မကြာခင်
လာတော့မယ့် စီဒီဂျီ အိတ်စ်ပရက်စ်
CDG Express စီဒီဂျီ အိတ်စ်ပရက်စ်
CDG Express
စီဒီဂျီ အိတ်စ်ပရက်စ်။
ပါရီ-စီဒီဂျီ
လေဆိပ်
အမြန်ရထား
မကြာမီ
လာတော့ပါမယ်။
စီဒီဂျီ
အိတ်စ်ပရက်စ်
ပါရီမြို့လယ်နဲ့
ပါရီ စီဒီဂျီလေဆိပ်ကို ဆက်သွယ်ပေးမယ့် အမြန်ရထား လိုင်းသစ်ပါ၊
မကြာမီ
လာတော့ပါမယ်၊ ခုတော့ မဟုတ်သေးပါဘူး၊ ၂၀၂၄ အိုလံပစ် ပဲရစ် ပွဲအမီ လာမှာပါ။
Paris
Gare de l’Est ပါရီ အရှေ့ပိုင်း ဘူတာရုံကြီးကနေ Aéroport de
Paris-Charles-de-Gaulle
စီဒီဂျီ ရှားလ်ဒဂိုးရ် လေဆိပ်ကြီးဆီသို့ ဆက်သွယ်ပေးမယ့် မြေအောက်မြေပေါ်
ရထားလိုင်းသစ်ကြီး
တခုပါ၊ မိနစ် ၂၀ မျှသာ ကြာမြင့်မှာ ဖြစ်ပြီး ကြားဘူတာမရှိ ပါရီ ဘူတာ-လေဆိပ်
တိုက်ရိုက် ပြေးဆွဲ
မှာပါ၊ မနက် ငါးနာရီကနေ သန်းကောင်တိုင်ထိ ပြေးဆွဲမှာဖြစ်ပြီး လက်မှတ်တစောင်
၂၄ ယူရိုပါတဲ့။
CDG Express စီဒီဂျီ အိတ်စ်ပရက်စ်
ရှစ်
ကီလိုမီတာ လမ်းကြောင်းအသစ် အပါအဝင် ၃၂ ကီလိုမီတာ အရှည်ရှိမယ့် ရထားလမ်းကြောင်း
တည်ဆောက်ဖို့
စီမံကိန်း ရေးဆွဲခဲ့တာက နှစ်ထောင်ခုနှစ် ကာလတွေထဲကပါ၊ အဲဒီ စီမံကိန်းကြီးကို
အကောင်အထည်ဖော်ဖို့ အတိုက်အခံတွေကြား အကြိတ်အနယ် ကြိုးစားခဲ့ရပါတယ်တဲ့၊ ကောင်းသ
ထက်ကောင်းအောင် ပြုပြင်ပြောင်းလဲမှုတွေ အကြိမ်ကြိမ်လုပ်ပြီး ဒီနှစ် ၂၀၁၈ မှာတော့ စာရွက်ပေါ်
ကနေ လုပ်ငန်းခွင်ပေါ် ရောက်လာခဲ့ပါပြီ တဲ့၊ ဒါကြောင့် မကြာခင် စီဒီဂျီ အိတ်စ်ပရက်စ်ကြီး ဖြစ်ပေါ်
လာတော့မယ်လို့ ဆိုကြတာပါ။

ခန့်မှန်း
ဈေး လက်မှတ်တစောင် ၂၄ ယူရို ဆိုတော့ ဒီကနေ့ ပေါက်ဈေးအရ ဈေးကြီးတယ်လို့ ဆိုနိုင်
ပါတယ်၊ ဘာလို့ဆိုတော့ လက်ရှိ လေဆိပ်ရောက်တဲ့ RER B ရထားခက ၁၀ ယူရို ပြား ၅၀ ပေးရပြီး
RoissyBus အဲယားပို့တ် ဘတ်စ်က ၁၂ ယူရို Le Bus Direct (Les Cars Air France) အဲယားပို့တ်
ဘတ်စ်က ၁၇ ယူရိုသာ ပေးရတာပါ၊ အဲဒီထက် သက်သာတဲ့ သွားတဲ့နည်းက မောင်ရင်ငတေတို့လို

ပါရီဇီယန်တွေအတွက်
(လပေးလက်မှတ် Navigo နာဗီဂို မရှိသူများ) တခါသုံး
လက်မှတ်သုံးစောင်
