၍များ ကင်းဝန်
မင်းကြီးတို့ တည်းနေသွားပါတဲ့ ကလာရင်တန် ဟိုတက် အဆောက်အဦးလေးများ ရှိများ ရှိနေသေး
ပါက (မိုးပျံတိုက်မြင့်ကြီးများ တည်ဆောက်တဲ့အထဲ မပါသွားခဲ့ရင်ပေါ့) မောင်ရင်ငတေ သွားရောက်
မှတ်တမ်းပြုချင်လို့ အကြောင်းကြားကြ စေလိုကြောင်းပါ။
စင်ကာပူတပတ်တာကာလ
မြင်တွေ့ကြားသိသမျှ ကင်းဝန်ကြီး ရေးသားသွားတာကတော့ စင်ကာပူ
ဆိုတာ ဧရှတိုက် တောင်မျက်နှာ မြေအဆုံးမှာ တည်ရှိကြောင်း၊ ရှိရင်း မလေးတွေ ပသျှူးလူမျိုးတွေ
ဆိုတာက စီးပွားတိုးပွားအောင် မလုပ်တတ်ကြောင်း၊ ရှေ့မျက်နှာ ပင်လယ်ကမ်းထိပ်များမှာ တရုတ်
တွေ သိုးဆောင်းတွေရဲ့ တိုက်အိမ် အကောင်းအမွန်များ နောက်ဝယ် ထောင့်ကွယ်မှာသာ နေကြသူ
များ ဖြစ်ကြကြောင်း၊ ပသီတွေနဲ့ ဇာတ်တူ ဘုရားတူ ဖြစ်ပါကြောင်း၊ ချိပ် ငရုတ်ကောင်း သာကူ စပါး
ဆိုတာ ဧရှတိုက် တောင်မျက်နှာ မြေအဆုံးမှာ တည်ရှိကြောင်း၊ ရှိရင်း မလေးတွေ ပသျှူးလူမျိုးတွေ
ဆိုတာက စီးပွားတိုးပွားအောင် မလုပ်တတ်ကြောင်း၊ ရှေ့မျက်နှာ ပင်လယ်ကမ်းထိပ်များမှာ တရုတ်
တွေ သိုးဆောင်းတွေရဲ့ တိုက်အိမ် အကောင်းအမွန်များ နောက်ဝယ် ထောင့်ကွယ်မှာသာ နေကြသူ
များ ဖြစ်ကြကြောင်း၊ ပသီတွေနဲ့ ဇာတ်တူ ဘုရားတူ ဖြစ်ပါကြောင်း၊ ချိပ် ငရုတ်ကောင်း သာကူ စပါး
တနှစ်လျှင်
ဒင်္ဂါးကြီးခေါ် ဒေါ်လာ တကုဋေ ဖိုးခန့် ထွက်ရှိကြောင်း၊ ဒူးရင်း မင်းကွတ် အုန်း ငှက်ပျော
အလွန်ပေါကြောင်း၊ ကွမ်းသီးလည်း အများထွက်ကြောင်း၊ ထို မလေးကွမ်းသီး မလာက ကွမ်းသီးကို
မြန်မာတို့က မလာယု ကွမ်းသီးဟု ခေါ်ဝေါ်ကြကြောင်း၊ တရုတ် ပြင်သစ် အင်္ဂလိပ် အသုံးအဆောင်
အလိုရှိရာ ရနိုင်ပါကြောင်း၊ အီနောင်ဇာတ်လည်း ပသျှူးဘာသာနဲ့ ရှိကြောင်း၊ တချို့သော အခေါ်အ
ဝေါ်များကိုတော့ အသံထွက်များ ကွဲလွဲလွန်း၍ မေးမရခဲ့ပါကြောင်း။
အလွန်ပေါကြောင်း၊ ကွမ်းသီးလည်း အများထွက်ကြောင်း၊ ထို မလေးကွမ်းသီး မလာက ကွမ်းသီးကို
မြန်မာတို့က မလာယု ကွမ်းသီးဟု ခေါ်ဝေါ်ကြကြောင်း၊ တရုတ် ပြင်သစ် အင်္ဂလိပ် အသုံးအဆောင်
အလိုရှိရာ ရနိုင်ပါကြောင်း၊ အီနောင်ဇာတ်လည်း ပသျှူးဘာသာနဲ့ ရှိကြောင်း၊ တချို့သော အခေါ်အ
ဝေါ်များကိုတော့ အသံထွက်များ ကွဲလွဲလွန်း၍ မေးမရခဲ့ပါကြောင်း။
ဥရောပပုံစံဂါရတင်း
Botanical Garden ဗိုလ်တန်နိဂတ် ဂါရတင်းလည်း ပန်းမျိုးစုံ ပွင့်မျိုးစုံ သီးမျိုးစုံ
ငှက်မျိုးစုံနဲ့
အထူးပင်သာယာလှပါကြောင်း၊ (အဲဒီ Singapore Botanic Garden ဆိုတာက ဒီကနေ့
ဆိုရင် နှစ်ပေါင်း ၁၅၈ နှစ် ရှိခဲ့ပြီဖြစ်ပြီး ၁၈၅၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာမို့ ကင်းဝန်မင်းလည်ပတ်
ခွင့် ရခဲ့ချိန်က သက်တမ်း ၁၅ နှစ် တိုင်ခဲ့ပါပြီ၊ ၂၀၁၅ ခုနှစ်မှာ ယူနက်စကိုရဲ့ World Heritage Site
အဖြစ် စာရင်းပေါက်ခဲ့တဲ့ အာရှရဲ့ တခုတည်းတော့ ပန်းဥယျာဉ်ကြီးပါ၊) လမ်းများ ဈေးကနား တိုက်
ဆိုရင် နှစ်ပေါင်း ၁၅၈ နှစ် ရှိခဲ့ပြီဖြစ်ပြီး ၁၈၅၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာမို့ ကင်းဝန်မင်းလည်ပတ်
ခွင့် ရခဲ့ချိန်က သက်တမ်း ၁၅ နှစ် တိုင်ခဲ့ပါပြီ၊ ၂၀၁၅ ခုနှစ်မှာ ယူနက်စကိုရဲ့ World Heritage Site
အဖြစ် စာရင်းပေါက်ခဲ့တဲ့ အာရှရဲ့ တခုတည်းတော့ ပန်းဥယျာဉ်ကြီးပါ၊) လမ်းများ ဈေးကနား တိုက်
နေအိမ်
သစ်ပင်များနဲ့ အကြီးအကျယ် လှပကောင်းမွန် ရှိကြောင်း၊ လမ်းသေး လမ်းမများမှာ ဓါတ်မီး
များထွန်းကြောင်း၊ တရုတ်ဟိုတက် သိုးဆောင်းဟိုတက် အမျိုးမျိုးမှာ ဥရောပ ဟိုတက်ခေါ် ဟိုတက်
တိုက် အကြီးဆုံး ဖြစ်ကြောင်း၊ မလာကကျွန်းကို စော်ဘွားအသီးသီးတို့ ကိုယ့်နယ်နဲ့ကိုယ် စိုးအုပ်ကြ
ပါကြောင်း၊ စင်ကာပူ ဆိပ်ကမ်း ခံတပ်မြို့ကိုတော့ အင်္ဂလိပ်မြို့ဝန် အုပ်ချုပ်နေကြောင်း၊ ပါရင်းငွေကို
များထွန်းကြောင်း၊ တရုတ်ဟိုတက် သိုးဆောင်းဟိုတက် အမျိုးမျိုးမှာ ဥရောပ ဟိုတက်ခေါ် ဟိုတက်
တိုက် အကြီးဆုံး ဖြစ်ကြောင်း၊ မလာကကျွန်းကို စော်ဘွားအသီးသီးတို့ ကိုယ့်နယ်နဲ့ကိုယ် စိုးအုပ်ကြ
ပါကြောင်း၊ စင်ကာပူ ဆိပ်ကမ်း ခံတပ်မြို့ကိုတော့ အင်္ဂလိပ်မြို့ဝန် အုပ်ချုပ်နေကြောင်း၊ ပါရင်းငွေကို
ဒေါ်လာခေါ်
ဒင်္ဂါးကြီးနှင့် ဘဏ်တိုက်မှာ လဲလှယ်ရကြောင်း၊ ဘယ်နှုန်းနဲ့ လဲ ရသလဲကတော့ မြန်မာ