လေးယူရိုခွဲလောက်နဲ့ ဘတ်စ်ကား လိုင်းအမှတ် ၃၅၀ သို့မဟုတ် ၃၅၁ တို့ကို စီးသွားတဲ့ နည်းပါ။
လေးယူရိုခွဲလောက်နဲ့ ဘတ်စ်ကား လိုင်းအမှတ် ၃၅၀ သို့မဟုတ် ၃၅၁ တို့ကို စီးသွားတဲ့ နည်းပါ။
လက်မှတ်တစောင်ခန့်မှန်းခြေ
၂၄ ယူရို (၂၀၁၈) ဆိုပေမယ့် တကယ်ပြီးစီး ပြေးဆွဲမယ့် ၂၀၂၄ ခုနှစ်
အရောက်မှာ
တစောင် ၃၀ မဖြစ်ဖူးမပြောနိုင်ပါဘူး၊ သို့သော်လည်း အခုနောက်ပိုင်း ပါရီလေဆိပ်မှာ
နာမည်ကြီးလာတဲ့ မှောင်ခိုတက္ကစီသမားများရဲ့ အပြိုင်အဆိုင် ခရီးသည်လုမှုကို ကိုယ်တွေ့ကြုံဖူးတဲ့
မောင်ရင်ငတေတို့လိုကောင်မျိုးအတွက် စီဒီဂျီ အိတ်စ်ပရက်စ်ကို သုံးဆယ်ပေး သွားရတာက ပိုမိုလို့
နာမည်ကြီးလာတဲ့ မှောင်ခိုတက္ကစီသမားများရဲ့ အပြိုင်အဆိုင် ခရီးသည်လုမှုကို ကိုယ်တွေ့ကြုံဖူးတဲ့
မောင်ရင်ငတေတို့လိုကောင်မျိုးအတွက် စီဒီဂျီ အိတ်စ်ပရက်စ်ကို သုံးဆယ်ပေး သွားရတာက ပိုမိုလို့
အစဉ်ချော
ပိုမိုလို့ စိတ်ချမ်းသာဖွယ်ရာသာပါ၊ နှစ်ယောက်ပေါင်းစီးရင် တက္ကစီခထက် နည်းမှာပါ။
CDG
Express စီဒီဂျီ အိတ်စ်ပရက်စ်
စီဒီဂျီ
အိတ်စ်ပရက်စ် ဈေးနှုန်းက ဘာလင်တို့ အမ်စတာဒမ်တို့ ရောမတို့ထက် ဈေးအများကြီး ပိုကြီး
နေပေမယ့် သူ့လောက် မဝေးပါဘဲ သူထက် ပိုဈေးကြီးနေတဲ့ လန်ဒန်လေဆိပ်ရထားလမ်း ရှိနေတာ
ကြောင့် ဒီရထားလမ်း ဖောက်လုပ်လိုသူများဘက်က ဆင်ခြေပေးလို့ ကောင်းခဲ့ပါတယ်။
နေပေမယ့် သူ့လောက် မဝေးပါဘဲ သူထက် ပိုဈေးကြီးနေတဲ့ လန်ဒန်လေဆိပ်ရထားလမ်း ရှိနေတာ
ကြောင့် ဒီရထားလမ်း ဖောက်လုပ်လိုသူများဘက်က ဆင်ခြေပေးလို့ ကောင်းခဲ့ပါတယ်။
ဘယ်လိုဖြစ်ဖြစ်
မကြာခင် ၂၀၂၃ မှာ လာတော့မယ့် စီဒီဂျီ အိတ်စ်ပရက်စ်
စီမံကိန်းကြီး
အမြန်ဆုံး အောင်မြင် ချောမောစွာ ပြီး မြောက် ပါ စေ လို့ တောင်းဆုပြုရင်း
စီမံကိန်းကြီး
ပြီးစီးသွားရင် ပထမဦးဆုံး ဖွင့်ပွဲနေ့မှာ အဲဒီ ရထားသစ်ကြီးကို သွားစီးရင်း
အဲဒီ
CDG Express စီဒီဂျီ အိတ်စ်ပရက်စ် အကြောင်း သိကောင်းစရာများကို ရေးနိုင်ဖို့
မောင်ရင်ငတေ
မျှော်လင့်ရင့်း့
မောင်ရင်ငတေ
၀၁၀၉၂၀၁၈
CDG Express စီဒီဂျီ အိတ်စ်ပရက်စ်
ပါရီပုံရိပ်များ
Aucun commentaire:
Publier un commentaire