၁ိ
သုံး ဒင်္ဂါး ၂ိ၂ူး ၁ဲ ရှိသည်ဟုသာရေးပါတယ်၊ စင်ကာပူလား ယူအက်စ်ဒေါ်လာလားတော့ မသိပါ၊
သို့သော်လည်း
တွေ့ဆုံခဲ့တဲ့ အနောက်တိုင်းသား လူဖြူ အမျိုးမျိုးမှာ အမေရိကန်လို့တော့ မပါပါဘူး။
လွန်ခဲ့တဲ့
အနှစ် ၂၀၁၈-၁၈၇၄ = ၁၄၄ နှစ်က ကင်းဝန်မင်းကြီး မျက်မြင်ရေးမှတ် သွားခဲ့တာတွေပါ၊
စင်ကာပူက
ဘယ်အခြေအနေရှိပြီး ရှေ့ဘယ်လောက် ပြေးနေပါသလဲ ဆိုတာကိုတော့ ကင်းဝန်ကြီး
ဆီသို့သာ
ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းမေးမြန်းကြပါခင်ဗျာ၊ မောင်ရင်ငတေကတော့ စလုံး
အကြောင်း
ဝလုံးလောက်သာ သိသောသူသာပါ။
အီတာလျံကောင်စစ်
ပြင်သစ်ကောင်စစ် ရွတ်ရှားမင်းကောင်စစ် ဂျဟိုးမင်း ပြင်သစ် ခင်ကြီး ဘုရင်ဂျီ
ခင်ကြီး မလာကမြို့ဝန် စင်ကာပူမြို့ဝန်တို့နဲ့ ဧည့်ခံပွဲတွေ စားပွဲတော်တွေမှာ တွေ့ဆုံခွင့် ရခဲ့ပါတယ်၊
ဘာတွေ ဆွေးနွေးကြတယ်ဆိုတာ မောင်ရင်ငတေ့ လိုင်းမဟုတ်လို့ စိတ်မဝင်စား မရေးတော့ပါဘူး။
ခင်ကြီး မလာကမြို့ဝန် စင်ကာပူမြို့ဝန်တို့နဲ့ ဧည့်ခံပွဲတွေ စားပွဲတော်တွေမှာ တွေ့ဆုံခွင့် ရခဲ့ပါတယ်၊
ဘာတွေ ဆွေးနွေးကြတယ်ဆိုတာ မောင်ရင်ငတေ့ လိုင်းမဟုတ်လို့ စိတ်မဝင်စား မရေးတော့ပါဘူး။
စိတ်ဝင်စားရင်တော့
မူရင်း ပြင်သစ်မြို့သွား ကိုသာ ဖတ်ရှုကြည့်ကြည့်ဝကပါရန်။
ကင်းဝန်ကြီးနဲ့အဖွဲ့သားတွေ
စင်ကာပူမြို့မှာ ရှစ်ရက်တိုင် နေခဲ့ကြပါတယ်၊ စင်ကာပူသင်္ကြန်ကို ဆင်
နွှဲခဲ့ကြတယ်ဆိုနိုင်ပါတယ်၊ သင်္ကြန်ပွဲအကြောင်း နှစ်သစ်ကူးအကြောင်းတော့ ကင်းဝန်ကြီးရေးတဲ့ထဲ
မပါဝင်ပါဘူး၊ သင်္ကြန်ကာလ ဖြတ်သန်းအပြီး ၁၂၃၅-၁၂၃၆ နှစ်ကူးအပြီး ကဆုန်လဆန်း ၂ ရက်နေ့
နွှဲခဲ့ကြတယ်ဆိုနိုင်ပါတယ်၊ သင်္ကြန်ပွဲအကြောင်း နှစ်သစ်ကူးအကြောင်းတော့ ကင်းဝန်ကြီးရေးတဲ့ထဲ
မပါဝင်ပါဘူး၊ သင်္ကြန်ကာလ ဖြတ်သန်းအပြီး ၁၂၃၅-၁၂၃၆ နှစ်ကူးအပြီး ကဆုန်လဆန်း ၂ ရက်နေ့
(အေဒီ
၁၈၇၄ ဧပရယ်လ ၁၇ ရက်နေ့) ညနေပိုင်းမှာ SS Sind စင်း အမည်ရ မီးသင်္ဘောနဲ့ စင်ကာပူ
ဆိပ်ကမ်းက
အနောက်မြောက်ဘက်ဆီသို့ စတင် ဦးတည် ထွက်ခွာလာခဲ့ကြပါတယ်။
မန္တလေး
ရန်ကုန် မော်လမြိုင် ပီနံ မလာက စင်ကာပူ ဂါလု ကီလိုမီတာ ခြောက်ထောင်
စင်ကာပူ
စမတ်တရား မလာက ရေလက်ကြား
၁၂၃၅-၁၂၃၆
နှစ်ကူးအပြီး ကဆုန် လဆန်း ၂ ရက်နေ့ အေဒီ ၁၈၇၄ ဧပရယ်လ ၁၇ ရက်နေ့ ညနေ ပိုင်းမှာ SS
Sind စင်း မီးသင်္ဘောနဲ့ စင်ကာပူ ဆိပ်ကမ်းက ခွာလာခဲ့ကြတာ ပထမတော့ မော်လမြိုင် ကလာခဲ့တဲ့
မလာက ရေလက်ကြားအတိုင်း မြောက်ဘက်သို့ ဦးတည် မောင်းပါတယ်၊ နောက်တနေ့ မနက်ကြီး ပလောပီနံနား
အရောက်မှာမှ အနောက်မြောက် အနောက်စူးစူး သီဟိုဠ်ကျွန်းသို့ ဦးတည် ခုတ်မောင်းပါတယ်၊
စင်ကာပူ သီဟိုဠ် သီရိလင်္ကာ အထိ ကင်းဝန်မင်း လေနဲ့ ပြောရရင် ဘယ်နှချက် ဘယ်နှမောင်း ရှိပြီဖြစ်ကြောင်း
ခရီးပေါက်ခဲ့တာကတော့ တိုင်ပေါင်း ဘယ်နှရာဘယ်နှထောင်မျှ ရှိပြီ ဖြစ်ကြောင်း ရေးရမှာပါ၊
ဒါပေမယ့် မောင်ရင်ငတေ့အတွက် မလွယ်လှလို့ မရေးပြတော့ပါဘူး။
ကင်းဝန်မင်းကြီးဟာ
အရာရာကို သိချင် မှတ်ချင် စူးစမ်းလေ့လာရုံမျှမက အမေးအမြန်းလည်း ထူသူ ဖြစ်ဟန် တူပါတယ်၊
ပလောပီနံ မလာက စင်ကာပူသို့လောက် ရောက်စဉ်ကနေ ပထဝီ သမိုင်း လူမှု ဘဝ အကြောင်းတွေ စပ်စပ်စုစု
ရေးလာခဲ့တာ အတော်စုံလှတာမို့ သူ့ခေတ်သူ့ကာလ ဗမာစာပေမှာ မတွေ့ရှိနိုင်တဲ့ အရေးအသားမျိုးပါ၊ သမိုင်းအကြောင်းတွေ အပြင် ပထဝီအကြောင်း
အချက်အလက် တွေကိုလည်း ဦးစားပေး ရေးတာ တွေ့ရပါတယ်။
သိပ္ပံမောင်ဝတို့
ဦးဘေမောင်တင်တို့ သိန်းဖေမြင့်တို့တောင်မှ ကင်းဝန်ကြီးထက် အနှစ်ငါးဆယ်နီးနီး နောက်ကျ
ရေးတဲ့ စာတွေက ကင်းဝန်ကြီးရဲ့ ဒေသန္တရ လူမှု ဘဝ လူမှု ရှုခင်း သမိုင်း ပထဝီ အမည် အချက်အလက်
မစုံစိပါဘူး၊ ကင်းဝန်ကြီးက အချိန်နာရီ အကွာအဝေးပါ ထည့်ရေးတာပါ။
သို့သော်လည်း
ကင်းဝန်ကြီးရဲ့ သူ့တို့ခေတ် ဗမာ အသုံးအနှုန်း မောင်းတွေ တိုင်တွေဟာ မိနစ် နာရီ မိုင်
ကီလိုတွေနဲ့ အသားကျယဉ်ပါးနေတဲ့ မောင်ရင်ငတေတို့အတွက် စိမ်းလှတာမို့ ခန့်မှန်းရ မလွယ်
လှပါဘူး၊ အဲဒါတောင် မောင်ရင်ငတေ တို့ခေတ် အင်တာနက် ဂျီပီအက်စ် ဂူဂဲလ် ဝီကီ မပေါ်သေးတဲ့
ခေတ်မို့လို့ ဒီလောက်သာ နေ့စဉ်မှတ် စာရေးနိုင်ခဲ့တာပါ၊ အကယ်၍သာ အဲဒါမျိုးတွေသာပေါ်ပေါက်
ရှိများသာရှိခဲ့ရင်တော့ ကင်းဝန်မင်းကြီးရဲ့ နေ့စဉ်မှတ်ဟာ အခုလို စာမျက်နှာသုံးရာမက
သုံးထောင် မက သုံးသောင်းလောက် ထူထဲသွားနိုင်ကြောင်းပါ၊ လက်ဖျားခါရအောင် သေချာလှပါကြောင်း။
ကင်းဝန်မင်းကြီးရဲ့
စမဲ (အမဲသား) ဗျာသယ် (ဘရားသား) ပြားနိုး (ပီယာနို) ရွတ်ရှား (ရုရှား) ဘစ်ရှိ မန်ကာ
(Fish Market) ဘာသား (Father) တို့အပြင် မြန်မာဆေးလိပ်ဖြူ (ပြောင်းဖူးဖက်ဆေးလိပ်)
အစရှိတဲ့ အသံဖလှယ် ရေးသားသုံးနှုန်း သွားတာတွေက ချစ်စရာ
လှပနေပါတယ်။
ပလောပီနံသို့မရောက်ခင်
လမ်းခရီးတလျှောက် ဝဲဘက်မှာတော့ ဒီကနေ့ အင်ဒိုနီးရှားရဲ့ Sumatera စမတ်တရားကျွန်း တည်ရှိကြောင်း၊
အဲဒီကျွန်းရဲ့ မြောက်ဖျားစွန်းမှာ ဒီကနေ့ Aceh ခေါ် Achin ခေါ် (Acehnese People) ပသျှူးတွေရဲ့
နေရပ်ရင်း ဖြစ်ကြောင်း ဆိုးသွမ်းလှကြောင်း ဟော်လန်ပိုင် ဖြစ် ကြောင်း၊ ကင်းဝန်ကြီးကတော့
အချည်န သို့မဟုတ် အစည်မြို့လို့ သုံးနှုံးသွားပါတယ်၊ ၁၉၉၀ ခုလွန် ကာလများက Acehnese
People အင်ဒိုနီးရှန်းများအင်ဒိုမလေးများနဲ့ မောင်ရင်ငတေ အလုပ်အတူ လုပ်ခဲ့ဖူးပါတယ်၊
သူတို့ဟာ အများအားဖြင့် ကြမ်းတမ်းပေမယ့် ဆိုးသွမ်းလှသူများမဟုတ် ရိုးသားသူ
အသူများ
ဖြစ်ကြပါတယ်၊ မောင်ရင်ငတေနဲ့ ကြုံတွေ့ခဲ့ရသူများကိုသာ ပြောခြင်းဖြစ်ပါတယ်။
တကယ်တော့
အဲဒီ ပီနံ မလာက ဂျဟိုး စင်ကာပူ အချည်န စမတ်တရား တို့က ဟိုးရှေးအခါတုန်းက Kerajaan
Melayu (Melayu Kingdom) ဆိုပြီး တည်ရှိလာခဲ့တဲ့ တိုင်းနိုင်ငံတခုပါ၊ ကင်းဝန်မင်းကြီး
ရောက်ခဲ့စဉ်မှာတော့ ဟော်လန်ပိုင်ဖြစ်ပြီး အင်္ဂလိပ် ပြင်သစ် အီတာလီ တို့ ခြေရှုပ်နေကြချိန်ပါ။
စမတ်တရားမြောက်ဖျား
Aceh အချည်နနယ်ကျော်တော့ ကုန်းမြေနဲ့ဝေးရာ ရောက်လာပါပြီ၊ အိန္ဒိယ သမုဒ္ဒရာကို အရှေ့က
အနောက် သွားရပါတော့မယ်၊ စင်းမီးသင်္ဘောရဲ့ ဦးတည်ရာကတော့ သီဟိုဠ်
ကျွန်းမြေတောင်ပိုင်းက
ဂါလုမြို့ဆီသို့ပါ၊ ဒီကနေ့အင်ဒိုနီးရှားရဲ့
Java ဂျာပါ Borneo ဘော်နိုးကျွန်း ဗာလီကျွန်းတွေရဲ့အကြောင်းကို ထည့်ပြော ထည့်ရေးချင်ဟန်
တူပေမယ့် လမ်းကြောက အဲဒီဘက် မတည့်တာကြောင့် စမတ်တရားကျွန်းရဲ့ အရှေ့တောင်ပိုင်းမှာ
တည်ရှိပါကြောင်း ရဲရင့်ကြမ်းတမ်းတဲ့ ပသျှူးတွေ နေထိုင်ကြကြောင်း ဟော်လန် အလံစိုက် စောင့်ရှောက်ထားကြောင်းသာ
ရေးခဲ့ပါတယ်။
စင်ကာပူမှာ
ရှစ်ညနားခဲ့ရလို့လား ဒီတခေါက် ပြင်သစ်မြို့သွားကို လန်ဒန်မြို့သွားထက် စုံစေ့အောင်
ရေးဖို့ အားတင်းခဲ့လို့လေလားမသိ၊ ကင်းဝန်ကြီးရဲ့ နေ့စဉ်မှတ်က အားမာန်တက်လာသလို ပိုပြည့်စုံ
ပိုမို သွက်လက်လာတာကတော့ အမှန်ပါ။
Andaman
အန္တမန်နဲ့ Nicobar နီကိုပါ ကျွန်းများ (Photo Google)
မလာကမှ
သီဟဠဒီပသို့
စင်ကာပူက
ထွက်ခွာ လာပြီး သုံးရက်အကြာ ၁၂၃၆ ကဆုန် လဆန်း ၅ ရက် အေဒီ ၁၈၇၄ ဧပရယ် လ ၂၀ ရက် နေ့မှာ
မလာက ရေလက်ကြားက လွန်မြောက်ခဲ့ပြီး အက်စ်အက်စ် စင်း မီးသင်္ဘောဟာ
Sumatera
စမတ်တရားကျွန်း မြောက်ထိပ်က Pulau We ပလောဝိုက်၊ Pulau Nasi (Nasi Island)
ပလောနာစီ၊
Andaman အန္တမန်နဲ့ Nicobar နီကိုပါကျွန်းများကြား Andaman Sea ကပ္ပလီပင်လယ် Bay of
Bengal ဘင်္ဂလားပင်လယ်အော် ရေပြင်ကျယ်ကို မနားစတမ်း ဖြတ်သန်းခဲ့ရပါတယ်။
အိန္ဒိယ
သမုဒ္ဒရာ ရေနက်ပိုင်း ရောက်လာပြီး လှိုင်းလူး သင်္ဘောမူးသူများ ရှိလာပါပြီ၊ နောက်သုံးရက်
လဆန်း ၈ ရက် ဧပရယ် ၂၃ ရက် မနက်မှာတော့ သီရိလင်္ကာ တောင်ဖျားက ဂါလုဆိပ်ကမ်းသို့ စင်း မီးသင်္ဘောကြီး
ဝင်ရောက်ဆိုက်ကပ် အနားယူပါပြီ၊ စင်ကာပူ ဂါလုသို့
လမ်းမှာ မရပ်မနားနှင်ခဲ့ရတဲ့ စုစုပေါင်း ၆ ရက် ခရီးစဉ်ပါ၊ ဘင်္ဂလားပင်လယ်အော်ကို သုံးရက်တာ
ဝဲယာ ကမ်းမမြင် ဖြတ်သန်းခဲ့ ရပေမယ့် ထူးခြားတာ မရှိလို့ ထင်ပါရဲ့ ရေနက်နက်မှာ လှိုင်းအိထ
သင်္ဘောလူးလဲတာလောက်သာ ရေးပါတယ်၊ ဒါကြောင့် ကင်းဝန်ကြီး ပထမခေါက်သွားစဉ်က ရေးတာနဲ့ ပေါင်းစပ်
ရေးလိုက်ပါတယ်။
ပထမအခေါက်
သွားခဲ့စဉ်က ရန်ကုန် ဆိပ်ကမ်းမှ အင်္ဂလိပ်ပိုင် တနင်္သာရီ မီးသင်္ဘောနဲ့ ၁၂၃၃ ခုနှစ် နှောင်းတန်ခူး
လပြည့်ကျော်တရက်နေ့မှာ (၂၄ မတ် ၁၈၇၂ ခု) စတင်၍ ထွက်လာခဲ့ပြီး ကိုကိုးကျွန်း
အနီးက
ဖြတ်သန်းသွားခဲ့ရကြောင်းကို ရေးပါတယ်၊ သို့သော် ကိုကိုးကျွန်းမရောက်ခင်မှာ တည်ရှိတဲ့
Preparis
Island ခေါ် ပါလီပါလဲ့ ကျွန်း အကြောင်းတော့ ကင်းဝန်ကြီး ဘာမှ ရေးမသွားပါဘူး၊ မသိ လို့လား
ရန်ကုန်က ထွက်လာချိန်မှာ စိတ်ရှုပ်စရာ များလို့လား မသိပါဘူး၊ ကျွန်းစောင့် ရဲတပ်ဖွဲ့ကလွဲ
လို့
ဒီကနေ့တိုင် လူမနေတဲ့ကျွန်းကို ဗမာလိုရော အင်္ဂလိပ်လိုပါ ပေးထားတဲ့ အမည်က ထူးဆန်းလို့
မောင်ရင်ငတေ့ စိတ်ထဲ အမြဲရှိနေတဲ့ ကျွန်းကလေးပါ၊ Coco Islands ကျွန်းစု အမည်ကတော့ ထုံးစံ
အတိုင်း အစောဆုံးရောက်ရှိလာကြတဲ့ ရေကြောင်းသူရဲ ပေါ်တူဂီတို့ ပေးသွားခဲ့တဲ့ အမည်ပါ၊
တချိန် တုန်းက တကျွန်းစံတို့ပျော်ရာမြေ ဖြစ်ခဲ့တဲ့ ဒီကျွန်းလေးတွေကို ဒီခေတ်မှာ တိုးရစ်ဇမ်
စီးပွားရေးများ
ခေတ်စားလာတဲ့အတိုင်း
ပြောင်းလဲဖို့ ကြိုးပမ်းနေတယ် ကြားရတာကြောင့် ကင်းဝန်ခြေရာ ရှာချင်မိ တဲ့ မောင်ရင်ငတေလည်း
အစဉ်ပြေပါက ရောက်ဖူးချင်မိပါသေးတယ်။
ကိုကိုးကျွန်း
ကျော်လာပြီးနောက် ဘင်္ဂလားရေပြင်မှာတော့ ရံဖန်ရံခါမှာ သင်္ဘောတွေ တွေ့ရပေမယ့် ကမ်းမမြင်
ကုန်းမမြင် ကျွန်းသေးကျွန်းမွှားတောင် မတွေ့ရတော့ပါဘူး၊ သင်္ဘောချင်းတွေ့တဲ့ခါ နီးရင်
လက်တွေ ဝှေ့ယမ်း နှုတ်ဆက်ကြ ဥသြတွေဆွဲ အလံ တင်ချ နှုတ်ဆက်ကြတာနဲ့ အပျင်းဖြေကြ ရပါ ကြောင်း၊
ရန်ကုန်ကထွက်လာပြီး ခြောက်ရက်မြောက် နံနက်ခင်းမှာတော့ တံငါလှေလေးတွေ တွေ့ရ စိတ်လာပြီး
သီဟိုဠ်ကျွန်း တောင်မျက်နှာ တလျှောက် စိမ်းညို့သော တောင်တန်း မှိုင်းညို့ညို့ အုန်း
တော ကျောက်ကမ်းပါး ဖွေးဖွေး တို့ကိုမြင်ရကြောင်း ဧရာဝတီမြစ်မှ စစ်ကိုင်းဘက် ကြည့်ရသည်နှင့်
သွင်သွင်တူကြောင်း ဆိုပြန်ပါတယ်၊ ဂါလု ဆိပ်ကမ်းနားအရောက်မှာ ခေတ္တကျောက်ချရပ်ပြီး စာပေး
စာပို့ လုပ်ရုံလေးသာ နားပါတယ်၊ ဒါကြောင့် ပထမခေါက်မှာ ကမ်းပေါ်တက်ချိန်တော့ မရခဲ့ပါဘူး။
မောင်ရင်ငတေ
ရေးသားစီရင်တဲ့ ကင်းဝန်ကြီးနဲ့ ခရီးသွားခြင်း အနုပညာ
မောင်ရင်ငတေ
ရေးသားစီရင်တဲ့ ကင်းဝန်ကြီးနဲ့ ခရီးသွားခြင်း အနုပညာ
မောင်ရင်ငတေ
ရေးသားစီရင်တဲ့ ကင်းဝန်ကြီးနဲ့ ခရီးသွားခြင်း အနုပညာ
Aucun commentaire:
Publier un commentaire